iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ိဳးသမီးအမ်ားစုဟာ ဘရာစီယာေလွ်ာ္ဖြတ္ျခင္းနဲ႔ ပတ္သတ္ၿပီး မွားယြင္းေနတဲ့ အယူအဆ အခ်ိဳ႕ရွိပါတယ္။ အမ်ားစု မွားယြင္းတတ္ၾကတာကေတာ့ ဘရာစီယာကို တစ္ခါဝတ္ၿပီး တစ္ခါေလွ်ာ္ဖြတ္တက္ၾကျခင္း ျဖစ္ပါတယ္။

Elle မဂၢဇင္းရဲ႕ လူမႈက႑ဘဝ ေရးသားသူ ဂ်ဴလီခါးရ္က ဘရာစီယာအမွားေတြနဲ႔ပတ္သတ္ၿပီး အခုလို ျပန္လည္ေဝမွ်ထားပါတယ္။

၁။ ဘယ္ႏွႀကိမ္ဝတ္ၿပီး ေလွ်ာ္သင့္လဲ

ဘရာစီယာဟာ တစ္ခါဝတ္ၿပီးတုိင္း တစ္ခါမေလွ်ာ္သင့္ပါဘူး။ ပွ်မ္းမွ်အားျဖင့္ သံုးႀကိမ္ကေန ေျခာက္ႀကိမ္အတြင္း ဝတ္ၿပီးမွ ေလွ်ာ္ဖြတ္သင့္ပါတယ္။ ဒါေပမယ့္ အရမ္းႀကိဳက္တဲ့ ဘရာစီယာကို ခဏခဏ ျပန္ဝတ္တာမ်ိဳးလည္း မလုပ္သင့္ပါဘူး။ ဥပမာ သင့္မွာ ဘရာစီယာေလးထည္ရွိမယ္ဆိုရင္ တစ္ႀကိမ္ဝတ္ၿပီးတိုင္း အဲဒီဘရာစီယာကို အနားေပးဖို႔လိုပါတယ္။ ခ်က္ျခင္းေလွ်ာ္စရာ မလိုပဲတစ္ထည္ကုိ သံုးႀကိမ္ေလာက္ဝတ္ၿပီးမွ ေလွ်ာ္သင့္ပါတယ္။ ဒါမွသာ ဘရာစီယာမွာရွိတဲ့ သေရႀကိဳးေတြလည္း  အခ်ိန္တိုအတြင္း ေလ်ာ့ရိလာတာမ်ိဳး မျဖစ္မွာပါ။

၂။ စက္နဲ႔ေလွ်ာ္သင့္လား

ဘရာစီယာေလွ်ာ္ရင္ လက္နဲ႔ေလွ်ာ္မွသာ အေကာင္းဆံုးဆိုတဲ့ အယူအဆလည္းမွားေနျပန္ပါတယ္။ ဘရာစီယာဟာ စက္နဲ႔ေလွ်ာ္သင့္ပါတယ္။ အဝတ္ေလွ်ာ္အိတ္ထဲ ဘရာစီယာကိုထည့္ကာ စက္ထဲကိုထည့္ၿပီး ျဖည္းျဖည္းခ်င္း ေမႊရမွာ ျဖစ္ပါတယ္။ ဘရာစီယာအပ်က္အစီးနည္းေအာင္ အဝတ္ေလွ်ာ္အိတ္ထဲ ထည့္သင့္ပါတယ္။ ေနာက္ၿပီး ဘရာစီယာအတြက္ ေရေအးေအးနဲ႔ ေလွ်ာ္သင့္ပါတ္ယ။

၃။ ဆပ္ျပာမႈန္႔

ဘရာစီယာေလွ်ာ္တဲ့အခါ တက္ႏိုင္သမွ် ဆပ္ျပာမႈန္႔ နည္းေအာင္ ဂ႐ုစိုက္ရမွာပါ။

၄။ ဘယ္ႏွမိနစ္ စိမ္ရမလဲ

ဘရာစီယာကို ဆပ္ျပာေရထဲ ဆယ္မိနစ္နဲ႔ ဆယ့္ငါးမိနစ္ၾကား စိမ္ထားရင္အေကာင္းဆံုး ျဖစ္ပါတယ္။ ဘရာစီယာျမဳပ္ေလာက္တဲ့ ေရပမာဏကို ထည့္ထားဖို႔ေတာ့ လုိပါမယ္။

၅။ အေျခာက္ခံျခင္း
ဘရာစီယာေျခာက္ဖို႔ အပူေပးစက္ေတြ၊ အေျခာက္ခံစက္ေတြ မသံုးသင့္ပါဘူး။ သဘာဝေလနဲ႔သာ အေျခာက္ခံထားသင့္ပါတယ္။ လွန္းတဲ့အခါ ဘရာစီယာကို တည့္တည့္ျဖစ္ေနပါေစ။

