iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ိဳးသမီးမ်ားတြင္ မ်ိဳးဥအေရအတြက္သည္ အကန္ ့အသတ္ရွိသည္ဟု မူလက ယံုၾကည္ မွတ္ယူထားေသာ္လည္း ေလ့လာ ဆန္းစစ္မႈတစ္ရပ္တြင္ ဓာတုကထံုး တစ္မ်ိဳးရယူေနေသာ အမ်ိဳးသမီးမ်ား၌ မ်ိဳးဥအေရအတြက္ ျပန္တိုးလာ သည္ကို ေတြ ့ရွိခဲ့ရျပီးသည့္ေနာက္ အမ်ိဳးသမီးမ်ိဳးဥအိတ္၏ ဇီ၀နာရီကို ဓာတုကထံုးျဖင့္ေနာက္ျပန္ေရႊ ့နုိင္ေအာင္ ၾကိဳးပမ္းကာ မ်ိဳးဥမ်ားကို ထပ္မံထုတ္လုပ္ေစနိုင္ရန္ ၾကိဳးပမ္းလ်က္ရွိေၾကာင္း UK ရွိ ဧဒင္ဘတ္တကၠသိုလ္မွ သုေတသီမ်ားက ေျပာသည္ ။ ဓာတုကုထံုးေၾကာင့္ မ်ိဳးဥအသစ္ေတြထပ္ထုတ္လာေအာင္ လွံဳ ့ေဆာ္ေပးတာျဖစ္နုိင္ပါတယ္ ။ အရြယ္ေရာက္ျပီး အမ်ိဳးသမီးေတြမွာ မ်ိဳးဥအသစ္ ထပ္ထြက္လာတာ ဒါပထမဆံုးအၾကိမ္ပါပဲ ။ ဒါေၾကာင့္ ကိုယ္၀န္မရနိုင္တဲ့အမ်ိဳးသမီး ေတြကို ကုသမႈေပးတဲ့အခါ ဓာတုကုထံုးကိုတြဲဖက္အသံုးျပဳမယ့္သေဘာ သက္ေရာက္ေနပါတယ္။ ဒါေပမယ့္ ဓာတု ကုထံုးေၾကာင့္ ထပ္တိုးလာတဲ့မ်ိဳးဥေတြက သေႏၶေဆာင္ နိုင္ေလာက္ေအာင္ အရည္အေသြးျပည့္၀တယ္ ၊ မျပည့္၀ဘူး ဆိုတာကို ဆက္လက္ စူးစမ္းေလ့လာရပါဦးမယ္ ။

ဒီေတြ ့ရွိမႈကို အတည္ျပဳနုိင္ခဲ့ျပီျဖစ္တဲ့အတြက္ အနာဂါတ္မွာ လူေတြ ရဲ ့အက်ိဳးအတြက္ က်ယ္ျပန္ ့စြာအသံုးျပဳနုိင္ေအာင္ ဆက္လက္စူးစမ္းေလ့လာေနျပီ ျဖစ္ပါတယ္ ။ အဓိကကေတာ့ ဓာတုကုထံုးမွာအသံုးျပဳတဲ့ ေဆး၀ါးေတြနဲ ့ မ်ိဳးဥေတြထပ္ထြက္လာတာနဲ ့ ဘယ္လို ဆက္စပ္မႈေတြရွိတယ္ဆိုတဲ့ ကြင္းဆက္ကို ေဖာ္ထုတ္ရမွာျဖစ္ပါတယ္ ဟု သုေတသီတစ္ဦးက ေျပာျပသည္ ။ အမ်ိဳးသမီးတစ္မွာ မ်ိဳးဥဘယ္ႏွစ္လံုးရွိမယ္ဆုိတာ ေမြးကတည္းက သတ္မွတ္ခ်က္ပါရွိျပီးသားပါ ။ ဒါေပမယ့္ အဲဒီဥ ေတြက follicle လို ့ေခၚတဲ့အရာေတြထဲမွာ ရွင္သန္ၾကီးထြားရပါတယ္ ။ ပံုမွန္အားျဖင့္ တစ္လကို follicle တစ္လံုးႏႈန္း အရြယ္ေရာက္ျပီး ဥတစ္လံုးထုတ္လႊတ္ပါတယ္ ။

အမ်ိဳးသမီးေတြအသက္ရလာတာနဲ ့အမွ် မ်ိဳးဥအိတ္ထဲမွာရွိတဲ့ follicle အေရအတြက္ကလည္း က်ဆင္းသြားေလ့ရွိပါတယ္ ။ အဲဒီ follicle အေရအတြက္က်ဆင္းသြားတဲ့အခါ ကိုယ္ ၀န္ ရနုိင္ေျခလည္း နည္းသြားပါတယ္ ဟု ၄င္းက ဆက္လက္ေျပာျပသည္ ။ အခ်ိဳ ့ေသာကင္ဆာကုထံုးမ်ားက follicle ဆံုးရွံဳးမႈကိုျမန္ဆန္ေစေၾကာင္း ၊ ထိုအခါ အမ်ိဳးသမီး၏ ကိုယ္၀န္ရနုိင္ေျခ ကို ထိခိုက္ေစေၾကာင္း ၊ သို ့ေသာ္ ယင္းမ်ိဳးဥအိတ္ ၊ Follicle နွင့္ မ်ိဳးဥ အရည္အေသြးကို အက်ိဳးျပဳေသာကင္ဆာ ကု ထံုးလည္း ရွိေနသည္ကို ယခု ေတြ ့ရွိရျခင္းျဖစ္ေၾကာင္း ၊ ထုိ ့ေၾကာင့္ အနာဂါတ္တြင္ အမ်ိဳးသမီးမ်ား၏ မ်ိဳးဥအေရ အတြက္ ထပ္တိုးလာနိုင္ လုပ္ေဆာင္လာနုိင္ဖြယ္ရွိေနေၾကာင္း သိရသည္ ။

