iMyanmarHouse.com - Best Property Website for Myanmar
×

ငွက္ေပ်ာသီးဟာ တျခားသီးႏွံေတြနဲ႔မတူဘဲ တစ္ႏွစ္ပတ္လံုး ရရွိႏုိင္ၿပီး အဖိုးတန္ အာဟာရမ်ားစြာ ရွိပါတယ္။ ေအာက္ပါအခ်က္ေတြကေတာ့ ငွက္ေပ်ာသီးကေပးတဲ့ က်န္းမာေ၇းအက်ဳိးေက်းဇူးေတြပါ။

၁။ ကိုယ္အေလးခ်ိန္ က်ဆင္းေစျခင္း

 နံနက္စာမစားခင္ ငွက္ေပ်ာသီး တစ္လံုး၊ ႏွစ္လံုးခန္႔စားသံုးၿပီး သဘာ၀ေရေအးကို ေသာက္ေပးပါ။ ငွက္ေပ်ာသီးမွာပါ၀င္တဲ့ အမွ်င္ဓာတ္က ဆာေလာင္မႈကို ထိန္းခ်ဳပ္ေပးတဲ့အတြက္ ကိုယ္အေလးခ်ိန္ က်ဆင္းေစပါတယ္။


၂။ ေက်ာက္ကပ္ကို ကာကြယ္ေပျခင္း

သုေတသီေတြက ေလ့လာမႈေတြ Dietary Fiber နဲ႔ ေက်ာက္ကပ္ကို ကာကြယ္ႏိုင္ေၾကာင္းေတြ႕ရွိခဲ့ၿပီး ငွက္ေပ်ာသီး က Dietary Fiber ရရွိႏိုင္တဲ့ သီးႏွံရင္းျမစ္ျဖစ္တယ္လို ့ International Journal of Cancerမွာ ပံုႏွိပ္ေဖာ္ျပခဲ့ပါတယ္။

၃။ အစာေခ်စနစ္ကို ေကာင္းမြန္ေစျခင္း

ငွက္ေပ်ာသီးကုိ မၾကာခဏစားသံုးေပးျခင္းျဖင့္ ခႏၶာကိုယ္က အျခားစားသံုးလိုက္တဲ့ အစားအစာမ်ားဆီက ကယ္လ္ဆီယမ္ စုပ္ယူႏိုင္စြမ္းကို ျမႇင့္တင္ေပးပါတယ္။ ငွက္ေပ်ာသီးမွာပါ၀င္ တဲ့ ျဒပ္ေပါင္းတစ္မ်ဳိးက အူထဲမွာရွိတဲ့ Probiotic လို႔ေခၚတဲ့အက်ဳိးျပဳ ဘက္တီးရီးယားတစ္မ်ဳိးကို အဟာရျဖည့္တင္းေပးပါတယ္။ ဒီဘက္တီးရီးယားေတြက ဗီတာမင္နဲ႔ အစာေခ်အင္ဇိုင္းေတြကို ထုတ္ လုပ္ေပးၿပီး ခႏၶာကိုယ္က အဟာရစုပ္ယူႏိုင္စြမ္းကို အားျဖည့္ေပးကာ အျခားမိုက္ခ႐ို ပိုးမႊားေတြရဲ႕ရန္က ကာကြယ္ေပးပါတယ္။ ဒါေၾကာင့္ ငွက္ေပ်ာသီး မၾကာခဏစားေပးျခင္းက အူနဲ႔ပတ္သတ္တဲ့ ကင္ဆာျဖစ္ပြားႏိုင္ေျခကို ေလွ်ာ့ခ်ေပးနိုင္ပါတယ္။


