iMyanmarHouse.com - Best Property Website for Myanmar
×

သခြားေမႊးသီးဟာ သစ္သီးေတြ အားလံုးအနက္ ဗီတာမင္ေအ အမ်ားဆံုးပါဝင္တဲ့ သစ္သီးျဖစ္ပါတယ္။ သခြားေမႊးသီး တစ္ခြက္ (၁၇၇ဂရမ္) မွာ ဗီတာမင္ေအ (အဓိကအားျဖင့္ ဘီတာကယ္႐ိုတင္း ပံုစံနဲ႔) ၅၉၈၇ အိုင္ယူ ပါဝင္ပါတယ္။

(၁) အသားအေရကို က်န္းမာလွပေစပါတယ္

ဗီတာမင္ေအ ပါဝင္မႈ မ်ားလြန္းတာေၾကာင့္ လြန္ကဲစြာ မစားသင့္ေပမယ့္ သခြားေမႊးသီး အသင့္အတင့္ စားေပးတာေၾကာင့္ ရရွိတဲ့ အာဟာရဓာတ္ေတြက အႏၲရာယ္ကင္းပါတယ္။ ၿပီးရင္ ဝက္ၿခံနဲ႔ အေရးေၾကာင္းေတြကို သက္သာေစပါတယ္။ သခြားေမႊးသီးကို တစ္ခြက္စာ ပမာဏ စား႐ံုနဲ႔ တစ္ေန႔တာ မွီဝဲသင့္တဲ့ ဗီတာမင္ေအ ပမာဏရဲ႕ ၁၀၀ ရာခိုင္ႏႈန္းေက်ာ္ ရရွိႏိုင္ပါတယ္။ (ဗီတာမင္ေအ ၁၂၀ ရာခိုင္ႏႈန္း ပါဝင္ပါတယ္။)(၂) အျမင္အာ႐ံုကို ေကာင္းေစပါတယ္္္

ဗီတာမင္ေအက အျမင္အာ႐ံုကို ထိန္းေပးၿပီး အျမင္အာ႐ံုကို ေကာင္းမြန္ေစပါတယ္။

(၃) ကူးစက္ပိုးေတြကို တြန္းလွန္ႏိုင္ပါတယ္

သခြားေမႊးသီးကို ေဖ်ာ္ရည္ေဖ်ာ္တိုက္ေပးရင္ ကေလးေတြရဲ႕ ကိုယ္ခံစြမ္းအားစနစ္ကို အားေကာင္းေစၿပီး ဗိုင္းရပ္စ္ေတြကို တြန္းလွန္ေပးတာေၾကာင့္ နာမက်န္းမႈကို မျဖစ္ေစႏိုင္ပါဘူး။ သခြားေမႊးသီးမွာ ဗီတာမင္စီ ၁၀၈ ရာခိုင္ႏႈန္း ပါဝင္ပါတယ္။

(၄) သြားေတြနဲ႔ သြားဖံုးေတြကို က်န္းမာေစပါတယ္

သြားနဲ႔တာနဲ႔ သြားဖံုးမွ ေသြးထြက္တာက ခႏၶာကိုယ္ထဲမွာ ဗီတာမင္စီ ခ်ဳိ႕တဲ့ေနေၾကာင္း ျပသေနပါတယ္။ သခြားေမႊးသီးလို ဗီတာမင္စီ ေပါမ်ားတဲ့ သစ္သီးကို စားေပးတာေၾကာင့္ အၿပံဳးလွလွ ၿပံဳးႏိုင္ေစပါတယ္။

(၅) ေသြးအားနည္းျခင္း မျဖစ္ေအာင္ ကာကြယ္ေပးပါတယ္

ခႏၶာကိုယ္ထဲမွာ ေဖာလိတ္ဓာတ္နဲ႔ ဗီတာမင္ B12 တို႔ ခ်ဳိ႕တဲ့မႈေၾကာင့္ ေသြးအားနည္းေရာဂါ ရတတ္ပါတယ္။ ေဖာလိတ္ဓာတ္ ခ်ဳိ႕တဲ့မႈေၾကာင့္ ေသြးနီဥေတြက ပံုမွန္ အရြယ္အစားထက္ ပိုမိုႀကီးမားလာပါတယ္။ သခြားေမႊးသီးမွာ ဗီတာမင္ေက၊ ဗီတာမင္ B6 ၊ ႏိုင္ယာစင္၊ အမွ်င္ဓာတ္၊ မဂၢနီဆီယမ္နဲ႔ သိုင္ယာမင္းဓာတ္တို႔ မ်ားစြာ ပါဝင္ေနပါတယ္။

