iMyanmarHouse.com - Best Property Website for Myanmar
×

ေယာက္်ားေလးနဲ႔ မိန္းကေလးတစ္ေယာက္ခ်စ္ၾကိဳက္ၾကတဲ့အခါတုိင္း ေနာက္ဆုံးပန္းတိုင္ဟာ လက္ထပ္ဖို႔အထိ ရည္ရြယ္တဲ့သူေတြရွိေပမဲ့ လူတုိင္းေတာ့ မဟုတ္ပါဘူး။ ကိုယ့္ခ်စ္သူက ကိုယ့္ကို တစ္ဘဝလုံးအတြက္ရည္ရြယ္ျပီး ခ်စ္တာဟုတ္မဟုတ္ကို ဘယ္လိုနည္းေတြနဲ႔ သိႏုိင္မလဲ။

-ကိုယ္က အနာဂတ္အတြက္ေျပာဖို႔ၾကိဳးစားတဲ့အခ်ိန္တိုင္း လ်စ္လ်ဴရႈတတ္တယ္။ သူ႔ဆီက စိတ္ဝင္စားတဲ့တုန္႔ျပန္မႈ မရတာကမ်ားတယ္ဆုိရင္ ေသခ်ာပါတယ္။ သူကကိုယ့္ကို လက္ထပ္မွာမဟုတ္တဲ့သူပါ။

-သူ႔မိသားစုဝင္ေတြနဲ႔ဘယ္ေတာ့မွ ေတြ႔မေပးဖူးဘူး။ ကိုယ့္ဘက္က မိသားစုတစ္ခုလုံးက သူ႔ကိုသိေပမဲ့ သူ႔ဘက္က မိသားစုေတြနဲ႔ ေတြ႔ဖုိ႔အကန္႔အသတ္ထားတယ္ဆုိရင္ ဒါကလည္းလက္ထပ္မွာ မဟုတ္တာကို အခ်က္ျပတာျဖစ္ပါတယ္။

-အိမ္ေထာင့္တာဝန္ထမ္းဖို႔ အရမ္းေစာေသးတယ္လို႔ အေၾကာင္းျပတဲ့သူဆုိရင္ေတာ့ သူကဘယ္ေတာ့မွ ကိုယ္နဲ႔ လက္တြဲမယ့္သူမဟုတ္ပါဘူး။ အခ်ိန္အၾကာၾကီးတြဲေနျပီး အခုအခ်ိန္ထိ မျပင္ဆင္ရေသးဘူးဆုိရင္ ဘယ္ေတာ့မွ အဆင္သင့္ျဖစ္လာမယ့္သူမဟုတ္လုိ႔ ျပန္ျပီးစဥ္းစားသင့္တ့ဲသူတစ္ေယာက္ပါ။

-သင္တို႔ခ်ိန္းေတြ႔တဲ့ အခ်ိန္အမ်ားစုက ကဗ်ာဆန္ဆန္ အခ်စ္ေတြနဲ႔ ျပည့္ေနတဲ့အခ်ိန္ထက္ ဟုိတယ္၊ တည္းခိုခန္းေတြမွာပဲ မ်ားတယ္ဆုိရင္ ဘဝတစ္ခုလုံးလက္တြဲဖို႔ရည္ရြယ္တဲ့သူမဟုတ္ဘဲ ခဏတာ အေပ်ာ္တြဲတဲ့သူမွန္းသိသာေစပါတယ္။

-ကိုယ့္ကုိ ခ်စ္ခင္ေၾကာင္းျပတဲ့ သိမ္ေမြ႔ႏူးညံ့တဲ့အျပဳအမူေတြ၊ အေျပာအဆိုေတြက သူ႔အတြက္ ထူးဆန္းျပီး အူေၾကာင္ေၾကာင္ႏုိင္တယ္လို႔ေျပာဖူးတယ္ဆုိရင္ သတိျပဳရမယ့္အခ်က္ပါ။ ဘယ္ေလာက္ပဲ အသည္းမာတဲ့သူျဖစ္ပါေစ ကိုယ္တကယ္ခ်စ္တဲ့သူကို ၾကင္နာယုယလိုပါတယ္ဆိုတဲ့အခ်က္ကို သိထားဖို႔လုိပါတယ္။

-သူ႔အတြက္ ဝမ္းနည္းစရာေကာင္းတဲ့၊ စိတ္ဖိစီးစရာေကာင္းတဲ့ အေျခအေနေတြမွာ ႏွစ္သိမ့္ေပးႏုိင္တဲ့သူက ကိုယ့္ျဖစ္ရဲ႕လား။ လူတစ္ေယာက္က ေပ်ာ္ရႊင္ေနတဲ့အခ်ိန္မွာ ဘယ္သူနဲ႔မဆို ရွိႏုိင္ေပမဲ့ ရုန္းကန္ရတဲ့အခ်ိန္ေတြမွာေတာ့ ကိုယ့္အတြက္ အေရးပါတဲ့သူတစ္ေယာက္နဲ႔ပဲ မွ်ေဝတတ္တာေၾကာင့္ပါ။ ဒါေၾကာင့္ ကိုယ္ကသူ႔အတြက္ အေရးပါတဲ့သူတစ္ေယာက္ျဖစ္မျဖစ္ သိရွိႏုိင္တဲ့အခ်က္ပဲ ျဖစ္ပါတယ္။

