iMyanmarHouse.com - Best Property Website for Myanmar
×

၂၀၁၅ ၊ ၂၀၁၆ ခုႏွစ္ေတြဟာ ထြန္းထြန္းရဲ႕အႏုပညာလႈပ္ရွားမႈေတြ ျပန္လည္အေျခစိုက္ကာ စတင္လုပ္ကိုင္လာတဲ့ႏွစ္ေတြလို႕ေျပာရင္လဲမမွားပါဘူး။ ထြန္းထြန္းဟာ ၂၀၁၅ မွာအႏုပညာလုပ္ငန္းေတြျပန္လည္လုပ္ကိုင္ခဲ့ၿပီး ၂၀၁၆ထဲမွာေတာ့ ရုပ္ရွင္ကားၾကီးေတာ္ေတာ္မ်ားမ်ားမွာ ပါ၀င္သရုပ္ေဆာင္ခဲ့ၿပီးျဖစ္ပါတယ္။ ဒါ့အျပင္အႏုပညာကို ဖက္တြယ္ေနတဲ့အတြက္ အသက္ ၃၃ႏွစ္ျပည့္ခဲ့သည့္တိုင္ေအာင္ သူ႕အခ်စ္ေရးနဲ႕အိမ္ေထာင္ေရးဟာ ထူးျခားမႈမရွိေသးသလို လူပ်ိဳၾကီးဘ၀နဲ႕ပဲ သူခ်စ္တဲ့အႏုပညာအလုပ္ေတြ ဆက္လက္လုပ္ေနေဆာင္ေနျပန္ပါတယ္။ ဒါ့အျပင္ ၂၀၁၆ အကယ္ဒမီေပးပြဲမွာလဲ သူပါ၀င္သရုပ္ေဆာင္ထားတဲ့ဇာတ္ကား ၈ကားပါ၀င္ေနတာမို႕သူ႕ရဲ႕အကယ္ဒမီေပးပြဲအေပၚစိတ္လႈပ္ရွားမႈနဲ႕အကယ္ဒမီဆုအေပၚအျမင္မ်ားနဲ႕ခံယူခ်က္မ်ားကိုသြားေရာက္ေမးျမန္းျဖစ္တဲ့အခါ

-ဒီႏွစ္ အကယ္ဒမီနဲ႕ပတ္သက္ၿပီး ေတာ္ေတာ္မ်ားမ်ားက အစ္ကို႕ကိုေျပာေနၾကတယ္ေနာ္။

အကယ္ဒမီနဲ႕ပတ္သက္ၿပီးေတာ့ ပရိသတ္ဆႏၵပါပဲ။ ပရိသတ္ေတြခ်စ္တဲ့၊ ပရိသတ္ေတြအားေပးတဲ့ အႏုပညာသမားေတြက အကယ္ဒမီကိုေထြးပိုက္သြားမယ္လို႕ေမွ်ာ္လင့္ထားပါတယ္။

-ရံုတင္ကားဘယ္ႏွကားေလာက္ပါ၀င္လဲ။

ရံုတင္ၿပီး လူေတြၾကည့္ၿပီးသားကေတာ့ ေျခာက္ကားေလာက္ရွိမယ္။ ဒါေပမဲ့ျဖတ္တင္သြားတဲ့ကားပါ အပါအ၀င္ဆိုရင္ေတာ့ ရွစ္ကားလာက္ရွိပါတယ္။

-အကယ္ဒမီပြဲမွာကိုယ္ပါ၀င္တဲ့ဇာတ္ကားအေရအတြက္မ်ားတဲ့အေပၚမွာေရာ ဘယ္လိုျမင္မိလဲ။

မ်ားသည္။ နည္းသည္ထက္ ကားတစ္ကားမွာ ကိုယ္ပါ၀င္ခြင့္ရတဲ့အတုိင္းအတာတစ္ခုေပၚမွာ ကိုယ္သရုပ္ေဆာင္ရတဲ့ အခန္းက႑ေလးမွာကိုယ္တာ၀န္ေက်သြားဖို႕ပဲ ရည္စူးတယ္ဆိုေတာ့ အခန္းနည္းသည္ျဖစ္ေစ၊ အခန္းမ်ားသည္ျဖစ္ေစ၊ ဇာတ္ကားအေရအတြက္နည္းသည္ျဖစ္ေစ၊ မ်ားသည္ျဖစ္ေစအေကာင္းဆံုးျဖစ္ေအာင္ပဲအျမဲၾကိဳးစားပါတယ္။

