iMyanmarHouse.com - Myanmar's No. 1 Property Website
×

ကြ်န္မခင္ပြန္းဟာ အင္ဂ်င္နီယာတစ္ေယာက္ပါ။ သိပ္ကုိ ေအးေဆးတည္ၿငိမ္ၿပီး အစစအရာရာသည္းခံတတ္သူပါပဲ။
အိမ္ေထာင္သက္ ၃ ႏွစ္ၾကာၿပီးတဲ့ေနာက္ သူ႕ရဲ႕တည္ၿငိမ္မႈေတြကို ကြ်န္မ ၿငီးေငြ႕လာခဲ့ပါတယ္။ သူဟာ ေအးေဆးရံုမက ေအးစက္လြန္းတယ္လုိ႔ ထင္လာတယ္။ အရင္က သူ႔ကိုခ်စ္ခဲ့တဲ့စိတ္ေတြေနရာမွာ စိတ္ပ်က္မႈေတြပဲ အစားထုိးဝင္ေရာက္လာခဲ့ပါတယ္။
ကြ်န္မကို ခံစားခ်က္ေတြ အသားေပးလြန္းသူလုိ႔ ဆုိခ်င္ဆုိၾကပါေတာ့။ ေအးစက္စက္အခ်စ္မ်ိဳးကို ကြ်န္မ မလုိခ်င္ဘူး။ ရင္ခုန္စိတ္လွဳပ္ရွားရတာကို လုိခ်င္တယ္။ လိႈက္ဖုိေႏြးေထြးတဲ့အခုိက္အတန္႔ေတြကို လိုခ်င္တယ္။ သူက ကြ်န္မလုိခ်င္တာကို မေပးစြမ္းႏိုင္ဘူး။ အိမ္ထာင္တစ္ခုမွာ ရင္ခုန္စရာမရွိေတာ့ရင္ ဘာအဓိပၸါယ္မွ မရွိေတာ့ဘူးလို႔ ကြ်န္မယူဆတယ္။
ဒါနဲ႔ ေနာက္ဆံုးမွာ ကြ်န္မ သူ႔ကို ေျပာလိုက္တယ္။ လမ္းခြဲၾကပါစို႔လို႔။
သူက အံ့ၾသတႀကီး ေမးတယ္။ ဘာျဖစ္လုိ႔လဲတဲ့။
“ဒီအိမ္ေထာင္ေရးကို ကြ်န္မ စိတ္ကုန္ေနၿပီ။ သည္းခံစရာအေၾကာင္း မရွိေတာ့ဘူး” လို႔ ကြ်န္မေျဖလုိက္တယ္။
သူက ဘာမွျပန္မေျပာေတာ့ဘူး။ တစ္ညလံုး အေတြးေတြနက္ေနဟန္နဲ႔ စီးကရက္ တဖြာၿပီး တဖြာရိႈက္ရင္း ႏႈတ္ဆိတ္သြားေတာ့တယ္။ သူ႔အေပၚ ကြ်န္မ စိတ္ကုန္တာကေတာ့ ပိုတုိးလာတယ္။ ကုိယ္႔အက်ပ္အတည္းကိုေတာင္ ထုတ္မေျပာတတ္တဲ့ လူတစ္ေယာက္ဆီကေန ဘာမ်ား ေမွ်ာ္လင့္လုိ႔ ရဦးမွာလဲရွင္။ ေနာက္ဆံုးမွာေတာ့ သူက ေမးတယ္။ မင္းစိတ္ေျပာင္းသြားေအာင္ ကို ဘာလုပ္ေပးရမလဲ တဲ့။
လူတစ္ေယာက္က အဲသည္လုိ ေမးလာခဲ့ရင္ သူ႔အက်င့္စရုိက္ကို လြယ္လြယ္ေျပာင္းလဲႏိုင္မယ္လုိ႔ ထင္လား။ ကြ်န္မကေတာ့ သူ႔ကို မယံုေတာ့ပါဘူး။ ဒါနဲ႔ သူ႔မ်က္လံုးေတြထဲကို စူးစုိက္ၾကည့္ၿပီး ကြ်န္မ တစ္လံုးခ်င္းေျပာလိုက္တယ္။ “ဒါဆုိ ရွင့္ကို တစ္ခုေျပာမယ္။ ကြ်န္မနွလံုးသားကို နားလည္ၿပီး ေက်နပ္ႏွစ္သိမ့္ေအာင္ လုပ္ေပးႏိုင္ရင္ ကြ်န္မ စိတ္ေျပာင္းမယ္။ ကြ်န္မက ေတာင္ထိပ္ေပၚက ပန္းတစ္ပြင့္ကို လုိခ်င္တယ္ဆုိရင္ ရွင့္အသက္အေသခံၿပီး အဲဒီပန္းကို ရွင္ခူးေပးမလား” လုိ႔။
