iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ိဳးသားေတြကိုယ္တိုင္ ဖြင့္ေျပာမွာမဟုတ္တဲ့ ဒါေပမယ့္ အမ််ိဳးသမီးေတြသိထားသင့္တဲ့ သူတို႔နဲ႔ပတ္သက္တဲ့ လွ်ိဳ႕၀ွက္ခ်က္ေလးေတြကို ေျပာျပေပးခ်င္ပါတယ္။ဒါေလးေတြဟာ အေသးအမႊားေလးေတြ ဆိုေပမယ့္ ေယာက္်ားေတြကို ကိုင္တြယ္တဲ့ေနရာမွာေတာ့ ဒါေလးေတြက  အေထာက္အကူျဖစ္ေစမွာပါ။

(၁)ေထြးေပြ႕

ေယာက္်ားေတြဟာ မိန္းမေတြေလာက္ေတာ့ ေထြးေပြ႔ခံရတဲ့ အရသာကိုႀကိဳက္မွာမဟုတ္ေပမယ့္၊ အမ်ိဳးသားေတာ္ေတာ္မ်ားမ်ားဟာ ေထြးေပြ႔ခံရတကို ႏွစ္သက္ၾကပါတယ္။ပံုမွန္အားျဖင့္ ေယာက္်ားကေထြးေပြ႔သူ၊မိန္းမက ေထြးေပြ႕ခံသူျဖစ္တာေၾကာင့္ အမ်ိဳးသားအမ်ားစုကေတာ့ သူတို႔ဒါကိို ႀကိဳက္တယ္ဆိုတာကို ၀န္ခံခဲပါတယ္။ေထြးေပြ႕ယုယတယ္ဆိုတာ Sex ကိစၥအတြက္ ရည္ရြယ္တဲ့ အထိအေတြ႕မ်ိဳးမဟုတ္ေပမယ့္ အမ်ိဳးသားကိုေရာ အမ်ိဳးသမီးကိုပါ စိတ္ေက်နပ္္မႈေပးႏိုင္တဲ့ ထိေတြ႔မႈတစ္ခုျဖစ္ပါတယ္။

(၂)စိတ္အားငယ္တာ

ေယာက္်ားဆိုတာ မ်က္ရည္ မက်ရဘူး။ေယာက္က်ားဆိုတာ ေရွ႕ကေနမားမားမတ္မတ္ရပ္ရတယ္ အစရွိတဲ့ စကားလံုးေတြကို မၾကာခဏဆိုသလို ၾကားဖူးၾကမွာပါ။မွန္သင့္သေလာက္ေတာ့ မွန္ေပမယ့္ ေယာက္်ားဆိုတာလည္း လူတစ္ေယာက္ပဲမို႔ စိတ္အားငယ္တဲ့အခ်ိန္ ဆိုတာရွိပါတယ္။ သူတို႔ဟာ အၿမဲတမ္းႀကီးေတာ့ strong ျဖစ္မေနခ်င္ၾကပါဘူး။သူတို႔လည္း အားေပးႏွစ္သိမ့္မႈကို ခံခ်င္ၾကပါတယ္။ငါေတာ့အားေပးႏွစ္သိမ့္ခံခ်င္ေနတယ္လို႔ေတာ့ တိုက္ရိုက္ေျပာမွာ မဟုတ္ပါဘူး။ သူတို႔ရဲ႕အမူအယာကိုၾကည့္ၿပီး ကိုယ့္ဘက္ကေန ႏွစ္သိမ့္အားေပးမႈေတြ လုပ္ေပးရမွာ။အ့ဲဒီလို အလိုက္တသိနားလည္ေပးမယ္ဆိုရင္ေတာ့ ေသခ်ာပါတယ္။သူ႔စိတ္ထဲမွာ သင့္ကို ပိုၿပီးေတာ့ တိတ္တခိုး ျမတ္ႏိုးတန္ဖိုးထားလာမွာပါ။

(၄)မိန္းကေလးေတြ သတိမထားမိတဲ့ အရာေတြကို ႀကိဳက္တာ

ဒါကေတာ့ ေယာက္်ားေတြနဲ႔ပတ္သက္ၿပီး မိန္းမေတြ မသိတဲ့ လွ်ိဳ႕၀ွက္္ခ်က္တစ္ခုပါ။ မိန္းကေလးေတြ သတိမထားမိတဲ့ အရာေတြကို ႀကိဳက္တာ။ ဥပမာ- သင့္ရဲ႕ဆံပင္စတိုင္၊ လက္ေရး၊ရုပ္ရွင္ ကားေတြအေပၚ သင့္ရဲ႕တံု႔ျပန္မႈ၊သင့္ရဲ႕မီးဖိုေခ်ာင္ထဲက ပန္းအိုး အစရွိတာေတြ ကို ႏွစ္သက္တာမ်ိဳးပါ။ကိုယ္ကိုတိုင္သတိမထားမိ ဂရုမစိုက္မိတဲ့ အရာေလးေတြကို သူတို႔က အသိအမွတ္ျပဳ ႏွစ္ၿခိဳက္ေနတတ္ပါတယ္။

