iMyanmarHouse.com - Best Property Website for Myanmar
×

“၀လို႔ လွလို႔” ဆိုတဲ့ အဆိုရွိခဲ့ေပမယ့္ အလွအပနဲ႔ က်န္းမာေရးကို ဂရုစိုက္လာၾကတဲ့ ေခတ္ၾကီးမွာ အ၀လြန္ျခင္းဟာ ျပသနာတစ္ရပ္ ျဖစ္လာပါတယ္။ ၀လာတာနဲ႔အမွ် ခႏၶာကိုယ္ ၾကည့္မေကာင္းေတာ့လို႔ စိတ္ညစ္ရ၊ အ၀တ္အစား အတြက္လည္း ဒုကၡေရာက္ရ၊ ေနာက္ဆက္တဲြ က်န္းမာေရး ျပႆနာေတြ အတြက္လည္း စိတ္ပူရနဲ႔ မသက္သာလွပါဘူး။

၀ေစတဲ့အေၾကာင္းမွာ အဓိကက လူေနမွုပံုစံေၾကာင့္ ျဖစ္ပါတယ္။

- လွုပ္ရွားမွုနည္းျခင္း၊ အဆီအဆိမ့္နဲ႔ ကယ္လိုရီမ်ားတဲ့ သေရစာေတြ အစားမ်ားျခင္း ေတြေၾကာင့္ စားသမွ် ကယ္လိုရီေတြဟာ ခႏၶာကိုယ္က လိုအပ္တဲ့ ပမာဏ ထက္ပိုလွ်ံကာ အဆီေတြအျဖစ္ ေျပာင္းလဲသြားၿပီး ၀ၿဖိဳးလာရျခင္းပဲ ျဖစ္ပါတယ္။

- ၀လာမွ အဆီခ်မယ္လို႔ စိတ္မကူးဘဲ မ၀ေအာင္ ၾကိဳတင္ ဂရုစိုက္သင့္ပါတယ္။

- ၀ေနတဲ့သူေတြကလည္း ကိုယ့္ကိုယ္ကို အခ်ိန္မီျပဳျပင္ပါ။

- ေဘးထြက္ဆိုးက်ဳိးေတြ ရွိႏိုင္တဲ့ အဆီခ်ေဆးေတြကို အားမကိုးဘဲ လူေနမွုပံုစံကို ေျပာင္းလဲလိုက္ရုံနဲ႔ အဆီက်ၿပီး အၿမဲ သြယ္လ်ေနမယ့္အျပင္ က်န္းမာလွပလာမွာ ေသခ်ာပါတယ္။

- လြယ္လြယ္ေလးပါ။ သင့္ေတာ္တဲ့ ကယ္လိုရီပမာဏကို ရရွိေအာင္စားၿပီး အဲဒီကယ္လိုရီေတြကို မ်ားမ်ား ေလာင္ကၽြမ္းသြားေအာင္ လုပ္ႏုိင္ရင္ရပါၿပီ။

ခိုင္မာတဲ့ဆံုးျဖတ္ခ်က္ခ်ပါ။

အေရးၾကီးဆံုးအခ်က္ပါ။

- ခိုင္မာတဲ့ ဆံုးျဖတ္ခ်က္မရွိပဲနဲ႔ ကိုယ့္စိတ္ကို ကိုယ္မႏုိင္ဘနဲ႔ေတာ့ ဘယ္အရာမွ လုပ္လို႔ရမွာ မဟုတ္ပါဘူး။

အဆီအဆိမ့္နဲ႔ အခ်ိဳေတြကို ေရွာင္ၾကဥ္ပါ။

- ကယ္လိုရီမ်ားတဲ့ အဆီအဆိမ့္ေတြ၊ အခ်ိဳေတြကို တတ္ႏုိင္သေလာက္ ေရွာင္ၾကဥ္ပါ။

- သေရစာေတြလည္း ေလွ်ာ့စားပါ။

- အသင့္စားသံုးႏိုင္တဲ့ အစားအစာေတြ ျဖစ္တဲ့ ပီဇာ၊ ဘာဂါ၊ ကြတ္ကီး၊ အခ်ိဳရည္၊ Snack ေတြကို ေ၀းေ၀းကေရွာင္ပါ။