-ပါ၀င္တဲ့ဇာတ္ကားရွစ္ကားထဲမွာအားအရဆံုးကားဆိုရင္ေရာ ဘယ္ကားျဖစ္မလဲ။

အခန္းမ်ားမွ၊ အခန္းနည္းမွမဟုတ္ပါဘူး။ ကုိယ္သရုပ္ေဆာင္ရတဲ့ကားတိုင္းလိုလို အားရေက်နပ္မႈက အျမဲရွိပါတယ္။ တစ္ကားထဲေရြးထုတ္ဖို႕က်ေတာ့ ေျပာရခက္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဟာသကားသည္လဲ ဟာသကားအေလ်ာက္၊ ဒရာမာကားသည္လဲဒရာမာအေလ်ာက္ ၊ အက္ရွင္ကားသည္လဲ အက္ရွင္ကားအေလ်ာက္ဆုိေတာ့ ေတာ္ေတာ္ေလးကိုအားထည့္သရုပ္ေဆာင္ရတာဆိုေတာ့ ကားတိုင္းကိုအားရပါတယ္။

-ပရိသတ္ေတြနဲ႕လုပ္ေဖာ္ကိုင္ဖက္ေတြက အစ္ကို႕ကိုပဲမွန္းေနၾကတယ္။ အစ္ကို႕ကိုပဲရေစခ်င္ေနၾကတဲ့အေပၚမွာေရာ ဘာမ်ားေျပာခ်င္ပါသလဲ။

ကၽြန္ေတာ့္ကိုခ်စ္လို႕ပဲျဖစ္ျဖစ္၊ ကၽြန္ေတာ့္အႏုပညာကိုႏွစ္သက္လို႕ပဲျဖစ္ျဖစ္ အခုလိုစဥ္းစားေပးတဲ့အေပၚမွာအရမ္း၀မ္းသာပါတယ္။ ဒီအလုပ္ကို ကၽြန္ေတာ္ေဇာက္ခ်လုပ္ကိုင္ၿပီးေတာ့ အရမ္းၾကိဳးစားေနတယ္။ အခုခ်ိန္မွာ ကၽြန္ေတာ့ပရိသတ္ေတြ ကၽြန္ေတာ့္ကိုျမင္လာၾကတယ္။ ခုနကေျပာသလိုပဲ အႏုပညာရွင္အခ်င္းခ်င္းလဲ ကၽြန္ေတာ့္ကိုခ်စ္တဲ့ခင္တဲ့စိတ္နဲ႕အားတတ္ဖို႕အားေပးၾကတာျဖစ္တဲ့အတြက္ ကၽြန္ေတာ္ပိုၿပီးအဆင္ေျပတာေပါ့။

-အကယ္ဒမီေပးပြဲနီးလာတာနဲ႕အမွ် ကိုယ္ပါ၀င္သရုပ္ေဆာင္ရတဲ့ဇာတ္ကားေတြ ဆန္ခါတင္စာရင္းမွာပါ၀င္တဲ့အခါ အႏုပညာသမားတိုင္းစိတ္လႈပ္ရွားၾကတယ္ေပါ့။ အစ္ကို႕အေနနဲ႕ေရာ။

အခုပြင့္ပြင့္လင္းလင္းေျပာရရင္ ဆန္ခါတင္စာရင္းထဲပါတာ ပထမဆံုးအၾကိမ္မဟုတ္ပါဘူး။ ထူးထူးျခားျခားရင္ခုန္မႈရွိလားဆိုေတာ့ အခုလိုမ်ိဳး ပရိသတ္ကလဲ ခ်စ္တဲ့စိတ္နဲ႕၀ိုင္းၿပီးခန္႕မွန္းေပးၾကတယ္။ အႏုပညာသမားအခ်င္းခ်င္းကလဲခန္႕မွန္းေပးၾကတယ္ဆိုေတာ့ အနည္းေလးေတာ့ ရင္ခုန္တာေပါ့။ သို႕ေသာ္လည္း ကၽြန္ေတာ္ခုနကေျဖခဲ့သလိုပဲ။ ပရိသတ္ရဲ႕ဆႏၵအတုိင္းပဲျဖစ္မဲ့ အကယ္ဒမီပါ။