(၅)အမ်ိဳးသမီးေတြသာ ႏွစ္္သက္တတ္တဲ့ ရွိဳးေတြ ရုပ္ရွင္ေတြကို ႀကိဳက္တာ

အမ်ိဳးသားအမ်ားစုုဟာ တခါတေလမွာ အမ်ိဳးသမီးေတြဟာ အမ်ားဆံုး ႏွစ္သက္သေဘာက်တတ္တဲ့ အရာေတြကို စိတ္ထဲမွာ တိတ္တိတ္ေလးသေဘာက်ေနတတ္ပါတယ္။သူဒါေတြကို ႀကိဳက္တဲ့ အေၾကာင္းကိုေတာ့ သူ႔သူငယ္ခ်င္းေတြဆီမွာေတာင္ ဘယ္ေတာ့မွ ၀န္ခံမွာမဟုတ္ပါဘူး။ တကယ္လို႔မ်ား အမ်ိဳးသားတစ္ေယာက္က အဲ့ဒီလိုရွိဳးေတြ၊ရုပ္ရွင္ေတြကို ၾကည့္ေနတာ ေတြ႕ခဲ့ရင္ လိုင္းေျပာင္းပစ္လိုက္တာမ်ိဳး မလုပ္ပါနဲ႔။သူတို႔ဟာ တိတ္တခိုးအားေပးေနတ့ဲ အမာခံပရိသတ္ျဖစ္ခ်င္ျဖစ္ေနမွာပါ။

(၆)ရုပ္ရည္ ပံုပန္းသ႑ာန္နဲ႔ပတ္သက္ၿပီး ခ်ီးမြင္းခံရတာကိုႀကိဳက္

အမ်ိဳးသားအမ်ားစုမွာ အထက္စီးဆန္၊မာနႀကီီးတဲ့အမူအက်င့္ေတြရွိတာေၾကာင့္ သူတို႔ဟာ ကိုယ့္ကိုကိုယ္စိတ္မလံုၿခံဳမႈ မရွိတတ္ၾကဘူး၊ရုပ္ရည္နဲ႔ပတ္သက္ၿပီး ခ်ီးမြင္းတာေတြ မလိုဘူးလို႔ မိန္းကေလးအမ်ားစုက ထင္ၾကပါလိမ့္မယ္။ဒါဟာတကယ္ေတာ့မွားပါတယ္။ေယာက္်ားေတြမွာလည္း မိန္းမေတြလိုပဲ ရုပ္ရည္ပံုပန္းသ႑ာန္နဲ႔ပတ္သက္ၿပီး ခ်ီးမြင္းခံခ်င္တဲ့စိတ္ရွိၾကပါတယ္။

Credit : shwemom

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အမျိုးသားတွေကိုယ်တိုင် ဖွင့်ပြောမှာမဟုတ်တဲ့ ဒါပေမယ့် အမျျိုးသမီးတွေသိထားသင့်တဲ့ သူတို့နဲ့ပတ်သက်တဲ့ လျှို့ဝှက်ချက်လေးတွေကို ပြောပြပေးချင်ပါတယ်။ဒါလေးတွေဟာ အသေးအမွှားလေးတွေ ဆိုပေမယ့် ယောက်ျားတွေကို ကိုင်တွယ်တဲ့နေရာမှာတော့ ဒါလေးတွေက  အထောက်အကူဖြစ်စေမှာပါ။

(၁)ထွေးပွေ့

ယောက်ျားတွေဟာ မိန်းမတွေလောက်တော့ ထွေးပွေ့ခံရတဲ့ အရသာကိုကြိုက်မှာမဟုတ်ပေမယ့်၊ အမျိုးသားတော်တော်များများဟာ ထွေးပွေ့ခံရတကို နှစ်သက်ကြပါတယ်။ပုံမှန်အားဖြင့် ယောက်ျားကထွေးပွေ့သူ၊မိန်းမက ထွေးပွေ့ခံသူဖြစ်တာကြောင့် အမျိုးသားအများစုကတော့ သူတို့ဒါကို ကြိုက်တယ်ဆိုတာကို ဝန်ခံခဲပါတယ်။ထွေးပွေ့ယုယတယ်ဆိုတာ Sex ကိစ္စအတွက် ရည်ရွယ်တဲ့ အထိအတွေ့မျိုးမဟုတ်ပေမယ့် အမျိုးသားကိုရော အမျိုးသမီးကိုပါ စိတ်ကျေနပ်မှုပေးနိုင်တဲ့ ထိတွေ့မှုတစ်ခုဖြစ်ပါတယ်။



