iMyanmarHouse.com - Best Property Website for Myanmar
×

လိေမၼာ္ ခြံနဲ႔ ဝိတ္ခ်မယ္၊ ဆားဝက္ျခံေတြကို ဖယ္ရွားမယ္
ဒီရာသီကေတာ့ လိေမၼာ္သီးေတြ လိႈင္လႈိင္သီးေနတာမို႔ စာဖတ္သူတို႔လည္း လိေမၼာ္သီး ဝယ္စားျဖစ္ၾကမယ္ထင္ပါတယ္။ လိေမၼာ္သီးမွာ ဗီတာမင္ C ၾကြယ္ဝ စြာပါ၀င္သလို ဗီတာမင္ A၊ B ကယ္လ္စီယမ္၊ မဂၢနီစီယမ္၊ အမွ်င္ဓါတ္ေတြနဲ႔ တျခား အဟာရေတြ ၾကြယ္၀စြာပါ၀င္ပါတယ္။

လိေမၼာ္သီးမွာ အာနိသင္ရွိသလို လိေမၼာ္ခြံကလည္း စာဖတ္သူတို႔ရဲ့ အလွအပအတြက္ တကယ္ကို အစြမ္းထက္တာမို႔ အသီးကိုစားၿပီးရင္လည္း အခြံကို မပစ္လိုက္ပါနဲ႔ေနာ္။

ကိုယ္အေလးခ်ိန္ ေလွ်ာ့ခ်မယ္
လိေမၼာ္ခြံက စာဖတ္သူတို႔ကို ကိုယ္အေလးခ်ိန္ ေလွ်ာ့ခ်ရမွာ ကူညီေပးပါလိမ့္မယ္။ လိေမၼာ္ခြံမွာပါ၀င္တဲ့ ဗီတာမင္ C နဲ႔ Antioxidant ေတြက အဆီေတြကို ေလာင္ကၽြမ္းေစပါတယ္။

ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ရာမွာ ေကာ္ဖီအစား လိေမၼာခြံေဖ်ာ္ရည္ကို ေသာက္သံုးေပးရမွာပါ။

လိေမၼာ္ခြံကို ေအးျမၿပီး ေျခာက္ေသြ႕တဲ့ေနရာမွာ အေျခာက္ထားပါ။
ေျခာက္သြားတဲ့ လိေမၼာ္ခြံ စားပြဲတင္ဇြန္း ၁ ဇြန္းေလာက္ကို ခြက္ထဲထည့္ၿပီး ေရေႏြးပူထည့္ပါ။
အဲဒီေနာက္ အဖံုးဖံုးၿပီး ၁၀ မိနစ္ေလာက္ ထားထားပါ။
အဲဒီေနာက္ လိေမၼာ္ခြံေတြကို ဆယ္ၿပီး ပ်ားရည္အနည္းငယ္ထည့္ပါ။
အဲဒီေဖ်ာ္ရည္ကို တစ္ရက္ ၂ ခြက္ေသာက္ပါ။
သတိျပဳရမည့္အခ်က္။ ။ ေအာ္ဂဲန္းနစ္နည္းစနစ္အတိုင္း စိုက္ပ်ိဳးထားတဲ့ လိေမၼာ္ခြံကို သံုးပါ။ အေျခာက္မခံခင္မွာ ေရစင္စင္ေဆးပါ။

ဆား၀က္ၿခံကို ဖယ္ရွားမယ္

လိေမၼာခြံဟာ အေရးျပားေပၚက ဆဲလ္ေသေတြနဲ႔ အညစ္အေၾကးေတြကို ဖယ္ရွားေပးႏိုင္ပါတယ္။ ဒါ့ေၾကာင့္လည္း ဆား၀က္ၿခံေတြကို ဖယ္ရွားရာမွာ အေထာက္အကူျဖစ္ေစမွာပါ။

လိေမၼာ္ခြံကို အမႈန္႕ႀကိတ္ၿပီး ဒိန္ခ်ည္နဲ႔ အခ်ိဳးက်ေရာစပ္ပါ။
အဲဒီေနာက္ မ်က္ႏွာနဲ႔ လည္ပင္းကိုလိမ္းပါ။
၁၅ မိနစ္ကေန မိနစ္ ၂၀ ထိထားပါ။
အဲဒီေနာက္ လက္ကိုေရစြပ္ၿပီး ခပ္ဖြဖြေလး သစ္ခ်ေပးပါ။
ဒီနည္းလမ္းအတိုင္း ၃ ရက္ ၄ ရက္ေလာက္ ဆက္တိုက္လုပ္ေပးပါ။ အဲဒီေနာက္ တစ္ပတ္ကို တစ္ႀကိမ္ထပ္လုပ္ေပးပါ။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit: my food

