iMyanmarHouse.com - Best Property Website for Myanmar
×

အဲဒီ အက်င့္ ေတြက မေကာင္းမွန္းသိေပမဲ့လည္း ေဖ်ာက္ဖုိ႕ခက္ပါတယ္။
လူတုိင္းလိုလိုမွာ အခုေဖာ္ျပမယ့္ အက်င့္ဆုိးေတြ တစ္ခုမဟုတ္တစ္ခု ရွိတတ္ၾကပါတယ္။ မေကာင္းမွန္း သိေပမဲ့လည္း လုပ္ေနမိၾကတာပဲ။

၁။ ဟိုကုတ္ဒီကုတ္ ကုတ္တတ္တဲ့အက်င့္
ေယာက္်ားႀကီး အမ်ားစုမွာ ျဖစ္တတ္ပါတယ္။ တကယ္ယားမယားေတာ့မသိဘူး။ တစ္ခ်ိန္လံုး တင္ပါးကို ကုတ္ေနေတာ့တာပဲ။ အခ်ိန္ေတြ၊ ေနရာေတြ ေရြးမေနဘူး။

၂။ ႏွာေခါင္းကို လက္နဲ႔ ႏႈိက္တဲ့အက်င့္
ၿပီးေတာ့ အေဝးကို ေတာက္လႊတ္လုိက္ေသးတယ္။ အေတာ္ရြံစရာေကာင္းပါတယ္။

၃။ အီးေပါက္တတ္သူေတြ
အထူးသျဖင့္ အဲကြန္းခန္းတုိ႔၊ အလံုပိတ္ခန္းတုိ႔မွာ လုပ္တာ အဆုိးဆံုးပဲ။

၄။ ဗိုထုိင္အိမ္သာေပၚ ေျခႏွစ္ဖက္တင္တဲ့အက်င့္
႐ံုးေတြမွာ အဲဒီလိုလုပ္မိရင္ေတာ့ အနည္းဆံုးေတာ့ ေျခရာမက်န္ေအာင္ သန္႔စင္သြားသင့္ပါတယ္။

၅။ ဝတ္ၿပီးသား အဝတ္အစားေတြကို နမ္း႐ႈံ႕တတ္တာ
အဝတ္ေဟာင္းျခင္း ဒါမွမဟုတ္ ၾကမ္းျပင္ေပၚမွာ ေရာက္ေနတဲ့ အကၤ်ီတစ္ထည္ကို ျပန္ဝတ္ေတာ့မွာမွ မဟုတ္တာ။ ဘာလို႔ နမ္းေနေတာ့မွာလဲ။

၆။ ပလုတ္ပေလာင္းနဲ႔ စကားေျပာျခင္း
ပါးစပ္ထဲကို စားစရာေတြ ထည့္ထားၿပီး စကားေျပာတာ မေေကာင္းမွန္းသိေပမဲ့ လူအေတာ္မ်ားမ်ားက မဆင္ျခင္ႏုိင္ၾကပါဘူး။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : duwun

#Unicode Version

အဲဒီ အကျင့် တွေက မကောင်းမှန်းသိပေမဲ့လည်း ဖျောက်ဖို့ခက်ပါတယ်။
လူတိုင်းလိုလိုမှာ အခုဖော်ပြမယ့် အကျင့်ဆိုးတွေ တစ်ခုမဟုတ်တစ်ခု ရှိတတ်ကြပါတယ်။ မကောင်းမှန်း သိပေမဲ့လည်း လုပ်နေမိကြတာပဲ။

၁။ ဟိုကုတ်ဒီကုတ် ကုတ်တတ်တဲ့အကျင့်
ယောက်ျားကြီး အများစုမှာ ဖြစ်တတ်ပါတယ်။ တကယ်ယားမယားတော့မသိဘူး။ တစ်ချိန်လုံး တင်ပါးကို ကုတ်နေတော့တာပဲ။ အချိန်တွေ၊ နေရာတွေ ရွေးမနေဘူး။

၂။ နှာခေါင်းကို လက်နဲ့ နှိုက်တဲ့အကျင့်
ပြီးတော့ အဝေးကို တောက်လွှတ်လိုက်သေးတယ်။ အတော်ရွံစရာကောင်းပါတယ်။

၃။ အီးပေါက်တတ်သူတွေ
အထူးသဖြင့် အဲကွန်းခန်းတို့၊ အလုံပိတ်ခန်းတို့မှာ လုပ်တာ အဆိုးဆုံးပဲ။

၄။ ဗိုထိုင်အိမ်သာပေါ် ခြေနှစ်ဖက်တင်တဲ့အကျင့်
ရုံးတွေမှာ အဲဒီလိုလုပ်မိရင်တော့ အနည်းဆုံးတော့ ခြေရာမကျန်အောင် သန့်စင်သွားသင့်ပါတယ်။

၅။ ဝတ်ပြီးသား အဝတ်အစားတွေကို နမ်းရှုံ့တတ်တာ
အဝတ်ဟောင်းခြင်း ဒါမှမဟုတ် ကြမ်းပြင်ပေါ်မှာ ရောက်နေတဲ့ အင်္ကျီတစ်ထည်ကို ပြန်ဝတ်တော့မှာမှ မဟုတ်တာ။ ဘာလို့ နမ်းနေတော့မှာလဲ။

၆။ ပလုတ်ပလောင်းနဲ့ စကားပြောခြင်း
ပါးစပ်ထဲကို စားစရာတွေ ထည့်ထားပြီး စကားပြောတာ မေကောင်းမှန်းသိပေမဲ့ လူအတော်များများက မဆင်ခြင်နိုင်ကြပါဘူး။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : duwun
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top