iMyanmarHouse.com - Best Property Website for Myanmar
×

ပညာရွင္ေတြရဲ႕အဆုိအရ ဘယ္ႏွစ္ရက္တစ္ႀကိမ္ေခါင္းေလွ်ာက္သင့္သလဲဆုိတဲ့ အေျဖတိတိက်က်မရွိပါဘူး။ လူတစ္ကိုယ္အႀကိဳက္တစ္မ်ိဳးဆုိသလိုပဲ မိမိဆံပင္ပံုစံနဲ႔ ဆံသားေပၚမူတည္ၿပီးပဲ ေခါင္းေလွ်ာ္ျခင္းအႀကိမ္အေရအတြက္ကို သတ္မွတ္သင့္ပါတယ္။ ရက္နည္းငယ္ၾကာေခါင္းမေလွ်ာ္လို႔ ဘာမွမျဖစ္ပါဘူး။ ေခါင္းဆီထြက္တာေတြ၊ ဆံသားေလးလာတာေတြဟာ ပံုမွန္ပါပဲ။

ေခါင္းေလွ်ာ္ရည္ေတြရဲ႕ အလုပ္လုပ္ပံု

        ေခါင္းေလွ်ာ္ရည္ေတြဟာအဆီေတြကိုဖယ္ရွားလိုက္တာေၾကာင့္မၾကာခဏေခါင္းေလွ်ာ္တဲ့သူေတြမွာ
 ဆံသားေျခာက္ၿပီး က်ိဳးေၾကတာေတြကိုျဖစ္ႏိုင္တယ္လို႔ နယူးေယာခ့္ၿမိဳ႕ရွိ Icahn ေဆးပညာေက်ာင္း၊ အေရျပားအထူးကုဌာနရဲ႕ တြဲဖက္ပါေမာကၡ Angela Lamb က ေျပာၾကားထားပါတယ္။

          ဆံပင္ေတြဟာ သဘာဝအဆီ (sebum) ေတြကိုထုတ္လုပ္ၿပီး ေခါင္းေလွ်ာ္ရည္ေတြကေတာ့ ထုိအဆီ၊ အညစ္အေၾကးေတြနဲ႔ အျခားအႂကြင္းအက်န္ေတြကို စုပ္ယူေပးတာေၾကာင့္
 ေရေဆးခ်လိုက္တဲ့အခါမွာ ဆံပင္ေတြ သန္႔ရွင္းသြားတာျဖစ္ပါတယ္။

          အမ်ားအားျဖင့္ အခ်ိဳ႕ေသာအဆီေတြဟာ သဘာဝအေလ်ာက္ရွိသင့္တဲ့အျပင္ ဆံပင္ေတြဟာလည္းအဆီအခ်ိဳ႕ကိုလိုအပ္ပါတယ္။၎တို႔သည္ဆံသားေတြကိုအစိုဓာတ္ျဖည့္ေပးႏုိင္႐ံု
သာမက ဆံပင္နဲ႔ဦးေရျပားအတြက္လည္း အကာအကြယ္အလႊာတစ္ခုအေနနဲ႔ရွိေနေစပါတယ္။

ေန႔စဥ္ေန႔တိုင္းေခါင္းေလွ်ာ္သင့္သူမ်ား

        UCLA ရွိေဆးပညာေက်ာင္း၏ တြဲဖက္ပါေမာကၡျဖစ္သူ Coroly Goh ရဲ႕အဆိုအရ လူအနည္းစုသာလွ်င္ ေန႔တုိင္းေခါင္းေလွ်ာ္ရန္လိုအပ္ေၾကာင္း၊ အမ်ားအားျဖင့္ ဆံသားပါးသူမ်ား၊
 ေလ့က်င့္ခန္းျပဳလုပ္သူမ်ားနဲ႔စိုထုိင္းစမ်ားတဲ့ ေနရာေဒသတြင္ေနထုိင္သူမ်ား၊ ေဗာက္ထ
တဲ့သူေတြမွာလည္း မၾကာခဏေခါင္းေလွ်ာ္ရန္ လိုအပ္ေၾကာင္း သိရပါတယ္။

ရက္အနည္းငယ္လွ်င္ တစ္ႀကိမ္ခန္႔သာေခါင္းေလွ်ာ္သင့္သူမ်ား

        ဆံသားထူ၍ ေခါင္းဆီထြက္တာနည္းတဲ့သူမ်ားတြင္ မၾကာခဏေခါင္းေလွ်ာ္ရန္မလိုအပ္ပါ။ Goh ကပင္ ဆက္လက္၍ ေျပာၾကားရာမွာ ဆံသားေျခာက္သူမ်ား (သို႔) ဆံပင္ေကာက္သူမ်ားဟာ ခဏခဏေခါင္းေလွ်ာ္ျခင္းကို မျပဳလုပ္သင့္ေၾကာင္း ရွင္းျပထားပါတယ္။

ဘယ္ႏွစ္ရက္တစ္ႀကိမ္ေခါင္းေလွ်ာ္သင့္ပါသလဲ

        သာမန္လူတစ္ေယာက္အဖို႔ 2 ရက္-3 ရက္လွ်င္ တစ္ႀကိမ္ေခါင္းေလွ်ာ္ရင္ လံုေလာက္ပါတယ္။ အဲဒီအတြက္တိတိက်က်အႀကံျပဳထားတာလည္းမရွိပါဘူး။ဆံသားေတြေစးကပ္၍ဦးေရျပားယားယံလာပါက
(သို႔)အညစ္အေၾကးေတြေၾကာင့္အဖတ္ေတြျဖစ္လာပါက ေခါင္းေလွ်ာ္ဖို႔အခ်ိန္ေရာက္ၿပီ လို႔
 ၫႊန္းဆိုတာျဖစ္ေၾကာင္း Goh က အႀကံေပးထားပါတယ္။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit:DrMyanmar


