iMyanmarHouse.com - Best Property Website for Myanmar
×

သင္အရင္ထက္ ၀ိတ္တက္လာတဲ့အခါ ဘယ္လိုအခ်က္ေတြကို သတိထားၿပီး ေရွာင္ၾကဥ္ျပဳမူသင့္သလဲဆိုတာ အေရးပါလာပါၿပီ။ ထပ္ၿပီး ၀ိတ္မတက္ဖုိ႔ ထိန္းထားရမယ့္အပိုင္းကလည္း အေရးႀကီးတာမို႔ လုပ္ေနက်အျပဳအမူေတြထဲက တစ္ခ်ိဳ႕ကို သတိထားၿပီး မျပဳလုပ္မိေအာင္ ေရွာင္ပါ။

၁။ေန႔လည္စာ၊ မနက္စာ မစားဘဲ ေနတာမ်ိဳးေတြ မလုပ္ပါနဲ႔။

မနက္စာ မစားပဲေနလိုက္တာ၊ ေန႔လည္စာ မစားပဲ ေက်ာ္လိုက္တာမ်ိဳးေတြဟာ သင့္ကို ေရရွည္အတြက္ အဆင္ေျပေစမွာ မဟုတ္ပါဘူး။ တစ္ရက္ႏွစ္အတြက္ ၀ိတ္က်သြားရင္ေတာင္ ခဏပါပဲ။ ဒါ့အျပင္ သင္သတိထားရမယ့္အရာက ဆက္တိုက္စားေနတာမ်ိဳးကိုလည္း မလုပ္ျဖစ္ေအာင္ ေရွာင္ပါ။ တစ္ခါစားၿပီဆုိရင္ ဘာစားသင့္သလဲ၊ ငါ ဒါကိုစားလိုက္ရင္ ေနာက္ထပ္တစ္နာရီေလာက္ဆို တစ္ခုခုထပ္စားခ်င္မွာလား ဆိုတာ ေတြးပါ။

၂။ကိုယ့္ဘာသာကိုယ္ စိတ္ဒုကၡေပးတာမ်ိဳးေတြ မျဖစ္ပါေစနဲ႔။

မွန္ေရွ႕ ခဏခဏရပ္ၾကည့္ၿပီး ငါဖက္တီးၾကီးျဖစ္ေနၿပီ၊ ငါအရမ္း၀ေနၿပီ ဆိုတဲ့ ဆိုက္ကိုေတြ မ၀င္ပါေစနဲ႔။ ဒါ့အျပင္ ျဖစ္ခ်င္ရာျဖစ္ဆုိၿပီး ကိုယ့္ေဘာ္ဒီနဲ႔ မလုိက္ဖက္တဲ့ အ၀တ္အစားမ်ိဳးေတြလည္း မ၀တ္ပါနဲ႔။ တကယ့္ေတာ့ ျဖစ္လာတာကို လက္ခံရင္း ငါဘယ္လိုုလုပ္ရင္ အဆင္ေျပႏိုင္မလဲ၊ ဘာေတြလုပ္သင့္သလဲ၊ ဘယ္လိုမ်ိဳးေတြ ၀တ္သင့္သလဲဆိုတာကို ပိုစဥ္းစားရမယ့္ အခ်ိန္ပါ။ အျပစ္တင္ရမယ့္ အခ်ိန္မဟုတ္ပါဘူး။

၃။အ၀တ္အစားအသစ္ေတြ ဆက္တိုက္မ၀ယ္ပါနဲ႔။

ခုခ်ိန္မွာ သင္လိုခ်င္ေနတ့ဲ skinny ဂ်င္းက သင္နဲ႔အဆင္ေျပခ်င္မွ ေျပာမွာပါ။ ကိုယ္လိုခ်င္တာေတြက ကိုယ္နဲ႔အဆင္မေျပလို႔ ၀ယ္ထားၿပီးမွ အဲ့ဒါေတြ၀တ္ရေအာင္ ၀ိတ္ခ်မယ္ဆုိၿပီး လုပ္တာမ်ိဳးေတြဟာ သင့္အတြက္ ပိုစိတ္ပင္ပန္းေစပါတယ္။ ဒီေတာ့ ၀ိတ္ခ်ေနစဥ္အခ်ိန္ကာလအတြင္း ေရွာ့ပင္ေတြထြက္ၿပီး အ၀တ္အစားေတြ အမ်ားအျပား ၀ယ္ထားတာမ်ိဳး မလုပ္ပါနဲ႔။