-အကယ္ဒမီဆုအေပၚမွာေရာ ဘယ္လိုနားလည္ထားလဲ။

ကၽြန္ေတာ္တို႕စာသင္ခန္းကစၿပီးေတာ့ လုပ္ငန္းခြင္ေတြအထိ အေကာင္းဆံုးဆုတစ္ခုေပါ့။ ကုိယ့္ရဲ႕ၾကိဳးစားအားထုတ္မႈကို အေကာင္းဆံုးအဖြဲ႕အစည္းတစ္ခုကခ်ီးျမွင့္တယ္ေပါ့။ ဆိုလိုခ်င္တာက ထူးခၽြန္ဆုအေနနဲ႕ခ်ီးျမွင့္တာျဖစ္တဲ့အတြက္ပိုၿပီးေတာ့ၾကိဳးစားဖို႕အတြက္ တြန္းအားျဖစ္ေစသလို၊ ပုိၿပီးေတာ့လဲ တာ၀န္ၾကီးလာပါတယ္။ ဆိုလိုခ်င္တာက ဒီဟာနဲ႕ပတ္သက္ၿပီးရင္ထဲမွာ ဒီ့အတြက္လုပ္တယ္။ မလုပ္ဘူးဆိုတာလဲမရွိပါဘူး။ ဒီအလုပ္ကိုကၽြန္ေတာ္အရမ္းခ်စ္တဲ့အတြက္ေနာင္ႏွစ္ေပါင္းမ်ားစြာလဲကၽြန္ေတာ္ၾကိဳးစားေနမွာပါ။

-အကယ္ဒမီဆုကေရာ အစ္ကို႕ဘ၀အတြက္ဘယ္ေလာက္အေရးပါလဲ။

အကယ္ဒမီဆုေရာ၊ သရုပ္ေဆာင္အလုပ္ေရာက ကၽြန္ေတာ့္ဘ၀အတြက္တစ္ရာ ရာခုိင္ႏႈန္းအေရးပါပါတယ္။

--အခုရိုက္ေနတဲ့ကားေလးက ဘာကားမ်ားလဲ။

ဒီေန႕ရုိက္တဲ့ကားေလး အိမ္ၾကက္တဲ့။ ဒါရုိက္တာက ကိုၾသရသ၊ ကၽြန္ေတာ္ရယ္၊ ညီထြဋ္ေခါင္ရယ္၊ ၾကက္ဖ၊ ဦးအရိုင္း၊ ဦးေနဆန္း၊ ဆုျမတ္ႏိုးဦး၊ နန္းျမတ္အျပင္အျခားသရုပ္ေဆာင္ေတြလဲပါတယ္။ ဒီကားထဲမွာ မိသားစုတစ္ခုကို ျပိဳကြဲေစတဲ့အေၾကာင္းအရင္းက ေလာဘ၊ ေဒါသ၊ ေမာဟေတြဆိုတဲ့အေၾကာင္းေလးကို ဟာသ သေဘာနဲ႕ရုိက္ျပထားတာေပါ့။

-New Year ေရာဘယ္မွာရွိမလဲ။

New Year ကလဲဒီကားရိုက္ကူးေရးနဲ႕ပဲဆိုေတာ့ ရန္ကုန္မွာပဲေပါ့။ တျခားအစီအစဥ္ကေတာ့ ဘာမွမရွိေသးပါဘူး။

-ဒီဇင္ဘာ ၂၄ ရက္ေန႕က က်ေရာက္ခဲ့တဲ့ ေမြးေန႕ကိုေရာ ဘယ္လိုျဖတ္သန္းျဖစ္ခဲ့လဲ။

ေမြးေန႕မွာေတာ့ မနက္ခင္းဘုန္းၾကီးေက်ာင္းမွာ ဆြမ္းကပ္တယ္။ We Love Tun Tun examplez အဖြဲ႕ေတြလာၾကတယ္။ အခုခရီးတူတူသြားေနတဲ့ မိတ္ေဆြသူငယ္ခ်င္းေတြလဲ လာၾကတယ္။ ဒါပါပဲ။ ေထြေထြထူးထူးသိပ္မလုပ္ျဖစ္ပါဘူး။ ေန႕ခင္းပိုင္း ရႈတင္ျပန္၀င္တယ္။ ညထိပါပဲ။ လက္ေဆာင္ေတြကေပးၾကပါတယ္။ ကိတ္ေတြလဲယူလာၾကတယ္။ အမွတ္တရနဲ႕ေပ်ာ္စရာေကာင္းပါတယ္။

-အသက္ကေရာ ဘယ္ေလာက္ျပည့္တာလဲ။

၃၃ ႏွစ္ပါ။

-အသက္တစ္ႏွစ္ၾကီးလာတဲ့အခါမွာ ရင့္က်က္မႈအေနနဲ႕ဘာေတြေျပာင္းလဲသြားလဲ။

မလိုတာေတြ၊ အညံ႕စားအာရံုေတြ ျဖတ္တတ္လာတယ္။ မလိုတာေတြဆိုတာေလ ကိုယ္လုပ္စရာရွိတဲ့အလုပ္ကိုပဲကိုယ္ေကာင္းေအာင္လုပ္ေတာ့တယ္။ သိပ္ၿပီးမလိုတာေတြကိုမေတြးေတာ့ဘူး။ အေပ်ာ္ေတြလဲေလ်ာ့လာတယ္။ အခ်ိန္ကုိတိတိက်က်လုပ္တတ္လာတယ္။

