iMyanmarHouse.com - Best Property Website for Myanmar
×








Credit : 7day daily


#Unicode Version

အမေရိကန်အဆိုတော် ဘီယွန်းစေးအား အားကျအတု ယူခဲ့ကြောင်း ကိုရီးယားသရုပ် ဆောင် ကင်မ်ဝူးဘင်က ထုတ်ဖော်ပြောကြားလိုက်သည်။

ပွဲဦးထွက်စတင်သရုပ်ဆောင်ခဲ့သော ၂၀၁၂ ကတည်း က ကင်မ်ဝူးဘင်သည် အလွန် အောင်မြင်လာခဲ့သည်။

၎င်း၏အောင်မြင်မှုသည် မည်သည့်ဇာတ်ကောင်မဆို အမျိုး မျိုးပြောင်းလဲသရုပ်ဆောင်နိုင် သော စွမ်းရည်ကြောင့်ဖြစ်သည်။ ကင်မ်ဝူးဘင်သည် မကြာမီထွက်လာမည့် Master ဇာတ်ကားတွင် သရုပ်ဆောင်ထားသည်။

ထိုဇာတ်ကားသည် အက အနုပညာကို ပုံဖော်ရိုက်ကူးထား ခြင်းကြောင့် မကြာသေးမီက အင်တာဗျူးတွင် ကင်မ်ဝူးဘင်က အမေရိကန်အဆိုတော် ဘီယွန်း စေးကို အတုယူခဲ့ကြောင်း ပြော ကြားခဲ့သည်။

‘‘ကျွန်တော်အရင်က လူတွေရှေ့မှာ ