iMyanmarHouse.com - Best Property Website for Myanmar
×

လိင္တံနဲ႔ ကပ္ပဲ့အိပ္ထဲထိုးနည္းမွာ ဆရာ ေဖၚၿပထား တာေတြအၿပင္ ဘာ (ဆိုက္အဖက္) ေတြရွိ ႏိႈင္ပါေသးလဲခင္ဗ်ာ။

ဥပမာ ဆီးသြာၿခင္းကို ထိခိုက္ေစႏိႈင္ပါသလား။ ေနာက္ အသက္ၾကီးလာလို႔ ေရရွည္မွာ ဘာဆိုးကိ်ဳးေတြ ထပ္ၿဖစ္ေပၚႏိႈင္ပါေသးလဲ။ ဆရာ့ေဆးခန္းမွာ လုပ္ေပးပါသလား။

က်ားအဂၤါ ၾကီးေစျခင္း ေယဘုယ်နည္းေတြ (၁) မွာ ေရးခဲ့ပါတယ္။ ေမးလာတာရွိလို႔ နည္းတနည္းကို ေဆးပညာ ရႈေဒါင့္က ေရးပါ့မယ္။ Injection of liquid silicone into the penis and the scrotum က်ားလိင္အဂၤါ (လိင္တံ နဲ႔ ကပ္ပဲ့ပိတ္) ထဲကို (စီလီကြန္) ေဆးထိုးေပးနည္း ျဖစ္တယ္။

က်ားအဂၤါ ၾကီးေစနည္းေတြ အမ်ိဳးမ်ိဳး စမ္းၾက၊ လုပ္ၾကတယ္။ အရြယ္ေရာက္ျပီးသား လူတေယာက္ အရပ္ရွည္ခ်င္တာဟာ လြယ္တာ မဟုတ္ပါ။ တျခား ၾကြက္သားေတြ သန္ေအာင္၊ ထြားေအာင္ေတာ့ ေသျခာေပါက္ လုပ္လို႔ရတယ္။ ဒါေပမဲ့ အရိုး အေျခခံတဲ့ လူ႔အရပ္၊ အရိုးလည္းမပါ၊ ၾကြက္သားအစစ္လဲ မပါတဲ့ လိင္အဂၤါကို ျပဳျပင္ဘုိ႔ မလြယ္ပါ။

ဒီနည္းရဲ႕ထူးျခားမႈက အလ်င္အျမန္ သိသာေစႏိုင္တဲ့နည္း ျဖစ္ေပမဲ့ လူၾကိဳက္မ်ားလွေတာ့ မဟုတ္ဘူး။ သိသာမွာက Girth လံုးပါတ္ တိုးလာတာ ျဖစ္တယ္။ Shaft အရွည္ကို တိုးတာ မဟုတ္ဘူး။ အမ်ားစုကေတာ့ ၉ဝ% တိုးေစၾကတယ္။ သိပ္ ထူးျခားခ်င္သူတခ်ိဳ႕က Penis volume ထုထည္ ၉ဝဝ% တိုးေစေအာင္အထိ စံခ်ိန္တင္ထားတယ္လို႔ ဖတ္ရပါတယ္။

အဲ ႕႕႕႕ ဒါေပမဲ့ ဘာအသံုးက်ပါသလဲ ေမးရင္၊
• လိုတာ မေရာက္ဘဲ (ကန္ေတာ့ပါ) “ေသးေပါက္တာသာ ထူးေစပါသတဲ့”။
• ဒီေဆးထိုးလိုက္လို႔ ေကာင္းလာတာျဖစ္ျဖစ္ ဆိုးလာတာျဖစ္ျဖစ္ Irreversible အရင္လိုေတာ့ ျပန္မျဖစ္ႏိုင္ေတာ့ပါ။
• Silicone ေဆးထိုးလိုက္ရင္ Blood vessels ေသြးေၾကာေတြနဲ႔ Nerves အာရံုေၾကာေတြကို Disrupting သက္ေရာက္ ေႏွာင့္ယွက္မႈ ျဖစ္ေစႏိုင္တယ္။
• ရလဒ္ကေတာ့ Loss of sensation အာရံုခံႏိုင္မႈနည္းျပီး Penetration လိင္အဂၤါ ထိုးသြင္းမႈကို ခက္ခဲေစမယ္။
• ကိုယ္လိုခ်င္တာက ၾကီးဘို႔သက္သက္မဟုတ္ဘဲ ဆက္ဆံမႈသာဆိုရင္ ေျပာင္းျပန္ျဖစ္ေစပါမယ္။

တျခား Side effects ေဘးထြက္ဆိုးက်ိဳးေတြလဲ ရွိအံုးမယ္။
• Inflammation ေရာင္ရမ္းတာနဲ႔ Discoloration ေဆးထိုးရာ ေနရာတဝိႈက္ အေရာင္ ေျပာင္းလဲသြားမယ္။
• Silicone ေၾကာင့္ျဖစ္တဲ့ Granulomas အသားႏုဟာ ေရာင္ေနတဲ့ Nodules အက်ိတ္လို ျဖစ္တယ္။
• Silicone ဟာ ကိုယ္ခႏၶာရဲ႕ တျခားေနရာေတြဆီကိုလဲ Migrate ေရြ႔ေျပာင္းႏိုင္တယ္။

ဒါ့ေၾကာင့္ FDA က အသိအမွတ္ျပဳဘို႔ ျငင္းထားတယ္။ ဒါေတြကို ျပန္ထုတ္ခ်င္ရင္ မရဘူးေတာ့ မဟုတ္ပါ။ ကရိကထမ်ားျပီး ေစ်းၾကီးတယ္။ ဒီေဆးထိုးထားတဲ့ လိင္အဂၤါဟာ ပံုမွန္မဟုတ္တာ သိသာေနမယ္။

သုေတသနတခုမွာ လြန္ခဲ့တဲ့ ၁၄ ႏွစ္က ေဆးအမ်ားၾကီး ထိုးထားခဲ့သူ ဘယ္လ္ဂ်ီယန္ ႏိုင္ငံသားတဦး Silicone foreign body reaction ရတယ္လို႔ ေရာဂါေဗဒအသံုးက ေခၚတာေတြ ျဖစ္လာတယ္။ Massive edema အလြန္ေရာင္ေနတယ္၊ Impotence ပန္းေသသြားတယ္။ Pills ေဆးလံုး၊ Patches ေဆးကပ္ခြါ၊ Traction devices ဆြဲဆန္႔ကရိယာေတြေလာက္ လူသံုး မမ်ားပါ။ ကြ်န္ေတာ့္ ေဆးခန္းမွာ မလုပ္ပါ။


Credit: ေဒါက္တာတင့္ေဆြ
 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

လိင်တံနဲ့ ကပ်ပဲ့အိပ်ထဲထိုးနည်းမှာ ဆရာ ဖေါ်ပြထား တာတွေအပြင် ဘာ (ဆိုက်အဖက်) တွေရှိ နှိုင်ပါသေးလဲခင်ဗျာ။

ဥပမာ ဆီးသွာခြင်းကို ထိခိုက်စေနှိုင်ပါသလား။ နောက် အသက်ကြီးလာလို့ ရေရှည်မှာ ဘာဆိုးကျိုးတွေ ထပ်ဖြစ်ပေါ်နှိုင်ပါသေးလဲ။ ဆရာ့ဆေးခန်းမှာ လုပ်ပေးပါသလား။

ကျားအင်္ဂါ ကြီးစေခြင်း ယေဘုယျနည်းတွေ (၁) မှာ ရေးခဲ့ပါတယ်။ မေးလာတာရှိလို့ နည်းတနည်းကို ဆေးပညာ ရှုဒေါင့်က ရေးပါ့မယ်။ Injection of liquid silicone into the penis and the scrotum ကျားလိင်အင်္ဂါ (လိင်တံ နဲ့ ကပ်ပဲ့ပိတ်) ထဲကို (စီလီကွန်) ဆေးထိုးပေးနည်း ဖြစ်တယ်။

ကျားအင်္ဂါ ကြီးစေနည်းတွေ အမျိုးမျိုး စမ်းကြ၊ လုပ်ကြတယ်။ အရွယ်ရောက်ပြီးသား လူတယောက် အရပ်ရှည်ချင်တာဟာ လွယ်တာ မဟုတ်ပါ။ တခြား ကြွက်သားတွေ သန်အောင်၊ ထွားအောင်တော့ သေခြာပေါက် လုပ်လို့ရတယ်။ ဒါပေမဲ့ အရိုး အခြေခံတဲ့ လူ့အရပ်၊ အရိုးလည်းမပါ၊ ကြွက်သားအစစ်လဲ မပါတဲ့ လိင်အင်္ဂါကို ပြုပြင်ဘို့ မလွယ်ပါ။

ဒီနည်းရဲ့ထူးခြားမှုက အလျင်အမြန် သိသာစေနိုင်တဲ့နည်း ဖြစ်ပေမဲ့ လူကြိုက်များလှတော့ မဟုတ်ဘူး။ သိသာမှာက Girth လုံးပါတ် တိုးလာတာ ဖြစ်တယ်။ Shaft အရှည်ကို တိုးတာ မဟုတ်ဘူး။ အများစုကတော့ ၉ဝ% တိုးစေကြတယ်။ သိပ် ထူးခြားချင်သူတချို့က Penis volume ထုထည် ၉ဝဝ% တိုးစေအောင်အထိ စံချိန်တင်ထားတယ်လို့ ဖတ်ရပါတယ်။

အဲ့ ဒါပေမဲ့ ဘာအသုံးကျပါသလဲ မေးရင်၊
• လိုတာ မရောက်ဘဲ (ကန်တော့ပါ) “သေးပေါက်တာသာ ထူးစေပါသတဲ့”။
• ဒီဆေးထိုးလိုက်လို့ ကောင်းလာတာဖြစ်ဖြစ် ဆိုးလာတာဖြစ်ဖြစ် Irreversible အရင်လိုတော့ ပြန်မဖြစ်နိုင်တော့ပါ။
• Silicone ဆေးထိုးလိုက်ရင် Blood vessels သွေးကြောတွေနဲ့ Nerves အာရုံကြောတွေကို Disrupting သက်ရောက် နှောင့်ယှက်မှု ဖြစ်စေနိုင်တယ်။
• ရလဒ်ကတော့ Loss of sensation အာရုံခံနိုင်မှုနည်းပြီး Penetration လိင်အင်္ဂါ ထိုးသွင်းမှုကို ခက်ခဲစေမယ်။
• ကိုယ်လိုချင်တာက ကြီးဘို့သက်သက်မဟုတ်ဘဲ ဆက်ဆံမှုသာဆိုရင် ပြောင်းပြန်ဖြစ်စေပါမယ်။

တခြား Side effects ဘေးထွက်ဆိုးကျိုးတွေလဲ ရှိအုံးမယ်။
• Inflammation ရောင်ရမ်းတာနဲ့ Discoloration ဆေးထိုးရာ နေရာတဝှိုက် အရောင် ပြောင်းလဲသွားမယ်။
• Silicone ကြောင့်ဖြစ်တဲ့ Granulomas အသားနုဟာ ရောင်နေတဲ့ Nodules အကျိတ်လို ဖြစ်တယ်။
• Silicone ဟာ ကိုယ်ခန္ဓာရဲ့ တခြားနေရာတွေဆီကိုလဲ Migrate ရွေ့ပြောင်းနိုင်တယ်။

ဒါ့ကြောင့် FDA က အသိအမှတ်ပြုဘို့ ငြင်းထားတယ်။ ဒါတွေကို ပြန်ထုတ်ချင်ရင် မရဘူးတော့ မဟုတ်ပါ။ ကရိကထများပြီး ဈေးကြီးတယ်။ ဒီဆေးထိုးထားတဲ့ လိင်အင်္ဂါဟာ ပုံမှန်မဟုတ်တာ သိသာနေမယ်။

သုတေသနတခုမှာ လွန်ခဲ့တဲ့ ၁၄ နှစ်က ဆေးအများကြီး ထိုးထားခဲ့သူ ဘယ်လ်ဂျီယန် နိုင်ငံသားတဦး Silicone foreign body reaction ရတယ်လို့ ရောဂါဗေဒအသုံးက ခေါ်တာတွေ ဖြစ်လာတယ်။ Massive edema အလွန်ရောင်နေတယ်၊ Impotence ပန်းသေသွားတယ်။ Pills ဆေးလုံး၊ Patches ဆေးကပ်ခွါ၊ Traction devices ဆွဲဆန့်ကရိယာတွေလောက် လူသုံး မများပါ။ ကျွန်တော့် ဆေးခန်းမှာ မလုပ်ပါ။


Credit: ဒေါက်တာတင့်ဆွေ

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top