iMyanmarHouse.com - Best Property Website for Myanmar
×

မိတ္ကပ္လိမ္းျခယ္တာဟာ အႏုပညာတစ္ခုျဖစ္တာမို႔ စည္း မ်ဥ္းစည္းကမ္းေတြမလိုအပ္ဘူး ဆိုေပမယ့္ အသားအေရာင္ေပၚမူ တည္ၿပီးေတာ့ မလုပ္ေဆာင္သင့္ တာေတြရွိတာမို႔ အသားညိဳသူ ေတြသိထားဖို႔ လိုတာေလးေတြ ေဖာ္ျပေပးလုိက္ပါတယ္။

နီညိဳေရာင္ခရင္မ္ပတ္သံုးျခင္း - နီညိဳေရာင္ဟာ ဘယ္လိုအသား ေရာင္မဆို သံုးစြဲလို႔ရသလို အသား ညိဳတဲ့သူေတြအတြက္ဆိုရင္ ပိုၿပီး အဆင္ေျပပါတယ္။ အသားေရာင္ထက္ ေဖ်ာ့တဲ့အေရာင္နဲ႔ လိမ္း ျခယ္တာမ်ဳိးလုပ္ရင္ အဆီျပန္ေန တာပဲ ျဖစ္မွာပါ။ ဒါေၾကာင့္မို႔ အ ေရာင္အရင့္ကို ေရြးခ်ယ္ဖို႔လိုသ လို ဘရပ္ရွ္အေသးေလးနဲ႔ တစ္ ေနရာတည္းကြက္ၿပီး လိမ္းမယ့္အစား ဘရပ္ရွ္အႀကီးသံုးၿပီး ပါးအလယ္ကေနျဖန္႔လိမ္းတာမ်ဳိးလုပ္ဖို႔ လိုပါတယ္။

ေတာက္ပတဲ့အေရာင္မ်ားသံုး ျခင္း - လိေမၼာ္၊ အ၀ါ၊ အျပာ၊ ပန္း ေရာင္နဲ႔ ေျပာင္ေျပာင္လက္လက္ နီယြန္အိုင္းရွဲဒိုးနဲ႔ ႏႈတ္ခမ္းနီေတြ ဟာ အသားညိဳသူေတြကို ေပၚလြင္လွပေနေစတယ္လို႔ ဆိုပါတယ္။ ဒီလိုအေရာင္ေတြကို စမ္းသပ္မ ျပင္ၾကည့္ဘဲနဲ႔ ဘယ္အေရာင္က ကိုယ္နဲ႔အလိုက္ဖက္ဆံုးလဲမသိ ႏိုင္ပါဘူး။

အေရာင္ေဖ်ာ့ကိုစနစ္တက်ေရြး ခ်ယ္ျခင္း - အေရာင္ႏု၊ အေရာင္ ေဖ်ာ့ေတြဟာ ညိဳတဲ့အသားေရာင္ မွာ မေပၚလြင္ဘူးဆိုေပမယ့္ မ်က္ ႏွာမွာအရိပ္ေဖာ္ျပင္ဆင္ရာမွာ အ သံုးတည့္ပါတယ္။ အဲဒီမွာလည္း တစ္ခုသတိထားရမွာက အျပင္မ တတ္ရင္ ပင္ပန္းႏြမ္းနယ္ေနတဲ့ပံု၊ ေနမေကာင္းတဲ့ပံုႀကီးျဖစ္ႏုိင္လို႔ ပါ။

အေရာင္ရင့္ပါးနီသံုးျခင္း - အနီ ေရာင္ရင့္ရင့္၊ အုတ္ခဲေရာင္၊ ႏွင္း ဆီေရာင္အရင့္၊ ညိဳ၀ါေရာင္အရင့္လိုမ်ဳိးေတြက အသားညိဳသူေတြ အတြက္ သဘာ၀က်က်နဲ႔ လွပေစ မွာပါ။

ႏႈတ္ခမ္းဆိုးေဆးအေရာင္စနစ္ တက်ေရြးခ်ယ္ျခင္း - ႏႈတ္ခမ္းဆိုး ေဆးေတြဟာလည္း အသားေရာင္အလိုက္ အႏုအရင့္ေသခ်ာေရြး ခ်ယ္ရတာမို႔ သိပ္အရင့္ႀကီးဆိုရင္ လည္း မေပၚလြင္သလို သိပ္ေဖ်ာ့ ေတာ့လည္း ၾကည့္မေကာင္းတဲ့ အတြက္ ကိုယ္နဲ႔ အလိုက္ဖက္ဆံုး အေရာင္ကြက္တိျဖစ္ေအာင္လို႔ စနစ္တက်ေရြးခ်ယ္ပါ။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit:7Day Daily

#Unicode Version
မိတ်ကပ်လိမ်းခြယ်တာဟာ အနုပညာတစ်ခုဖြစ်တာမို့ စည်း မျဉ်းစည်းကမ်းတွေမလိုအပ်ဘူး ဆိုပေမယ့် အသားအရောင်ပေါ်မူ တည်ပြီးတော့ မလုပ်ဆောင်သင့် တာတွေရှိတာမို့ အသားညိုသူ တွေသိထားဖို့ လိုတာလေးတွေ ဖော်ပြပေးလိုက်ပါတယ်။

နီညိုရောင်ခရင်မ်ပတ်သုံးခြင်း - နီညိုရောင်ဟာ ဘယ်လိုအသား ရောင်မဆို သုံးစွဲလို့ရသလို အသား ညိုတဲ့သူတွေအတွက်ဆိုရင် ပိုပြီး အဆင်ပြေပါတယ်။ အသားရောင်ထက် ဖျော့တဲ့အရောင်နဲ့ လိမ်း ခြယ်တာမျိုးလုပ်ရင် အဆီပြန်နေ တာပဲ ဖြစ်မှာပါ။ ဒါကြောင့်မို့ အ ရောင်အရင့်ကို ရွေးချယ်ဖို့လိုသ လို ဘရပ်ရှ်အသေးလေးနဲ့ တစ် နေရာတည်းကွက်ပြီး လိမ်းမယ့်အစား ဘရပ်ရှ်အကြီးသုံးပြီး ပါးအလယ်ကနေဖြန့်လိမ်းတာမျိုးလုပ်ဖို့ လိုပါတယ်။

တောက်ပတဲ့အရောင်များသုံး ခြင်း - လိမ္မော်၊ အဝါ၊ အပြာ၊ ပန်း ရောင်နဲ့ ပြောင်ပြောင်လက်လက် နီယွန်အိုင်းရှဲဒိုးနဲ့ နှုတ်ခမ်းနီတွေ ဟာ အသားညိုသူတွေကို ပေါ်လွင်လှပနေစေတယ်လို့ ဆိုပါတယ်။ ဒီလိုအရောင်တွေကို စမ်းသပ်မ ပြင်ကြည့်ဘဲနဲ့ ဘယ်အရောင်က ကိုယ်နဲ့အလိုက်ဖက်ဆုံးလဲမသိ နိုင်ပါဘူး။

အရောင်ဖျော့ကိုစနစ်တကျရွေး ချယ်ခြင်း - အရောင်နု၊ အရောင် ဖျော့တွေဟာ ညိုတဲ့အသားရောင် မှာ မပေါ်လွင်ဘူးဆိုပေမယ့် မျက် နှာမှာအရိပ်ဖော်ပြင်ဆင်ရာမှာ အ သုံးတည့်ပါတယ်။ အဲဒီမှာလည်း တစ်ခုသတိထားရမှာက အပြင်မ တတ်ရင် ပင်ပန်းနွမ်းနယ်နေတဲ့ပုံ၊ နေမကောင်းတဲ့ပုံကြီးဖြစ်နိုင်လို့ ပါ။

အရောင်ရင့်ပါးနီသုံးခြင်း - အနီ ရောင်ရင့်ရင့်၊ အုတ်ခဲရောင်၊ နှင်း ဆီရောင်အရင့်၊ ညိုဝါရောင်အရင့်လိုမျိုးတွေက အသားညိုသူတွေ အတွက် သဘာဝကျကျနဲ့ လှပစေ မှာပါ။

နှုတ်ခမ်းဆိုးဆေးအရောင်စနစ် တကျရွေးချယ်ခြင်း - နှုတ်ခမ်းဆိုး ဆေးတွေဟာလည်း အသားရောင်အလိုက် အနုအရင့်သေချာရွေး ချယ်ရတာမို့ သိပ်အရင့်ကြီးဆိုရင် လည်း မပေါ်လွင်သလို သိပ်ဖျော့ တော့လည်း ကြည့်မကောင်းတဲ့ အတွက် ကိုယ်နဲ့ အလိုက်ဖက်ဆုံး အရောင်ကွက်တိဖြစ်အောင်လို့ စနစ်တကျရွေးချယ်ပါ။



ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...



Credit:7Day Daily




 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top