iMyanmarHouse.com - Best Property Website for Myanmar
×










Unicode Version

ကင်ဆာရောဂါဆိုတာ ကမ္ဘာပေါ်မှာ ဖြစ်ပွားတဲ့ ကြောက်စရာ ကောင်းလွန်းတဲ့ ရောဂါတွေထဲက သတိထားစရာ ရောဂါတစ်ခုဖြစ် ပါတယ်။ အကောင်းဆုံးထိထိရောက်ရောက်ကုသမှုနဲ့ ပျောက်ကင်းဖို့ အတွက် ဆေးဝါးကု သခြင်းမျိုး မရှိသေးတဲ့အပြင်ကို ရောဂါဝေဒနာ ကိုလည်း ဆိုးဆိုးရွား ရွားနာကျင်ခံစားရတာမျိုးတွေကြောင့် ကြောက်စရာကောင်းလွန်းတဲ့ ရောဂါတစ်ခုလည်း ဖြစ်ပါတယ်။

ဒီရောဂါကြောင့် ကမ္ဘာတစ်ဝန်းမှာ ကင်ဆာရောဂါကြောင့် လူတစ် သန်းနီးပါး နှစ်စဉ်သေဆုံးနေရပါတယ်။
လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ်အချိန်တုန်းက BMC Complementary Alternative Medicine အဖွဲ့အစည်းရဲ့ ဆေးဝါးစမ်းသပ်ဖန်တီး စစ်ဆေးမှုတွေအရ စားသုံးတဲ့ ဂျင်းတွေကနေ ကင်ဆာရောဂါကို ဆဲလ်တွေကို မျိုးပွားပြန့်နှံ့မှုကို တားဆီးကာကွယ်ပေးနိုင်တာကို တွေ့ရှိခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဂျင်းက ကင်ဆာဆဲလ်တွေ၊ ဆဲလ်ဥတွေ ကြီးထွားခြင်းကို ဟန့်တား ကာကွယ်ပေးနိုင်တာဖြစ်ကာ ရောဂါကာကွယ်မှုအတွက် အကောင်း ဆုံး ထိရောက်တဲ့ ကုသမှုကို ပေးစွမ်းနိုင်တဲ့ ဓာတ်သတ္တုရှိတယ်လို့ ဆိုပါတယ်။ ဂျင်းအပြင် သကြားမုန်လာသီးမှာ ပါဝင်တဲ့ B1 B2 B6 C  antioxidants folic acid minerals phosphrous potassium calcium magnesium zinc sodium iron အစရှိသဖြင့် ဓာတ်တွေ နဲ့ ပေါင်းစပ်လိုက်တဲ့ သဘာဝသတ္တုဓာတ်ပေါင်းကနေမှ ကင်ဆာ ရောဂါကို ထိထိရောက်ရောက်နဲ့ အမြစ်ပျောက်ကင်းနိုင်တဲ့ အစွမ်းရှိ တယ်လို့ ဆိုပါတယ်။

၄၂ နာရီအတွင်းမှာ ဂျင်းနဲ့ သကြားမုန်လာတို့ကို အဓိကအချိုး အဆထည့်ပြီး သောက်သုံးစရာလုပ်ထားတဲ့ အရည်အနှစ်တစ်မျိုါ်ကို သောက်သုံးလိုက်ရုံနဲ့ ဆိုးဆိုးရွားရွား ခံစားရတဲ့ ကင်ဆာရောဂါ ဝေဒနာကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။

ဒီအရောအတွက် ပေါင်းစပ်ပြုလုပ်ရမှာက သကြားမုန်လာ ၅ လုံး၊ အညှာရိုးတံပါ တရုတ်နံနံ ၂ ပင်၊ မုန်လာဥ ၂ လုံး၊ လီမွန် ၁ လုံး၊ လက်တစ်ဆစ် စာဂျင်းတက်၊ လက်တစ်ဆစ်စာ နနွင်းတက် အစရှိသဖြင့်တို့ကို ရောစပ်ပြီး သောက်သုံးရမှာ ဖြစ်ပါတယ်။


Credit: ဖိုးသူတော် (www.phothutaw.com)

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top