၄။က်န္းမာေရးနဲ႔အညီ ၀ိတ္ခ်ပါ။

၀ိတ္တက္လာၿပီဆိုရင္ က်န္းမာေရးနဲ႔ညီညြတ္စြာ ၀ိတ္ခ်ဖုိ႔စဥ္းစားရေတာ့မွာပါ။ ေလ့က်င့္ခန္းလုပ္ရင္လုပ္၊ အစားအေသာက္နဲ႔တြဲၿပီး ခ်ရင္ခ်၊ အဓိကကေတာ့ သင့္ရဲ႕စိတ္ဖိစီးမႈေတြကိုလည္း ေလ်ာ့နည္းသြားေအာင္ လုပ္ကိုလုပ္ရမွာျဖစ္ပါတယ္။ ၀ိတ္က်ေအာင္ လုပ္တဲ့အခါမွာလည္း သာမာန္အားျဖင့္ေတာ့ လူတစ္ေယာက္ဟာ တစ္ပတ္ကို တစ္ေပါင္ ဒါမွမဟုတ္ ႏွစ္ေပါင္ထက္ပိုၿပီး ၀ိတ္မခ်သင့္ပါဘူး။ ဒါဟာ က်န္းမာေရးနဲ႔ မညီညြတ္လို႔ပါ။ ၀ိတ္ခ်တယ္ဆိုရာမွာလည္း ေရေသာက္တာကစလို႔ သင့္မွာေဟာ္မုန္းအေနအထား ဘယ္ေလာက္ရွိတယ္ဆိုတာကအစ အေရးႀကီးေနပါတယ္။ တစ္ပတ္မွာ တစ္ခါ၀ိတ္ခ်ႏိုင္ေအာင္ႀကိဳးစားပါ။ နည္းစနစ္အတုိင္း စိတ္ရွည္ရွည္မွန္မွန္သြားပါ။ ဘယ္ႏွစ္ေပါင္ဆုိၿပီး အတင္းႀကီး မလုပ္ပါနဲ႔။ အစားအစာနဲ႔ ၀ိတ္ခ်မယ္ဆုိ၇င္လည္း ျမန္ျမန္က်ေအာင္ ေဆးေသာက္ၿပီးခ်တာ၊ အစားအစာကို မစားသေလာက္ကို ေလွ်ာ့ခ်တာမ်ိဳးေတြ မလုပ္ပါနဲ႔။

၅။ေလ့က်င့္ခန္းကို အလြန္အကၽြံမလုပ္ပါနဲ႔။

၀ိတ္ခ်ဖုိ႔အတြက္ ေလ့က်င့္ခန္းလုပ္ၿပီဆိုရင္ေတာ့ ေျဖးေျဖးနဲ႔မွန္မွန္ေလး သြားပါ။ ၀ိတ္ျမန္ျမန္က်ေအာင္ ေန႔ေရာညပါ ေလ့က်င့္ခန္းလုပ္တာမ်ိဳးက ေကာင္းက်ိဳးထက္ ဆိုးက်ိဳးျဖစ္ေစပါလိမ့္မယ္။ ေနာက္တစ္ခ်က္က ေလ့က်င့္ခန္းလုပ္တဲ့အခါ ဗိုက္ဆာၿပီး ပိုစားျဖစ္တာမ်ိဳးျဖစ္ရင္ေတာ့ ၀ိတ္ပိုတက္ဖုိ႔သာ ရွိပါတယ္။ ေလ့က်င့္ခန္းမွန္မွန္ေလးလုပ္လုိ႔ ၀ိတ္က်လာၿပီဆုိ၇င္ေတာ့ သင့္ရဲ႕ေအာင္ျမင္မႈကို ခံစားပါ။ ျဖစ္ႏိုင္ရင္ ေလ့က်င့္ခန္းေလးမွန္မွန္လုပ္တဲ့ အက်င့္ကိုေမြးျမဴပါ။