-အသက္လဲ ၃၃ ႏွစ္ရွိၿပီဆိုေတာ့ အခ်စ္ေရးနဲ႕ပတ္သက္ၿပီး ကေရာ ထူးျခားမႈရွိေနၿပီလား။

ေလာေလာဆယ္ ဒီႏွစ္အပိုင္းအျခားအတြင္းမွာေတာ့ အိမ္ေထာင္ျပဳဖို႕အစီအစဥ္မရွိေသးပါဘူး။ အိမ္ေထာင္ျပဳသင့္တဲ့အရြယ္ေရာက္ေနၿပီဆိုေပမဲ့လဲ အိမ္ေထာင္ျပဳဖို႕အစီအစဥ္မရွိေသးတဲ့အတြက္ ရွိလာၿပီဆိုရင္ ပထမဆံုးအသိေပးမယ္။

-လက္ရွိမွာေရာ တစ္ေယာက္တည္းပဲလား။

တစ္ေယာက္တည္းပါပဲ။

-အသက္ ၃၃ ႏွစ္ဆိုတာ မငယ္ေတာ့ဘူးေပါ့။ အစ္ကို႕ပရိသတ္ေတြက တစ္ခ်ိဳ႕ကလဲ အစ္ကို႕ကိုအိမ္ေထာင္ျပဳေစခ်င္သလို တခ်ိဳ႕ကလဲ လူပ်ိဳၾကီးလုပ္ေစခ်င္ၾကတယ္။ အစ္ကိုကေရာ အဲ့ဒီႏွစ္ခုထဲမွာ ဘယ္ဖက္ကို ပုိအားသာေနလဲ။

ကၽြန္ေတာ္ကယူမွာပါ။ ဘာေၾကာင့္လဲဆိုေတာ့ ကၽြန္ေတာ္က ၂၂ ေလာက္ကတည္းကလိုခ်င္ေနတာပါ။ မရေသးတာပါ။ ရည္းစားမထားျဖစ္ေသးဘူးဆိုတာကလဲ မလိုတာကိုလုပ္ဖို႕အခ်ိန္မရွိဘူးေပါ့။ ၾကီးၾကီးက်ယ္က်ယ္ေျပာတာေတာ့မဟုတ္ဘူး။ ကၽြန္ေတာ့္အရြယ္က အခ်စ္ကို တကူးတကလုိက္ရွာေနရမဲ့အရြယ္လဲ မဟုတ္ဘူး။ ဆိုလိုခ်င္တာက အခ်ိန္တန္ရင္ ကၽြန္ေတာ့္ဘ၀တစ္ေလွ်ာက္လံုးကို အႏြံတာခံမဲ့သူ ကၽြန္ေတာ့္နားကိုေရာက္လာလိမ့္မယ္။ ေရာက္လာမယ္။ မေရာက္လာဘူးဆိုတာကလဲ ကံေပါ့ေလ။ ၂၂ ႏွစ္ကတည္းကအိမ္ေထာင္ျပဳခ်င္တယ္။ ဒါေပမဲ့အဆင္မေျပခဲ့ဘူး။ ဖူးစာလဲမေတြ႕ခဲ့ဘူးဆိုေတာ့ ဘယ္လိုလဲေတာ့မသိဘူး။ ဒါေပမဲ့ကၽြန္ေတာ့္ရည္းမွန္းခ်က္ကေတာ့ မိန္းမယူမယ္။ အိမ္ေထာင္ျပဳပါမယ္။

-အခ်စ္ေပၚသေဘာထားတဲ့ ခံစားခ်က္က ငယ္ငယ္တုန္းကနဲ႕ေတာ့ဘယ္တူေတာ့မလဲေနာ္။

တအားၾကီးေတြပူေလာင္တာေတြ၊ ေပ်ာ္ရႊင္တာေတြကိုမလိုခ်င္ေတာ့ဘူး။ ေပ်ာ္စရာရွိရင္ပူစရာလဲလာမွာဆိုေတာ့ ဒီအလုပ္ထဲမွာတင္စိတ္ကိုထည့္ထားတာ တိုင္ပတ္ေနတာဆိုေတာ့ မႏုိင္ပဲပဲၾကီးဟင္းမစားခ်င္ေတာ့ပါဘူး။