(၆) အနာကို ခပ္ျမန္ျမန္ က်က္ေစပါတယ္

ဗီတာမင္စီဟာ အႏၲရာယ္အကင္းဆံုးနဲ႔ အထိေရာက္ဆံုး အာဟာရဓာတ္တစ္မ်ဳိး ျဖစ္ပါတယ္။ သခြားေမႊးသီးမွာ ဗီတာမင္စီ မ်ားစြာ ပါဝင္တာေၾကာင့္ သခြားေမႊးသီးကို စားေပးရင္ ေကာ္လာဂ်င္ ျဖစ္ေပၚမႈ မ်ားေစၿပီး အေရျပားနဲ႔ အမာရြတ္တစ္သွ်ဴးေတြကို အားေကာင္းေစပါတယ္။

(၇) ေသြးဖိအားကို ေလ်ာ့က်ေစပါတယ္

သခြားေမႊးသီးမွာ ပါတဲ့ ပိုတက္စီယမ္က ငွက္ေပ်ာသီးမွာပါတဲ့ ပိုတက္စီယမ္နီးပါး ရွိပါတယ္။ ပိုတက္စီယမ္ ၁၄ ရာခိုင္ႏႈန္း ပါဝင္တဲ့ သခြားေမႊးသီးကို စားေပးရင္ ခႏၶာကိုယ္တြင္းက ဆိုဒီယမ္ဓာတ္ကို ေလ်ာ့က်ေစၿပီး ေသြးတိုးေရာဂါကို ေလွ်ာ့ခ်ႏိုင္ပါတယ္။

(၈) ေျခေထာက္ႂကြက္တက္တာကို ကာကြယ္ေပးပါတယ္

သခြားေမႊးသီးမွာပါတဲ့ ပိုတက္စီယမ္ဟာ ႂကြက္သားနဲ႔ နာ့ဗ္ေၾကာေတြကို အားေကာင္းေစပါတယ္။ ပိုတက္စီယမ္ဓာတ္ ခ်ဳိ႕တဲ့ရင္ ႂကြက္သား အားနည္းမႈနဲ႔ ႂကြက္တက္မႈတို႔ကို ျဖစ္ေစႏိုင္ပါတယ္။

(၉) မ်ဳိးေအာင္မႈကို အားေကာင္းေစပါတယ္

ကေလးရဖို႔ ႀကိဳးစားေနသလား။ သခြားေမႊးသီးဟာ ေဖာလိတ္ဓာတ္ အမ်ားဆံုး ပါဝင္တဲ့ သစ္သီးတစ္မ်ဳိး ျဖစ္တယ္ဆိုတာ မေမ့ပါနဲ႔။ ေဖာလစ္အက္စစ္လို႔ေခၚတဲ့ ေဖာလိတ္ဓာတ္ဟာ ကိုယ္ဝန္ေဆာင္ခ်ိန္အတြက္ အေရးပါပါတယ္။ အထူးသျဖင့္ ေမြးလာတဲ့ ကေလးေတြမွာ နာ့ဗ္ေၾကာစနစ္ ျပႆနာေတြ ေလ်ာ့က်ေစပါတယ္။

(၁၀) ဆီးလမ္းေၾကာင္း ပိုးဝင္မႈ မျဖစ္ေအာင္ ကာကြယ္ေပးပါတယ္

သခြားေမႊးသီးမွာ ေရဓာတ္ ပါဝင္မႈ ျမင့္မားတာေၾကာင့္ ခႏၶာကိုယ္တြင္း စနစ္ထဲမွ ဘက္တီးရီးယားေတြကို ဖယ္ထုတ္ႏိုင္ပါတယ္။ ဗီတာမင္စီ ပါဝင္မႈ ျမင့္မားတာေၾကာင့္ ဆီးထဲက အက္စစ္အဆင့္ကို တိုးေစၿပီး ဆီးလမ္းေၾကာင္းရွိ ပိုးမႊားေတြကို ေလ်ာ့က်ေစပါတယ္။

