iMyanmarHouse.com - Best Property Website for Myanmar
×

ရင္သားဆိုတာ မိန္းမဘဝရဲ႕ အမွတ္သညာျဖစ္ပါတယ္။ အမ်ဳိးသမီးေတြ မိန္းမျဖစ္မႈကို သရုပ္ေဖာ္ေပးတဲ့ ပင္ကိုယ္လကၡဏာက ရင္သားပဲ ျဖစ္ပါတယ္။ အခ်ဳိးက်က်ရိွေနတဲ့ ရင္သားတစ္စုံဟာ အမ်ိဳးသမီးတုိင္း အလိုရွိတဲ့အရာျဖစ္ျပီး ဒါဟာ အမ်ိဳးသားေတြကို ဆြဲေဆာင္ႏိုင္တဲ့အရာတစ္ခု ဆုိရင္လည္း မမွားပါဘူး။  ဒါ့ေၾကာင့္ အမ်ိဳးသမီးေတာ္ေတာ္မ်ားမ်ားဟာ ရင္သားၾကီးေအာင္ လုပ္ဖုိ႔အတြက္  ခြဲစိတ္ျပဳျပင္နည္း၊ ေန႔စဥ္အျဖည့္စြက္ အစားအေသာက္ေတြနဲ႔ တခ်ဳိ႕ရိုးရာနည္းလမ္းေတြအပါအဝင္ နည္းအမ်ဳိးမ်ဳိးစမ္းသပ္ဖုိ႔ ဆုံးျဖတ္တတ္ၾကပါတယ္။ ဒီေတာ့ သင့္ရဲ႕ရင္သားကို သာမာန္ထက္ ပိုမိုဖြံ႕ထြားေအာင္ ကူညီေပးႏိုင္တဲ့ နည္းတစ္ခ်ိဳ႕ေျပာျပေပးခ်င္ပါတယ္။

သင့္ေတာ္မွန္ကန္တဲ့ ေန႔စဥ္ပုံမွန္အစားအစာ

ရင္သားၾကီးထြားျပီး ပိုမိုျပည့္ျပည့္တင္းတင္းျဖစ္ေစႏုိင္တဲ့ အစားအစာမ်ားစြာ ရိွပါတယ္။ Phyto estrogen နဲ႔ ၾကြယ္ဝတဲ့ အစားအစာေတြက ရင္သားကို အဆီပိုတုိးေစပါလိမ့္မယ္။ Phyto estrogen မွာ ပါဝင္တဲ့ estrogen က အမ်ဳိးသမီးေဟာ္မုန္း ပုံမွန္ျဖစ္ေအာင္ ကူညီေပးပါတယ္။ အဲဒီေဟာ္မုန္းထုတ္လုပ္မႈပိုမ်ားပါက ရင္သားလည္း ပိုမိုၾကီးလာမွာ ျဖစ္ပါတယ္။ ဂ်ဳံ၊ ၊ ခ်ယ္ရီသီး၊ မုေယာစပါး၊ သစ္ၾကားသီးနဲ႔ ႏုိ႔ထြက္ပစၥည္းေတြ စားသုံးဖုိ႔ အၾကံျပဳထားပါတယ္။

ေက်ာကုန္းမတ္မတ္ထားပါ

ထုိင္ခုံတစ္ခုခုမွာ ထိုင္တဲ့အခါ ေက်ာရုိးမတ္မတ္ထားဖုိ႔ အင္မတန္အေရးၾကီးပါတယ္။ အဲဒီလုိမဟုတ္ပါက ကသိကေအာက္ျဖစ္မႈျပသနာနဲ႔ အခ်ဳိးမက်တဲ့ ရင္သားေတြ ထပ္မံျဖစ္ေပၚေစပါလိမ့္မယ္။ အမ်ဳိးသမီးအမ်ားအျပား သူတုိ႔ခႏၶာကိုယ္ ညြတ္က်ျပီး ၾကည့္မလွတဲ့ ခႏၶာကိုယ္ျဖစ္ေအာင္ ထားေလ့ရိွၾကတယ္လုိ႔ ေလ့လာမႈေတြက ေဖာ္ျပထားပါတယ္။ ဒီအခ်က္ကလည္း ရင္သားေပၚ အက်ဳိးသက္ေရာက္မႈ ရိွႏုိင္ပါတယ္။