Credit:Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ယောက်ျားလေးနဲ့ မိန်းကလေးတစ်ယောက်ချစ်ကြိုက်ကြတဲ့အခါတိုင်း နောက်ဆုံးပန်းတိုင်ဟာ လက်ထပ်ဖို့အထိ ရည်ရွယ်တဲ့သူတွေရှိပေမဲ့ လူတိုင်းတော့ မဟုတ်ပါဘူး။ ကိုယ့်ချစ်သူက ကိုယ့်ကို တစ်ဘဝလုံးအတွက်ရည်ရွယ်ပြီး ချစ်တာဟုတ်မဟုတ်ကို ဘယ်လိုနည်းတွေနဲ့ သိနိုင်မလဲ။

-ကိုယ်က အနာဂတ်အတွက်ပြောဖို့ကြိုးစားတဲ့အချိန်တိုင်း လျစ်လျူရှုတတ်တယ်။ သူ့ဆီက စိတ်ဝင်စားတဲ့တုန့်ပြန်မှု မရတာကများတယ်ဆိုရင် သေချာပါတယ်။ သူကကိုယ့်ကို လက်ထပ်မှာမဟုတ်တဲ့သူပါ။

-သူ့မိသားစုဝင်တွေနဲ့ဘယ်တော့မှ တွေ့မပေးဖူးဘူး။ ကိုယ့်ဘက်က မိသားစုတစ်ခုလုံးက သူ့ကိုသိပေမဲ့ သူ့ဘက်က မိသားစုတွေနဲ့ တွေ့ဖို့အကန့်အသတ်ထားတယ်ဆိုရင် ဒါကလည်းလက်ထပ်မှာ မဟုတ်တာကို အချက်ပြတာဖြစ်ပါတယ်။

-အိမ်ထောင့်တာဝန်ထမ်းဖို့ အရမ်းစောသေးတယ်လို့ အကြောင်းပြတဲ့သူဆိုရင်တော့ သူကဘယ်တော့မှ ကိုယ်နဲ့ လက်တွဲမယ့်သူမဟုတ်ပါဘူး။ အချိန်အကြာကြီးတွဲနေပြီး အခုအချိန်ထိ မပြင်ဆင်ရသေးဘူးဆိုရင် ဘယ်တော့မှ အဆင်သင့်ဖြစ်လာမယ့်သူမဟုတ်လို့ ပြန်ပြီးစဉ်းစားသင့်တဲ့သူတစ်ယောက်ပါ။

-သင်တို့ချိန်းတွေ့တဲ့ အချိန်အများစုက ကဗျာဆန်ဆန် အချစ်တွေနဲ့ ပြည့်နေတဲ့အချိန်ထက် ဟိုတယ်၊ တည်းခိုခန်းတွေမှာပဲ များတယ်ဆိုရင် ဘဝတစ်ခုလုံးလက်တွဲဖို့ရည်ရွယ်တဲ့သူမဟုတ်ဘဲ ခဏတာ အပျော်တွဲတဲ့သူမှန်းသိသာစေပါတယ်။

-ကိုယ့်ကို ချစ်ခင်ကြောင်းပြတဲ့ သိမ်မွေ့နူးညံ့တဲ့အပြုအမူတွေ၊ အပြောအဆိုတွေက သူ့အတွက် ထူးဆန်းပြီး အူကြောင်ကြောင်နိုင်တယ်လို့ပြောဖူးတယ်ဆိုရင် သတိပြုရမယ့်အချက်ပါ။ ဘယ်လောက်ပဲ အသည်းမာတဲ့သူဖြစ်ပါစေ ကိုယ်တကယ်ချစ်တဲ့သူကို ကြင်နာယုယလိုပါတယ်ဆိုတဲ့အချက်ကို သိထားဖို့လိုပါတယ်။

-သူ့အတွက် ဝမ်းနည်းစရာကောင်းတဲ့၊ စိတ်ဖိစီးစရာကောင်းတဲ့ အခြေအနေတွေမှာ နှစ်သိမ့်ပေးနိုင်တဲ့သူက ကိုယ့်ဖြစ်ရဲ့လား။ လူတစ်ယောက်က ပျော်ရွှင်နေတဲ့အချိန်မှာ ဘယ်သူနဲ့မဆို ရှိနိုင်ပေမဲ့ ရုန်းကန်ရတဲ့အချိန်တွေမှာတော့ ကိုယ့်အတွက် အရေးပါတဲ့သူတစ်ယောက်နဲ့ပဲ မျှဝေတတ်တာကြောင့်ပါ။ ဒါကြောင့် ကိုယ်ကသူ့အတွက် အရေးပါတဲ့သူတစ်ယောက်ဖြစ်မဖြစ် သိရှိနိုင်တဲ့အချက်ပဲ ဖြစ်ပါတယ်။


Credit:Trend Myanmar


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top