၄။ အစာအိမ္ အနာေပါက္ျခင္းကို တားဆီးေပးျခင္း

ငွက္ေပ်ာသီးရဲ႕ အခ်ဥ္ေပါက္ျခင္းကို ဟန္႔တားႏိုင္တဲ့ အစြမ္းသတၱိေၾကာင့္ အက္ဆစ္ဓာတ္မ်ားလို႔ အစာအိမ္အနာေပါက္ျခင္းကို သက္သာေစႏိုင္ပါတယ္။ ငွက္ေပ်ာသီးမွာ ပါ၀င္တဲ့ သဘာဝ ဓာတ္ပစၥည္းေတြက အစာအိမ္နံရံကို ပိုမုိထူထဲလာေစၿပီး အစာအိမ္ကို အနာ ျဖစ္ေစမယ့္ ဘက္တီးရီယားမ်ားနဲ႔ အက္ဆစ္ဓာတ္မ်ားရဲ႕ရန္မွ ကာကြယ္ေပးပါတယ္။ ငွက္ေပ်ာသီးနဲ႔ ႏြားႏို႔ေရာေႏွာၿပီး ေသာက္သံုးေပးျခင္းက အစာအိမ္ထဲက အက္ဆစ္ထုတ္လုပ္မႈကို တားဆီးေပးပါတယ္။ ဒါေၾကာင့္ အစာအိမ္အခ်ဥ္ေပါက္ၿပီး ဗိုက္နာေနမယ္ဆိုရင္ ငွက္ေပ်ာသီးစားေပးျခင္းက ေဘးထြက္ဆိုးက်ဳိးမရွိဘဲ သက္သာေစႏိုင္ပါတယ္။

၅။ ႏွလံုးကို က်န္းမာေစႏိုင္ျခင္း

ႏွလံုးရဲ႕ လုပ္ငန္းေဆာင္တာေတြ ေကာင္းမြန္စြာ လုပ္ေဆာင္ႏိုင္ဖို႔နဲ႔ ေသြးဖိအား ပုံမွန္လည္ပတ္ေနေစဖို႔အတြက္ ငွက္ေပ်ာသီးကို ပံုမွန္စားသံုးေပးသင့္ပါတယ္။ ငွက္ေပ်ာသီးမွာ ျမင့္မားစြာပါဝင္တဲ့ ပိုတတ္ဆီယမ္နဲ႔ အျခားသတၱဳဓာတ္ေတြက သင့္ရဲ႕ႏွလံုးေသြးေၾကာေတြ ကို ကာကြယ္ေပးၿပီး ေသြးေၾကာနံရံေတြမွာ အဆီေတြစုပံုလာျခင္းေၾကာင့္ျဖစ္တတ္တဲ့ ႏွလံုးေသြးေၾကာက်ဥ္းေရာဂါကို မျဖစ္ေအာင္ တားဆီးေပးႏိုင္စြမ္းရိွပါတယ္။ ငွက္ေပ်ာသီး ပံုမွန္စားသံုးေပးျခင္းျဖင့္ ႏွလံုးေလ႐ိုက္ျခင္းနဲ႔ ေလျဖတ္ျခင္းစတဲ့ေရာဂါေတြကို ႀကိဳတင္ကာ ကြယ္ႏိုင္ပါတယ္။ ဒါ့အျပင္ အားကစား သမားေတြ ျပင္းထန္တဲ့ ကိုယ္လက္လႈပ္ရွားမႈအၿပီး ႂကြက္သားေတြ နာက်င္ကိုက္ခဲျခင္း၊ ႂကြက္တတ္ျခင္းေတြမျဖစ္ေအာင္ ငွက္ေပ်ာသီး စားေပးႏိုင္ပါတယ္။


