iMyanmarHouse.com - Best Property Website for Myanmar
×


ၿပီးခဲ့တဲ့ ရက္ပိုင္းက အြန္လိုင္းစာမ်က္ႏွာေပၚမွာ ပ်ံ႕ႏွံ႕ခဲ့တဲ့ စိုးသူရဲ႕ အေၾကာင္းေတြနဲ႕ ပတ္သက္ၿပီး စိုးသူဘက္က ျပန္လည္ေျဖရွင္းလိုက္ၿပီ ျဖစ္ပါတယ္။  စိုးသူဟာ သူ႕ရဲ႕ ေဖ့စ္ဘြတ္ေပ့ခ်္ကေန သူ႕ရဲ႕ ပရိသတ္ေတြ အတြက္ ျပန္လည္ေျဖရွင္းခဲ့ပါတယ္။ စိုးသူနဲ႕ သူရဲ႕ ဇနီးဟာ အေမရိကန္ျပည္ေထာင္စုေမရီလင္းျပည္နယ္ Montgomery county တရားရံုးမွာ ကြာရွင္းထားၿပီးသားျဖစ္တယ္လို႕ ဆုိပါတယ္။

သမီးျဖစ္သူကို ဂရုမစိုက္ဘူးဆိုတဲ့ ပရိသတ္ေတြရဲ႕ ေဝဖန္မႈကိုလည္း သူက "ကၽြန္ေတာ့္သမီးနဲ႔ပတ္သက္ၿပီး အားလံုးက ကၽြန္ေတာ့္ကို သမီးေမြးထားၿပီးဂ႐ုမစိုက္ဘူး သမီးမ်က္ႏွာမေထာက္ဘူးေျပာခ်င္ၾကမယ္။ ဘယ္မိဘမဆို ကိုယ့္သားသမီး အေပၚတာဝန္ေက်ေအာင္ ထားခ်င္သူေတြခ်ည္းပါပဲ။ ဘယ္လိုမွအဆင္မေျပတဲ့ အိမ္ေထာင္ေရးတခုကို ငယ္ငယ္က တည္းက ကၽြန္ေတာ့္သမီးမသိေအာင္ဟန္ေဆာင္ေနခဲ့ပါတယ္ ေနာက္ဆံုးကၽြန္ေတာ့္သမီးကိုယ္တိုင္ 911 ေခၚၿပီး "My Mum is trying to kill my Dad" ဆိုၿပီး ရဲတိုင္ရတဲ့ အေျခအေနကို ကၽြန္ေတာ့္သမီး နားလည္မယ္ထင္ပါတယ္။ ကၽြန္ေတာ့္သမီး ျမန္မာႏိုင္ငံမွာရွိစဥ္အခ်ိန္ေတြမွာ ေက်ာင္းလခနဲ႔သမီးလိုအပ္တဲ့အရာမွန္သမွ် ကၽြန္ေတာ္နဲ႔ ကၽြန္ေတာ့္ အေဖ အၿမဲတာဝန္ယူခဲ့ပါတယ္။ ဒါေပမဲ့ ကၽြန္ေတာ္နဲ႔ေတြ႕ခြင့္ေတာင္ မေပးထားတဲ့ အေျခအေနမွာ လာခိုးေတြ႕ရတဲ့ ကၽြန္ေတာ့္သမီး စိတ္က်ဥ္းက်ပ္မွာမ်ိဳးကိုလဲ ကၽြန္ေတာ္ မလိုလားပါဘူး။ ခုခ်ိန္ထိလဲ သမီးအတြက္ ကၽြန္ေတာ္တို႔ဘက္က ၫွိႏွိဳင္းခ်က္ေတြကို တစ္ဖက္က လက္ခံျခင္းမရွိပါဘူး ။ဒါေတြအေသးစိတ္ကိုကၽြန္ေတာ့္ေရွ႕ေနက သူ႕ရဲ႕ စာမ်က္ႏွာ ေပၚကေနေျပာျပပါလိမ့္မယ္" လို႕ ေရးသားထားပါတယ္။

ဒါ့အျပင္ စိုးသူဘက္ကလည္း သမီးေလး မ်က္နွာနဲ႕ သည္းခံေနထိုင္မႈဟာ ၿပီးဆံုးသြားၿပီလို႕ဆုိပါတယ္။ သူ႕အေနနဲ႕ မွားေနရင္လည္း ေလထဲက အေျခအျမစ္မရွိတဲ့ စကားေတြနဲ႕ တိုက္ခိုက္ေနမဲ့အစား ႀကိဳက္တဲ့ တိုုင္းျပည္ ၊ ႀကိဳက္တဲ့ႏိုင္ငံ ၊ ႀကိဳက္တဲ့တရားရံုးကေန သူ႕ကို တရားစြဲဆိုႏိုင္ပါတယ္လို႕ သူ႕ရဲ႕ ေဖ့စ္ဘြတ္စာမ်က္နွာေပၚကေန ေၾကညာလိုုက္ ပါတယ္။

