iMyanmarHouse.com - Best Property Website for Myanmar
×

ေႏြရာသီ၏ပူျပင္းလွေသာ ေန႔တစ္ေန႔တြင္ ကြ်ႏ္ုပ္သည္ အခန္းတြင္ တစ္ေယာက္တည္းထိုင္၍ စာအုပ္ တစ္အုပ္ကို ဖတ္ေနမိ၏။ ထိုစာအုပ္၏ အမည္မွာ (SARIRAKA SASTRA) ေခၚ ဆာရီ ေရခါသွ်တၱရ ဟုအမည္ရေလ၏။ ထိုစာအုပ္မွာ အဘမင္းသိခၤ၏ မရမ္းတလင္းလကၡဏာ အႏွစ္ သာရမ်ားကို ပံုႏွင့္တကြေဖာ္ျပထား ေလ၏။ လူသားတို႔၏ လက္ဖ၀ါးျပင္တြင္ အင္မတန္ ေသးငယ္ေသာ ဘ၀အေျပာင္းအလဲမ်ားကို ျဖစ္ေပၚ ေစေသာ လကၡဏာအမွတ္ သားမ်ားကို ေဖာ္ျပထား ေသာ စာအုပ္ျဖစ္ေလ၏။

ထိုစာအုပ္ထဲတြင္ လကၡဏာပံုမ်ားကို လက္ယာဘက္၊လက္ ၀ဲဘက္ႏွင့္ လက္ေခ်ာင္းေလးမ်ားတြင္ ေပၚေပါက္ ေနေသာ သေကၤတစသည္ျဖင့္ အေသးစိပ္ေဖာ္ျပထားေလ၏။ ထိုစာအုပ္ကို ဖတ္ရင္းႏွင့္ လကၡဏာပညာ၏ ေလးနက္ပံု၊ အေသးစိပ္ပံု၊ နက္႐ိႈင္းပံု၊ က်ယ္၀န္းပံုတို႔ကို သိခြင့္ရေလေတာ့၏။

ထိုအခ်ိန္တြင္ ကြ်ႏ္ုပ္၏အခန္းထဲသို႔ အသက္အားျဖင့္ (၄၅) ႏွစ္ခန္႔ရွိေသာ အမ်ိဳးသမီးတစ္ဦး ၀င္ေရာက္ လာေလ၏။ထို႔ေနာက္ ၎အမ်ိဳးသမီးက ကြ်န္ုပ္အား ေအာက္ပါအတိုင္း ေျပာျပေလ၏။ ေဗဒင္ကို ကိုယ္စား ေမးခ်င္လို႔ပါဆရာ။ ကြ်န္မအတြက္ ေမးမွာမဟုတ္ပါဘူး။ သားအတြက္ေမးမွာပါ။ ၿပီးေတာ့ အကူအညီေလးပါ ေတာင္းပါရေစဟု ေျပာေလ၏။

ကြ်န္မရဲ့ သားေလးကို ကူညီေပးေစခ်င္ပါတယ္။ သူက အသက္(၁၈)-ႏွစ္ရွိပါၿပီ။ အိမ္ ေထာင္မရွိေသးပါဘူး။ လူပ်ိဳလူလြတ္ ပါ။ အခု သူက မိန္းမတစ္ေယာက္ကို ႀကိဳက္ေနပါတယ္။ ကြ်န္မ သေဘာမတူႏိုင္ပါဘူးဆရာ။ ဘာေၾကာင့္လည္းဆိုေတာ့မေကာင္းတဲ့ မိန္းကေလးျဖစ္ေနလို႔ပါ။ လင္ေတြဆိုတာလည္း တစ္ေယာက္ၿပီးတစ္ ေယာက္ယူေနတာ အခု ဘယ္ႏွစ္ေယာက္ရွိေနၿပီလဲ။ မေကာင္းတာေတာင္ လုပ္စားေနတယ္လို႔ ေျပာၾက တာပဲ။ အသက္ ဆိုရင္လည္း ကြ်န္မသားနဲ႔က အေမနဲ႔ သားေလာက္ကိုရွိပါတယ္။