သူက ေျပာတယ္။ “မင္းကို မနက္ျဖန္က်ရင္ အေျဖေပးပါ့မယ္” တဲ့။ သူ႔စကားကို ၾကားၿပီး ကြ်န္မ ေမွ်ာ္လင့္ခ်က္ေတြလည္း ဆိတ္သုန္းသြားေတာ့တယ္။
ေနာက္ေန႔မနက္ ကြ်န္မ အိပ္ရာႏိုးေတာ့ သူထြက္သြားၿပီ။ ဖန္ခြက္ေအာက္မွာ စာတစ္ေစာင္ ထားခဲ့တယ္။ “အခ်စ္ေရ။ မင္းလုိခ်င္တဲ့ပန္းကို ကုိယ္မခူးေပးႏိုင္ပါဘူး။ မခူးေပးနိုင္တဲ့ အေၾကာင္းရင္းကို ကိုယ္ရွင္းျပပါရေစ…” ပထမဆံုးစာေၾကာင္းကို ဖတ္ၿပီး ကြ်န္မအသည္းေတြ ကြဲသြားသလို ခံစားလိုက္ရတယ္။ ကြ်န္မ စာကုိ ဆက္ဖတ္တယ္။
“မင္း အလုပ္လုပ္တဲ့အခါ ကြန္ပ်ဴတာပရုိဂရမ္ေတြနဲ႔ လံုးေထြးေနရင္း မရွင္းတတ္ေတာ့ စခရင္ေရွ႕မွာ မင္းထုိင္ငုိတယ္။အဲဒီပရုိဂရမ္ေတြကို ျပန္ရွင္းေပးဖို႔အတြက္ ကုိ႔လက္ေခ်ာင္းေတြလိုတယ္။
မင္းက အၿမဲတမ္း အိမ္မွာေသာ့ေတြ က်န္ခဲ့တယ္။ မင္းထက္အရင္ အိမ္ကို ေစာျပန္ၿပီး အိမ္တံခါးဖြင့္ထားဖုိ႔ ကုိ႔ေျခေထာက္ေတြလုိတယ္။
မင္းက ခရီးထြက္ရတာႀကိဳက္ေပမယ့္ ေနရာသစ္မွာ အၿမဲလမ္းေပ်ာက္တတ္တယ္။ မင္းကို လမ္းမွန္ျပဖုိ႔ ကုိ႔မ်က္လံုးေတြ လိုတယ္။
မင္း ရာသီလာတဲ့အခါတုိင္း အၿမဲ ဗိုက္ေအာင့္တတ္တယ္။ မင္းေက်ာကေလးကို သပ္ၿပီး မင္းနာတာေတြ ေပ်ာက္ေအာင္ လုပ္ေပးဖို႔ ကို႕လက္ဖဝါးလိုတယ္။
မင္းက အိမ္ထဲမွာ ေနရတာ ႀကိဳက္တယ္။ မင္းပ်င္းေနမွာ စိုးလို႔ ဟာသေတြ၊ ဇာတ္လမ္းေတြ ေျပာျပရေအာင္ ကို႔ပါးစပ္ လုိတယ္။
မင္းက ကြန္ပ်ဴတာကို အၿမဲၾကည့္ေနေတာ့ မ်က္လံုးေတြ ေညာင္းတယ္။ အဲဒါေၾကာင့္ ကုိ႔မ်က္လံုးေတြ လိုတယ္။ ဒါမွ တုိ႔ေတြ အသက္ႀကီးလာတဲ့အခါ မ်က္စိမေကာင္းတဲ့မင္းကို ကိုက လက္သည္းေတြညွပ္ေပးမယ္၊ ဆံပင္ျဖဴေတြ ႏႈတ္ေပးမယ္။ မင္းလက္ကေလးကို ကိုင္ၿပီး ကမ္းနားမွာ လမ္းေလွ်ာက္ၾကမယ္။ မင္းကို ပန္းေလးေတြရဲ႕အေရာင္၊ ေလျပည္ေလညွင္းနဲ႔ ကမ္းေျခရဲ႕အေရာင္ေတြကို ကိုက ေျပာျပမယ္။
သည္ေတာ့ အခ်စ္ရယ္။ ကို႔ထက္ပိုၿပီး မင္းကို ခ်စ္ႏိုင္တဲ့သူတစ္ေယာက္ မေပၚလာမခ်င္း မင္းကို အဲဒီပန္းခူးေပးၿပီး ကိုယ္မေသခ်င္ေသးပါဘူး” တဲ့။