(၂)စိတ်အားငယ်တာ

ယောက်ျားဆိုတာ မျက်ရည် မကျရဘူး။ယောက်ကျားဆိုတာ ရှေ့ကနေမားမားမတ်မတ်ရပ်ရတယ် အစရှိတဲ့ စကားလုံးတွေကို မကြာခဏဆိုသလို ကြားဖူးကြမှာပါ။မှန်သင့်သလောက်တော့ မှန်ပေမယ့် ယောက်ျားဆိုတာလည်း လူတစ်ယောက်ပဲမို့ စိတ်အားငယ်တဲ့အချိန် ဆိုတာရှိပါတယ်။ သူတို့ဟာ အမြဲတမ်းကြီးတော့ strong ဖြစ်မနေချင်ကြပါဘူး။သူတို့လည်း အားပေးနှစ်သိမ့်မှုကို ခံချင်ကြပါတယ်။ငါတော့အားပေးနှစ်သိမ့်ခံချင်နေတယ်လို့တော့ တိုက်ရိုက်ပြောမှာ မဟုတ်ပါဘူး။ သူတို့ရဲ့အမူအယာကိုကြည့်ပြီး ကိုယ့်ဘက်ကနေ နှစ်သိမ့်အားပေးမှုတွေ လုပ်ပေးရမှာ။အဲ့ဒီလို အလိုက်တသိနားလည်ပေးမယ်ဆိုရင်တော့ သေချာပါတယ်။သူ့စိတ်ထဲမှာ သင့်ကို ပိုပြီးတော့ တိတ်တခိုး မြတ်နိုးတန်ဖိုးထားလာမှာပါ။



(၄)မိန်းကလေးတွေ သတိမထားမိတဲ့ အရာတွေကို ကြိုက်တာ

ဒါကတော့ ယောက်ျားတွေနဲ့ပတ်သက်ပြီး မိန်းမတွေ မသိတဲ့ လျှို့ဝှက်ချက်တစ်ခုပါ။ မိန်းကလေးတွေ သတိမထားမိတဲ့ အရာတွေကို ကြိုက်တာ။ ဥပမာ- သင့်ရဲ့ဆံပင်စတိုင်၊ လက်ရေး၊ရုပ်ရှင် ကားတွေအပေါ် သင့်ရဲ့တုံ့ပြန်မှု၊သင့်ရဲ့မီးဖိုချောင်ထဲက ပန်းအိုး အစရှိတာတွေ ကို နှစ်သက်တာမျိုးပါ။ကိုယ်ကိုတိုင်သတိမထားမိ ဂရုမစိုက်မိတဲ့ အရာလေးတွေကို သူတို့က အသိအမှတ်ပြု နှစ်ခြိုက်နေတတ်ပါတယ်။

(၅)အမျိုးသမီးတွေသာ နှစ်သက်တတ်တဲ့ ရှိုးတွေ ရုပ်ရှင်တွေကို ကြိုက်တာ

အမျိုးသားအများစုုဟာ တခါတလေမှာ အမျိုးသမီးတွေဟာ အများဆုံး နှစ်သက်သဘောကျတတ်တဲ့ အရာတွေကို စိတ်ထဲမှာ တိတ်တိတ်လေးသဘောကျနေတတ်ပါတယ်။သူဒါတွေကို ကြိုက်တဲ့ အကြောင်းကိုတော့ သူ့သူငယ်ချင်းတွေဆီမှာတောင် ဘယ်တော့မှ ဝန်ခံမှာမဟုတ်ပါဘူး။ တကယ်လို့များ အမျိုးသားတစ်ယောက်က အဲ့ဒီလိုရှိုးတွေ၊ရုပ်ရှင်တွေကို ကြည့်နေတာ တွေ့ခဲ့ရင် လိုင်းပြောင်းပစ်လိုက်တာမျိုး မလုပ်ပါနဲ့။သူတို့ဟာ တိတ်တခိုးအားပေးနေတဲ့ အမာခံပရိသတ်ဖြစ်ချင်ဖြစ်နေမှာပါ။

(၆)ရုပ်ရည် ပုံပန်းသဏ္ဍာန်နဲ့ပတ်သက်ပြီး ချီးမွင်းခံရတာကိုကြိုက်

အမျိုးသားအများစုမှာ အထက်စီးဆန်၊မာနကြီးတဲ့အမူအကျင့်တွေရှိတာကြောင့် သူတို့ဟာ ကိုယ့်ကိုကိုယ်စိတ်မလုံခြုံမှု မရှိတတ်ကြဘူး၊ရုပ်ရည်နဲ့ပတ်သက်ပြီး ချီးမွင်းတာတွေ မလိုဘူးလို့ မိန်းကလေးအများစုက ထင်ကြပါလိမ့်မယ်။ဒါဟာတကယ်တော့မှားပါတယ်။ယောက်ျားတွေမှာလည်း မိန်းမတွေလိုပဲ ရုပ်ရည်ပုံပန်းသဏ္ဍာန်နဲ့ပတ်သက်ပြီး ချီးမွင်းခံချင်တဲ့စိတ်ရှိကြပါတယ်။



Credit : shwemom



ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...





 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top