iMyanmarHouse.com - Best Property Website for Myanmar
×
(၁)ငွေကြောင့်
Credit : shwemom
ပို့သပေးပါတယ်။
Unicode Version
အရင်တုန်းကတော့ စိတ်တူကိုယ်တူ ထူထောင်ခဲ့ကြတဲ့ အိမ်ထောင်ရေးအပေါ် အမျိုးသားဖြစ်သူက စိတ်ပျက်၊ စိတ်ကုန်နေပြီဆိုတာကို ရိပ်မိလိုက် တာနဲ့ အမျိုးသမီး အများစု တွေးတတ်ကြတာက နောက်တစ်ယောက်ရှိနေလို့ လားဆိုတဲ့ အတွေးပါ။ဒီလိုအခြေအနေမျိုးတွေ အများကြီး ရှိတတ်ပေမယ့် တခါတလေမှာ အမျိုးသားတွေ အိမ်ထောင်ရေးကို စိတ်ပျက် ကွာရှင်းချင်လာရ တာဟာ အဲ့ဒါကြောင့်မဟုတ်ပဲ အောက်မှာဖော်ပြထားတဲ့ စိတ်ခံစားချက်(၃)  မျိုးကြောင့် လည်း ဖြစ်နိုင်ပါတယ်။အဲ့ဒါတွေကတော့..
(၁)ငွေကြောင့်
စုံတွဲတွေ ကွာရှင်းပြတ်စဲကြရတဲ့ အဓိကအကြာင်းအရင်းတွေထဲမှာ ငွေဟာ လည်း တစ်ခုအပါအဝင်ပါ။ယောက်ျားတော်တော်များဟာ လက်ထပ်ခြင်းအပေါ် မှာ ငွေမသုံးချင်၊ငွေမစုချင်ကြပါဘူး။ငွေနဲ့ပတ်သက်ပြီး သူတို့အပေါ် ဖိအားပေး တာမျိုးကို မခံနိုင်ကြပါဘူး။ဒါကြောင့် ခင်ပွန်းဖြစ်သူက အိမ်ထောင်ရေးအပေါ် စိတ်ကုန်လာပြီဆိုရင် ငွေကိစ္စနဲ့ပတ်သက်ပြီး မိမိခင်ပွန်းအပေါ် ဖိအားပေး၊ပြော ဆိုမိသလားဆိုတဲ့ အချက်ကို ဇနီးသည်တွေအနေနဲ့ပြန်လည်သုံးသပ် သင့်ပါ တယ်။
(၂)မိမိရဲ့ မပျော်ရွှင်မှုကြောင့်
ယောက်ျားတစ်ယောက်အတွက် လက်ထပ်တယ်ဆိုတာဟာ သူဟာတစ်စုံ တစ်ယောက်ကို ပျော်အောင် လုပ်ပေးနိုင်မယ်လို့ သူ့ကိုယ်သူထင်လို့ (ယုံကြည်လို့)ပါ။လက်ထပ်ပြီးနောက်ပိုင်း မှာ ဇနီးဖြစ်သူက အမြဲတမ်းလိုလို စိတ်ညစ်ပြနေမယ်၊မပျော်မရွှင်ဖြစ်ပြနေမယ် ဆိုရင် ခင်ပွန်းဖြစ် သူအမျိုးသားရဲ့ စိတ်ထဲမှာ ဒါဟာ သူ့ရဲ့အရှုံး၊သူအဖြစ်မရှိလို့ ခုလို ဖြစ်ရတာ ဆိုတဲ့ သိမ်ငယ် စိတ်တွေ ဝင်လာတတ်ပါတယ်။ဒီလိုစိတ်တွေကြောင့် နောက်ဆုံး ‘မင်း ကို ပျော်ေ အာင်ထားနိုင်မယ့် သူနဲ့ပဲ မင်းရှိသင့်ပါတယ်’ ဆိုတဲ့ စကားလုံးတွေ ထွက်ကျ လာရတဲ့ အထိဖြစ်လာနိုင်ပါတယ်။
(၃)အထိအတွေ့တွေကို ငြင်းဆိုမှုကြောင့်
ဇနီးဖြစ်သူက ရုပ်ပိုင်းဆိုင်ရာ (နမ်းတာ၊ဖက်တာ ၊ပေါင်ပေါ်မှာ တက်ထိုင်တာ) အစရှိတဲ့ အထိအတွေ့မျိုးကို မပေးတော့တဲ့ အခါမျိုးမှာ ယောက်ျားဖြစ်သူဟာ သူ့ကိုယ်သူ ယုံကြည်မှုနည်း၊ (သို့)စိတ်ကုန်လာတတ်ပါတယ်။ဇနီးဖြစ်သူဘက် က အကြောင်း အမျိုးမျိူုးကြောင့် ဒီလိုအပြုအမှုတွေကို မလုပ်ဖြစ်ခဲ့တာ ပျက်ကွက် တာတွေများလာတဲ့အခါမျိုးမှာ ခင်ပွန်းဖြစ်သူက သူဟာ ဇနီးသည်အတွက် လူပို(သို့) မလိုအပ်တဲ့သူ တစ်ယောက်လို့ ခံစားမိလာပြီး၊နောက်ဆုံး အိမ်ထောင်ရေးကို အဆုံးသတ်ချင်လာတဲ့ အထိဖြစ်လာနိုင်ပါတယ်။
Credit : shwemom
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top