Credit:Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

သင်အရင်ထက် ဝိတ်တက်လာတဲ့အခါ ဘယ်လိုအချက်တွေကို သတိထားပြီး ရှောင်ကြဉ်ပြုမူသင့်သလဲဆိုတာ အရေးပါလာပါပြီ။ ထပ်ပြီး ဝိတ်မတက်ဖို့ ထိန်းထားရမယ့်အပိုင်းကလည်း အရေးကြီးတာမို့ လုပ်နေကျအပြုအမူတွေထဲက တစ်ချို့ကို သတိထားပြီး မပြုလုပ်မိအောင် ရှောင်ပါ။

၁။နေ့လည်စာ၊ မနက်စာ မစားဘဲ နေတာမျိုးတွေ မလုပ်ပါနဲ့။

မနက်စာ မစားပဲနေလိုက်တာ၊ နေ့လည်စာ မစားပဲ ကျော်လိုက်တာမျိုးတွေဟာ သင့်ကို ရေရှည်အတွက် အဆင်ပြေစေမှာ မဟုတ်ပါဘူး။ တစ်ရက်နှစ်အတွက် ဝိတ်ကျသွားရင်တောင် ခဏပါပဲ။ ဒါ့အပြင် သင်သတိထားရမယ့်အရာက ဆက်တိုက်စားနေတာမျိုးကိုလည်း မလုပ်ဖြစ်အောင် ရှောင်ပါ။ တစ်ခါစားပြီဆိုရင် ဘာစားသင့်သလဲ၊ ငါ ဒါကိုစားလိုက်ရင် နောက်ထပ်တစ်နာရီလောက်ဆို တစ်ခုခုထပ်စားချင်မှာလား ဆိုတာ တွေးပါ။

၂။ကိုယ့်ဘာသာကိုယ် စိတ်ဒုက္ခပေးတာမျိုးတွေ မဖြစ်ပါစေနဲ့။

မှန်ရှေ့ ခဏခဏရပ်ကြည့်ပြီး ငါဖက်တီးကြီးဖြစ်နေပြီ၊ ငါအရမ်းဝနေပြီ ဆိုတဲ့ ဆိုက်ကိုတွေ မဝင်ပါစေနဲ့။ ဒါ့အပြင် ဖြစ်ချင်ရာဖြစ်ဆိုပြီး ကိုယ့်ဘော်ဒီနဲ့ မလိုက်ဖက်တဲ့ အဝတ်အစားမျိုးတွေလည်း မဝတ်ပါနဲ့။ တကယ့်တော့ ဖြစ်လာတာကို လက်ခံရင်း ငါဘယ်လိုုလုပ်ရင် အဆင်ပြေနိုင်မလဲ၊ ဘာတွေလုပ်သင့်သလဲ၊ ဘယ်လိုမျိုးတွေ ဝတ်သင့်သလဲဆိုတာကို ပိုစဉ်းစားရမယ့် အချိန်ပါ။ အပြစ်တင်ရမယ့် အချိန်မဟုတ်ပါဘူး။

၃။အဝတ်အစားအသစ်တွေ ဆက်တိုက်မဝယ်ပါနဲ့။

ခုချိန်မှာ သင်လိုချင်နေတဲ့ skinny ဂျင်းက သင်နဲ့အဆင်ပြေချင်မှ ပြောမှာပါ။ ကိုယ်လိုချင်တာတွေက ကိုယ်နဲ့အဆင်မပြေလို့ ဝယ်ထားပြီးမှ အဲ့ဒါတွေဝတ်ရအောင် ဝိတ်ချမယ်ဆိုပြီး လုပ်တာမျိုးတွေဟာ သင့်အတွက် ပိုစိတ်ပင်ပန်းစေပါတယ်။ ဒီတော့ ဝိတ်ချနေစဉ်အချိန်ကာလအတွင်း ရှော့ပင်တွေထွက်ပြီး အဝတ်အစားတွေ အများအပြား ဝယ်ထားတာမျိုး မလုပ်ပါနဲ့။