Credit :  Good Health

 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

သခွားမွှေးသီးဟာ သစ်သီးတွေ အားလုံးအနက် ဗီတာမင်အေ အများဆုံးပါဝင်တဲ့ သစ်သီးဖြစ်ပါတယ်။ သခွားမွှေးသီး တစ်ခွက် (၁၇၇ဂရမ်) မှာ ဗီတာမင်အေ (အဓိကအားဖြင့် ဘီတာကယ်ရိုတင်း ပုံစံနဲ့) ၅၉၈၇ အိုင်ယူ ပါဝင်ပါတယ်။

(၁) အသားအရေကို ကျန်းမာလှပစေပါတယ်

ဗီတာမင်အေ ပါဝင်မှု များလွန်းတာကြောင့် လွန်ကဲစွာ မစားသင့်ပေမယ့် သခွားမွှေးသီး အသင့်အတင့် စားပေးတာကြောင့် ရရှိတဲ့ အာဟာရဓာတ်တွေက အန္တရာယ်ကင်းပါတယ်။ ပြီးရင် ဝက်ခြံနဲ့ အရေးကြောင်းတွေကို သက်သာစေပါတယ်။ သခွားမွှေးသီးကို တစ်ခွက်စာ ပမာဏ စားရုံနဲ့ တစ်နေ့တာ မှီဝဲသင့်တဲ့ ဗီတာမင်အေ ပမာဏရဲ့ ၁၀၀ ရာခိုင်နှုန်းကျော် ရရှိနိုင်ပါတယ်။ (ဗီတာမင်အေ ၁၂၀ ရာခိုင်နှုန်း ပါဝင်ပါတယ်။)(၂) အမြင်အာရုံကို ကောင်းစေပါတယ်

ဗီတာမင်အေက အမြင်အာရုံကို ထိန်းပေးပြီး အမြင်အာရုံကို ကောင်းမွန်စေပါတယ်။

(၃) ကူးစက်ပိုးတွေကို တွန်းလှန်နိုင်ပါတယ်

သခွားမွှေးသီးကို ဖျော်ရည်ဖျော်တိုက်ပေးရင် ကလေးတွေရဲ့ ကိုယ်ခံစွမ်းအားစနစ်ကို အားကောင်းစေပြီး ဗိုင်းရပ်စ်တွေကို တွန်းလှန်ပေးတာကြောင့် နာမကျန်းမှုကို မဖြစ်စေနိုင်ပါဘူး။ သခွားမွှေးသီးမှာ ဗီတာမင်စီ ၁၀၈ ရာခိုင်နှုန်း ပါဝင်ပါတယ်။

(၄) သွားတွေနဲ့ သွားဖုံးတွေကို ကျန်းမာစေပါတယ်

သွားနဲ့တာနဲ့ သွားဖုံးမှ သွေးထွက်တာက ခန္ဓာကိုယ်ထဲမှာ ဗီတာမင်စီ ချို့တဲ့နေကြောင်း ပြသနေပါတယ်။ သခွားမွှေးသီးလို ဗီတာမင်စီ ပေါများတဲ့ သစ်သီးကို စားပေးတာကြောင့် အပြုံးလှလှ ပြုံးနိုင်စေပါတယ်။

(၅) သွေးအားနည်းခြင်း မဖြစ်အောင် ကာကွယ်ပေးပါတယ်

ခန္ဓာကိုယ်ထဲမှာ ဖောလိတ်ဓာတ်နဲ့ ဗီတာမင် B12 တို့ ချို့တဲ့မှုကြောင့် သွေးအားနည်းရောဂါ ရတတ်ပါတယ်။ ဖောလိတ်ဓာတ် ချို့တဲ့မှုကြောင့် သွေးနီဥတွေက ပုံမှန် အရွယ်အစားထက် ပိုမိုကြီးမားလာပါတယ်။ သခွားမွှေးသီးမှာ ဗီတာမင်ကေ၊ ဗီတာမင် B6 ၊ နိုင်ယာစင်၊ အမျှင်ဓာတ်၊ မဂ္ဂနီဆီယမ်နဲ့ သိုင်ယာမင်းဓာတ်တို့ များစွာ ပါဝင်နေပါတယ်။