အဲဒါကို ကြ်န္မသားေလးကို ေျပာျပတယ္။ လံုး၀ကိုေျပာလို႔မရဘူး။ အခု အေမကိုေတာင္ ျပန္ၿပီး ရန္လုပ္ ေနတယ္။ ျပန္ေအာ္ေနၿပီဆရာရယ္။ အဲဒီအတြက္ အရမ္း စိတ္ဆင္းရဲေနရပါတယ္။ အဲဒါ ကြ်န္မသားေလး အဲဒီ မေကာင္းတဲ့မိန္ကေလးကို မစြဲလမ္းေအာင္ သူ႕ရင္ထဲမွာ အဲဒီမိန္းကေလးကို အေၾကာင္းျပဳၿပီး ျဖစ္ေပၚေနတဲ့ ဒီစိတ္ေသာကေတြ အားလံုးကို ေအးခ်မ္းသြားေအာင္ ကူညီေပးပါဟု ေျပာေလ၏။ ကြ်ႏ္ုပ္လည္း ဘ၀၏မီးေတာက္မီးလွ်ံမ်ားကို ၿငိမ္းေအးေစေသာကိစၥမ်ားတြင္ အသံုးျပဳရေသာ အင္းစမေတာ္ႀကီးကို မႈိင္းကိုင္စကၠဴတြင္ ေအာက္ပါအတိုင္း ေရးစြဲကာ အသင့္ေဆာင္ထားေသာ ေဆးဖေယာင္းမ်ားကို က်ိဳခ်က္၍ အင္းဖေယာင္းတိုင္ စီရင္ေပးလိုက္ေလ၏။


ထိုစမေတာ္ကို ကြ်ႏ္ုပ္တို႔၏ အဘမင္းသိခၤက ေနသူရိန္ဟု အမည္ေပးထား၏။ ထိုစမေတာ္သည္ ဘ၀၏မီးေတာက္မီးလွ်ံမ်ား တဏွာရမက္၊အမ်က္ေဒါသစသည္တို႔ကို ထိမ္းခ်ဳပ္ရေသာအခါ၌ အသံုးျပဳရေသာ အင္းစမေတာ္ျဖစ္ေလသည္။

ထိုအမ်ိဳးသမီးသည္ကြ်ႏ္ုပ္စီရင္ေပးလိုက္ေသာထိုအင္းဖ ေယာင္းတိုင္ကိုသူ႕သား၏အိပ္ယာေခါင္းရင္းတြင္ ထြန္း၍ ဆုေတာင္းသည့္ေနာက္ပိုင္းတြင္ သူ၏သားျဖစ္သူ၏ရင္ထဲတြင္ ျဖစ္ေပၚေနေသာပူေလာင္ေသာ
 စိတ္မ်ား၊မေကာင္းေသာ စိတ္မ်ားသည္ အံ့ၾသဖြယ္ေျပေပ်ာက္၍ ၿငိမ္းေအးသြားသည္ဟူ၏။

ထို႔ေၾကာင့္ ကြ်ႏ္ုပ္၏မိတ္ေဆြမ်ားလည္း ဤကဲ့သို႔အခက္အခဲမ်ား မိမိတို႔၏မိသားစု သို႔မဟုတ္ ပတ္၀န္း က်င္တြင္ႀကံဳေတြရပါကအထက္ပါအင္းစမေတာ္ကိုမိတၱဴကူးယူ၍ယံုၾကည္စြာ ေဆာင္ရြက္ႏိုင္ပါေၾကာင္း…..

Credit:Hein Tint Zaw
 ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Verison

နွေရာသီ၏ပူပြင်းလှသော နေ့တစ်နေ့တွင် ကျွန်ုပ်သည် အခန်းတွင် တစ်ယောက်တည်းထိုင်၍ စာအုပ် တစ်အုပ်ကို ဖတ်နေမိ၏။ ထိုစာအုပ်၏ အမည်မှာ (SARIRAKA SASTRA) ခေါ် ဆာရီ ရေခါသျှတ္တရ ဟုအမည်ရလေ၏။ ထိုစာအုပ်မှာ အဘမင်းသိင်္ခ၏ မရမ်းတလင်းလက္ခဏာ အနှစ် သာရများကို ပုံနှင့်တကွဖော်ပြထား လေ၏။ လူသားတို့၏ လက်ဖဝါးပြင်တွင် အင်မတန် သေးငယ်သော ဘဝအပြောင်းအလဲများကို ဖြစ်ပေါ် စေသော လက္ခဏာအမှတ် သားများကို ဖော်ပြထား သော စာအုပ်ဖြစ်လေ၏။

ထိုစာအုပ်ထဲတွင် လက္ခဏာပုံများကို လက်ယာဘက်၊လက် ဝဲဘက်နှင့် လက်ချောင်းလေးများတွင် ပေါ်ပေါက် နေသော သင်္ကေတစသည်ဖြင့် အသေးစိပ်ဖော်ပြထားလေ၏။ ထိုစာအုပ်ကို ဖတ်ရင်းနှင့် လက္ခဏာပညာ၏ လေးနက်ပုံ၊ အသေးစိပ်ပုံ၊ နက်ရှိုင်းပုံ၊ ကျယ်ဝန်းပုံတို့ကို သိခွင့်ရလေတော့၏။

