iMyanmarHouse.com - Best Property Website for Myanmar
×

အနာျဖစ္ရင္ သဘာဝက သူ႔ဘာသာ အနာက်က္ေအာင္ ျပဳလုပ္လိမ့္မယ္။ ပိုးမဝင္ေအာင္ ျပဳလုပ္လိမ့္မယ္။ ပိုးမဝင္ေအာင္ ဂရုစိုက္ဖို႔က အေရးႀကီးပါတယ္။

ေသြးထြက္မယ့္ ဒဏ္ရာမရေအာင္ ေနႏိုင္ရင္ အေကာင္းဆံုးပါပဲ။ အားကစား လုပ္တ့ဲအခါ၊ ဟင္းခ်က္တ့ဲအခါ ပိုသတိထားရပါမယ္။ ထိခိုက္ရွနာျဖစ္ေစမယ့္ ဓားလိုမ်ိဳးကို ကိုင္တြယ္တ့ဲအခါ သတိထားရပါမယ္။ တိရိစၦာန္ေတြရဲ႕ အႏၱရာယ္ကိုလည္း ဂရုစိုက္ဖို႔ လိုပါတယ္။

၁။ အနာျဖစ္ရင္ လက္မဝက္ထက္ ႀကီးရင္ အမာရြတ္ျဖစ္ႏိုင္တယ္။ သတိထားရပါေတာ့မယ္။

၂။ အနာျဖစ္တ့ဲအခါ ေဆးထည့္တာကို စနစ္တက် ျပဳလုပ္ရပါမယ္။

၃။ အနာထဲ ပိုးမဝင္ေစဖို႔ သန္႔ရွင္းေအာင္ ထားရပါမယ္။

၄။ အနာကို ဖံုးအုပ္ထားရပါမယ္။ ပိုးေသေဆး လိမ္းေဆးေတြ သံုးရပါမယ္။

၅။ ေသြးျဖဴဥ၊ ေသြးနီဥ၊ အေရျပား တစ္သွ်ဴးေတြနဲ႔ ျဖစ္လာတ့ဲ အနာေဖးေလးကို အနာမက်က္ခင္ ခြာလိုက္ရင္ အနာ ပိုနက္သြားတတ္ပါတယ္။ အမာရြတ္အသစ္ ျဖစ္တတ္ပါတယ္။

၆။ မ်က္ႏွာနဲ႔ မ်က္လံုးတစ္ဝိုက္ကို အနာျဖစ္ရင္ ပိုဂရုစိုက္ရမယ္။

၇။ အေရျပားကို ထိခိုက္ခံထားရရင္ ေနပူဒဏ္ အထိမခံသင့္ပါ။

၈။ ျပည္တည္လာရင္၊ အနာမက်က္ရင္ ဘက္တီးရီးယား ပိုးေသေစတ့ဲေဆးနဲ႔ ကုသသင့္ပါတယ္။

၉။ လႈပ္ရွားမႈမ်ားတ့ဲ ေနရာမွာ အနာျဖစ္ရင္ အနာက်က္ေႏွးတတ္ပါတယ္။ အနာက်က္ မေႏွးေစဖို႔ အနာကို ၿငိမ္ေအာင္ လႈပ္ရွားမႈကို ေလွ်ာ့ထားရမယ္။ အေလးမလို႔ မရပါဘူး။

၁၀။ ဝက္ျခံ အမာရြတ္ မထင္ေအာင္ ဝက္ျခံကို ျပည္မျဖစ္ေသးခင္ ဇြတ္မညႇစ္ရပါဘူး။ ဝက္ျခံဖုကို အေရျပားပြန္းပ့ဲတ့ဲအထိ ညႇစ္ရင္၊ ႏိႈက္ညႇစ္ရင္ အမာရြတ္က်န္ႏိုင္ေျခ မ်ားပါတယ္။ ဝက္ျခံေပ်ာက္ေစဖို႔ ပိုးသတ္ေဆး စားရပါမယ္။ ပိုးသတ္ေဆး လိမ္းေပးရပါမယ္။

