iMyanmarHouse.com - Best Property Website for Myanmar
×

၁။ အသားအေရေျခာက္ေသြ႕ေနျခင္း

Moisturizer သံုးဖို႔မေမ့ပါနဲ႔။ ဘယ္လိုအသားအေရမ်ဳိးမဆုိ ခရင္မ္လိမ္းဖို႔ လိုပါတယ္။ Moisturizer သံုးျခင္းအားျဖင့္ အသားအေရေခ်ာေမြ႕ကာ မ်က္ႏွာမွာ အစက္အေျပာက္ေတြ ထြက္တာလည္း ေလ်ာ့ပါးသက္စာေပါတယ္။ ဝက္ျခံမထြက္ေစတဲ့ ခရင္မ္ေတြ သံုးတယ္ဆုိရင္ အဲဒီခရင္မ္ေတြက အသားအေရ ေျခာက္ေသြ႕ေစတဲ့အတြက္ အသားအေရကို ေရဓာတ္ျပန္ျဖည့္ေပးဖို႔လည္း လိုအပ္ပါတယ္။

၂။ ဝက္ျခံကို မညႇစ္ပါနဲ႔

ဝက္ျခံကို လံုးဝမညႇစ္ပါနဲ႔။ ထိေတာင္ မထိပါနဲ႔။ ဝက္ျခံကို ထိကိုင္တာနဲ႔ ညႇစ္တာဟာ ဝက္ျခံမွာ ဘက္တီးရီးယားျဖစ္ေပၚလာေစပါတယ္။ ဒါ့အျပင္ ဝက္ျခံကို ကိုင္ၿပီး မ်က္ႏွာရဲ႕တျခားေနရာေတြကို ကိုင္ရင္လည္း ဝက္ျခံေတြ ထပ္ပြားလာႏိုင္ပါတယ္။

၃။ ဝက္ျခံေပ်ာက္ခရင္မ္ေတြ အလြန္အကၽြံသံုးျခင္း

လိုတာထက္ ပိုသံုးလည္း ဝက္ျခံက ျမန္ျမန္မေပ်ာက္ပါဘူး။ မ်က္ႏွာမွာ အမာရြတ္အႀကီးႀကီးျဖစ္လာတာပဲ အဖတ္တင္ပါလိမ့္မယ္။

၄။ ဝက္ျခံကို မိတ္ကပ္ေတြ၊ concealer ေတြနဲ႔ ဖုံးအုပ္ျခင္း

ဝက္ျခံေပၚမွာ concealer တင္ရင္ ဝက္ျခံကို ပိုၿပီးထင္ရွားေစပါတယ္။ ဒါ့အျပင္ ဝက္ျခံကိုလည္း ပိုမုိႀကီးေစႏိုင္ပါတယ္။

၅။ Scrub အသံုးမ်ားျခင္း

မ်က္ႏွာကို Scrub နဲ႔ မ်ားမ်ားတုိက္ရင္ အညစ္အေၾကးေတြကုန္သြားမယ္လို႔ လူေတြက ထင္ေနပါတယ္။ ဒါေပမဲ့ ခဏခဏလုပ္လြန္းရင္ အသားအေရ ပ်က္စီး ေယာင္ရမ္းေစပါတယ္။

၆။ မ်က္ႏွာကို တစ္ခ်ိန္လံုး လက္နဲ႔ကိုင္တြယ္ေနျခင္း

လက္ေတြက ေနရာစံုကို ေရာက္တတ္တဲ့အတြက္ ပိုးမႊားအမ်ားဆံုးေနရာပါ။ လက္နဲ႔ မ်က္ႏွာကို ခဏခဏထိျခင္းဟာ မ်က္ႏွာေပၚကို ပိုးမႊားေတြေရာက္ကာ အဖုအပိန္႔ေတြ၊ ဝက္ျခံေတြ ျဖစ္ေပၚေစပါတယ္။

၇။ မ်က္ႏွာခဏခဏေဆးျခင္း

မ်က္ႏွာကို လိုအပ္တာထက္ပိုေဆးလို႔ သန္႔ရွင္းသြားမွာမဟုတ္ပါဘူး။ မ်က္ႏွာခဏခဏေဆးလြန္းရင္ အသားအေရ ေျခာက္ေသြ႕ႏုိင္ပါတယ္။ Scrub အသံုးမ်ားျခင္းနဲ႔ ရလဒ္အတူတူပါပဲ။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