ထိုအချိန်တွင် ကျွန်ုပ်၏အခန်းထဲသို့ အသက်အားဖြင့် (၄၅) နှစ်ခန့်ရှိသော အမျိုးသမီးတစ်ဦး ဝင်ရောက် လာလေ၏။ထို့နောက် ၎င်းအမျိုးသမီးက ကျွန်ုပ်အား အောက်ပါအတိုင်း ပြောပြလေ၏။ ဗေဒင်ကို ကိုယ်စား မေးချင်လို့ပါဆရာ။ ကျွန်မအတွက် မေးမှာမဟုတ်ပါဘူး။ သားအတွက်မေးမှာပါ။ ပြီးတော့ အကူအညီလေးပါ တောင်းပါရစေဟု ပြောလေ၏။

ကျွန်မရဲ့ သားလေးကို ကူညီပေးစေချင်ပါတယ်။ သူက အသက်(၁၈)-နှစ်ရှိပါပြီ။ အိမ် ထောင်မရှိသေးပါဘူး။ လူပျိုလူလွတ် ပါ။ အခု သူက မိန်းမတစ်ယောက်ကို ကြိုက်နေပါတယ်။ ကျွန်မ သဘောမတူနိုင်ပါဘူးဆရာ။ ဘာကြောင့်လည်းဆိုတော့မကောင်းတဲ့ မိန်းကလေးဖြစ်နေလို့ပါ။ လင်တွေဆိုတာလည်း တစ်ယောက်ပြီးတစ် ယောက်ယူနေတာ အခု ဘယ်နှစ်ယောက်ရှိနေပြီလဲ။ မကောင်းတာတောင် လုပ်စားနေတယ်လို့ ပြောကြ တာပဲ။ အသက် ဆိုရင်လည်း ကျွန်မသားနဲ့က အမေနဲ့ သားလောက်ကိုရှိပါတယ်။

အဲဒါကို ကျွန်မသားလေးကို ပြောပြတယ်။ လုံးဝကိုပြောလို့မရဘူး။ အခု အမေကိုတောင် ပြန်ပြီး ရန်လုပ် နေတယ်။ ပြန်အော်နေပြီဆရာရယ်။ အဲဒီအတွက် အရမ်း စိတ်ဆင်းရဲနေရပါတယ်။ အဲဒါ ကျွန်မသားလေး အဲဒီ မကောင်းတဲ့မိန်ကလေးကို မစွဲလမ်းအောင် သူ့ရင်ထဲမှာ အဲဒီမိန်းကလေးကို အကြောင်းပြုပြီး ဖြစ်ပေါ်နေတဲ့ ဒီစိတ်သောကတွေ အားလုံးကို အေးချမ်းသွားအောင် ကူညီပေးပါဟု ပြောလေ၏။ ကျွန်ုပ်လည်း ဘဝ၏မီးတောက်မီးလျှံများကို ငြိမ်းအေးစေသောကိစ္စများတွင် အသုံးပြုရသော အင်းစမတော်ကြီးကို မှိုင်းကိုင်စက္ကူတွင် အောက်ပါအတိုင်း ရေးစွဲကာ အသင့်ဆောင်ထားသော ဆေးဖယောင်းများကို ကျိုချက်၍ အင်းဖယောင်းတိုင် စီရင်ပေးလိုက်လေ၏။


ထိုစမတော်ကို ကျွန်ုပ်တို့၏ အဘမင်းသိင်္ခက နေသူရိန်ဟု အမည်ပေးထား၏။ ထိုစမတော်သည် ဘဝ၏မီးတောက်မီးလျှံများ တဏှာရမက်၊အမျက်ဒေါသစသည်တို့ကို ထိမ်းချုပ်ရသောအခါ၌ အသုံးပြုရသော အင်းစမတော်ဖြစ်လေသည်။

ထိုအမျိုးသမီးသည်ကျွန်ုပ်စီရင်ပေးလိုက်သောထိုအင်းဖ ယောင်းတိုင်ကိုသူ့သား၏အိပ်ယာခေါင်းရင်းတွင် ထွန်း၍ ဆုတောင်းသည့်နောက်ပိုင်းတွင် သူ၏သားဖြစ်သူ၏ရင်ထဲတွင် ဖြစ်ပေါ်နေသောပူလောင်သော
 စိတ်များ၊မကောင်းသော စိတ်များသည် အံ့သြဖွယ်ပြေပျောက်၍ ငြိမ်းအေးသွားသည်ဟူ၏။

ထို့ကြောင့် ကျွန်ုပ်၏မိတ်ဆွေများလည်း ဤကဲ့သို့အခက်အခဲများ မိမိတို့၏မိသားစု သို့မဟုတ် ပတ်ဝန်း ကျင်တွင်ကြုံတွေရပါကအထက်ပါအင်းစမတော်ကိုမိတ္တူကူးယူ၍ယုံကြည်စွာ ဆောင်ရွက်နိုင်ပါကြောင်း…..


Credit:Hein Tint Zaw

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top