- ေအးခဲထားတဲ့ အစာေတြမွာလည္း အဆီေတြနဲ႔ ဆားဓာတ္ေတြ ပါ၀င္လို႔ ေရွာင္ၾကဥ္သင့္ပါတယ္။

- ကိုယ္အေလးခ်ိန္ကို ထိန္းဖို႔အတြက္ကေတာ့ အိမ္မွာ ခ်က္ျပဳတ္ထားတဲ့ ဟင္းလ်ာေတြက အေကာင္းဆံုး ျဖစ္ပါတယ္။

အမွ်င္ဓာတ္ပါတဲ့ စားစရာေတြကို မ်ားမ်ားစားေပးပါ။

- အမွ်င္ဓာတ္ပါတဲ့ စားစရာေတြက အစာေခ်ရာမွာ ေႏွးေကြးေစတဲ့အတြက္ ဗိုက္ျပည့္ေနလို႔ အစားထပ္စားခ်င္စိတ္ကို ေလွ်ာ့ခ်ေပးပါတယ္။

- ထို႔ျပင္ ခႏၶာကိုယ္က အဆီပိုေတြကို ဖယ္ရွားရာမွာလည္း အေထာက္အကူ ေပးပါတယ္။

- ဆန္လံုးညိဳ၊ ဘာလီ၊ အုတ္ဂ်ဳံ၊ အညိဳေရာင္ ေပါင္မုန္႔စတဲ့ အုတ္ဂ်ဳံႏွင့္လုပ္ေသာ အစားအစာမ်ား၊ ပဲအမ်ိဳးမ်ိဳး၊ ဟင္းသီးဟင္းရြက္ေတြနဲ႔ အသီးအႏွံေတြကို မ်ားမ်ားစားေပးပါ။

- ဂ်ပန္လူမ်ိဳးေတြဟာ အဆီက်ေစဖို႔ မနက္တိုင္း ငွက္ေပ်ာသီး တစ္လံုးစားၿပီး ေရ ၂ဖန္ခြက္ ေသာက္ၾကပါတယ္။

မွ်တတဲ့ အစားအေသာက္ပံုစံ ျဖစ္ပါေစ။

- ကာဗိုဟိုက္ဒရိတ္၊ အဆီနဲ႔ အသားေတြကို မွ်တေအာင္ စားေပးပါ။

- မွ်တတဲ့ အစားအေသာက္ပံုစံမွ သင့္ခႏၶာကိုယ္အတြက္ လိုအပ္တဲ့ အာဟာရေတြကို ေပးစြမ္းႏိုင္သလို ကိုယ္အေလးခ်ိန္ ေလွ်ာ့ခ်ရာမွာလည္း အေထာက္အကူ ေပးပါတယ္။

- Vitamin D, Omega-3 နဲ႔ Omega-6 Fatty acids ေတြက အဆီက်ေစၿပီး vitamin A,C နဲ႔ E ကလည္း အဆီဆဲလ္ေတြထဲမွာရွိတဲ့ အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးႏိုင္ပါတယ္။

- အနီေရာင္အသားေတြကိုေတာ့ လံုး၀ေရွာင္ၾကဥ္သင့္ပါတယ္။

- အစပ္ေတြကလည္း ခႏၶာကိုယ္က ဇီ၀ျဖစ္စဥ္ေတြကို ျမန္ဆန္ေစလို႔ အဆီေတြကို ျမန္ျမန္ ေခ်ဖ်က္ေပးႏိုင္ပါတယ္။