(၆) အနာကို ခပ်မြန်မြန် ကျက်စေပါတယ်

ဗီတာမင်စီဟာ အန္တရာယ်အကင်းဆုံးနဲ့ အထိရောက်ဆုံး အာဟာရဓာတ်တစ်မျိုး ဖြစ်ပါတယ်။ သခွားမွှေးသီးမှာ ဗီတာမင်စီ များစွာ ပါဝင်တာကြောင့် သခွားမွှေးသီးကို စားပေးရင် ကော်လာဂျင် ဖြစ်ပေါ်မှု များစေပြီး အရေပြားနဲ့ အမာရွတ်တစ်သျှူးတွေကို အားကောင်းစေပါတယ်။

(၇) သွေးဖိအားကို လျော့ကျစေပါတယ်

သခွားမွှေးသီးမှာ ပါတဲ့ ပိုတက်စီယမ်က ငှက်ပျောသီးမှာပါတဲ့ ပိုတက်စီယမ်နီးပါး ရှိပါတယ်။ ပိုတက်စီယမ် ၁၄ ရာခိုင်နှုန်း ပါဝင်တဲ့ သခွားမွှေးသီးကို စားပေးရင် ခန္ဓာကိုယ်တွင်းက ဆိုဒီယမ်ဓာတ်ကို လျော့ကျစေပြီး သွေးတိုးရောဂါကို လျှော့ချနိုင်ပါတယ်။

(၈) ခြေထောက်ကြွက်တက်တာကို ကာကွယ်ပေးပါတယ်

သခွားမွှေးသီးမှာပါတဲ့ ပိုတက်စီယမ်ဟာ ကြွက်သားနဲ့ နာ့ဗ်ကြောတွေကို အားကောင်းစေပါတယ်။ ပိုတက်စီယမ်ဓာတ် ချို့တဲ့ရင် ကြွက်သား အားနည်းမှုနဲ့ ကြွက်တက်မှုတို့ကို ဖြစ်စေနိုင်ပါတယ်။

(၉) မျိုးအောင်မှုကို အားကောင်းစေပါတယ်

ကလေးရဖို့ ကြိုးစားနေသလား။ သခွားမွှေးသီးဟာ ဖောလိတ်ဓာတ် အများဆုံး ပါဝင်တဲ့ သစ်သီးတစ်မျိုး ဖြစ်တယ်ဆိုတာ မမေ့ပါနဲ့။ ဖောလစ်အက်စစ်လို့ခေါ်တဲ့ ဖောလိတ်ဓာတ်ဟာ ကိုယ်ဝန်ဆောင်ချိန်အတွက် အရေးပါပါတယ်။ အထူးသဖြင့် မွေးလာတဲ့ ကလေးတွေမှာ နာ့ဗ်ကြောစနစ် ပြဿနာတွေ လျော့ကျစေပါတယ်။

(၁၀) ဆီးလမ်းကြောင်း ပိုးဝင်မှု မဖြစ်အောင် ကာကွယ်ပေးပါတယ်

သခွားမွှေးသီးမှာ ရေဓာတ် ပါဝင်မှု မြင့်မားတာကြောင့် ခန္ဓာကိုယ်တွင်း စနစ်ထဲမှ ဘက်တီးရီးယားတွေကို ဖယ်ထုတ်နိုင်ပါတယ်။ ဗီတာမင်စီ ပါဝင်မှု မြင့်မားတာကြောင့် ဆီးထဲက အက်စစ်အဆင့်ကို တိုးစေပြီး ဆီးလမ်းကြောင်းရှိ ပိုးမွှားတွေကို လျော့ကျစေပါတယ်။


Credit :  Good Health



 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top