ကြ်န္မမ်က္ရည္ေတြက စာေပၚကို ပိုးပိုးေပါက္ေပါက္က်လာၿပီး စာေပၚက မင္ေတြ ျပန္႔သြားေတာ့တယ္။ စာက မၿပီးေသးဘူး။ “အခု ကိုေရးထားတဲ့စာကို မင္းေက်နပ္ရင္ အိမ္ေရွ႕တံခါးကို ဖြင့္လိုက္ပါ။ မင္းႀကိဳက္တဲ့ ႏြားႏို႔နဲ႔ေပါင္မုန္႔ကို ကုိယ္ယူလာၿပီး အိမ္ေရွ႕မွာ ရပ္ေနတယ္” တဲ့။
ကြ်န္မလည္း တံခါးဆီ အျမန္သြားၿပီး ဖြင့္လုိက္တဲ့အခါ စိုးရိမ္ေနရွာတဲ့ သူ႔မ်က္ႏွာကို ေတြ႕လုိက္ရတယ္။ လက္ထဲမွာ ႏြားႏို္႔ပုလင္းနဲ႔ ေပါင္မုန္႔ကို တင္းတင္းဆုတ္လုိ႔။
အခုအခ်ိန္မွာေတာ့ ကြ်န္မ သိလုိက္ပါၿပီ။ ကြ်န္မကို သူခ်စ္သေလာက္ ဘယ္သူမွ မခ်စ္ႏိုင္ပါဘူး။ ကြ်န္မအတြက္ ေတာင္ထိပ္ေပၚက ပန္းက အေရးမႀကီးေတာ့ပါဘူးရွင္။

စုျပည့္စံု
(သည္စာေလးကို ဘာသာျပန္ထားတာ ေတြ႕ဖူးပါတယ္။ ဒါေပမယ့္ သိပ္ႀကိဳက္လုိ႔ ထပ္ၿပီး ဘာသာျပန္လုိက္ပါတယ္)

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : search myanmar


#Unicode Version

ကျွန်မခင်ပွန်းဟာ အင်ဂျင်နီယာတစ်ယောက်ပါ။ သိပ်ကို အေးဆေးတည်ငြိမ်ပြီး အစစအရာရာသည်းခံတတ်သူပါပဲ။
အိမ်ထောင်သက် ၃ နှစ်ကြာပြီးတဲ့နောက် သူ့ရဲ့တည်ငြိမ်မှုတွေကို ကျွန်မ ငြီးငွေ့လာခဲ့ပါတယ်။ သူဟာ အေးဆေးရုံမက အေးစက်လွန်းတယ်လို့ ထင်လာတယ်။ အရင်က သူ့ကိုချစ်ခဲ့တဲ့စိတ်တွေနေရာမှာ စိတ်ပျက်မှုတွေပဲ အစားထိုးဝင်ရောက်လာခဲ့ပါတယ်။
ကျွန်မကို ခံစားချက်တွေ အသားပေးလွန်းသူလို့ ဆိုချင်ဆိုကြပါတော့။ အေးစက်စက်အချစ်မျိုးကို ကျွန်မ မလိုချင်ဘူး။ ရင်ခုန်စိတ်လှုပ်ရှားရတာကို လိုချင်တယ်။ လှိုက်ဖိုနွေးထွေးတဲ့အခိုက်အတန့်တွေကို လိုချင်တယ်။ သူက ကျွန်မလိုချင်တာကို မပေးစွမ်းနိုင်ဘူး။ အိမ်ထာင်တစ်ခုမှာ ရင်ခုန်စရာမရှိတော့ရင် ဘာအဓိပ္ပါယ်မှ မရှိတော့ဘူးလို့ ကျွန်မယူဆတယ်။
ဒါနဲ့ နောက်ဆုံးမှာ ကျွန်မ သူ့ကို ပြောလိုက်တယ်။ လမ်းခွဲကြပါစို့လို့။
သူက အံ့သြတကြီး မေးတယ်။ ဘာဖြစ်လို့လဲတဲ့။