ခဏခဏစားပါ

- အစားကို တစ္ခါထဲ အမ်ားၾကီးမစားဘဲ နည္းနည္းနဲ႔ ခဏခဏ စားေပးပါ။

- ၃ခါ အမ်ားၾကီး စားမယ့္အစား ၆ခါ နည္းနည္းစီ ခဲြစားပါ။

- ထိုအခါ ေသြးတြင္း သၾကားဓာတ္ကို ထိန္းထားႏုိင္ၿပီး ဆာေလာင္ျခင္းကို ဟန္႔တားေပးပါတယ္။

စားေသာက္မွုပံုစံ ေျပာင္းပါ။

- မနက္စာကို အာဟာရ ျပည့္၀တဲ့ အစားအစာေတြနဲ႔ အမ်ားၾကီးစားပါ။

- ဒါေပမယ့္ အိပ္ရာမ၀င္ခင္ ၃ နာရီအလိုက စၿပီးေတာ့ ဘာမွမစားမိပါေစနဲ႔ေတာ့။

- စားေနက် ပန္းကန္ထက္ ပိုေသးတဲ့ ပန္းကန္နဲ႔စားပါ။

- အစားကို ျဖည္းျဖည္းခ်င္း ဝါးစားပါ။ အစားပိုစားခ်င္စိတ္ကို ထိန္းေပးပါလိမ့္မယ္။

- တီဗီၾကည့္ ရင္း ဒါမွမဟုတ္ အင္တာနက္သံုးရင္း အစားစားရင္ အစားစားခ်င္စိတ္ ပိုျပင္းျပႏိုင္လို႔ ေရွာင္ၾကဥ္သင့္ပါတယ္။

အေရာင္မ်ားရဲ႕ စြမ္းအားကို အသံုးခ်ပါ။

- ထမင္းစား စားပဲြ၀န္းက်င္မွာ အနီ၊ အ၀ါ၊ လိေမၼာ္တို႔လို အေရာင္ ေတာက္ေတာက္ေတြ ရွိေနရင္ အစားစားခ်င္စိတ္ကို ပိုျဖစ္ေစၿပီး အျပာေရာင္လို အေရာင္ မွိုင္းမွုိင္းေတြကေတာ့ အစားစားခ်င္စိတ္ကို ေလ်ာ့က်ေစပါတယ္။

ေရမ်ားမ်ားေသာက္ပါ။

- ေရမ်ားမ်ားေသာက္ျခင္းဟာ ခႏၶာကိုယ္က မလိုအပ္ေတာ့တဲ့ အညစ္အေၾကးေတြကို သန္႔စင္ေစပါတယ္။

- ဗိုက္လည္း ျပည့္ေနေစလို႔ အစားအမ်ားၾကီး စားခ်င္စိတ္မျဖစ္ေအာင္ ထိန္းေပးပါတယ္။

- ၀ိတ္တက္ေစတဲ့ အခ်ဳိရည္၊ အရက္၊ ဘီယာေတြအစား ေရကိုပဲေသာက္ပါ။

- ရုိးရိုးေရထက္ ေရေႏြးေတြက ၀ိတ္ခ်ရာမွာ အေထာက္အကူျပဳပါတယ္။

- ေရေႏြးၾကမ္းကို ကိုယ္အေလးခ်ိန္ က်ေအာင္ ေသာက္သံုးၾကပါတယ္။

တစ္ပတ္တစ္ခါ ကိုယ့္ကိုယ္ကိုဆုခ်ပါ။

- ေရခဲမုန္႔၊ ပီဇာစတဲ့ မိမိအရမ္းၾကိဳက္ေပမယ့္ ေရွာင္ေနရတဲ့ စားစရာေတြကို တစ္ပတ္တစ္ခါေတာ့ စားပါ။

- စိတ္ကို လြတ္လြတ္လပ္လပ္ထားၿပီး စားခ်င္တာ စားႏိုင္ေပမယ့္ အာသာေျပရုံသာ စားဖို႔ သတိရွိပါ။