၆။ ဗီတာမင္ဓာတ္ကို ျဖည့္တင္းေပးႏုိင္ျခင္း

ဗီတာမင္ B-6ကို မ်ားေသာအားျဖင့္ အသားငါးနဲ႔ ႏုိ႔ထြက္ပစၥည္းေတြမွာသာ ေတြ႔ရေလ့ရွိပါတယ္။ ငွက္ေပ်ာသီး တစ္လံုးမွာ ပါ၀င္တဲ့ ဗီတာမင္ B-6 ပမာဏက သင့္ခႏၶာကိုယ္အတြက္ တစ္ေန႔တာ လိုအပ္တဲ့ပမာဏရဲ႕ ၃၅ ရာခိုင္ႏႈန္းေလာက္ ရွိပါတယ္။ ဗီတာမင္ B-6 က ဆဲလ္အသစ္ေတြႀကီးထြားဖို႔ အေရးႀကီးတဲ့ မရွိမျဖစ္လိုအပ္တဲ့ ဗီတာမင္တစ္မ်ဳိး ျဖစ္ပါတယ္။ ဒါ့အျပင္ အဆစ္အျမစ္ေယာင္ယမ္းေရာဂါ၊ ဆီးခ်ဳိေရာဂါေတြကို တားဆီးေပးႏိုင္ၿပီး အာ႐ုံေၾကာအဖြဲ႕အစည္းကို သန္မာေစႏိုင္ပါတယ္။ ဒီအစြမ္းထက္လွတဲ့ ဗီတာမင္ဓာတ္ကို ငွက္ေပ်ာသီးတစ္လံုး စားေပး႐ံုနဲ႔ ရရွိႏိုင္ပါၿပီ။

၇။ အျမင္အာ႐ံု ေကာင္းမြန္ေစျခင္း

ငွက္ေပ်ာသီးမွာ ပါ၀င္တဲ့ျမင့္မားတဲ့ ပိုတက္ဆီယမ္ ပမာဏက အာ႐ံုေၾကာစနစ္ကို လန္းဆန္းေစႏိုင္ၿပီး အျမင္အာ႐ံုကို တိုးတတ္ေစပါတယ္။


၈။  အ႐ိုးအဆစ္သန္မာေစျခင္း

ငွက္ေပ်ာသီးမွာပါဝင္တဲ့  မဂၢနီဆီယမ္ဒာဓာတ္က အ႐ိုးေတြကို သန္မာေစပါတယ္။

၉။ အပူက်ေစျခင္း

ငွက္ေပ်ာသီး စားသံုးေပးျခင္းက ပူျပင္းတဲ့ရာသီမွာ ခႏၶာကိုယ္အပူခ်ိန္ကို က်ဆင္းေစႏိုင္ပါတယ္။


၁၀။ ကိုယ္ဝန္ေဆာင္မ်ားအတြက္ သင့္ေတာ္ျခင္း

ကိုယ္၀န္ေဆာင္ေတြမွာ ျဖစ္ေလ့ရွိတဲ့ မူးေ၀ေအာ့အန္ျခင္းကိုလည္း သက္သာေစႏိုင္ပါတယ္။

 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : duwun

#Unicode Version

 ငှက်ပျောသီးဟာ တခြားသီးနှံတွေနဲ့မတူဘဲ တစ်နှစ်ပတ်လုံး ရရှိနိုင်ပြီး အဖိုးတန် အာဟာရများစွာ ရှိပါတယ်။ အောက်ပါအချက်တွေကတော့ ငှက်ပျောသီးကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေပါ။

၁။ ကိုယ်အလေးချိန် ကျဆင်းစေခြင်း

 နံနက်စာမစားခင် ငှက်ပျောသီး တစ်လုံး၊ နှစ်လုံးခန့်စားသုံးပြီး သဘာဝရေအေးကို သောက်ပေးပါ။ ငှက်ပျောသီးမှာပါဝင်တဲ့ အမျှင်ဓာတ်က ဆာလောင်မှုကို ထိန်းချုပ်ပေးတဲ့အတွက် ကိုယ်အလေးချိန် ကျဆင်းစေပါတယ်။

၂။ ကျောက်ကပ်ကို ကာကွယ်ပေခြင်း

သုတေသီတွေက လေ့လာမှုတွေ Dietary Fiber နဲ့ ကျောက်ကပ်ကို ကာကွယ်နိုင်ကြောင်းတွေ့ရှိခဲ့ပြီး ငှက်ပျောသီး က Dietary Fiber ရရှိနိုင်တဲ့ သီးနှံရင်းမြစ်ဖြစ်တယ်လို့ International Journal of Cancerမှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။

