iMyanmarHouse.com - Best Property Website for Myanmar
×

၀ိုင္နီ ၾကိဳက္သူေတြအတြက္ သတင္းေကာင္းလုိ႔ ဆုိရပါမယ္။ ၀ိုင္ေသာက္ရင္း အသားအေရကို အက်ဳိးေက်းဇူးခံစားရရိွႏုိင္ပါတယ္။ ၀ိုင္နီ နဲ႔ ပတ္သက္ရင္ gym ကစားလုိ႔ ရရိွတဲ့ အက်ဳိးသက္ေရာက္မႈကဲ့သို႔ အလားတူ အက်ဳိးအျမတ္မ်ားစြာ ရိွပါတယ္။ ၀ိုင္နီက ဝက္ျခံေပ်ာက္ကင္းေစႏုိင္တယ္လုိ႔လည္း ေလာ့စ္အိန္ဂ်ယ္လ္လစ္(စ္)ျမိဳ႕ ကယ္ယ္လီဖိုးနီးယားတကၠသိုလ္က သုေတသီေတြက ေျပာဆိုခဲ့ပါတယ္။

စပ်စ္သီး၊ ဝုိင္နဲ႔ ဘယ္ရီသီးေတြမွာ ပါတဲ့ ဓာတ္ဆန္႔က်င္ပစၥည္း resveratrol က သုံးေနက်ဝက္ျခံေပ်ာက္ေဆး benzoyl peroxide နဲ႔ေပါင္းစပ္တဲ့အခါ ဝက္ျခံေပ်ာက္ကင္းေအာင္ ကုသေပးေၾကာင္း ေလ့လာေတြ႔ရိွခဲ့ပါတယ္။ ဆယ္ေက်ာ္သက္ ၈၅% နဲ႔ အရြယ္ေရာက္ျပီးသူ ၁၀% မွာ ဝက္ျခံျဖစ္ေပၚၾကတယ္လုိ႔ ယင္းေလ့လာမႈက ဆုိပါတယ္။

Resveratrol က အစြမ္းထက္ ဓာတ္ဆန္႔က်င္ပစၥည္းနဲ႔ ေရာင္ရမ္းမႈကာကြယ္ေပးတဲ့ ျဒပ္စင္ျဖစ္ျပီး ေဝဒနာေပ်ာက္ကင္းေစတဲ့ စြမ္းေဆာင္မႈေတြ ရိွေၾကာင္း သုေတသီေတြ ေလ့လာေတြ႔ရိွခဲ့ပါတယ္။ ၀ိုင္နီကို benzoyl peroxide နဲ႔ ေပါင္းလုိက္တဲ့အခါမွာ ဘက္တီးရီးယားပုိးကာကြယ္ေပးတဲ့ လုပ္ေဆာင္မႈနဲ႔ ဘက္တီးရီးယားပိုးၾကီးထြားဖြံ႔ျဖိဳးမႈ တားဆီးေပးေၾကာင္း ေတြ႔ရပါတယ္။

Oxidant နဲ႔ antioxidant ေပါင္းစပ္ျခင္းက တစ္ခုကိုတစ္ခု ပိုမိုအားေကာင္းေစျပီး အက်ဳိးျပဳတဲ့ ဘက္တီးရီးယားပိုးဆန္႔က်င္ခုခံမႈ ျဖစ္ေစေၾကာင္း ေလ့လာမႈက ေဖာ္ျပထားပါတယ္။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : trend myanmar

#Unicode Version

ဝိုင်နီ ကြိုက်သူတွေအတွက် သတင်းကောင်းလို့ ဆိုရပါမယ်။ ဝိုင်သောက်ရင်း အသားအရေကို အကျိုးကျေးဇူးခံစားရရှိနိုင်ပါတယ်။ ဝိုင်နီ နဲ့ ပတ်သက်ရင် gym ကစားလို့ ရရှိတဲ့ အကျိုးသက်ရောက်မှုကဲ့သို့ အလားတူ အကျိုးအမြတ်များစွာ ရှိပါတယ်။ ဝိုင်နီက ဝက်ခြံပျောက်ကင်းစေနိုင်တယ်လို့လည်း လော့စ်အိန်ဂျယ်လ်လစ်(စ်)မြို့ ကယ်ယ်လီဖိုးနီးယားတက္ကသိုလ်က သုတေသီတွေက ပြောဆိုခဲ့ပါတယ်။

စပျစ်သီး၊ ဝိုင်နဲ့ ဘယ်ရီသီးတွေမှာ ပါတဲ့ ဓာတ်ဆန့်ကျင်ပစ္စည်း resveratrol က သုံးနေကျဝက်ခြံပျောက်ဆေး benzoyl peroxide နဲ့ပေါင်းစပ်တဲ့အခါ ဝက်ခြံပျောက်ကင်းအောင် ကုသပေးကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။ ဆယ်ကျော်သက် ၈၅% နဲ့ အရွယ်ရောက်ပြီးသူ ၁၀% မှာ ဝက်ခြံဖြစ်ပေါ်ကြတယ်လို့ ယင်းလေ့လာမှုက ဆိုပါတယ်။

Resveratrol က အစွမ်းထက် ဓာတ်ဆန့်ကျင်ပစ္စည်းနဲ့ ရောင်ရမ်းမှုကာကွယ်ပေးတဲ့ ဒြပ်စင်ဖြစ်ပြီး ဝေဒနာပျောက်ကင်းစေတဲ့ စွမ်းဆောင်မှုတွေ ရှိကြောင်း သုတေသီတွေ လေ့လာတွေ့ရှိခဲ့ပါတယ်။ ဝိုင်နီကို benzoyl peroxide နဲ့ ပေါင်းလိုက်တဲ့အခါမှာ ဘက်တီးရီးယားပိုးကာကွယ်ပေးတဲ့ လုပ်ဆောင်မှုနဲ့ ဘက်တီးရီးယားပိုးကြီးထွားဖွံ့ဖြိုးမှု တားဆီးပေးကြောင်း တွေ့ရပါတယ်။

Oxidant နဲ့ antioxidant ပေါင်းစပ်ခြင်းက တစ်ခုကိုတစ်ခု ပိုမိုအားကောင်းစေပြီး အကျိုးပြုတဲ့ ဘက်တီးရီးယားပိုးဆန့်ကျင်ခုခံမှု ဖြစ်စေကြောင်း လေ့လာမှုက ဖော်ပြထားပါတယ်။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : trend myanmar
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top