ေန႔တိုင္း ကိုယ္လက္လွုပ္ရွား ကစားေပးပါ။
- ေအရုိးဗစ္၊ ေရကူး၊ စက္ဘီးစီးျခင္း တို႔လို အားကစား မလုပ္ႏုိင္ရင္ေတာင္ လမ္းေလွ်ာက္ေပးပါ။

- ကားမစီးဘဲ လမ္းေလွ်ာက္သြားလို႔ရရင္ လမ္းေလွ်ာက္ပါ။

- ဓာတ္ေလွကားကို မသံုးဘဲ ေလွကားနဲ႔ အတက္အဆင္းျပဳပါ။

- Gym မွာသြားၿပီး မိမိခႏၶာကိုယ္ရဲ႕ အဆီခ်ခ်င္တဲ့ အစိတ္အပိုင္းအတြက္ သင့္ေတာ္တဲ့ ေလ့က်င့္ခန္းေတြနဲ႔ အဆီခ်ႏုိင္ပါတယ္။

- ေယာဂက်င့္စဥ္ေတြကလည္း ကိုယ္အေလးခ်ိန္ ေလ်ာ့နည္းေစဖို႔ အေထာက္အကူ ေပးပါတယ္။

ဗီတာမင္ဒီလံုေလာက္စြာရရွိပါေစ။

- နံနက္ခင္းေနေရာင္ျခည္နဲ႔ တိုက္ရုိက္ထိေတြ႔ေပးပါ။

- ဗီတာမင္ဒီၾကြယ္၀တဲ့ အစားအစာေတြကို မ်ားမ်ားစားေပးပါ။

- ဗီတာမင္ဒီ လံုေလာက္စြာ မရရွိရင္ ဘယ္ေလာက္ေကာင္းတဲ့ အဆီခ်နည္းလမ္းပဲျဖစ္ျဖစ္ ျမန္ျမန္ဆန္ဆန္နဲ႔ ထိေရာက္မွုရွိမွာ မဟုတ္ပါဘူး။

စိတ္ဖိစီးမွုကိုေလွ်ာ့ခ်ပါ။

- တရားထိုင္ျခင္း၊ အသက္ရွုေလ့က်င့္ခန္း လုပ္ျခင္းတို႔နဲ႔ မိမိမွာရွိတဲ့ စိတ္ဖိစီးမွုကို ေလွ်ာ့ခ်ပါ။

- အေကာင္းျမင္ပါ။

- တစ္ေန႔ကို အနည္းဆံုး ၈ နာရီ အိပ္ပါ။

- စိတ္ဖိစီးမွုေၾကာင့္ အစားပိုစားၿပီး ပို၀လာႏုိင္လို႔ ျဖစ္ပါတယ္။

နည္းလမ္းေလးေတြက အရမ္းကိုရွိးရွင္းလြယ္ကူပါတယ္။ လုပ္ႏုိင္ေလ အက်ိဳးရွိေလမို႔ ၾကိဳးစားၾကည့္ၾကပါေနာ္။

Credit:မီးေခ်ာေလး
 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

“ဝလို့ လှလို့” ဆိုတဲ့ အဆိုရှိခဲ့ပေမယ့် အလှအပနဲ့ ကျန်းမာရေးကို ဂရုစိုက်လာကြတဲ့ ခေတ်ကြီးမှာ အဝလွန်ခြင်းဟာ ပြသနာတစ်ရပ် ဖြစ်လာပါတယ်။ ဝလာတာနဲ့အမျှ ခန္ဓာကိုယ် ကြည့်မကောင်းတော့လို့ စိတ်ညစ်ရ၊ အဝတ်အစား အတွက်လည်း ဒုက္ခရောက်ရ၊ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ အတွက်လည်း စိတ်ပူရနဲ့ မသက်သာလှပါဘူး။

