iMyanmarHouse.com - Best Property Website for Myanmar
×
 ရောသမမွှေရပါမယ်။
Credit:အိမ့်သံစဉ် ~
Unicode Version
 ကော်ဖီဟာ အဆီကွက်တွေကို ပျောက်ကင်းအောင်လုပ်တာနဲ့ ရေချိုး ဂျယ်လ်စတဲ့ အသားအရေ လှပ
အောင် လုပ်တဲ့ ပစ္စည်းတွေမှာ အလွန်နာမည်ကြီးတဲ့ ပစ္စည်းတမျိုးဖြစ်ပါတယ်။
ကော်ဖီရဲ့ အသုံးဝင်မှုဟာ အလှအပလိုက်စားသူ အမျိုးသမီးတွေနဲ့ ကိုယ်ခန္ဓာကိုယ်ပေါ်က အဆီကွက်တွေ ပျောက် ကင်းစေတဲ့ နည်းလမ်းကောင်းတခုလည်းဖြစ်ပြီး ၃ ရက်၊ ၄ ရက်မှာ တကြိမ်လုပ်ဆောင်ပေးမယ်ဆိုရင် အတိုင်းအ တာ ပေါ် မူတည်ပြီး သိပ်မကြာခင်မှာပဲ အဆီကွက်တွေ ပပျောက်ကာ အသားအရေ ချောမွတ် သွားစေ တယ်လို့ Beautiful Girls Magazine က ဖော်ပြထားပါတယ်။
လုပ်ပုံလုပ်နည်းကလည်း အလွန်ပဲ ရိုးစင်းပါတယ်။ ကော်ဖီမှုန့်စစ်စစ်ကို ဇလုံတခုတည်း ထည့်ပါ။ ဆားအနည်းငယ် ထည့်ပါ။ ဆားနဲ့ ကော်ဖီကို သမအောင် မွှေပါ။ ပြီးတော့ သံလွင်ဆီ ဒါမှမဟုတ် anti-cellulite oil လို့ခေါ်တဲ့ အဆီကျဆီကို ထပ်ရောပြီး သမအောင် မွှေပါ။
ဒါဆိုရင် ကော်ဖီနဲ့ ဆား၊ သံလွင်ဆီတို့ သမအောင်မွှေထားတာကို အသင့်သုံးလို့ရနေပါပြီ။ ဒီလိုအခြေအနေရောက်ပြီဆိုရင် သင်ရဲ့ ခန္ဓာကိုယ်မှာ တပိုင်းစီ၊ တပိုင်းစီကို အသားထဲ့ စိမ့်ဝင်အောင် ပွတ်လိမ်းရပါမယ်။ အကြိမ်ကြိမ်ပွတ်လိမ်းပြီးရင် လက်နဲ့ပဲ ကော်ဖီနဲ့စပ်လိမ်းထားတဲ့ အဆီတွေကို ဖယ်ရှားသန့်ရှင်းရပါမယ်။
( မှတ်ချက်။ ။ မည်သည့် ဆပ်ပြာ၊ ရေတို့နဲ့မျှ မဆေးကြောပစ်ရပါဘူး)
နောက်တဆင့် က လျှောက်သီး၊ လျှောက်ခါးသီး၊ လိမ္မော်သီး ဒါမှ မဟုတ် လာဗင်ဒါလို့ ခေါ်တဲ့ ခရမ်းရောင် အဆင်းရှိတဲ့ Lavender ပန်းဆီတွေနဲ့ ခုနက ကော်ဖီပါတဲ့ အဆီတွေကို
 ရောသမမွှေရပါမယ်။
အဲဒီလို နောက်ဆုံး ရောစပ်ထားတဲ့အဆီကိုခန္ဓာကိုယ်မှာသုပ်လိမ်းကာမိနစ်အနည်းငယ်ကြာ
ဆုပ်နယ်ပေးပြီး ပလပ်စတစ်နဲ့ ပတ်ပြီး ဖုံးအုပ်ထားလိုက်ပါ။ ၁၀ မိနစ်လောက်ကြရင်တော့ သုပ်လိမ်းထားတဲ့ အဆီတွေကို ဖယ်ရှားလိုက်ပါ။
သိသိသာသာ အဆီကွက်တွေ လျော့ပါးလာတာတွေ့ရပါလိမ့်မယ်။ အမျိုးသမီးတွေ အဆီကွက်ကြောင့် အလှပျက်တယ်ထင်ပြီး စိတ်ညစ်စရာတွေ ကင်းဝေးစေမည့် နည်းလမ်းကောင်း တခု ဖြစ်တယ်ဆိုတာ အသုံးပြုသူများ လက်တွေ့ သိရှိနိုင်ပါလိမ့်မယ်။
Credit:အိမ့်သံစဉ် ~
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top