iMyanmarHouse.com - Best Property Website for Myanmar
×

၁ - သက္ေသာင့္သက္ေသာင့္ရွိလြန္း

တစ္ေယာက္နဲ႔ တစ္ေယာက္ရွိန္ေနတာမ်ိဳး မရွိဘဲ ႏွစ္ေယာက္သားေတြ႕တဲ့အခါ သက္ေသာင့္သက္သာပါပဲ။ တစ္ေယာက္အက်င့္ တစ္ေယာက္သိျပီးသားျဖစ္ေနတာေၾကာင့္ တစ္ခါတစ္ေလ သက္ေသာင့္သက္သာ ရွိလြန္းေနတာေတာင္ ျဖစ္ႏုိင္ပါတယ္။

၂ - ကိုယ့္ပံုစံနဲ႔ကိုယ္

ႏွစ္ေယာက္သားအတူရွိတဲ့အခါ သူ႔ကိုၾကည့္ျပီး လိုက္ေနေပးေနစရာ မလိုပါဘူး။ ကိုယ့္ပံုစံနဲ႔ ကိုယ္ေနလို႔ရပါတယ္။ သင့္အေကာင္းအဆုိးေတြကို သိေနတာေၾကာင့္ သင့္ဘာသင္ လြပ္လြပ္လပ္လပ္ေနလို႔လည္း ဘာမွ ေျပာမွာ မဟုတ္ပါဘူး။

၃ - ပံုေသနည္း

ႏွစ္ေယာက္သားရန္ျဖစ္ရင္ ပံုေသနည္းရွိတတ္ပါတယ္။ အေလွ်ာ့ေပးတဲ့သူက အျမဲအေလွ်ာ့ေပးတတ္ျပီး ဘယ္လိုေခ်ာ့ရင္ စိတ္ျပန္ေျပမယ္ဆိုတာကို ႏွစ္ေယာက္စလံုးနားလည္ပါတယ္။

၄ - အၾကိဳက္တူ

ဘယ္လိုသီခ်င္းမ်ိဳးၾကိဳက္တယ္၊ ဘယ္လိုအစားအစာမ်ိဳး ဘယ္အခ်ိန္မွာ ၾကိဳက္တတ္တယ္ဆိုတာ သိေနတတ္ၾကျပီး အခ်စ္ဆံုးသူငယ္ခ်င္းေတြျဖစ္ခဲ့တာေၾကာင့္ အၾကိဳက္ကလည္း တူတတ္ပါတယ္။ ဒီ့အတြက္ သေဘာထားကြဲလြဲစရာ သိပ္မရွိေတာ့ပါဘူး။

၅ - သိတယ္

တစ္ဖက္က ဘယ္လိုပံုစံဆိုရင္ ဘာျဖစ္ေနတယ္ဆိုတာကို သိပါတယ္။ ဘာေတြခံစားျပီး ဘာေတြ ေမွ်ာ္လင့္ေနတယ္ဆိုတာကို သိပါတယ္။ ခန္႔မွန္းမႈေတြလုပ္ျပီး စိတ္ဆင္းရဲေနစရာ သိပ္မလိုပါဘူး။ ေပ်ာ္ေအာင္ဘယ္လိုလုပ္ေပးရမယ္ဆိုတာ သိပါတယ္။

 ၆ - ရင္ဖြင့္ႏုိင္တယ္

သင့္အေၾကာင္းေတြ အကုန္ေျပာျပႏုိင္ပါတယ္။ အခ်စ္ဆံုးသူငယ္ခ်င္းလည္း ျဖစ္တာေၾကာင့္ပါ။

၇ - ရိုးစင္းလြန္းတယ္

အခ်စ္ဆံုးသူငယ္ခ်င္းကေန ရည္းစားျဖစ္လာတာေၾကာင့္ ႏွစ္ဦးသားဆက္ဆံေရးဟာ ကြယ္ဝွက္ထားတာမ်ိဳးေတြမရွိဘဲ ရိုးစင္းလြန္းေနတတ္ပါတယ္။


ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : duwun

#Unicode Version

၁ - သက်သောင့်သက်သောင့်ရှိလွန်း

တစ်ယောက်နဲ့ တစ်ယောက်ရှိန်နေတာမျိုး မရှိဘဲ နှစ်ယောက်သားတွေ့တဲ့အခါ သက်သောင့်သက်သာပါပဲ။ တစ်ယောက်အကျင့် တစ်ယောက်သိပြီးသားဖြစ်နေတာကြောင့် တစ်ခါတစ်လေ သက်သောင့်သက်သာ ရှိလွန်းနေတာတောင် ဖြစ်နိုင်ပါတယ်။

၂ - ကိုယ့်ပုံစံနဲ့ကိုယ်

နှစ်ယောက်သားအတူရှိတဲ့အခါ သူ့ကိုကြည့်ပြီး လိုက်နေပေးနေစရာ မလိုပါဘူး။ ကိုယ့်ပုံစံနဲ့ ကိုယ်နေလို့ရပါတယ်။ သင့်အကောင်းအဆိုးတွေကို သိနေတာကြောင့် သင့်ဘာသင် လွပ်လွပ်လပ်လပ်နေလို့လည်း ဘာမှ ပြောမှာ မဟုတ်ပါဘူး။

၃ - ပုံသေနည်း

နှစ်ယောက်သားရန်ဖြစ်ရင် ပုံသေနည်းရှိတတ်ပါတယ်။ အလျှော့ပေးတဲ့သူက အမြဲအလျှော့ပေးတတ်ပြီး ဘယ်လိုချော့ရင် စိတ်ပြန်ပြေမယ်ဆိုတာကို နှစ်ယောက်စလုံးနားလည်ပါတယ်။

၄ - အကြိုက်တူ

ဘယ်လိုသီချင်းမျိုးကြိုက်တယ်၊ ဘယ်လိုအစားအစာမျိုး ဘယ်အချိန်မှာ ကြိုက်တတ်တယ်ဆိုတာ သိနေတတ်ကြပြီး အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ခဲ့တာကြောင့် အကြိုက်ကလည်း တူတတ်ပါတယ်။ ဒီ့အတွက် သဘောထားကွဲလွဲစရာ သိပ်မရှိတော့ပါဘူး။

၅ - သိတယ်

တစ်ဖက်က ဘယ်လိုပုံစံဆိုရင် ဘာဖြစ်နေတယ်ဆိုတာကို သိပါတယ်။ ဘာတွေခံစားပြီး ဘာတွေ မျှော်လင့်နေတယ်ဆိုတာကို သိပါတယ်။ ခန့်မှန်းမှုတွေလုပ်ပြီး စိတ်ဆင်းရဲနေစရာ သိပ်မလိုပါဘူး။ ပျော်အောင်ဘယ်လိုလုပ်ပေးရမယ်ဆိုတာ သိပါတယ်။

 ၆ - ရင်ဖွင့်နိုင်တယ်

သင့်အကြောင်းတွေ အကုန်ပြောပြနိုင်ပါတယ်။ အချစ်ဆုံးသူငယ်ချင်းလည်း ဖြစ်တာကြောင့်ပါ။

၇ - ရိုးစင်းလွန်းတယ်

အချစ်ဆုံးသူငယ်ချင်းကနေ ရည်းစားဖြစ်လာတာကြောင့် နှစ်ဦးသားဆက်ဆံရေးဟာ ကွယ်ဝှက်ထားတာမျိုးတွေမရှိဘဲ ရိုးစင်းလွန်းနေတတ်ပါတယ်။

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : duwun
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top