iMyanmarHouse.com - Best Property Website for Myanmar
×

ကန္စြန္းဥကုိသာ ပုံမွန္စားေပးပါက တစ္လအတြင္း အဆီက်ေစႏုိ္င္တယ္လုိ႔ သိရပါတယ္။ ကန္စြန္းဥထဲမွာ ပါ၀င္တဲ့ ပ႐ုိတိန္းဓာတ္ေတြဟာ ခႏၶာကိုယ္အတြင္းရွိ အဆီေတြကို လွ်င္ျမန္စြာေလာင္ကၽြမ္းေစတဲ့ သတိၱေတြရွိတယ္လုိ႔ ဆုိပါတယ္။ကန္စြန္းဥကို ေရစင္စင္နဲ႔ မေပ်ာ့မတင္းေလး ပုံမွန္ျပဳတ္စားေပးပါက အဆီက်ဆင္းမႈနဲ႔ ကို္ယ္အေလးခ်ိန္ ေလွ်ာ့ခ်မႈမွာ အထူး အေထာက္အကူ ျပဳေၾကာင္း The Sun မွာ ေဖာ္ျပထားပါတယ္။

ၾကြက္ေတြမွာ ရွိတဲ့ အဆီခဲစနစ္ဟာ လူသားေတြရဲ႕ အဆီဥေတြနဲ႔ သ႑န္ခ်င္းတူညီပါတယ္။ ဒီအခ်က္ဟာ လူသားေတြအတြက္ အထူးအေထာက္အကူျပဳၿပီး ကန္စြန္းဥေတြကို စားသုံးေပးပါက ပ႐ုိတိန္းဓာတ္ျမင့္မားစြာ ပါ၀င္ျခင္းေၾကာင့္ အစာေခ်စနစ္ကို အထူးေကာင္းမြန္ေစမွာ ျဖစ္ပါတယ္။

ကမာၻမွာ ႏွစ္စဥ္ ကန္စြန္းဥ 105 သန္း မက္ထရစ္တန္ ထြက္ရွိေနတယ္လုိ႔ International Potato Center က ထုတ္ျပန္ခဲ့ၿပီး၊ ကန္စြန္းဥမွာပါတဲ့ ဓာတ္ပစၥည္းေတြအရ ၎စားကုန္ဟာ အသုံး၀င္တဲ့ေဆးဘက္၀င္ အစားအစာျဖစ္လာေတာ့မွာလုိ႔လည္း ေၾကျငာခဲ့ပါတယ္။


လက္ရွိအခ်ိန္မွာေတာ့ ကန္စြန္းဥထြက္ကုန္ရဲ႕ 15% ကို စားသုံးကုန္ေတြ၊ အသင့္အစားအစာေတြနဲ႔ ဘီယာခ်က္လုပ္ေရးလုပ္ငန္းေတြမွာ အသုံးျပဳေနၿပီး ဂ်ပန္ႏုိ္င္ငံက အမ်ားဆုံး၀ယ္ယူေနတယ္လုိ႔ သိရပါတယ္။ ကန္စြန္းဥဟာ ကုန္ဆုံးသြားတဲ့ ေရဓာတ္ေတြကုိ ျပန္လည္ျဖည့္တင္းဖုိ႔နဲ႔ ပတ္၀န္းက်င္ ေရဓာတ္ထိန္းသိမ္းရာမွာလည္း အထူးသင့္ေတာ္တဲ့ သီးႏွံျဖစ္ပါ
တယ္။

သိပၸံပညာရွင္ေတြဟာ ၾကြက္ေတြကုိ အစုသုံးစုခြဲၿပီး တစ္စုကုိ အဆီအစိမ့္အစာေတြ ေကၽြးကာ၊ ဒုတိယတစ္စုကိုေတာ့ ကန္
စြန္းဥ ေကၽြးပါတယ္။ တတိယတစ္စုကိုလည္း ကန္းစြန္ဥ ပမာဏ နည္းနည္း ေလွ်ာ့ေကၽြးကာ ၎တုိ႔ရဲ႕ အဆီဓာတ္နဲ႔ ခႏၶာကိုယ္အေလးခ်ိန္ေတြကို ေစာင့္ၾကည့္ေလ့လာခဲ့ပါတယ္။

ရက္ေပါင္း 28 ရက္မွာ အဲဒီၾကြက္ေတြကို ကုိယ္အေလးခ်ိန္ ျပန္လည္တုိင္းတာခဲ့ၿပီး၊ အသည္းနဲ႔ အဆီတစ္႐ႈးေတြကို စစ္
ေဆးခဲ့ပါတယ္။ ကန္းစြန္းဥ ျပည့္ျပည့္၀၀စားရတဲ့ ၾကြက္အုပ္စုဟာ သင့္တင့္တဲ့ ကို္ယ္အေလးခ်ိန္နဲ႔ က်န္းမာေရးအေျခအ
ေနကလည္း အေကာင္းဆုံးျဖစ္ေနတာကို ေတြ႕ရွိခဲ့ရပါတယ္။ ဒီအခ်က္ေတြဟာ လူသားေတြအတြက္ အထူးအေထာက္အကူ ျပဳမယ္ဆုိတာ ေသခ်ာေနၿပီး အဆီနဲ႔ ကို္ယ္အေလးခ်ိန္ က်ဆင္းလုိပါက ကန္စြန္းဥကုိသာ ပုံမွန္စားေပးသင့္ေၾကာင္း သိပၸံပညာရွင္ေတြက အႀကံျပဳထားပါတယ္။