Credit : duwun

#Unicode Version

၁။ အသားအရေခြောက်သွေ့နေခြင်း

Moisturizer သုံးဖို့မမေ့ပါနဲ့။ ဘယ်လိုအသားအရေမျိုးမဆို ခရင်မ်လိမ်းဖို့ လိုပါတယ်။ Moisturizer သုံးခြင်းအားဖြင့် အသားအရေချောမွေ့ကာ မျက်နှာမှာ အစက်အပြောက်တွေ ထွက်တာလည်း လျော့ပါးသက်စာပေါတယ်။ ဝက်ခြံမထွက်စေတဲ့ ခရင်မ်တွေ သုံးတယ်ဆိုရင် အဲဒီခရင်မ်တွေက အသားအရေ ခြောက်သွေ့စေတဲ့အတွက် အသားအရေကို ရေဓာတ်ပြန်ဖြည့်ပေးဖို့လည်း လိုအပ်ပါတယ်။

၂။ ဝက်ခြံကို မညှစ်ပါနဲ့

ဝက်ခြံကို လုံးဝမညှစ်ပါနဲ့။ ထိတောင် မထိပါနဲ့။ ဝက်ခြံကို ထိကိုင်တာနဲ့ ညှစ်တာဟာ ဝက်ခြံမှာ ဘက်တီးရီးယားဖြစ်ပေါ်လာစေပါတယ်။ ဒါ့အပြင် ဝက်ခြံကို ကိုင်ပြီး မျက်နှာရဲ့တခြားနေရာတွေကို ကိုင်ရင်လည်း ဝက်ခြံတွေ ထပ်ပွားလာနိုင်ပါတယ်။

၃။ ဝက်ခြံပျောက်ခရင်မ်တွေ အလွန်အကျွံသုံးခြင်း

လိုတာထက် ပိုသုံးလည်း ဝက်ခြံက မြန်မြန်မပျောက်ပါဘူး။ မျက်နှာမှာ အမာရွတ်အကြီးကြီးဖြစ်လာတာပဲ အဖတ်တင်ပါလိမ့်မယ်။

၄။ ဝက်ခြံကို မိတ်ကပ်တွေ၊ concealer တွေနဲ့ ဖုံးအုပ်ခြင်း

ဝက်ခြံပေါ်မှာ concealer တင်ရင် ဝက်ခြံကို ပိုပြီးထင်ရှားစေပါတယ်။ ဒါ့အပြင် ဝက်ခြံကိုလည်း ပိုမိုကြီးစေနိုင်ပါတယ်။

၅။ Scrub အသုံးများခြင်း

မျက်နှာကို Scrub နဲ့ များများတိုက်ရင် အညစ်အကြေးတွေကုန်သွားမယ်လို့ လူတွေက ထင်နေပါတယ်။ ဒါပေမဲ့ ခဏခဏလုပ်လွန်းရင် အသားအရေ ပျက်စီး ယောင်ရမ်းစေပါတယ်။

၆။ မျက်နှာကို တစ်ချိန်လုံး လက်နဲ့ကိုင်တွယ်နေခြင်း

လက်တွေက နေရာစုံကို ရောက်တတ်တဲ့အတွက် ပိုးမွှားအများဆုံးနေရာပါ။ လက်နဲ့ မျက်နှာကို ခဏခဏထိခြင်းဟာ မျက်နှာပေါ်ကို ပိုးမွှားတွေရောက်ကာ အဖုအပိန့်တွေ၊ ဝက်ခြံတွေ ဖြစ်ပေါ်စေပါတယ်။

၇။ မျက်နှာခဏခဏဆေးခြင်း

မျက်နှာကို လိုအပ်တာထက်ပိုဆေးလို့ သန့်ရှင်းသွားမှာမဟုတ်ပါဘူး။ မျက်နှာခဏခဏဆေးလွန်းရင် အသားအရေ ခြောက်သွေ့နိုင်ပါတယ်။ Scrub အသုံးများခြင်းနဲ့ ရလဒ်အတူတူပါပဲ။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : duwun
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top