iMyanmarHouse.com - Best Property Website for Myanmar
×

ေဆာင္းတြင္းရဲ႕ စိမ့္ခ်မ္းခ်မ္းဒဏ္ကို ကြၽန္မတို႔ ႏွစ္သက္ၾကေပမယ့္ အသားအေရကေတာ့ မႏွစ္သက္ႏိုင္ပါဘူး။ အသားေတြေျခာက္၊ ႏႈတ္ခမ္းေတြကြဲ၊ ေျခာက္ေသြ႕ ညိဳေတ့ေတ့ အသားအေရာင္ေတြဟာ မွန္ၾကည့္လိုက္တဲ့အခါတိုင္း စိတ္တိုင္းမက်ေစတာ အမွန္ပါ။ အျခားရာသီေတြထက္စာရင္ ဒီရာသီမွာ အသားအေရကို ပိုၿပီး ဂ႐ုစိုက္ဖို႔လို႔ပါတယ္။ ဒါ့ေၾကာင့္ ပ်ိဳေမတို႔ရဲ႕ အသားအေရကို ေဆာင္းရာသီမွာ ဘယ္လိုနည္းလမ္းေတြနဲ႔ဂ႐ုစိုက္သင့္ေၾကာင္း မ်ွေဝေပးလိုက္ပါၿပီေနာ္။

၁။သဘာဝအစိုဓာတ္

ေဆာင္းတြင္း ေလဒဏ္ေၾကာင့္ ေျခာက္ေသြ႔ေနတဲ့ အသားအေရဟာ အစိုဓာတ္လိုအပ္ေနပါတယ္။ ေျခာက္ေသြ႕ပါတယ္ ဆိုမွေတာ့ အစိုဓာတ္ေပးရမွာသဘာဝပဲေလ။ အဲ့ဒီေတာ့ ေန႔တစ္ေန႔ရဲ႕ အစကို အုန္းဆီလို႔မ်ိဳး သဘာဝဆီတစ္မ်ိဳးမ်ိဴးနဲ႔ လိမ္းက်ံၿပီးစတင္ပါ။

၂။ဆဲလ္ေသေတြသန္႔စင္မယ္

ေန႔စဥ္ေန႔တိုင္း ဆဲလ္ေသေတြဖယ္႐ွားေပးျခင္းအားျဖင့္ မ်က္ႏွာကို ဝင္းပလာေစမွာပါ။ သၾကားနဲ႔ အုန္းဆီေရာလိမ္းၿပီး မ်က္ႏွာသစ္ေပးျခင္းအားျဖင့္ ဆဲလ္ေသေတြ ဖယ္႐ွားေပးမယ့္အျပင္ အခ်ိန္ကုန္သက္သာေစပါတယ္။

၃။ေရေႏြးႏွင့္ ေရမခ်ိဳးရ

ေဆာင္းရာသီ ခ်မ္းစိမ့္စိမ့္ေလးခံစားရရင္ ေရေႏြးနဲ႔ ေရခ်ိဳးလိုက္ေတာ့ ေႏြးသြားတာပဲလို႔ ထင္မိၾကပါလိမ့္မယ္။ဒါေပမယ့္ ေရေႏြးဟာ ခႏၶာကိုယ္မွာ႐ွိတဲ့ သဘာဝအဆီကို ေျခာက္ေသြ႔ေစတာေၾကာင့္ အသားအေရေျခာက္ၿပီး ကြဲတာမ်ိဴးျဖစ္တတ္ပါတယ္။ ဒါေၾကာင့္ ျဖစ္ႏိုင္ရင္ ေရေႏြးနဲ႔ ေရခ်ိဳးတာမ်ိဳး မလုပ္ပါနဲ႔။ ေရခ်ိဳးၿပီးတဲ့အခါမွာလည္း အသားအေရ အစိုဓာတ္ရ႐ွိေစရန္ moisturizer လိမ္းေပးပါ။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : for her myanmar

#Unicode Verison

ဆောင်းတွင်းရဲ့ စိမ့်ချမ်းချမ်းဒဏ်ကို ကျွန်မတို့ နှစ်သက်ကြပေမယ့် အသားအရေကတော့ မနှစ်သက်နိုင်ပါဘူး။ အသားတွေခြောက်၊ နှုတ်ခမ်းတွေကွဲ၊ ခြောက်သွေ့ ညိုတေ့တေ့ အသားအရောင်တွေဟာ မှန်ကြည့်လိုက်တဲ့အခါတိုင်း စိတ်တိုင်းမကျစေတာ အမှန်ပါ။ အခြားရာသီတွေထက်စာရင် ဒီရာသီမှာ အသားအရေကို ပိုပြီး ဂရုစိုက်ဖို့လို့ပါတယ်။ ဒါ့ကြောင့် ပျိုမေတို့ရဲ့ အသားအရေကို ဆောင်းရာသီမှာ ဘယ်လိုနည်းလမ်းတွေနဲ့ဂရုစိုက်သင့်ကြောင်း မျှဝေပေးလိုက်ပါပြီနော်။

၁။သဘာဝအစိုဓာတ်

ဆောင်းတွင်း လေဒဏ်ကြောင့် ခြောက်သွေ့နေတဲ့ အသားအရေဟာ အစိုဓာတ်လိုအပ်နေပါတယ်။ ခြောက်သွေ့ပါတယ် ဆိုမှတော့ အစိုဓာတ်ပေးရမှာသဘာဝပဲလေ။ အဲ့ဒီတော့ နေ့တစ်နေ့ရဲ့ အစကို အုန်းဆီလို့မျိုး သဘာဝဆီတစ်မျိုးမျိူးနဲ့ လိမ်းကျံပြီးစတင်ပါ။

၂။ဆဲလ်သေတွေသန့်စင်မယ်

နေ့စဉ်နေ့တိုင်း ဆဲလ်သေတွေဖယ်ရှားပေးခြင်းအားဖြင့် မျက်နှာကို ဝင်းပလာစေမှာပါ။ သကြားနဲ့ အုန်းဆီရောလိမ်းပြီး မျက်နှာသစ်ပေးခြင်းအားဖြင့် ဆဲလ်သေတွေ ဖယ်ရှားပေးမယ့်အပြင် အချိန်ကုန်သက်သာစေပါတယ်။

၃။ရေနွေးနှင့် ရေမချိုးရ

ဆောင်းရာသီ ချမ်းစိမ့်စိမ့်လေးခံစားရရင် ရေနွေးနဲ့ ရေချိုးလိုက်တော့ နွေးသွားတာပဲလို့ ထင်မိကြပါလိမ့်မယ်။ဒါပေမယ့် ရေနွေးဟာ ခန္ဓာကိုယ်မှာရှိတဲ့ သဘာဝအဆီကို ခြောက်သွေ့စေတာကြောင့် အသားအရေခြောက်ပြီး ကွဲတာမျိူးဖြစ်တတ်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် ရေနွေးနဲ့ ရေချိုးတာမျိုး မလုပ်ပါနဲ့။ ရေချိုးပြီးတဲ့အခါမှာလည်း အသားအရေ အစိုဓာတ်ရရှိစေရန် moisturizer လိမ်းပေးပါ။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : for her myanmar

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top