ဝစေတဲ့အကြောင်းမှာ အဓိကက လူနေမှုပုံစံကြောင့် ဖြစ်ပါတယ်။

- လှုပ်ရှားမှုနည်းခြင်း၊ အဆီအဆိမ့်နဲ့ ကယ်လိုရီများတဲ့ သရေစာတွေ အစားများခြင်း တွေကြောင့် စားသမျှ ကယ်လိုရီတွေဟာ ခန္ဓာကိုယ်က လိုအပ်တဲ့ ပမာဏ ထက်ပိုလျှံကာ အဆီတွေအဖြစ် ပြောင်းလဲသွားပြီး ဝဖြိုးလာရခြင်းပဲ ဖြစ်ပါတယ်။

- ဝလာမှ အဆီချမယ်လို့ စိတ်မကူးဘဲ မဝအောင် ကြိုတင် ဂရုစိုက်သင့်ပါတယ်။

- ဝနေတဲ့သူတွေကလည်း ကိုယ့်ကိုယ်ကို အချိန်မီပြုပြင်ပါ။

- ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်တဲ့ အဆီချဆေးတွေကို အားမကိုးဘဲ လူနေမှုပုံစံကို ပြောင်းလဲလိုက်ရုံနဲ့ အဆီကျပြီး အမြဲ သွယ်လျနေမယ့်အပြင် ကျန်းမာလှပလာမှာ သေချာပါတယ်။

- လွယ်လွယ်လေးပါ။ သင့်တော်တဲ့ ကယ်လိုရီပမာဏကို ရရှိအောင်စားပြီး အဲဒီကယ်လိုရီတွေကို များများ လောင်ကျွမ်းသွားအောင် လုပ်နိုင်ရင်ရပါပြီ။

ခိုင်မာတဲ့ဆုံးဖြတ်ချက်ချပါ။

အရေးကြီးဆုံးအချက်ပါ။

- ခိုင်မာတဲ့ ဆုံးဖြတ်ချက်မရှိပဲနဲ့ ကိုယ့်စိတ်ကို ကိုယ်မနိုင်ဘနဲ့တော့ ဘယ်အရာမှ လုပ်လို့ရမှာ မဟုတ်ပါဘူး။

အဆီအဆိမ့်နဲ့ အချိုတွေကို ရှောင်ကြဉ်ပါ။

- ကယ်လိုရီများတဲ့ အဆီအဆိမ့်တွေ၊ အချိုတွေကို တတ်နိုင်သလောက် ရှောင်ကြဉ်ပါ။

- သရေစာတွေလည်း လျှော့စားပါ။

- အသင့်စားသုံးနိုင်တဲ့ အစားအစာတွေ ဖြစ်တဲ့ ပီဇာ၊ ဘာဂါ၊ ကွတ်ကီး၊ အချိုရည်၊ Snack တွေကို ဝေးဝေးကရှောင်ပါ။

- အေးခဲထားတဲ့ အစာတွေမှာလည်း အဆီတွေနဲ့ ဆားဓာတ်တွေ ပါဝင်လို့ ရှောင်ကြဉ်သင့်ပါတယ်။

- ကိုယ်အလေးချိန်ကို ထိန်းဖို့အတွက်ကတော့ အိမ်မှာ ချက်ပြုတ်ထားတဲ့ ဟင်းလျာတွေက အကောင်းဆုံး ဖြစ်ပါတယ်။

အမျှင်ဓာတ်ပါတဲ့ စားစရာတွေကို များများစားပေးပါ။

- အမျှင်ဓာတ်ပါတဲ့ စားစရာတွေက အစာချေရာမှာ နှေးကွေးစေတဲ့အတွက် ဗိုက်ပြည့်နေလို့ အစားထပ်စားချင်စိတ်ကို လျှော့ချပေးပါတယ်။

- ထို့ပြင် ခန္ဓာကိုယ်က အဆီပိုတွေကို ဖယ်ရှားရာမှာလည်း အထောက်အကူ ပေးပါတယ်။

- ဆန်လုံးညို၊ ဘာလီ၊ အုတ်ဂျုံ၊ အညိုရောင် ပေါင်မုန့်စတဲ့ အုတ်ဂျုံနှင့်လုပ်သော အစားအစာများ၊ ပဲအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်တွေနဲ့ အသီးအနှံတွေကို များများစားပေးပါ။