Credit : duwun


ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အမျိုးသမီးအများစုဟာ ဘရာစီယာလျှော်ဖွတ်ခြင်းနဲ့ ပတ်သတ်ပြီး မှားယွင်းနေတဲ့ အယူအဆ အချို့ရှိပါတယ်။ အများစု မှားယွင်းတတ်ကြတာကတော့ ဘရာစီယာကို တစ်ခါဝတ်ပြီး တစ်ခါလျှော်ဖွတ်တက်ကြခြင်း ဖြစ်ပါတယ်။

Elle မဂ္ဂဇင်းရဲ့ လူမှုကဏ္ဍဘဝ ရေးသားသူ ဂျူလီခါးရ်က ဘရာစီယာအမှားတွေနဲ့ပတ်သတ်ပြီး အခုလို ပြန်လည်ဝေမျှထားပါတယ်။

၁။ ဘယ်နှကြိမ်ဝတ်ပြီး လျှော်သင့်လဲ

ဘရာစီယာဟာ တစ်ခါဝတ်ပြီးတိုင်း တစ်ခါမလျှော်သင့်ပါဘူး။ ပျှမ်းမျှအားဖြင့် သုံးကြိမ်ကနေ ခြောက်ကြိမ်အတွင်း ဝတ်ပြီးမှ လျှော်ဖွတ်သင့်ပါတယ်။ ဒါပေမယ့် အရမ်းကြိုက်တဲ့ ဘရာစီယာကို ခဏခဏ ပြန်ဝတ်တာမျိုးလည်း မလုပ်သင့်ပါဘူး။ ဥပမာ သင့်မှာ ဘရာစီယာလေးထည်ရှိမယ်ဆိုရင် တစ်ကြိမ်ဝတ်ပြီးတိုင်း အဲဒီဘရာစီယာကို အနားပေးဖို့လိုပါတယ်။ ချက်ခြင်းလျှော်စရာ မလိုပဲတစ်ထည်ကို သုံးကြိမ်လောက်ဝတ်ပြီးမှ လျှော်သင့်ပါတယ်။ ဒါမှသာ ဘရာစီယာမှာရှိတဲ့ သရေကြိုးတွေလည်း  အချိန်တိုအတွင်း လျော့ရိလာတာမျိုး မဖြစ်မှာပါ။

၂။ စက်နဲ့လျှော်သင့်လား

ဘရာစီယာလျှော်ရင် လက်နဲ့လျှော်မှသာ အကောင်းဆုံးဆိုတဲ့ အယူအဆလည်းမှားနေပြန်ပါတယ်။ ဘရာစီယာဟာ စက်နဲ့လျှော်သင့်ပါတယ်။ အဝတ်လျှော်အိတ်ထဲ ဘရာစီယာကိုထည့်ကာ စက်ထဲကိုထည့်ပြီး ဖြည်းဖြည်းချင်း မွှေရမှာ ဖြစ်ပါတယ်။ ဘရာစီယာအပျက်အစီးနည်းအောင် အဝတ်လျှော်အိတ်ထဲ ထည့်သင့်ပါတယ်။ နောက်ပြီး ဘရာစီယာအတွက် ရေအေးအေးနဲ့ လျှော်သင့်ပါတ်ယ။

၃။ ဆပ်ပြာမှုန့်

ဘရာစီယာလျှော်တဲ့အခါ တက်နိုင်သမျှ ဆပ်ပြာမှုန့် နည်းအောင် ဂရုစိုက်ရမှာပါ။

၄။ ဘယ်နှမိနစ် စိမ်ရမလဲ

ဘရာစီယာကို ဆပ်ပြာရေထဲ ဆယ်မိနစ်နဲ့ ဆယ့်ငါးမိနစ်ကြား စိမ်ထားရင်အကောင်းဆုံး ဖြစ်ပါတယ်။ ဘရာစီယာမြုပ်လောက်တဲ့ ရေပမာဏကို ထည့်ထားဖို့တော့ လိုပါမယ်။

၅။ အခြောက်ခံခြင်း
ဘရာစီယာခြောက်ဖို့ အပူပေးစက်တွေ၊ အခြောက်ခံစက်တွေ မသုံးသင့်ပါဘူး။ သဘာဝလေနဲ့သာ အခြောက်ခံထားသင့်ပါတယ်။ လှန်းတဲ့အခါ ဘရာစီယာကို တည့်တည့်ဖြစ်နေပါစေ။


Credit : duwun




ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top