ရင္သားအတြင္း ေသြးလည္ပတ္မႈ

ရင္သပ္ရႈေမာဖြယ္ ရင္သားပိုင္ဆုိင္လုိပါက ရင္သားအတြင္း ေသြးလည္မႈေကာင္းမြန္ေနဖုိ႔  သိပ္အေရးၾကီးပါတယ္။ ရင္သားေသြးလည္ပတ္မႈေကာင္းမြန္ေစဖုိ႔ ေရခ်ဳိးေနစဥ္ ရုိးတုိးရြတျဖစ္ေအာင္ အရင္ျပဳလုပ္ျပီးေနာက္ ေရေအးေလာင္းေပးသင့္ေၾကာင္း အၾကံျပဳထားပါတယ္။ ေသြးလည္ပတ္မႈ ပိုမိုေကာင္းမြန္လာမႈေၾကာင့္ သင့္ရင္သားက်န္းမာျပီး လွပေနပါလိမ့္မယ္။

ရင္သားေလ့က်င့္ခန္း

ဒါက သဘာဝအေလ်ာက္ ရင္သားအရြယ္အစား ၾကီးထြားေစဖုိ႔ အထိေရာက္ဆုံးနည္း ျဖစ္ပါတယ္။ ၾကိဳးစားထုတ္မႈျပဳလုပ္ျခင္းျဖင့္ ရင္သားတင္းရင္းေစမယ့္အျပင္ အရြယ္အစားလည္း ၾကီးထြားေစပါလိမ့္မယ္။ Gym ခန္းေတြမွာ ရင္သားဖြံ႕ျဖိဳးဖုိ႔အတြက္ အက်ဳိးျပဳတဲ့ ကိရိယာမ်ဳိးစုရိွၾကပါတယ္။

ႏွိပ္နယ္ေပးပါ

ရင္သားကို အႏွိပ္ဆီတခ်ဳိ႕နဲ႔ ညင္သာစြာ ႏွိပ္နယ္ေပးပါ။ သံလြင္ဆီ၊ မက္မြန္ဆီ သုိ႔မဟုတ္ ရွားေစာင္းလက္ပတ္ဆီအသုံးျပဳျပီး ထိေရာက္စြာ ႏိွပ္ေပးဖုိ႔ အၾကံျပဳလုိပါတယ္။ ဒီနည္းျဖင့္ သင့္ရင္သားကို ဆြဲေဆာင္မႈ ရိွေစပါလိမ့္မယ္။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : trend myanmar

#Unicode Version

ရင်သားဆိုတာ မိန်းမဘဝရဲ့ အမှတ်သညာဖြစ်ပါတယ်။ အမျိုးသမီးတွေ မိန်းမဖြစ်မှုကို သရုပ်ဖော်ပေးတဲ့ ပင်ကိုယ်လက္ခဏာက ရင်သားပဲ ဖြစ်ပါတယ်။ အချိုးကျကျရှိနေတဲ့ ရင်သားတစ်စုံဟာ အမျိုးသမီးတိုင်း အလိုရှိတဲ့အရာဖြစ်ပြီး ဒါဟာ အမျိုးသားတွေကို ဆွဲဆောင်နိုင်တဲ့အရာတစ်ခု ဆိုရင်လည်း မမှားပါဘူး။  ဒါ့ကြောင့် အမျိုးသမီးတော်တော်များများဟာ ရင်သားကြီးအောင် လုပ်ဖို့အတွက်  ခွဲစိတ်ပြုပြင်နည်း၊ နေ့စဉ်အဖြည့်စွက် အစားအသောက်တွေနဲ့ တချို့ရိုးရာနည်းလမ်းတွေအပါအဝင် နည်းအမျိုးမျိုးစမ်းသပ်ဖို့ ဆုံးဖြတ်တတ်ကြပါတယ်။ ဒီတော့ သင့်ရဲ့ရင်သားကို သာမာန်ထက် ပိုမိုဖွံ့ထွားအောင် ကူညီပေးနိုင်တဲ့ နည်းတစ်ချို့ပြောပြပေးချင်ပါတယ်။