-၂၀၁၇ မွာစလုပ္မဲ့ အႏုပညာအလုပ္ကေရာ ဘာမ်ားျဖစ္မလဲ။

၁ ရက္ေန႕ကန္ေတာ့ပြဲရွိတယ္။ အထိအေတြ႕ဆိုတဲ့ကားၾကီးေပါ့။ ဒါရုိက္တာကိုစတီးလ္ ( ေဒြးေမတၱာ ) ရုိက္မွာပါ။ ကၽြန္ေတာ္ရယ္၊ အိေခ်ာပိုရယ္၊ ကုိေနမ်ိဳးေအာင္ရယ္ပါပါမယ္။

-အကယ္ဒမီအတြက္ဆုေတာင္းေပးေနၾကတဲ့အစ္ကို႕ပရိသတ္ေတြကုိေရာ ဘာမ်ားေျပာေပးခ်င္ေသးလဲ။

တကယ္ကိုလိႈက္လိႈက္လွဲလွဲ ရင္ထဲကေန ကၽြန္ေတာ့ကိုခ်စ္ေပးတဲ့အတြက္ေက်းဇူးတင္ပါတယ္။ ကၽြန္ေတာ္ေနာက္ႏွစ္ေပါင္းမ်ားစြာလဲအျမဲတမ္းၾကိဳးစားေနပါ့မယ္။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

၂၀၁၅ ၊ ၂၀၁၆ ခုနှစ်တွေဟာ ထွန်းထွန်းရဲ့အနုပညာလှုပ်ရှားမှုတွေ ပြန်လည်အခြေစိုက်ကာ စတင်လုပ်ကိုင်လာတဲ့နှစ်တွေလို့ပြောရင်လဲမမှားပါဘူး။ ထွန်းထွန်းဟာ ၂၀၁၅ မှာအနုပညာလုပ်ငန်းတွေပြန်လည်လုပ်ကိုင်ခဲ့ပြီး ၂၀၁၆ထဲမှာတော့ ရုပ်ရှင်ကားကြီးတော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီးဖြစ်ပါတယ်။ ဒါ့အပြင်အနုပညာကို ဖက်တွယ်နေတဲ့အတွက် အသက် ၃၃နှစ်ပြည့်ခဲ့သည့်တိုင်အောင် သူ့အချစ်ရေးနဲ့အိမ်ထောင်ရေးဟာ ထူးခြားမှုမရှိသေးသလို လူပျိုကြီးဘဝနဲ့ပဲ သူချစ်တဲ့အနုပညာအလုပ်တွေ ဆက်လက်လုပ်နေဆောင်နေပြန်ပါတယ်။ ဒါ့အပြင် ၂၀၁၆ အကယ်ဒမီပေးပွဲမှာလဲ သူပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ကား ၈ကားပါဝင်နေတာမို့သူ့ရဲ့အကယ်ဒမီပေးပွဲအပေါ်စိတ်လှုပ်ရှားမှုနဲ့အကယ်ဒမီဆုအပေါ်အမြင်များနဲ့ခံယူချက်များကိုသွားရောက်မေးမြန်းဖြစ်တဲ့အခါ

-ဒီနှစ် အကယ်ဒမီနဲ့ပတ်သက်ပြီး တော်တော်များများက အစ်ကို့ကိုပြောနေကြတယ်နော်။

အကယ်ဒမီနဲ့ပတ်သက်ပြီးတော့ ပရိသတ်ဆန္ဒပါပဲ။ ပရိသတ်တွေချစ်တဲ့၊ ပရိသတ်တွေအားပေးတဲ့ အနုပညာသမားတွေက အကယ်ဒမီကိုထွေးပိုက်သွားမယ်လို့မျှော်လင့်ထားပါတယ်။

-ရုံတင်ကားဘယ်နှကားလောက်ပါဝင်လဲ။

ရုံတင်ပြီး လူတွေကြည့်ပြီးသားကတော့ ခြောက်ကားလောက်ရှိမယ်။ ဒါပေမဲ့ဖြတ်တင်သွားတဲ့ကားပါ အပါအဝင်ဆိုရင်တော့ ရှစ်ကားလာက်ရှိပါတယ်။

-အကယ်ဒမီပွဲမှာကိုယ်ပါဝင်တဲ့ဇာတ်ကားအရေအတွက်များတဲ့အပေါ်မှာရော ဘယ်လိုမြင်မိလဲ။

များသည်။ နည်းသည်ထက် ကားတစ်ကားမှာ ကိုယ်ပါဝင်ခွင့်ရတဲ့အတိုင်းအတာတစ်ခုပေါ်မှာ ကိုယ်သရုပ်ဆောင်ရတဲ့ အခန်းကဏ္ဍလေးမှာကိုယ်တာဝန်ကျေသွားဖို့ပဲ ရည်စူးတယ်ဆိုတော့ အခန်းနည်းသည်ဖြစ်စေ၊ အခန်းများသည်ဖြစ်စေ၊ ဇာတ်ကားအရေအတွက်နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေအကောင်းဆုံးဖြစ်အောင်ပဲအမြဲကြိုးစားပါတယ်။