Credit : Duwun


ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version


ပြီးခဲ့တဲ့ ရက်ပိုင်းက အွန်လိုင်းစာမျက်နှာပေါ်မှာ ပျံ့နှံ့ခဲ့တဲ့ စိုးသူရဲ့ အကြောင်းတွေနဲ့ ပတ်သက်ပြီး စိုးသူဘက်က ပြန်လည်ဖြေရှင်းလိုက်ပြီ ဖြစ်ပါတယ်။  စိုးသူဟာ သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်ကနေ သူ့ရဲ့ ပရိသတ်တွေ အတွက် ပြန်လည်ဖြေရှင်းခဲ့ပါတယ်။ စိုးသူနဲ့ သူရဲ့ ဇနီးဟာ အမေရိကန်ပြည်ထောင်စုမေရီလင်းပြည်နယ် Montgomery county တရားရုံးမှာ ကွာရှင်းထားပြီးသားဖြစ်တယ်လို့ ဆိုပါတယ်။

သမီးဖြစ်သူကို ဂရုမစိုက်ဘူးဆိုတဲ့ ပရိသတ်တွေရဲ့ ဝေဖန်မှုကိုလည်း သူက "ကျွန်တော့်သမီးနဲ့ပတ်သက်ပြီး အားလုံးက ကျွန်တော့်ကို သမီးမွေးထားပြီးဂရုမစိုက်ဘူး သမီးမျက်နှာမထောက်ဘူးပြောချင်ကြမယ်။ ဘယ်မိဘမဆို ကိုယ့်သားသမီး အပေါ်တာဝန်ကျေအောင် ထားချင်သူတွေချည်းပါပဲ။ ဘယ်လိုမှအဆင်မပြေတဲ့ အိမ်ထောင်ရေးတခုကို ငယ်ငယ်က တည်းက ကျွန်တော့်သမီးမသိအောင်ဟန်ဆောင်နေခဲ့ပါတယ် နောက်ဆုံးကျွန်တော့်သမီးကိုယ်တိုင် 911 ခေါ်ပြီး "My Mum is trying to kill my Dad" ဆိုပြီး ရဲတိုင်ရတဲ့ အခြေအနေကို ကျွန်တော့်သမီး နားလည်မယ်ထင်ပါတယ်။ ကျွန်တော့်သမီး မြန်မာနိုင်ငံမှာရှိစဉ်အချိန်တွေမှာ ကျောင်းလခနဲ့သမီးလိုအပ်တဲ့အရာမှန်သမျှ ကျွန်တော်နဲ့ ကျွန်တော့် အဖေ အမြဲတာဝန်ယူခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်နဲ့တွေ့ခွင့်တောင် မပေးထားတဲ့ အခြေအနေမှာ လာခိုးတွေ့ရတဲ့ ကျွန်တော့်သမီး စိတ်ကျဉ်းကျပ်မှာမျိုးကိုလဲ ကျွန်တော် မလိုလားပါဘူး။ ခုချိန်ထိလဲ သမီးအတွက် ကျွန်တော်တို့ဘက်က ညှိနှိုင်းချက်တွေကို တစ်ဖက်က လက်ခံခြင်းမရှိပါဘူး ။ဒါတွေအသေးစိတ်ကိုကျွန်တော့်ရှေ့နေက သူ့ရဲ့ စာမျက်နှာ ပေါ်ကနေပြောပြပါလိမ့်မယ်" လို့ ရေးသားထားပါတယ်။

ဒါ့အပြင် စိုးသူဘက်ကလည်း သမီးလေး မျက်နှာနဲ့ သည်းခံနေထိုင်မှုဟာ ပြီးဆုံးသွားပြီလို့ဆိုပါတယ်။ သူ့အနေနဲ့ မှားနေရင်လည်း လေထဲက အခြေအမြစ်မရှိတဲ့ စကားတွေနဲ့ တိုက်ခိုက်နေမဲ့အစား ကြိုက်တဲ့ တိုုင်းပြည် ၊ ကြိုက်တဲ့နိုင်ငံ ၊ ကြိုက်တဲ့တရားရုံးကနေ သူ့ကို တရားစွဲဆိုနိုင်ပါတယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်ကနေ ကြေညာလိုုက် ပါတယ်။

Credit : Duwun


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top