၃။ အစာချေစနစ်ကို ကောင်းမွန်စေခြင်း

ငှက်ပျောသီးကို မကြာခဏစားသုံးပေးခြင်းဖြင့် ခန္ဓာကိုယ်က အခြားစားသုံးလိုက်တဲ့ အစားအစာများဆီက ကယ်လ်ဆီယမ် စုပ်ယူနိုင်စွမ်းကို မြှင့်တင်ပေးပါတယ်။ ငှက်ပျောသီးမှာပါဝင် တဲ့ ဒြပ်ပေါင်းတစ်မျိုးက အူထဲမှာရှိတဲ့ Probiotic လို့ခေါ်တဲ့အကျိုးပြု ဘက်တီးရီးယားတစ်မျိုးကို အဟာရဖြည့်တင်းပေးပါတယ်။ ဒီဘက်တီးရီးယားတွေက ဗီတာမင်နဲ့ အစာချေအင်ဇိုင်းတွေကို ထုတ် လုပ်ပေးပြီး ခန္ဓာကိုယ်က အဟာရစုပ်ယူနိုင်စွမ်းကို အားဖြည့်ပေးကာ အခြားမိုက်ခရို ပိုးမွှားတွေရဲ့ရန်က ကာကွယ်ပေးပါတယ်။ ဒါကြောင့် ငှက်ပျောသီး မကြာခဏစားပေးခြင်းက အူနဲ့ပတ်သတ်တဲ့ ကင်ဆာဖြစ်ပွားနိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။

၄။ အစာအိမ် အနာပေါက်ခြင်းကို တားဆီးပေးခြင်း

ငှက်ပျောသီးရဲ့ အချဉ်ပေါက်ခြင်းကို ဟန့်တားနိုင်တဲ့ အစွမ်းသတ္တိကြောင့် အက်ဆစ်ဓာတ်များလို့ အစာအိမ်အနာပေါက်ခြင်းကို သက်သာစေနိုင်ပါတယ်။ ငှက်ပျောသီးမှာ ပါဝင်တဲ့ သဘာဝ ဓာတ်ပစ္စည်းတွေက အစာအိမ်နံရံကို ပိုမိုထူထဲလာစေပြီး အစာအိမ်ကို အနာ ဖြစ်စေမယ့် ဘက်တီးရီယားများနဲ့ အက်ဆစ်ဓာတ်များရဲ့ရန်မှ ကာကွယ်ပေးပါတယ်။ ငှက်ပျောသီးနဲ့ နွားနို့ရောနှောပြီး သောက်သုံးပေးခြင်းက အစာအိမ်ထဲက အက်ဆစ်ထုတ်လုပ်မှုကို တားဆီးပေးပါတယ်။ ဒါကြောင့် အစာအိမ်အချဉ်ပေါက်ပြီး ဗိုက်နာနေမယ်ဆိုရင် ငှက်ပျောသီးစားပေးခြင်းက ဘေးထွက်ဆိုးကျိုးမရှိဘဲ သက်သာစေနိုင်ပါတယ်။