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : thithtoolwin


#Unicode Version

အမျိုးသမီးများတွင် မျိုးဥအရေအတွက်သည် အကန့်အသတ်ရှိသည်ဟု မူလက ယုံကြည် မှတ်ယူထားသော်လည်း လေ့လာ ဆန်းစစ်မှုတစ်ရပ်တွင် ဓာတုကထုံး တစ်မျိုးရယူနေသော အမျိုးသမီးများ၌ မျိုးဥအရေအတွက် ပြန်တိုးလာ သည်ကို တွေ့ရှိခဲ့ရပြီးသည့်နောက် အမျိုးသမီးမျိုးဥအိတ်၏ ဇီဝနာရီကို ဓာတုကထုံးဖြင့်နောက်ပြန်ရွှေ့နိုင်အောင် ကြိုးပမ်းကာ မျိုးဥများကို ထပ်မံထုတ်လုပ်စေနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း UK ရှိ ဧဒင်ဘတ်တက္ကသိုလ်မှ သုတေသီများက ပြောသည် ။ ဓာတုကုထုံးကြောင့် မျိုးဥအသစ်တွေထပ်ထုတ်လာအောင် လှုံ့ဆော်ပေးတာဖြစ်နိုင်ပါတယ် ။ အရွယ်ရောက်ပြီး အမျိုးသမီးတွေမှာ မျိုးဥအသစ် ထပ်ထွက်လာတာ ဒါပထမဆုံးအကြိမ်ပါပဲ ။ ဒါကြောင့် ကိုယ်ဝန်မရနိုင်တဲ့အမျိုးသမီး တွေကို ကုသမှုပေးတဲ့အခါ ဓာတုကုထုံးကိုတွဲဖက်အသုံးပြုမယ့်သဘော သက်ရောက်နေပါတယ်။ ဒါပေမယ့် ဓာတု ကုထုံးကြောင့် ထပ်တိုးလာတဲ့မျိုးဥတွေက သန္ဓေဆောင် နိုင်လောက်အောင် အရည်အသွေးပြည့်ဝတယ် ၊ မပြည့်ဝဘူး ဆိုတာကို ဆက်လက် စူးစမ်းလေ့လာရပါဦးမယ် ။

ဒီတွေ့ရှိမှုကို အတည်ပြုနိုင်ခဲ့ပြီဖြစ်တဲ့အတွက် အနာဂါတ်မှာ လူတွေ ရဲ့အကျိုးအတွက် ကျယ်ပြန့်စွာအသုံးပြုနိုင်အောင် ဆက်လက်စူးစမ်းလေ့လာနေပြီ ဖြစ်ပါတယ် ။ အဓိကကတော့ ဓာတုကုထုံးမှာအသုံးပြုတဲ့ ဆေးဝါးတွေနဲ့ မျိုးဥတွေထပ်ထွက်လာတာနဲ့ ဘယ်လို ဆက်စပ်မှုတွေရှိတယ်ဆိုတဲ့ ကွင်းဆက်ကို ဖော်ထုတ်ရမှာဖြစ်ပါတယ် ဟု သုတေသီတစ်ဦးက ပြောပြသည် ။ အမျိုးသမီးတစ်မှာ မျိုးဥဘယ်နှစ်လုံးရှိမယ်ဆိုတာ မွေးကတည်းက သတ်မှတ်ချက်ပါရှိပြီးသားပါ ။ ဒါပေမယ့် အဲဒီဥ တွေက follicle လို့ခေါ်တဲ့အရာတွေထဲမှာ ရှင်သန်ကြီးထွားရပါတယ် ။ ပုံမှန်အားဖြင့် တစ်လကို follicle တစ်လုံးနှုန်း အရွယ်ရောက်ပြီး ဥတစ်လုံးထုတ်လွှတ်ပါတယ် ။

အမျိုးသမီးတွေအသက်ရလာတာနဲ့အမျှ မျိုးဥအိတ်ထဲမှာရှိတဲ့ follicle အရေအတွက်ကလည်း ကျဆင်းသွားလေ့ရှိပါတယ် ။ အဲဒီ follicle အရေအတွက်ကျဆင်းသွားတဲ့အခါ ကိုယ် ဝန် ရနိုင်ခြေလည်း နည်းသွားပါတယ် ဟု ၎င်းက ဆက်လက်ပြောပြသည် ။ အချို့သောကင်ဆာကုထုံးများက follicle ဆုံးရှုံးမှုကိုမြန်ဆန်စေကြောင်း ၊ ထိုအခါ အမျိုးသမီး၏ ကိုယ်ဝန်ရနိုင်ခြေ ကို ထိခိုက်စေကြောင်း ၊ သို့သော် ယင်းမျိုးဥအိတ် ၊ Follicle နှင့် မျိုးဥ အရည်အသွေးကို အကျိုးပြုသောကင်ဆာ ကု ထုံးလည်း ရှိနေသည်ကို ယခု တွေ့ရှိရခြင်းဖြစ်ကြောင်း ၊ ထို့ကြောင့် အနာဂါတ်တွင် အမျိုးသမီးများ၏ မျိုးဥအရေ အတွက် ထပ်တိုးလာနိုင် လုပ်ဆောင်လာနိုင်ဖွယ်ရှိနေကြောင်း သိရသည် ။

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : thithtoolwin


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top