iMyanmarHouse.com - Best Property Website for Myanmar
×

အလွအပကိုႏွစ္ျခိဳက္တဲ့ အမ်ိဳးသမီးေတြဟာ မ်က္မွန္တပ္မယ့္အစား မ်က္ကပ္မွန္ေတြ ေရြးခ်ယ္လာၾကသလို တစ္ခ်ိဳ႕က်ေတာ့လည္း အလွတပ္တဲ့ မ်က္ကပ္မွန္၊ big eye ေတြ တပ္လာၾကတာ လြန္ခဲ့တဲ့ ၆ႏွစ္ ၇ႏွစ္ေလာက္ကတည္းကပါ။ ဒါေပမယ့္ မိတ္ကပ္လိမ္းျခယ္ ရတာ သေဘာက်တဲ့ အမ်ိဳးသမီးေတြအေနနဲ႕ေတာ့ ကိုယ္ေရြးခ်ယ္တဲ့မိတ္ကပ္၊  ျပင္ဆင္ျခယ္သမႈေတြနဲ႕ မ်က္ကပ္မွန္တပ္ဆင္မႈမွာ သတိထားရမယ့္ အခ်က္ကေလးေတြ ရွိေနပါတယ္။ ဒီအခ်က္ေတြကို သတိထားႏိုင္မွသာ မ်က္လံုး က်န္းမာေရးအတြက္ ေစာင့္ေရွာက္ျပီးသား ျဖစ္ပါလိမ့္မယ္။

၁။ ရက္လြန္ေနျပီျဖစ္တဲ့ မိတ္ကပ္ေတြ အသံုးျပဳျခင္း
သင့္ရဲ႕မိတ္ကပ္ေတြထဲမွာ ၀ယ္ထားတာ ၾကာျပီျဖစ္တဲ့ မိတ္ကပ္ေတြ၊ ရက္လြန္ေနျပီျဖစ္တဲ့ မိတ္ကပ္ေတြ ရွိေနမယ္ဆုိရင္ ေယာင္လို႕ေတာင္မလိမ္းမိပါေစနဲ႕။ ဒါကိုသတိမထားပဲ လိမ္းမိမယ္ဆုိရင္ အသားအေရအတြက္သာမကပဲ သင့္မ်က္လံုးအတြက္ပါ ဆိုးက်ိဳးေတြ ျဖစ္ေစပါလိမ့္မယ္။ ရက္လြန္ေနတဲ့ မိတ္ကပ္ေတြဟာ ဘက္တီးရီးယားပိုးေတြ သယ္ေဆာင္ထားတာမုိ႕ မ်က္လံုးထဲပိုး၀င္တဲ့ အေျခအေနေတြ၊ မ်က္သားနီျမန္းတာေတြခံစားရပါလိမ့္မယ္။

၂။ မ်က္ကပ္မွန္တပ္ျပီး အိပ္ျခင္း၊ ေရခ်ိဳး၊ ေရကူးျခင္း
ေရကူးကန္ထဲဆင္းတဲ့အခါ မ်က္ကပ္မွန္တပ္လ်က္သား ေရကူးမိတာေတြ ဘာေတြျဖစ္တတ္ပါတယ္။ အဲ့ဒီလိုျဖစ္ရင္ ေၾကာက္စရာေကာင္းတာက ေရကူးကန္မွာရွိေနတဲ့ ဘက္တီးရီးယားပိုးေတြ မ်က္လံုးထဲ ၀င္မွာကိုပါပဲ။ ဒါ့အျပင္ မ်က္ကပ္မွန္တပ္လ်က္ၾကီး အိပ္ေပ်ာ္သြားမယ္ဆုိရင္ရင္ မ်က္သားေျခာက္သြားတတ္သလို ဘက္တီးရီးယားအႏၱရာယ္ကလည္း စိုးရိမ္ရပါတယ္။

၃။ အၾကိမ္အေရအတြက္ အမ်ားၾကီး တပ္မိျခင္း
မ်က္ကပ္မွန္၀ယ္တဲ့အခါ ဒီမ်က္ကပ္မွန္ကို ဘယ္ႏွစ္ၾကိမ္ တပ္ႏိုင္သလဲ၊ ဘယ္ႏွစ္လအၾကာမွာ လဲပစ္ရမလဲဆုိတာ သိေအာင္ေမးပါ။ တစ္ေန႕တစ္ခါပဲ တပ္လို႕ရတဲ့ မ်က္ကပ္မွန္ရွိသလို၊ တစ္လပဲ တပ္လို႕ရတဲ့ မ်က္ကပ္မွန္ေတြလည္း ရွိပါတယ္။ သူ႕ကို ႏွေျမာတဲ့စိတ္နဲ႕ အၾကိမ္အေရအတြက္ တပ္သင့္တာထက္ပုိ တပ္မယ္ဆုိရင္ သင့္မ်က္လံုးထဲ ပိုး၀င္တာကစလို႕ မ်က္လံုးကန္းတဲ့အထိ ျဖစ္ေစပါတယ္။
Credit : Trend Myanmar


ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အလှအပကိုနှစ်ခြိုက်တဲ့ အမျိုးသမီးတွေဟာ မျက်မှန်တပ်မယ့်အစား မျက်ကပ်မှန်တွေ ရွေးချယ်လာကြသလို တစ်ချို့ကျတော့လည်း အလှတပ်တဲ့ မျက်ကပ်မှန်၊ big eye တွေ တပ်လာကြတာ လွန်ခဲ့တဲ့ ၆နှစ် ၇နှစ်လောက်ကတည်းကပါ။ ဒါပေမယ့် မိတ်ကပ်လိမ်းခြယ် ရတာ သဘောကျတဲ့ အမျိုးသမီးတွေအနေနဲ့တော့ ကိုယ်ရွေးချယ်တဲ့မိတ်ကပ်၊  ပြင်ဆင်ခြယ်သမှုတွေနဲ့ မျက်ကပ်မှန်တပ်ဆင်မှုမှာ သတိထားရမယ့် အချက်ကလေးတွေ ရှိနေပါတယ်။ ဒီအချက်တွေကို သတိထားနိုင်မှသာ မျက်လုံး ကျန်းမာရေးအတွက် စောင့်ရှောက်ပြီးသား ဖြစ်ပါလိမ့်မယ်။

၁။ ရက်လွန်နေပြီဖြစ်တဲ့ မိတ်ကပ်တွေ အသုံးပြုခြင်း
သင့်ရဲ့မိတ်ကပ်တွေထဲမှာ ဝယ်ထားတာ ကြာပြီဖြစ်တဲ့ မိတ်ကပ်တွေ၊ ရက်လွန်နေပြီဖြစ်တဲ့ မိတ်ကပ်တွေ ရှိနေမယ်ဆိုရင် ယောင်လို့တောင်မလိမ်းမိပါစေနဲ့။ ဒါကိုသတိမထားပဲ လိမ်းမိမယ်ဆိုရင် အသားအရေအတွက်သာမကပဲ သင့်မျက်လုံးအတွက်ပါ ဆိုးကျိုးတွေ ဖြစ်စေပါလိမ့်မယ်။ ရက်လွန်နေတဲ့ မိတ်ကပ်တွေဟာ ဘက်တီးရီးယားပိုးတွေ သယ်ဆောင်ထားတာမို့ မျက်လုံးထဲပိုးဝင်တဲ့ အခြေအနေတွေ၊ မျက်သားနီမြန်းတာတွေခံစားရပါလိမ့်မယ်။

၂။ မျက်ကပ်မှန်တပ်ပြီး အိပ်ခြင်း၊ ရေချိုး၊ ရေကူးခြင်း
ရေကူးကန်ထဲဆင်းတဲ့အခါ မျက်ကပ်မှန်တပ်လျက်သား ရေကူးမိတာတွေ ဘာတွေဖြစ်တတ်ပါတယ်။ အဲ့ဒီလိုဖြစ်ရင် ကြောက်စရာကောင်းတာက ရေကူးကန်မှာရှိနေတဲ့ ဘက်တီးရီးယားပိုးတွေ မျက်လုံးထဲ ဝင်မှာကိုပါပဲ။ ဒါ့အပြင် မျက်ကပ်မှန်တပ်လျက်ကြီး အိပ်ပျော်သွားမယ်ဆိုရင်ရင် မျက်သားခြောက်သွားတတ်သလို ဘက်တီးရီးယားအန္တရာယ်ကလည်း စိုးရိမ်ရပါတယ်။

၃။ အကြိမ်အရေအတွက် အများကြီး တပ်မိခြင်း
မျက်ကပ်မှန်ဝယ်တဲ့အခါ ဒီမျက်ကပ်မှန်ကို ဘယ်နှစ်ကြိမ် တပ်နိုင်သလဲ၊ ဘယ်နှစ်လအကြာမှာ လဲပစ်ရမလဲဆိုတာ သိအောင်မေးပါ။ တစ်နေ့တစ်ခါပဲ တပ်လို့ရတဲ့ မျက်ကပ်မှန်ရှိသလို၊ တစ်လပဲ တပ်လို့ရတဲ့ မျက်ကပ်မှန်တွေလည်း ရှိပါတယ်။ သူ့ကို နှမြောတဲ့စိတ်နဲ့ အကြိမ်အရေအတွက် တပ်သင့်တာထက်ပို တပ်မယ်ဆိုရင် သင့်မျက်လုံးထဲ ပိုးဝင်တာကစလို့ မျက်လုံးကန်းတဲ့အထိ ဖြစ်စေပါတယ်။

Credit : Trend Myanmar



ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top