iMyanmarHouse.com - Best Property Website for Myanmar
×

ေဆးလိပ္ကိုတစ္ရက္လ်င္တစ္ဗူးေသာက္သူမ်ားသည္ ကင္ဆာေရာဂါမ်ိဳးစံု ရနိုင္ေျချမင့္မားျပီး ပံုမွန္ေနထိုင္နုိင္မည့္ အသက္ထက္ မ်ားစြာတိုေတာင္းသြားနုိင္ရာ၀ယ္ တစ္ရက္လ်က္ေဆးလိပ္ တစ္လိပ္သာေသာက္သံုးသူမ်ားသည္လည္း အသက္တိုနိုင္သည္ပင္ျဖစ္ေၾကာင္း အေမရိကန္ သုေတသီမ်ား ကေျပာသည္ ။ ေဆးလိပ္ကို ဘယ္ေလာက္ထိေလွ်ာ့ေသာက္ရင္ က်န္းမာေရး နဲ ့ ညီညႊတ္သြားတယ္ ဆိုတာမ်ိဳးမရွိပါဘူး ။ တစ္ရက္ကို တစ္လိပ္ေသာက္ရင္ကို အသက္တိုနိုင္ေျခက ျမင့္မားေနပါျပီ ။ တစ္ရက္ကို တစ္လိပ္မေျပာနဲ ့ ၊ နွစ္ရက္ကိုတစ္လိပ္ ေသာက္ရင္ေတာင္ အသက္တို နိုင္ေျခ ျမင့္မားပါတယ္။

 ေဆးလိပ္နဲ ့ေဆးရြက္ၾကီးေၾကာင့္ ေသာက္သံုးသူ ကိုမွ်မကဘဲ သူ ့ပတ္၀န္းက်င္က လူေတြအားလံုးကို ထိခိုက္ေစတဲ့အတြက္ ျပည္သူ ့က်န္းမာေရးရဲ ့နံပါတ္တစ္ရန္သူၾကီးျဖစ္ပါ တယ္။

ကမၻာတစ္၀န္းမွာ ေဆးလိပ္နဲ ့ေဆးရြက္ၾကီးေၾကာင့္ ေသဆံုးသူဦးေရဟာ တစ္နွစ္ကို ၅သန္းထက္ မနည္းရွိပါတယ္ဟု သုေတသီတစ္ဦးကရွင္းျပသည္ ။ ေဆးလိပ္ေသာက္သူ အမ်ားစုကိုယ္၌ ကလည္းေဆးလိပ္၏ အျပစ္ကိုသိေၾကာင္း ၊ ထို ့ေၾကာင့္ ေနာက္ပိုင္းတြင္ ၄င္းတို ့ ကလည္း  ေဆးလိပ္ ကိုေလွ်ာ့ေသာက္ရန္ ၾကိဳးပမ္းလာ ခဲ့ၾကျခင္းျဖစ္ေၾကာင္း ၊ ေဆးလိပ္ေသာက္ျခင္းကိုေလွ်ာ့ခ်ျခင္းေၾကာင့္ အက်ိဳးထူးသည္မွာ မွန္ေသာ္လည္း အသက္တိုေတာင္းနိုင္ေျခမွာ က်န္ရွိေနဦးမည္ပင္ျဖစ္ေၾကာင္း ၊ ေဖာ္ျပခဲ့ သည့္အတိုင္းေဆးလိပ္ကိုနွစ္ရက္တစ္လိပ္ႏႈန္းေသာက္လ်င္ပင္ အသက္တိုနုိင္ေသး သည္ျဖစ္သည့္ အတြက္ ေဆးလိပ္ေသာက္ျခင္းကို အျပီးအပိုင္ျဖတ္နုိင္ျခင္းက အေကာင္းဆံုးျဖစ္ေၾကာင္း ၄င္းက ဆက္လက္ရွင္းျပသည္။