- ဂျပန်လူမျိုးတွေဟာ အဆီကျစေဖို့ မနက်တိုင်း ငှက်ပျောသီး တစ်လုံးစားပြီး ရေ ၂ဖန်ခွက် သောက်ကြပါတယ်။

မျှတတဲ့ အစားအသောက်ပုံစံ ဖြစ်ပါစေ။

- ကာဗိုဟိုက်ဒရိတ်၊ အဆီနဲ့ အသားတွေကို မျှတအောင် စားပေးပါ။

- မျှတတဲ့ အစားအသောက်ပုံစံမှ သင့်ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရတွေကို ပေးစွမ်းနိုင်သလို ကိုယ်အလေးချိန် လျှော့ချရာမှာလည်း အထောက်အကူ ပေးပါတယ်။

- Vitamin D, Omega-3 နဲ့ Omega-6 Fatty acids တွေက အဆီကျစေပြီး vitamin A,C နဲ့ E ကလည်း အဆီဆဲလ်တွေထဲမှာရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

- အနီရောင်အသားတွေကိုတော့ လုံးဝရှောင်ကြဉ်သင့်ပါတယ်။

- အစပ်တွေကလည်း ခန္ဓာကိုယ်က ဇီဝဖြစ်စဉ်တွေကို မြန်ဆန်စေလို့ အဆီတွေကို မြန်မြန် ချေဖျက်ပေးနိုင်ပါတယ်။

ခဏခဏစားပါ

- အစားကို တစ်ခါထဲ အများကြီးမစားဘဲ နည်းနည်းနဲ့ ခဏခဏ စားပေးပါ။

- ၃ခါ အများကြီး စားမယ့်အစား ၆ခါ နည်းနည်းစီ ခွဲစားပါ။

- ထိုအခါ သွေးတွင်း သကြားဓာတ်ကို ထိန်းထားနိုင်ပြီး ဆာလောင်ခြင်းကို ဟန့်တားပေးပါတယ်။

စားသောက်မှုပုံစံ ပြောင်းပါ။

- မနက်စာကို အာဟာရ ပြည့်ဝတဲ့ အစားအစာတွေနဲ့ အများကြီးစားပါ။

- ဒါပေမယ့် အိပ်ရာမဝင်ခင် ၃ နာရီအလိုက စပြီးတော့ ဘာမှမစားမိပါစေနဲ့တော့။

- စားနေကျ ပန်းကန်ထက် ပိုသေးတဲ့ ပန်းကန်နဲ့စားပါ။

- အစားကို ဖြည်းဖြည်းချင်း ဝါးစားပါ။ အစားပိုစားချင်စိတ်ကို ထိန်းပေးပါလိမ့်မယ်။

- တီဗီကြည့် ရင်း ဒါမှမဟုတ် အင်တာနက်သုံးရင်း အစားစားရင် အစားစားချင်စိတ် ပိုပြင်းပြနိုင်လို့ ရှောင်ကြဉ်သင့်ပါတယ်။

အရောင်များရဲ့ စွမ်းအားကို အသုံးချပါ။

- ထမင်းစား စားပွဲဝန်းကျင်မှာ အနီ၊ အဝါ၊ လိမ္မော်တို့လို အရောင် တောက်တောက်တွေ ရှိနေရင် အစားစားချင်စိတ်ကို ပိုဖြစ်စေပြီး အပြာရောင်လို အရောင် မှိုင်းမှိုင်းတွေကတော့ အစားစားချင်စိတ်ကို လျော့ကျစေပါတယ်။

ရေများများသောက်ပါ။

- ရေများများသောက်ခြင်းဟာ ခန္ဓာကိုယ်က မလိုအပ်တော့တဲ့ အညစ်အကြေးတွေကို သန့်စင်စေပါတယ်။