၁၁။ ေနေရာင္ကို တတ္ႏိုင္သမွ် ေရွာင္ရပါမယ္။ ေနပူထိရင္ အနာက်က္ေႏွးၿပီး ၊ ပိုးဝင္တတ္ပါတယ္။

၁၂။ ဝက္ျခံကို မဆိတ္ရဘူး၊ မပြတ္ရဘူး။၊ မကုတ္ရပါဘူး။ ဝက္ျခံေပါက္ၿပီး ျဖစ္လာတ့ဲ အနာေဖးကို မခြာရပါဘူး။

၁၃။ အမာရြတ္ျဖစ္တယ္ဆိုရင္ သက္သာေအာင္ သီးသန္႔ေဆးကုသရပါမယ္။

၁၄။ လိေမၼာ္သီးနဲ႔ အရည္ရႊမ္းတ့ဲ အသီးေတြမွာပါတ့ဲ ဗီတာမင္စီ (Vitamin-C) နဲ႔ အင္တီေအာက္ဆီးဒင့္ (Antioxidants) က အနာကို ပိုက်က္ေစတယ္လို႔ ယူဆၾကတယ္။ အင္တီေအာက္ဆီးဒင့္က အနာျဖစ္ၿပၤီး ေနာက္ဆက္တြဲ မည္းတာကို ျပန္ၿပီး ျပဳျပင္ႏိုင္စြမ္း ရွိပါတယ္။

၁၅။ မလိုလားအပ္တ့ဲ ခႏၶာကိုယ္ကို ထိခိုက္ေစတ့ဲ နားေဖာက္တာ၊ ေဆးမင္ေၾကာင္ ထိုးတာေတြကို ေရွာင္သင့္ပါတယ္။ အမာရြတ္ အဖုလံုးရွိတ့ဲသူေတြ နားေဖာက္ရင္း အမာရြတ္ အဖုလံုးအသီးႀကီးေတြ ျဖစ္လာတ့ဲသူေတြကို ေတြ႔ဖူးပါတယ္။


Credit: Healthcare.com.mm
 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


Unicode Version

အနာဖြစ်ရင် သဘာဝက သူ့ဘာသာ အနာကျက်အောင် ပြုလုပ်လိမ့်မယ်။ ပိုးမဝင်အောင် ပြုလုပ်လိမ့်မယ်။ ပိုးမဝင်အောင် ဂရုစိုက်ဖို့က အရေးကြီးပါတယ်။

သွေးထွက်မယ့် ဒဏ်ရာမရအောင် နေနိုင်ရင် အကောင်းဆုံးပါပဲ။ အားကစား လုပ်တဲ့အခါ၊ ဟင်းချက်တဲ့အခါ ပိုသတိထားရပါမယ်။ ထိခိုက်ရှနာဖြစ်စေမယ့် ဓားလိုမျိုးကို ကိုင်တွယ်တဲ့အခါ သတိထားရပါမယ်။ တိရိစ္ဆာန်တွေရဲ့ အန္တရာယ်ကိုလည်း ဂရုစိုက်ဖို့ လိုပါတယ်။

၁။ အနာဖြစ်ရင် လက်မဝက်ထက် ကြီးရင် အမာရွတ်ဖြစ်နိုင်တယ်။ သတိထားရပါတော့မယ်။

၂။ အနာဖြစ်တဲ့အခါ ဆေးထည့်တာကို စနစ်တကျ ပြုလုပ်ရပါမယ်။

၃။ အနာထဲ ပိုးမဝင်စေဖို့ သန့်ရှင်းအောင် ထားရပါမယ်။

၄။ အနာကို ဖုံးအုပ်ထားရပါမယ်။ ပိုးသေဆေး လိမ်းဆေးတွေ သုံးရပါမယ်။

၅။ သွေးဖြူဥ၊ သွေးနီဥ၊ အရေပြား တစ်သျှူးတွေနဲ့ ဖြစ်လာတဲ့ အနာဖေးလေးကို အနာမကျက်ခင် ခွာလိုက်ရင် အနာ ပိုနက်သွားတတ်ပါတယ်။ အမာရွတ်အသစ် ဖြစ်တတ်ပါတယ်။