 ေဆးလိပ္ေသာက္ျခင္း၏ အျပစ္ကိုပို၍ တိက်စြာသိရွိနိုင္ရန္ သုေတသီမ်ားကအသက္ ၅၉ ႏွစ္မွ ၈၂ အရြယ္ လူ ၂၉၀၀၀၀ ထက္မနည္းကိုေလ့လာဆန္းစစ္ခဲ့ေၾကာင္း ၊ ၄င္းတို ့အနက္ ၂၂၀၀၀ ဦးမွာ လက္ရွိေဆးလိပ္ေသာက္သူမ်ားျဖစ္ျပီး ၁၅၆၀၀၀ ဦးမွာယခင္ကေဆးလိပ္ေသာက္ခဲ့ သူမ်ားျဖစ္ေၾကာင္း ၊ ၄င္းတုိ ့ကို ၂၀၀၄ နွင့္ ၂၀၀၅ တြင္ အျပီးေလ့လာဆန္းစစ္ျပီး ၂၀၁၁ ခုနွစ္အထိ ဆက္လက္ေစာင့္ၾကည့္ ကာေဆးလိပ္မေသာက္သူမ်ား နွင့္ ႏိႈင္းယွဥ္ သံုးသပ္ခဲ့ေၾကာင္း ၊ ထိုအခါ ေဆးလိပ္ကို တစ္ရက္ လ်င္တစ္လိပ္ သာေသာက္သူမ်ားသည္ပင္ အသက္တိုနိုင္ေျခ ၆၄ ရာခိုင္ႏႈန္းပို၍ျမင့္မားခဲ့သည္ ကိုေတြ ့ရွိ ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္ ။ တစ္ရက္လ်င္ေဆးလိပ္ (၁၀)လိပ္ေသာက္သူမ်ားေစာစီးစြာ ေသဆံုးနိုင္ေျခ ၈၇ ရာခိုင္ႏႈန္းရွိေၾကာင္း ၊ ေသဆံုးနိုင္ေျခဟူသည္ မွာေဆးလိပ္ေသာက္ျခင္းေၾကာင့္ျဖစ္ ပြားေသာ ေရာဂါမ်ိဳးစံုကိုဆိုလိုေၾကာင္း ၊ အထူးသျဖင့္ အဆုပ္ကင္ဆာျဖစ္ပြားကာေသဆံုးနိုင္ေျခ မွာေဆးလိပ္ကို တစ္ရက္လ်င္တစ္လိပ္ေသာက္ သူထက္ (၉)ဆပို၍ မ်ားေၾကာင္း သိရသည္ ။

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : ththtoolwin

#Unicode Version

ဆေးလိပ်ကိုတစ်ရက်လျင်တစ်ဗူးသောက်သူများသည် ကင်ဆာရောဂါမျိုးစုံ ရနိုင်ခြေမြင့်မားပြီး ပုံမှန်နေထိုင်နိုင်မည့် အသက်ထက် များစွာတိုတောင်းသွားနိုင်ရာဝယ် တစ်ရက်လျက်ဆေးလိပ် တစ်လိပ်သာသောက်သုံးသူများသည်လည်း အသက်တိုနိုင်သည်ပင်ဖြစ်ကြောင်း အမေရိကန် သုတေသီများ ကပြောသည် ။ ဆေးလိပ်ကို ဘယ်လောက်ထိလျှော့သောက်ရင် ကျန်းမာရေး နဲ့ ညီညွှတ်သွားတယ် ဆိုတာမျိုးမရှိပါဘူး ။ တစ်ရက်ကို တစ်လိပ်သောက်ရင်ကို အသက်တိုနိုင်ခြေက မြင့်မားနေပါပြီ ။ တစ်ရက်ကို တစ်လိပ်မပြောနဲ့ ၊ နှစ်ရက်ကိုတစ်လိပ် သောက်ရင်တောင် အသက်တို နိုင်ခြေ မြင့်မားပါတယ်။

 ဆေးလိပ်နဲ့ဆေးရွက်ကြီးကြောင့် သောက်သုံးသူ ကိုမျှမကဘဲ သူ့ပတ်ဝန်းကျင်က လူတွေအားလုံးကို ထိခိုက်စေတဲ့အတွက် ပြည်သူ့ကျန်းမာရေးရဲ့နံပါတ်တစ်ရန်သူကြီးဖြစ်ပါ တယ်။