“ဒီအိမ်ထောင်ရေးကို ကျွန်မ စိတ်ကုန်နေပြီ။ သည်းခံစရာအကြောင်း မရှိတော့ဘူး” လို့ ကျွန်မဖြေလိုက်တယ်။
သူက ဘာမှပြန်မပြောတော့ဘူး။ တစ်ညလုံး အတွေးတွေနက်နေဟန်နဲ့ စီးကရက် တဖွာပြီး တဖွာရှိုက်ရင်း နှုတ်ဆိတ်သွားတော့တယ်။ သူ့အပေါ် ကျွန်မ စိတ်ကုန်တာကတော့ ပိုတိုးလာတယ်။ ကိုယ့်အကျပ်အတည်းကိုတောင် ထုတ်မပြောတတ်တဲ့ လူတစ်ယောက်ဆီကနေ ဘာများ မျှော်လင့်လို့ ရဦးမှာလဲရှင်။ နောက်ဆုံးမှာတော့ သူက မေးတယ်။ မင်းစိတ်ပြောင်းသွားအောင် ကို ဘာလုပ်ပေးရမလဲ တဲ့။
လူတစ်ယောက်က အဲသည်လို မေးလာခဲ့ရင် သူ့အကျင့်စရိုက်ကို လွယ်လွယ်ပြောင်းလဲနိုင်မယ်လို့ ထင်လား။ ကျွန်မကတော့ သူ့ကို မယုံတော့ပါဘူး။ ဒါနဲ့ သူ့မျက်လုံးတွေထဲကို စူးစိုက်ကြည့်ပြီး ကျွန်မ တစ်လုံးချင်းပြောလိုက်တယ်။ “ဒါဆို ရှင့်ကို တစ်ခုပြောမယ်။ ကျွန်မနှလုံးသားကို နားလည်ပြီး ကျေနပ်နှစ်သိမ့်အောင် လုပ်ပေးနိုင်ရင် ကျွန်မ စိတ်ပြောင်းမယ်။ ကျွန်မက တောင်ထိပ်ပေါ်က ပန်းတစ်ပွင့်ကို လိုချင်တယ်ဆိုရင် ရှင့်အသက်အသေခံပြီး အဲဒီပန်းကို ရှင်ခူးပေးမလား” လို့။
သူက ပြောတယ်။ “မင်းကို မနက်ဖြန်ကျရင် အဖြေပေးပါ့မယ်” တဲ့။ သူ့စကားကို ကြားပြီး ကျွန်မ မျှော်လင့်ချက်တွေလည်း ဆိတ်သုန်းသွားတော့တယ်။
နောက်နေ့မနက် ကျွန်မ အိပ်ရာနိုးတော့ သူထွက်သွားပြီ။ ဖန်ခွက်အောက်မှာ စာတစ်စောင် ထားခဲ့တယ်။ “အချစ်ရေ။ မင်းလိုချင်တဲ့ပန်းကို ကိုယ်မခူးပေးနိုင်ပါဘူး။ မခူးပေးနိုင်တဲ့ အကြောင်းရင်းကို ကိုယ်ရှင်းပြပါရစေ…” ပထမဆုံးစာကြောင်းကို ဖတ်ပြီး ကျွန်မအသည်းတွေ ကွဲသွားသလို ခံစားလိုက်ရတယ်။ ကျွန်မ စာကို ဆက်ဖတ်တယ်။
“မင်း အလုပ်လုပ်တဲ့အခါ ကွန်ပျူတာပရိုဂရမ်တွေနဲ့ လုံးထွေးနေရင်း မရှင်းတတ်တော့ စခရင်ရှေ့မှာ မင်းထိုင်ငိုတယ်။အဲဒီပရိုဂရမ်တွေကို ပြန်ရှင်းပေးဖို့အတွက် ကို့လက်ချောင်းတွေလိုတယ်။
မင်းက အမြဲတမ်း အိမ်မှာသော့တွေ ကျန်ခဲ့တယ်။ မင်းထက်အရင် အိမ်ကို စောပြန်ပြီး အိမ်တံခါးဖွင့်ထားဖို့ ကို့ခြေထောက်တွေလိုတယ်။