၆။ မျက်နှာနဲ့ မျက်လုံးတစ်ဝိုက်ကို အနာဖြစ်ရင် ပိုဂရုစိုက်ရမယ်။

၇။ အရေပြားကို ထိခိုက်ခံထားရရင် နေပူဒဏ် အထိမခံသင့်ပါ။

၈။ ပြည်တည်လာရင်၊ အနာမကျက်ရင် ဘက်တီးရီးယား ပိုးသေစေတဲ့ဆေးနဲ့ ကုသသင့်ပါတယ်။

၉။ လှုပ်ရှားမှုများတဲ့ နေရာမှာ အနာဖြစ်ရင် အနာကျက်နှေးတတ်ပါတယ်။ အနာကျက် မနှေးစေဖို့ အနာကို ငြိမ်အောင် လှုပ်ရှားမှုကို လျှော့ထားရမယ်။ အလေးမလို့ မရပါဘူး။

၁၀။ ဝက်ခြံ အမာရွတ် မထင်အောင် ဝက်ခြံကို ပြည်မဖြစ်သေးခင် ဇွတ်မညှစ်ရပါဘူး။ ဝက်ခြံဖုကို အရေပြားပွန်းပဲ့တဲ့အထိ ညှစ်ရင်၊ နှိုက်ညှစ်ရင် အမာရွတ်ကျန်နိုင်ခြေ များပါတယ်။ ဝက်ခြံပျောက်စေဖို့ ပိုးသတ်ဆေး စားရပါမယ်။ ပိုးသတ်ဆေး လိမ်းပေးရပါမယ်။

၁၁။ နေရောင်ကို တတ်နိုင်သမျှ ရှောင်ရပါမယ်။ နေပူထိရင် အနာကျက်နှေးပြီး ၊ ပိုးဝင်တတ်ပါတယ်။

၁၂။ ဝက်ခြံကို မဆိတ်ရဘူး၊ မပွတ်ရဘူး။၊ မကုတ်ရပါဘူး။ ဝက်ခြံပေါက်ပြီး ဖြစ်လာတဲ့ အနာဖေးကို မခွာရပါဘူး။

၁၃။ အမာရွတ်ဖြစ်တယ်ဆိုရင် သက်သာအောင် သီးသန့်ဆေးကုသရပါမယ်။

၁၄။ လိမ္မော်သီးနဲ့ အရည်ရွှမ်းတဲ့ အသီးတွေမှာပါတဲ့ ဗီတာမင်စီ (Vitamin-C) နဲ့ အင်တီအောက်ဆီးဒင့် (Antioxidants) က အနာကို ပိုကျက်စေတယ်လို့ ယူဆကြတယ်။ အင်တီအောက်ဆီးဒင့်က အနာဖြစ်င်္ပြီး နောက်ဆက်တွဲ မည်းတာကို ပြန်ပြီး ပြုပြင်နိုင်စွမ်း ရှိပါတယ်။

၁၅။ မလိုလားအပ်တဲ့ ခန္ဓာကိုယ်ကို ထိခိုက်စေတဲ့ နားဖောက်တာ၊ ဆေးမင်ကြောင် ထိုးတာတွေကို ရှောင်သင့်ပါတယ်။ အမာရွတ် အဖုလုံးရှိတဲ့သူတွေ နားဖောက်ရင်း အမာရွတ် အဖုလုံးအသီးကြီးတွေ ဖြစ်လာတဲ့သူတွေကို တွေ့ဖူးပါတယ်။


Credit: Healthcare.com.mm

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top