၅။ နှလုံးကို ကျန်းမာစေနိုင်ခြင်း

နှလုံးရဲ့ လုပ်ငန်းဆောင်တာတွေ ကောင်းမွန်စွာ လုပ်ဆောင်နိုင်ဖို့နဲ့ သွေးဖိအား ပုံမှန်လည်ပတ်နေစေဖို့အတွက် ငှက်ပျောသီးကို ပုံမှန်စားသုံးပေးသင့်ပါတယ်။ ငှက်ပျောသီးမှာ မြင့်မားစွာပါဝင်တဲ့ ပိုတတ်ဆီယမ်နဲ့ အခြားသတ္တုဓာတ်တွေက သင့်ရဲ့နှလုံးသွေးကြောတွေ ကို ကာကွယ်ပေးပြီး သွေးကြောနံရံတွေမှာ အဆီတွေစုပုံလာခြင်းကြောင့်ဖြစ်တတ်တဲ့ နှလုံးသွေးကြောကျဉ်းရောဂါကို မဖြစ်အောင် တားဆီးပေးနိုင်စွမ်းရှိပါတယ်။ ငှက်ပျောသီး ပုံမှန်စားသုံးပေးခြင်းဖြင့် နှလုံးလေရိုက်ခြင်းနဲ့ လေဖြတ်ခြင်းစတဲ့ရောဂါတွေကို ကြိုတင်ကာ ကွယ်နိုင်ပါတယ်။ ဒါ့အပြင် အားကစား သမားတွေ ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှုအပြီး ကြွက်သားတွေ နာကျင်ကိုက်ခဲခြင်း၊ ကြွက်တတ်ခြင်းတွေမဖြစ်အောင် ငှက်ပျောသီး စားပေးနိုင်ပါတယ်။

၆။ ဗီတာမင်ဓာတ်ကို ဖြည့်တင်းပေးနိုင်ခြင်း

ဗီတာမင် B-6ကို များသောအားဖြင့် အသားငါးနဲ့ နို့ထွက်ပစ္စည်းတွေမှာသာ တွေ့ရလေ့ရှိပါတယ်။ ငှက်ပျောသီး တစ်လုံးမှာ ပါဝင်တဲ့ ဗီတာမင် B-6 ပမာဏက သင့်ခန္ဓာကိုယ်အတွက် တစ်နေ့တာ လိုအပ်တဲ့ပမာဏရဲ့ ၃၅ ရာခိုင်နှုန်းလောက် ရှိပါတယ်။ ဗီတာမင် B-6 က ဆဲလ်အသစ်တွေကြီးထွားဖို့ အရေးကြီးတဲ့ မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်တစ်မျိုး ဖြစ်ပါတယ်။ ဒါ့အပြင် အဆစ်အမြစ်ယောင်ယမ်းရောဂါ၊ ဆီးချိုရောဂါတွေကို တားဆီးပေးနိုင်ပြီး အာရုံကြောအဖွဲ့အစည်းကို သန်မာစေနိုင်ပါတယ်။ ဒီအစွမ်းထက်လှတဲ့ ဗီတာမင်ဓာတ်ကို ငှက်ပျောသီးတစ်လုံး စားပေးရုံနဲ့ ရရှိနိုင်ပါပြီ။

၇။ အမြင်အာရုံ ကောင်းမွန်စေခြင်း

ငှက်ပျောသီးမှာ ပါဝင်တဲ့မြင့်မားတဲ့ ပိုတက်ဆီယမ် ပမာဏက အာရုံကြောစနစ်ကို လန်းဆန်းစေနိုင်ပြီး အမြင်အာရုံကို တိုးတတ်စေပါတယ်။


၈။  အရိုးအဆစ်သန်မာစေခြင်း

ငှက်ပျောသီးမှာပါဝင်တဲ့  မဂ္ဂနီဆီယမ်ဒာဓာတ်က အရိုးတွေကို သန်မာစေပါတယ်။

၉။ အပူကျစေခြင်း

ငှက်ပျောသီး စားသုံးပေးခြင်းက ပူပြင်းတဲ့ရာသီမှာ ခန္ဓာကိုယ်အပူချိန်ကို ကျဆင်းစေနိုင်ပါတယ်။


၁၀။ ကိုယ်ဝန်ဆောင်များအတွက် သင့်တော်ခြင်း

ကိုယ်ဝန်ဆောင်တွေမှာ ဖြစ်လေ့ရှိတဲ့ မူးဝေအော့အန်ခြင်းကိုလည်း သက်သာစေနိုင်ပါတယ်။

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : duwun


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top