-ပါဝင်တဲ့ဇာတ်ကားရှစ်ကားထဲမှာအားအရဆုံးကားဆိုရင်ရော ဘယ်ကားဖြစ်မလဲ။

အခန်းများမှ၊ အခန်းနည်းမှမဟုတ်ပါဘူး။ ကိုယ်သရုပ်ဆောင်ရတဲ့ကားတိုင်းလိုလို အားရကျေနပ်မှုက အမြဲရှိပါတယ်။ တစ်ကားထဲရွေးထုတ်ဖို့ကျတော့ ပြောရခက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဟာသကားသည်လဲ ဟာသကားအလျောက်၊ ဒရာမာကားသည်လဲဒရာမာအလျောက် ၊ အက်ရှင်ကားသည်လဲ အက်ရှင်ကားအလျောက်ဆိုတော့ တော်တော်လေးကိုအားထည့်သရုပ်ဆောင်ရတာဆိုတော့ ကားတိုင်းကိုအားရပါတယ်။

-ပရိသတ်တွေနဲ့လုပ်ဖော်ကိုင်ဖက်တွေက အစ်ကို့ကိုပဲမှန်းနေကြတယ်။ အစ်ကို့ကိုပဲရစေချင်နေကြတဲ့အပေါ်မှာရော ဘာများပြောချင်ပါသလဲ။

ကျွန်တော့်ကိုချစ်လို့ပဲဖြစ်ဖြစ်၊ ကျွန်တော့်အနုပညာကိုနှစ်သက်လို့ပဲဖြစ်ဖြစ် အခုလိုစဉ်းစားပေးတဲ့အပေါ်မှာအရမ်းဝမ်းသာပါတယ်။ ဒီအလုပ်ကို ကျွန်တော်ဇောက်ချလုပ်ကိုင်ပြီးတော့ အရမ်းကြိုးစားနေတယ်။ အခုချိန်မှာ ကျွန်တော့ပရိသတ်တွေ ကျွန်တော့်ကိုမြင်လာကြတယ်။ ခုနကပြောသလိုပဲ အနုပညာရှင်အချင်းချင်းလဲ ကျွန်တော့်ကိုချစ်တဲ့ခင်တဲ့စိတ်နဲ့အားတတ်ဖို့အားပေးကြတာဖြစ်တဲ့အတွက် ကျွန်တော်ပိုပြီးအဆင်ပြေတာပေါ့။

-အကယ်ဒမီပေးပွဲနီးလာတာနဲ့အမျှ ကိုယ်ပါဝင်သရုပ်ဆောင်ရတဲ့ဇာတ်ကားတွေ ဆန်ခါတင်စာရင်းမှာပါဝင်တဲ့အခါ အနုပညာသမားတိုင်းစိတ်လှုပ်ရှားကြတယ်ပေါ့။ အစ်ကို့အနေနဲ့ရော။

အခုပွင့်ပွင့်လင်းလင်းပြောရရင် ဆန်ခါတင်စာရင်းထဲပါတာ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ ထူးထူးခြားခြားရင်ခုန်မှုရှိလားဆိုတော့ အခုလိုမျိုး ပရိသတ်ကလဲ ချစ်တဲ့စိတ်နဲ့ဝိုင်းပြီးခန့်မှန်းပေးကြတယ်။ အနုပညာသမားအချင်းချင်းကလဲခန့်မှန်းပေးကြတယ်ဆိုတော့ အနည်းလေးတော့ ရင်ခုန်တာပေါ့။ သို့သော်လည်း ကျွန်တော်ခုနကဖြေခဲ့သလိုပဲ။ ပရိသတ်ရဲ့ဆန္ဒအတိုင်းပဲဖြစ်မဲ့ အကယ်ဒမီပါ။