- ဗိုက်လည်း ပြည့်နေစေလို့ အစားအများကြီး စားချင်စိတ်မဖြစ်အောင် ထိန်းပေးပါတယ်။

- ဝိတ်တက်စေတဲ့ အချိုရည်၊ အရက်၊ ဘီယာတွေအစား ရေကိုပဲသောက်ပါ။

- ရိုးရိုးရေထက် ရေနွေးတွေက ဝိတ်ချရာမှာ အထောက်အကူပြုပါတယ်။

- ရေနွေးကြမ်းကို ကိုယ်အလေးချိန် ကျအောင် သောက်သုံးကြပါတယ်။

တစ်ပတ်တစ်ခါ ကိုယ့်ကိုယ်ကိုဆုချပါ။

- ရေခဲမုန့်၊ ပီဇာစတဲ့ မိမိအရမ်းကြိုက်ပေမယ့် ရှောင်နေရတဲ့ စားစရာတွေကို တစ်ပတ်တစ်ခါတော့ စားပါ။

- စိတ်ကို လွတ်လွတ်လပ်လပ်ထားပြီး စားချင်တာ စားနိုင်ပေမယ့် အာသာပြေရုံသာ စားဖို့ သတိရှိပါ။

နေ့တိုင်း ကိုယ်လက်လှုပ်ရှား ကစားပေးပါ။
- အေရိုးဗစ်၊ ရေကူး၊ စက်ဘီးစီးခြင်း တို့လို အားကစား မလုပ်နိုင်ရင်တောင် လမ်းလျှောက်ပေးပါ။

- ကားမစီးဘဲ လမ်းလျှောက်သွားလို့ရရင် လမ်းလျှောက်ပါ။

- ဓာတ်လှေကားကို မသုံးဘဲ လှေကားနဲ့ အတက်အဆင်းပြုပါ။

- Gym မှာသွားပြီး မိမိခန္ဓာကိုယ်ရဲ့ အဆီချချင်တဲ့ အစိတ်အပိုင်းအတွက် သင့်တော်တဲ့ လေ့ကျင့်ခန်းတွေနဲ့ အဆီချနိုင်ပါတယ်။

- ယောဂကျင့်စဉ်တွေကလည်း ကိုယ်အလေးချိန် လျော့နည်းစေဖို့ အထောက်အကူ ပေးပါတယ်။

ဗီတာမင်ဒီလုံလောက်စွာရရှိပါစေ။

- နံနက်ခင်းနေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့ပေးပါ။

- ဗီတာမင်ဒီကြွယ်ဝတဲ့ အစားအစာတွေကို များများစားပေးပါ။

- ဗီတာမင်ဒီ လုံလောက်စွာ မရရှိရင် ဘယ်လောက်ကောင်းတဲ့ အဆီချနည်းလမ်းပဲဖြစ်ဖြစ် မြန်မြန်ဆန်ဆန်နဲ့ ထိရောက်မှုရှိမှာ မဟုတ်ပါဘူး။

စိတ်ဖိစီးမှုကိုလျှော့ချပါ။

- တရားထိုင်ခြင်း၊ အသက်ရှုလေ့ကျင့်ခန်း လုပ်ခြင်းတို့နဲ့ မိမိမှာရှိတဲ့ စိတ်ဖိစီးမှုကို လျှော့ချပါ။

- အကောင်းမြင်ပါ။

- တစ်နေ့ကို အနည်းဆုံး ၈ နာရီ အိပ်ပါ။

- စိတ်ဖိစီးမှုကြောင့် အစားပိုစားပြီး ပိုဝလာနိုင်လို့ ဖြစ်ပါတယ်။

နည်းလမ်းလေးတွေက အရမ်းကိုရှိးရှင်းလွယ်ကူပါတယ်။ လုပ်နိုင်လေ အကျိုးရှိလေမို့ ကြိုးစားကြည့်ကြပါနော်။

Credit:မီးချောလေး

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top