ကမ္ဘာတစ်ဝန်းမှာ ဆေးလိပ်နဲ့ဆေးရွက်ကြီးကြောင့် သေဆုံးသူဦးရေဟာ တစ်နှစ်ကို ၅သန်းထက် မနည်းရှိပါတယ်ဟု သုတေသီတစ်ဦးကရှင်းပြသည် ။ ဆေးလိပ်သောက်သူ အများစုကိုယ်၌ ကလည်းဆေးလိပ်၏ အပြစ်ကိုသိကြောင်း ၊ ထို့ကြောင့် နောက်ပိုင်းတွင် ၎င်းတို့ ကလည်း  ဆေးလိပ် ကိုလျှော့သောက်ရန် ကြိုးပမ်းလာ ခဲ့ကြခြင်းဖြစ်ကြောင်း ၊ ဆေးလိပ်သောက်ခြင်းကိုလျှော့ချခြင်းကြောင့် အကျိုးထူးသည်မှာ မှန်သော်လည်း အသက်တိုတောင်းနိုင်ခြေမှာ ကျန်ရှိနေဦးမည်ပင်ဖြစ်ကြောင်း ၊ ဖော်ပြခဲ့ သည့်အတိုင်းဆေးလိပ်ကိုနှစ်ရက်တစ်လိပ်နှုန်းသောက်လျင်ပင် အသက်တိုနိုင်သေး သည်ဖြစ်သည့် အတွက် ဆေးလိပ်သောက်ခြင်းကို အပြီးအပိုင်ဖြတ်နိုင်ခြင်းက အကောင်းဆုံးဖြစ်ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

 ဆေးလိပ်သောက်ခြင်း၏ အပြစ်ကိုပို၍ တိကျစွာသိရှိနိုင်ရန် သုတေသီများကအသက် ၅၉ နှစ်မှ ၈၂ အရွယ် လူ ၂၉၀၀၀၀ ထက်မနည်းကိုလေ့လာဆန်းစစ်ခဲ့ကြောင်း ၊ ၎င်းတို့အနက် ၂၂၀၀၀ ဦးမှာ လက်ရှိဆေးလိပ်သောက်သူများဖြစ်ပြီး ၁၅၆၀၀၀ ဦးမှာယခင်ကဆေးလိပ်သောက်ခဲ့ သူများဖြစ်ကြောင်း ၊ ၎င်းတို့ကို ၂၀၀၄ နှင့် ၂၀၀၅ တွင် အပြီးလေ့လာဆန်းစစ်ပြီး ၂၀၁၁ ခုနှစ်အထိ ဆက်လက်စောင့်ကြည့် ကာဆေးလိပ်မသောက်သူများ နှင့် နှိုင်းယှဉ် သုံးသပ်ခဲ့ကြောင်း ၊ ထိုအခါ ဆေးလိပ်ကို တစ်ရက် လျင်တစ်လိပ် သာသောက်သူများသည်ပင် အသက်တိုနိုင်ခြေ ၆၄ ရာခိုင်နှုန်းပို၍မြင့်မားခဲ့သည် ကိုတွေ့ရှိ ခဲ့ခြင်းဖြစ်ကြောင်းသိရသည် ။ တစ်ရက်လျင်ဆေးလိပ် (၁၀)လိပ်သောက်သူများစောစီးစွာ သေဆုံးနိုင်ခြေ ၈၇ ရာခိုင်နှုန်းရှိကြောင်း ၊ သေဆုံးနိုင်ခြေဟူသည် မှာဆေးလိပ်သောက်ခြင်းကြောင့်ဖြစ် ပွားသော ရောဂါမျိုးစုံကိုဆိုလိုကြောင်း ၊ အထူးသဖြင့် အဆုပ်ကင်ဆာဖြစ်ပွားကာသေဆုံးနိုင်ခြေ မှာဆေးလိပ်ကို တစ်ရက်လျင်တစ်လိပ်သောက် သူထက် (၉)ဆပို၍ များကြောင်း သိရသည် ။

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : ththtoolwin
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top