၄။ကျန်းမာရေးနဲ့အညီ ဝိတ်ချပါ။

ဝိတ်တက်လာပြီဆိုရင် ကျန်းမာရေးနဲ့ညီညွတ်စွာ ဝိတ်ချဖို့စဉ်းစားရတော့မှာပါ။ လေ့ကျင့်ခန်းလုပ်ရင်လုပ်၊ အစားအသောက်နဲ့တွဲပြီး ချရင်ချ၊ အဓိကကတော့ သင့်ရဲ့စိတ်ဖိစီးမှုတွေကိုလည်း လျော့နည်းသွားအောင် လုပ်ကိုလုပ်ရမှာဖြစ်ပါတယ်။ ဝိတ်ကျအောင် လုပ်တဲ့အခါမှာလည်း သာမာန်အားဖြင့်တော့ လူတစ်ယောက်ဟာ တစ်ပတ်ကို တစ်ပေါင် ဒါမှမဟုတ် နှစ်ပေါင်ထက်ပိုပြီး ဝိတ်မချသင့်ပါဘူး။ ဒါဟာ ကျန်းမာရေးနဲ့ မညီညွတ်လို့ပါ။ ဝိတ်ချတယ်ဆိုရာမှာလည်း ရေသောက်တာကစလို့ သင့်မှာဟော်မုန်းအနေအထား ဘယ်လောက်ရှိတယ်ဆိုတာကအစ အရေးကြီးနေပါတယ်။ တစ်ပတ်မှာ တစ်ခါဝိတ်ချနိုင်အောင်ကြိုးစားပါ။ နည်းစနစ်အတိုင်း စိတ်ရှည်ရှည်မှန်မှန်သွားပါ။ ဘယ်နှစ်ပေါင်ဆိုပြီး အတင်းကြီး မလုပ်ပါနဲ့။ အစားအစာနဲ့ ဝိတ်ချမယ်ဆို၇င်လည်း မြန်မြန်ကျအောင် ဆေးသောက်ပြီးချတာ၊ အစားအစာကို မစားသလောက်ကို လျှော့ချတာမျိုးတွေ မလုပ်ပါနဲ့။

၅။လေ့ကျင့်ခန်းကို အလွန်အကျွံမလုပ်ပါနဲ့။

ဝိတ်ချဖို့အတွက် လေ့ကျင့်ခန်းလုပ်ပြီဆိုရင်တော့ ဖြေးဖြေးနဲ့မှန်မှန်လေး သွားပါ။ ဝိတ်မြန်မြန်ကျအောင် နေ့ရောညပါ လေ့ကျင့်ခန်းလုပ်တာမျိုးက ကောင်းကျိုးထက် ဆိုးကျိုးဖြစ်စေပါလိမ့်မယ်။ နောက်တစ်ချက်က လေ့ကျင့်ခန်းလုပ်တဲ့အခါ ဗိုက်ဆာပြီး ပိုစားဖြစ်တာမျိုးဖြစ်ရင်တော့ ဝိတ်ပိုတက်ဖို့သာ ရှိပါတယ်။ လေ့ကျင့်ခန်းမှန်မှန်လေးလုပ်လို့ ဝိတ်ကျလာပြီဆို၇င်တော့ သင့်ရဲ့အောင်မြင်မှုကို ခံစားပါ။ ဖြစ်နိုင်ရင် လေ့ကျင့်ခန်းလေးမှန်မှန်လုပ်တဲ့ အကျင့်ကိုမွေးမြူပါ။



Credit:Trend Myanmar


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...




 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top