#Unicode Version
ပညာရှင်တွေရဲ့အဆိုအရ ဘယ်နှစ်ရက်တစ်ကြိမ်ခေါင်းလျှောက်သင့်သလဲဆိုတဲ့ အဖြေတိတိကျကျမရှိပါဘူး။ လူတစ်ကိုယ်အကြိုက်တစ်မျိုးဆိုသလိုပဲ မိမိဆံပင်ပုံစံနဲ့ ဆံသားပေါ်မူတည်ပြီးပဲ ခေါင်းလျှော်ခြင်းအကြိမ်အရေအတွက်ကို သတ်မှတ်သင့်ပါတယ်။ ရက်နည်းငယ်ကြာခေါင်းမလျှော်လို့ ဘာမှမဖြစ်ပါဘူး။ ခေါင်းဆီထွက်တာတွေ၊ ဆံသားလေးလာတာတွေဟာ ပုံမှန်ပါပဲ။

ခေါင်းလျှော်ရည်တွေရဲ့ အလုပ်လုပ်ပုံ

        ခေါင်းလျှော်ရည်တွေဟာအဆီတွေကိုဖယ်ရှားလိုက်တာကြောင့်မကြာခဏခေါင်းလျှော်တဲ့သူတွေမှာ

 ဆံသားခြောက်ပြီး ကျိုးကြေတာတွေကိုဖြစ်နိုင်တယ်လို့ နယူးယောခ့်မြို့ရှိ Icahn ဆေးပညာကျောင်း၊ အရေပြားအထူးကုဌာနရဲ့ တွဲဖက်ပါမောက္ခ Angela Lamb က ပြောကြားထားပါတယ်။

          ဆံပင်တွေဟာ သဘာဝအဆီ (sebum) တွေကိုထုတ်လုပ်ပြီး ခေါင်းလျှော်ရည်တွေကတော့ ထိုအဆီ၊ အညစ်အကြေးတွေနဲ့ အခြားအကြွင်းအကျန်တွေကို စုပ်ယူပေးတာကြောင့်

 ရေဆေးချလိုက်တဲ့အခါမှာ ဆံပင်တွေ သန့်ရှင်းသွားတာဖြစ်ပါတယ်။

          အများအားဖြင့် အချို့သောအဆီတွေဟာ သဘာဝအလျောက်ရှိသင့်တဲ့အပြင် ဆံပင်တွေဟာလည်းအဆီအချို့ကိုလိုအပ်ပါတယ်။၎င်းတို့သည်ဆံသားတွေကိုအစိုဓာတ်ဖြည့်ပေးနိုင်ရုံ

သာမက ဆံပင်နဲ့ဦးရေပြားအတွက်လည်း အကာအကွယ်အလွှာတစ်ခုအနေနဲ့ရှိနေစေပါတယ်။

နေ့စဉ်နေ့တိုင်းခေါင်းလျှော်သင့်သူများ

        UCLA ရှိဆေးပညာကျောင်း၏ တွဲဖက်ပါမောက္ခဖြစ်သူ Coroly Goh ရဲ့အဆိုအရ လူအနည်းစုသာလျှင် နေ့တိုင်းခေါင်းလျှော်ရန်လိုအပ်ကြောင်း၊ အများအားဖြင့် ဆံသားပါးသူများ၊

 လေ့ကျင့်ခန်းပြုလုပ်သူများနဲ့စိုထိုင်းစများတဲ့ နေရာဒေသတွင်နေထိုင်သူများ၊ ဗောက်ထ

တဲ့သူတွေမှာလည်း မကြာခဏခေါင်းလျှော်ရန် လိုအပ်ကြောင်း သိရပါတယ်။

ရက်အနည်းငယ်လျှင် တစ်ကြိမ်ခန့်သာခေါင်းလျှော်သင့်သူများ

        ဆံသားထူ၍ ခေါင်းဆီထွက်တာနည်းတဲ့သူများတွင် မကြာခဏခေါင်းလျှော်ရန်မလိုအပ်ပါ။ Goh ကပင် ဆက်လက်၍ ပြောကြားရာမှာ ဆံသားခြောက်သူများ (သို့) ဆံပင်ကောက်သူများဟာ ခဏခဏခေါင်းလျှော်ခြင်းကို မပြုလုပ်သင့်ကြောင်း ရှင်းပြထားပါတယ်။

ဘယ်နှစ်ရက်တစ်ကြိမ်ခေါင်းလျှော်သင့်ပါသလဲ

        သာမန်လူတစ်ယောက်အဖို့ 2 ရက်-3 ရက်လျှင် တစ်ကြိမ်ခေါင်းလျှော်ရင် လုံလောက်ပါတယ်။ အဲဒီအတွက်တိတိကျကျအကြံပြုထားတာလည်းမရှိပါဘူး။ဆံသားတွေစေးကပ်၍ဦးရေပြားယားယံလာပါက

(သို့)အညစ်အကြေးတွေကြောင့်အဖတ်တွေဖြစ်လာပါက ခေါင်းလျှော်ဖို့အချိန်ရောက်ပြီ လို့

 ညွှန်းဆိုတာဖြစ်ကြောင်း Goh က အကြံပေးထားပါတယ်။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


Credit:DrMyanmar



 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top