-အကယ်ဒမီဆုအပေါ်မှာရော ဘယ်လိုနားလည်ထားလဲ။

ကျွန်တော်တို့စာသင်ခန်းကစပြီးတော့ လုပ်ငန်းခွင်တွေအထိ အကောင်းဆုံးဆုတစ်ခုပေါ့။ ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုကို အကောင်းဆုံးအဖွဲ့အစည်းတစ်ခုကချီးမြှင့်တယ်ပေါ့။ ဆိုလိုချင်တာက ထူးချွန်ဆုအနေနဲ့ချီးမြှင့်တာဖြစ်တဲ့အတွက်ပိုပြီးတော့ကြိုးစားဖို့အတွက် တွန်းအားဖြစ်စေသလို၊ ပိုပြီးတော့လဲ တာဝန်ကြီးလာပါတယ်။ ဆိုလိုချင်တာက ဒီဟာနဲ့ပတ်သက်ပြီးရင်ထဲမှာ ဒီ့အတွက်လုပ်တယ်။ မလုပ်ဘူးဆိုတာလဲမရှိပါဘူး။ ဒီအလုပ်ကိုကျွန်တော်အရမ်းချစ်တဲ့အတွက်နောင်နှစ်ပေါင်းများစွာလဲကျွန်တော်ကြိုးစားနေမှာပါ။

-အကယ်ဒမီဆုကရော အစ်ကို့ဘဝအတွက်ဘယ်လောက်အရေးပါလဲ။

အကယ်ဒမီဆုရော၊ သရုပ်ဆောင်အလုပ်ရောက ကျွန်တော့်ဘဝအတွက်တစ်ရာ ရာခိုင်နှုန်းအရေးပါပါတယ်။

--အခုရိုက်နေတဲ့ကားလေးက ဘာကားများလဲ။

ဒီနေ့ရိုက်တဲ့ကားလေး အိမ်ကြက်တဲ့။ ဒါရိုက်တာက ကိုသြရသ၊ ကျွန်တော်ရယ်၊ ညီထွဋ်ခေါင်ရယ်၊ ကြက်ဖ၊ ဦးအရိုင်း၊ ဦးနေဆန်း၊ ဆုမြတ်နိုးဦး၊ နန်းမြတ်အပြင်အခြားသရုပ်ဆောင်တွေလဲပါတယ်။ ဒီကားထဲမှာ မိသားစုတစ်ခုကို ပြိုကွဲစေတဲ့အကြောင်းအရင်းက လောဘ၊ ဒေါသ၊ မောဟတွေဆိုတဲ့အကြောင်းလေးကို ဟာသ သဘောနဲ့ရိုက်ပြထားတာပေါ့။

-New Year ရောဘယ်မှာရှိမလဲ။

New Year ကလဲဒီကားရိုက်ကူးရေးနဲ့ပဲဆိုတော့ ရန်ကုန်မှာပဲပေါ့။ တခြားအစီအစဉ်ကတော့ ဘာမှမရှိသေးပါဘူး။

-ဒီဇင်ဘာ ၂၄ ရက်နေ့က ကျရောက်ခဲ့တဲ့ မွေးနေ့ကိုရော ဘယ်လိုဖြတ်သန်းဖြစ်ခဲ့လဲ။

မွေးနေ့မှာတော့ မနက်ခင်းဘုန်းကြီးကျောင်းမှာ ဆွမ်းကပ်တယ်။ We Love Tun Tun examplez အဖွဲ့တွေလာကြတယ်။ အခုခရီးတူတူသွားနေတဲ့ မိတ်ဆွေသူငယ်ချင်းတွေလဲ လာကြတယ်။ ဒါပါပဲ။ ထွေထွေထူးထူးသိပ်မလုပ်ဖြစ်ပါဘူး။ နေ့ခင်းပိုင်း ရှုတင်ပြန်ဝင်တယ်။ ညထိပါပဲ။ လက်ဆောင်တွေကပေးကြပါတယ်။ ကိတ်တွေလဲယူလာကြတယ်။ အမှတ်တရနဲ့ပျော်စရာကောင်းပါတယ်။

-အသက်ကရော ဘယ်လောက်ပြည့်တာလဲ။

၃၃ နှစ်ပါ။

-အသက်တစ်နှစ်ကြီးလာတဲ့အခါမှာ ရင့်ကျက်မှုအနေနဲ့ဘာတွေပြောင်းလဲသွားလဲ။

မလိုတာတွေ၊ အညံ့စားအာရုံတွေ ဖြတ်တတ်လာတယ်။ မလိုတာတွေဆိုတာလေ ကိုယ်လုပ်စရာရှိတဲ့အလုပ်ကိုပဲကိုယ်ကောင်းအောင်လုပ်တော့တယ်။ သိပ်ပြီးမလိုတာတွေကိုမတွေးတော့ဘူး။ အပျော်တွေလဲလျော့လာတယ်။ အချိန်ကိုတိတိကျကျလုပ်တတ်လာတယ်။