မင်းက ခရီးထွက်ရတာကြိုက်ပေမယ့် နေရာသစ်မှာ အမြဲလမ်းပျောက်တတ်တယ်။ မင်းကို လမ်းမှန်ပြဖို့ ကို့မျက်လုံးတွေ လိုတယ်။
မင်း ရာသီလာတဲ့အခါတိုင်း အမြဲ ဗိုက်အောင့်တတ်တယ်။ မင်းကျောကလေးကို သပ်ပြီး မင်းနာတာတွေ ပျောက်အောင် လုပ်ပေးဖို့ ကို့လက်ဖဝါးလိုတယ်။
မင်းက အိမ်ထဲမှာ နေရတာ ကြိုက်တယ်။ မင်းပျင်းနေမှာ စိုးလို့ ဟာသတွေ၊ ဇာတ်လမ်းတွေ ပြောပြရအောင် ကို့ပါးစပ် လိုတယ်။
မင်းက ကွန်ပျူတာကို အမြဲကြည့်နေတော့ မျက်လုံးတွေ ညောင်းတယ်။ အဲဒါကြောင့် ကို့မျက်လုံးတွေ လိုတယ်။ ဒါမှ တို့တွေ အသက်ကြီးလာတဲ့အခါ မျက်စိမကောင်းတဲ့မင်းကို ကိုက လက်သည်းတွေညှပ်ပေးမယ်၊ ဆံပင်ဖြူတွေ နှုတ်ပေးမယ်။ မင်းလက်ကလေးကို ကိုင်ပြီး ကမ်းနားမှာ လမ်းလျှောက်ကြမယ်။ မင်းကို ပန်းလေးတွေရဲ့အရောင်၊ လေပြည်လေညှင်းနဲ့ ကမ်းခြေရဲ့အရောင်တွေကို ကိုက ပြောပြမယ်။
သည်တော့ အချစ်ရယ်။ ကို့ထက်ပိုပြီး မင်းကို ချစ်နိုင်တဲ့သူတစ်ယောက် မပေါ်လာမချင်း မင်းကို အဲဒီပန်းခူးပေးပြီး ကိုယ်မသေချင်သေးပါဘူး” တဲ့။
ကျွန်မမျက်ရည်တွေက စာပေါ်ကို ပိုးပိုးပေါက်ပေါက်ကျလာပြီး စာပေါ်က မင်တွေ ပြန့်သွားတော့တယ်။ စာက မပြီးသေးဘူး။ “အခု ကိုရေးထားတဲ့စာကို မင်းကျေနပ်ရင် အိမ်ရှေ့တံခါးကို ဖွင့်လိုက်ပါ။ မင်းကြိုက်တဲ့ နွားနို့နဲ့ပေါင်မုန့်ကို ကိုယ်ယူလာပြီး အိမ်ရှေ့မှာ ရပ်နေတယ်” တဲ့။
ကျွန်မလည်း တံခါးဆီ အမြန်သွားပြီး ဖွင့်လိုက်တဲ့အခါ စိုးရိမ်နေရှာတဲ့ သူ့မျက်နှာကို တွေ့လိုက်ရတယ်။ လက်ထဲမှာ နွားနို့်ပုလင်းနဲ့ ပေါင်မုန့်ကို တင်းတင်းဆုတ်လို့။
အခုအချိန်မှာတော့ ကျွန်မ သိလိုက်ပါပြီ။ ကျွန်မကို သူချစ်သလောက် ဘယ်သူမှ မချစ်နိုင်ပါဘူး။ ကျွန်မအတွက် တောင်ထိပ်ပေါ်က ပန်းက အရေးမကြီးတော့ပါဘူးရှင်။

စုပြည့်စုံ
(သည်စာလေးကို ဘာသာပြန်ထားတာ တွေ့ဖူးပါတယ်။ ဒါပေမယ့် သိပ်ကြိုက်လို့ ထပ်ပြီး ဘာသာပြန်လိုက်ပါတယ်)

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : search myanmar


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top