သင့်တော်မှန်ကန်တဲ့ နေ့စဉ်ပုံမှန်အစားအစာ

ရင်သားကြီးထွားပြီး ပိုမိုပြည့်ပြည့်တင်းတင်းဖြစ်စေနိုင်တဲ့ အစားအစာများစွာ ရှိပါတယ်။ Phyto estrogen နဲ့ ကြွယ်ဝတဲ့ အစားအစာတွေက ရင်သားကို အဆီပိုတိုးစေပါလိမ့်မယ်။ Phyto estrogen မှာ ပါဝင်တဲ့ estrogen က အမျိုးသမီးဟော်မုန်း ပုံမှန်ဖြစ်အောင် ကူညီပေးပါတယ်။ အဲဒီဟော်မုန်းထုတ်လုပ်မှုပိုများပါက ရင်သားလည်း ပိုမိုကြီးလာမှာ ဖြစ်ပါတယ်။ ဂျုံ၊ ၊ ချယ်ရီသီး၊ မုယောစပါး၊ သစ်ကြားသီးနဲ့ နို့ထွက်ပစ္စည်းတွေ စားသုံးဖို့ အကြံပြုထားပါတယ်။

ကျောကုန်းမတ်မတ်ထားပါ

ထိုင်ခုံတစ်ခုခုမှာ ထိုင်တဲ့အခါ ကျောရိုးမတ်မတ်ထားဖို့ အင်မတန်အရေးကြီးပါတယ်။ အဲဒီလိုမဟုတ်ပါက ကသိကအောက်ဖြစ်မှုပြသနာနဲ့ အချိုးမကျတဲ့ ရင်သားတွေ ထပ်မံဖြစ်ပေါ်စေပါလိမ့်မယ်။ အမျိုးသမီးအများအပြား သူတို့ခန္ဓာကိုယ် ညွတ်ကျပြီး ကြည့်မလှတဲ့ ခန္ဓာကိုယ်ဖြစ်အောင် ထားလေ့ရှိကြတယ်လို့ လေ့လာမှုတွေက ဖော်ပြထားပါတယ်။ ဒီအချက်ကလည်း ရင်သားပေါ် အကျိုးသက်ရောက်မှု ရှိနိုင်ပါတယ်။

ရင်သားအတွင်း သွေးလည်ပတ်မှု

ရင်သပ်ရှုမောဖွယ် ရင်သားပိုင်ဆိုင်လိုပါက ရင်သားအတွင်း သွေးလည်မှုကောင်းမွန်နေဖို့  သိပ်အရေးကြီးပါတယ်။ ရင်သားသွေးလည်ပတ်မှုကောင်းမွန်စေဖို့ ရေချိုးနေစဉ် ရိုးတိုးရွတဖြစ်အောင် အရင်ပြုလုပ်ပြီးနောက် ရေအေးလောင်းပေးသင့်ကြောင်း အကြံပြုထားပါတယ်။ သွေးလည်ပတ်မှု ပိုမိုကောင်းမွန်လာမှုကြောင့် သင့်ရင်သားကျန်းမာပြီး လှပနေပါလိမ့်မယ်။

ရင်သားလေ့ကျင့်ခန်း

ဒါက သဘာဝအလျောက် ရင်သားအရွယ်အစား ကြီးထွားစေဖို့ အထိရောက်ဆုံးနည်း ဖြစ်ပါတယ်။ ကြိုးစားထုတ်မှုပြုလုပ်ခြင်းဖြင့် ရင်သားတင်းရင်းစေမယ့်အပြင် အရွယ်အစားလည်း ကြီးထွားစေပါလိမ့်မယ်။ Gym ခန်းတွေမှာ ရင်သားဖွံ့ဖြိုးဖို့အတွက် အကျိုးပြုတဲ့ ကိရိယာမျိုးစုရှိကြပါတယ်။

နှိပ်နယ်ပေးပါ

ရင်သားကို အနှိပ်ဆီတချို့နဲ့ ညင်သာစွာ နှိပ်နယ်ပေးပါ။ သံလွင်ဆီ၊ မက်မွန်ဆီ သို့မဟုတ် ရှားစောင်းလက်ပတ်ဆီအသုံးပြုပြီး ထိရောက်စွာ နှိပ်ပေးဖို့ အကြံပြုလိုပါတယ်။ ဒီနည်းဖြင့် သင့်ရင်သားကို ဆွဲဆောင်မှု ရှိစေပါလိမ့်မယ်။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : trend myanmar


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top