-အသက်လဲ ၃၃ နှစ်ရှိပြီဆိုတော့ အချစ်ရေးနဲ့ပတ်သက်ပြီး ကရော ထူးခြားမှုရှိနေပြီလား။

လောလောဆယ် ဒီနှစ်အပိုင်းအခြားအတွင်းမှာတော့ အိမ်ထောင်ပြုဖို့အစီအစဉ်မရှိသေးပါဘူး။ အိမ်ထောင်ပြုသင့်တဲ့အရွယ်ရောက်နေပြီဆိုပေမဲ့လဲ အိမ်ထောင်ပြုဖို့အစီအစဉ်မရှိသေးတဲ့အတွက် ရှိလာပြီဆိုရင် ပထမဆုံးအသိပေးမယ်။

-လက်ရှိမှာရော တစ်ယောက်တည်းပဲလား။

တစ်ယောက်တည်းပါပဲ။

-အသက် ၃၃ နှစ်ဆိုတာ မငယ်တော့ဘူးပေါ့။ အစ်ကို့ပရိသတ်တွေက တစ်ချို့ကလဲ အစ်ကို့ကိုအိမ်ထောင်ပြုစေချင်သလို တချို့ကလဲ လူပျိုကြီးလုပ်စေချင်ကြတယ်။ အစ်ကိုကရော အဲ့ဒီနှစ်ခုထဲမှာ ဘယ်ဖက်ကို ပိုအားသာနေလဲ။

ကျွန်တော်ကယူမှာပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က ၂၂ လောက်ကတည်းကလိုချင်နေတာပါ။ မရသေးတာပါ။ ရည်းစားမထားဖြစ်သေးဘူးဆိုတာကလဲ မလိုတာကိုလုပ်ဖို့အချိန်မရှိဘူးပေါ့။ ကြီးကြီးကျယ်ကျယ်ပြောတာတော့မဟုတ်ဘူး။ ကျွန်တော့်အရွယ်က အချစ်ကို တကူးတကလိုက်ရှာနေရမဲ့အရွယ်လဲ မဟုတ်ဘူး။ ဆိုလိုချင်တာက အချိန်တန်ရင် ကျွန်တော့်ဘဝတစ်လျှောက်လုံးကို အနွံတာခံမဲ့သူ ကျွန်တော့်နားကိုရောက်လာလိမ့်မယ်။ ရောက်လာမယ်။ မရောက်လာဘူးဆိုတာကလဲ ကံပေါ့လေ။ ၂၂ နှစ်ကတည်းကအိမ်ထောင်ပြုချင်တယ်။ ဒါပေမဲ့အဆင်မပြေခဲ့ဘူး။ ဖူးစာလဲမတွေ့ခဲ့ဘူးဆိုတော့ ဘယ်လိုလဲတော့မသိဘူး။ ဒါပေမဲ့ကျွန်တော့်ရည်းမှန်းချက်ကတော့ မိန်းမယူမယ်။ အိမ်ထောင်ပြုပါမယ်။

-အချစ်ပေါ်သဘောထားတဲ့ ခံစားချက်က ငယ်ငယ်တုန်းကနဲ့တော့ဘယ်တူတော့မလဲနော်။

တအားကြီးတွေပူလောင်တာတွေ၊ ပျော်ရွှင်တာတွေကိုမလိုချင်တော့ဘူး။ ပျော်စရာရှိရင်ပူစရာလဲလာမှာဆိုတော့ ဒီအလုပ်ထဲမှာတင်စိတ်ကိုထည့်ထားတာ တိုင်ပတ်နေတာဆိုတော့ မနိုင်ပဲပဲကြီးဟင်းမစားချင်တော့ပါဘူး။

-၂၀၁၇ မှာစလုပ်မဲ့ အနုပညာအလုပ်ကရော ဘာများဖြစ်မလဲ။

၁ ရက်နေ့ကန်တော့ပွဲရှိတယ်။ အထိအတွေ့ဆိုတဲ့ကားကြီးပေါ့။ ဒါရိုက်တာကိုစတီးလ် ( ဒွေးမေတ္တာ ) ရိုက်မှာပါ။ ကျွန်တော်ရယ်၊ အိချောပိုရယ်၊ ကိုနေမျိုးအောင်ရယ်ပါပါမယ်။

-အကယ်ဒမီအတွက်ဆုတောင်းပေးနေကြတဲ့အစ်ကို့ပရိသတ်တွေကိုရော ဘာများပြောပေးချင်သေးလဲ။

တကယ်ကိုလှိုက်လှိုက်လှဲလှဲ ရင်ထဲကနေ ကျွန်တော့ကိုချစ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ ကျွန်တော်နောက်နှစ်ပေါင်းများစွာလဲအမြဲတမ်းကြိုးစားနေပါ့မယ်။


Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top