#Unicode Version

လိမ္မော် ခွံနဲ့ ဝိတ်ချမယ်၊ ဆားဝက်ခြံတွေကို ဖယ်ရှားမယ်
ဒီရာသီကတော့ လိမ္မော်သီးတွေ လှိုင်လှိုင်သီးနေတာမို့ စာဖတ်သူတို့လည်း လိမ္မော်သီး ဝယ်စားဖြစ်ကြမယ်ထင်ပါတယ်။ လိမ္မော်သီးမှာ ဗီတာမင် C ကြွယ်ဝ စွာပါဝင်သလို ဗီတာမင် A၊ B ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်၊ အမျှင်ဓါတ်တွေနဲ့ တခြား အဟာရတွေ ကြွယ်ဝစွာပါဝင်ပါတယ်။

လိမ္မော်သီးမှာ အာနိသင်ရှိသလို လိမ္မော်ခွံကလည်း စာဖတ်သူတို့ရဲ့ အလှအပအတွက် တကယ်ကို အစွမ်းထက်တာမို့ အသီးကိုစားပြီးရင်လည်း အခွံကို မပစ်လိုက်ပါနဲ့နော်။

ကိုယ်အလေးချိန် လျှော့ချမယ်
လိမ္မော်ခွံက စာဖတ်သူတို့ကို ကိုယ်အလေးချိန် လျှော့ချရမှာ ကူညီပေးပါလိမ့်မယ်။ လိမ္မော်ခွံမှာပါဝင်တဲ့ ဗီတာမင် C နဲ့ Antioxidant တွေက အဆီတွေကို လောင်ကျွမ်းစေပါတယ်။

ကိုယ်အလေးချိန်လျှော့ချရာမှာ ကော်ဖီအစား လိမ္မောခွံဖျော်ရည်ကို သောက်သုံးပေးရမှာပါ။

လိမ္မော်ခွံကို အေးမြပြီး ခြောက်သွေ့တဲ့နေရာမှာ အခြောက်ထားပါ။
ခြောက်သွားတဲ့ လိမ္မော်ခွံ စားပွဲတင်ဇွန်း ၁ ဇွန်းလောက်ကို ခွက်ထဲထည့်ပြီး ရေနွေးပူထည့်ပါ။
အဲဒီနောက် အဖုံးဖုံးပြီး ၁၀ မိနစ်လောက် ထားထားပါ။
အဲဒီနောက် လိမ္မော်ခွံတွေကို ဆယ်ပြီး ပျားရည်အနည်းငယ်ထည့်ပါ။
အဲဒီဖျော်ရည်ကို တစ်ရက် ၂ ခွက်သောက်ပါ။
သတိပြုရမည့်အချက်။ ။ အော်ဂဲန်းနစ်နည်းစနစ်အတိုင်း စိုက်ပျိုးထားတဲ့ လိမ္မော်ခွံကို သုံးပါ။ အခြောက်မခံခင်မှာ ရေစင်စင်ဆေးပါ။

ဆားဝက်ခြံကို ဖယ်ရှားမယ်

လိမ္မောခွံဟာ အရေးပြားပေါ်က ဆဲလ်သေတွေနဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒါ့ကြောင့်လည်း ဆားဝက်ခြံတွေကို ဖယ်ရှားရာမှာ အထောက်အကူဖြစ်စေမှာပါ။

လိမ္မော်ခွံကို အမှုန့်ကြိတ်ပြီး ဒိန်ချည်နဲ့ အချိုးကျရောစပ်ပါ။
အဲဒီနောက် မျက်နှာနဲ့ လည်ပင်းကိုလိမ်းပါ။
၁၅ မိနစ်ကနေ မိနစ် ၂၀ ထိထားပါ။
အဲဒီနောက် လက်ကိုရေစွပ်ပြီး ခပ်ဖွဖွလေး သစ်ချပေးပါ။
ဒီနည်းလမ်းအတိုင်း ၃ ရက် ၄ ရက်လောက် ဆက်တိုက်လုပ်ပေးပါ။ အဲဒီနောက် တစ်ပတ်ကို တစ်ကြိမ်ထပ်လုပ်ပေးပါ။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit: my food
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top