Credit : shwemom

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ကန်စွန်းဥကိုသာ ပုံမှန်စားပေးပါက တစ်လအတွင်း အဆီကျစေနိုင်တယ်လို့ သိရပါတယ်။ ကန်စွန်းဥထဲမှာ ပါဝင်တဲ့ ပရိုတိန်းဓာတ်တွေဟာ ခန္ဓာကိုယ်အတွင်းရှိ အဆီတွေကို လျှင်မြန်စွာလောင်ကျွမ်းစေတဲ့ သတ္တိတွေရှိတယ်လို့ ဆိုပါတယ်။ကန်စွန်းဥကို ရေစင်စင်နဲ့ မပျော့မတင်းလေး ပုံမှန်ပြုတ်စားပေးပါက အဆီကျဆင်းမှုနဲ့ ကိုယ်အလေးချိန် လျှော့ချမှုမှာ အထူး အထောက်အကူ ပြုကြောင်း The Sun မှာ ဖော်ပြထားပါတယ်။

ကြွက်တွေမှာ ရှိတဲ့ အဆီခဲစနစ်ဟာ လူသားတွေရဲ့ အဆီဥတွေနဲ့ သဏ္ဍန်ချင်းတူညီပါတယ်။ ဒီအချက်ဟာ လူသားတွေအတွက် အထူးအထောက်အကူပြုပြီး ကန်စွန်းဥတွေကို စားသုံးပေးပါက ပရိုတိန်းဓာတ်မြင့်မားစွာ ပါဝင်ခြင်းကြောင့် အစာချေစနစ်ကို အထူးကောင်းမွန်စေမှာ ဖြစ်ပါတယ်။

ကမ္ဘာမှာ နှစ်စဉ် ကန်စွန်းဥ 105 သန်း မက်ထရစ်တန် ထွက်ရှိနေတယ်လို့ International Potato Center က ထုတ်ပြန်ခဲ့ပြီး၊ ကန်စွန်းဥမှာပါတဲ့ ဓာတ်ပစ္စည်းတွေအရ ၎င်းစားကုန်ဟာ အသုံးဝင်တဲ့ဆေးဘက်ဝင် အစားအစာဖြစ်လာတော့မှာလို့လည်း ကြေငြာခဲ့ပါတယ်။


လက်ရှိအချိန်မှာတော့ ကန်စွန်းဥထွက်ကုန်ရဲ့ 15% ကို စားသုံးကုန်တွေ၊ အသင့်အစားအစာတွေနဲ့ ဘီယာချက်လုပ်ရေးလုပ်ငန်းတွေမှာ အသုံးပြုနေပြီး ဂျပန်နိုင်ငံက အများဆုံးဝယ်ယူနေတယ်လို့ သိရပါတယ်။ ကန်စွန်းဥဟာ ကုန်ဆုံးသွားတဲ့ ရေဓာတ်တွေကို ပြန်လည်ဖြည့်တင်းဖို့နဲ့ ပတ်ဝန်းကျင် ရေဓာတ်ထိန်းသိမ်းရာမှာလည်း အထူးသင့်တော်တဲ့ သီးနှံဖြစ်ပါ
တယ်။

သိပ္ပံပညာရှင်တွေဟာ ကြွက်တွေကို အစုသုံးစုခွဲပြီး တစ်စုကို အဆီအစိမ့်အစာတွေ ကျွေးကာ၊ ဒုတိယတစ်စုကိုတော့ ကန်
စွန်းဥ ကျွေးပါတယ်။ တတိယတစ်စုကိုလည်း ကန်းစွန်ဥ ပမာဏ နည်းနည်း လျှော့ကျွေးကာ ၎င်းတို့ရဲ့ အဆီဓာတ်နဲ့ ခန္ဓာကိုယ်အလေးချိန်တွေကို စောင့်ကြည့်လေ့လာခဲ့ပါတယ်။

ရက်ပေါင်း 28 ရက်မှာ အဲဒီကြွက်တွေကို ကိုယ်အလေးချိန် ပြန်လည်တိုင်းတာခဲ့ပြီး၊ အသည်းနဲ့ အဆီတစ်ရှုးတွေကို စစ်
ဆေးခဲ့ပါတယ်။ ကန်းစွန်းဥ ပြည့်ပြည့်၀၀စားရတဲ့ ကြွက်အုပ်စုဟာ သင့်တင့်တဲ့ ကိုယ်အလေးချိန်နဲ့ ကျန်းမာရေးအခြေအ
နေကလည်း အကောင်းဆုံးဖြစ်နေတာကို တွေ့ရှိခဲ့ရပါတယ်။ ဒီအချက်တွေဟာ လူသားတွေအတွက် အထူးအထောက်အကူ ပြုမယ်ဆိုတာ သေချာနေပြီး အဆီနဲ့ ကိုယ်အလေးချိန် ကျဆင်းလိုပါက ကန်စွန်းဥကိုသာ ပုံမှန်စားပေးသင့်ကြောင်း သိပ္ပံပညာရှင်တွေက အကြံပြုထားပါတယ်။


Credit : shwemom


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top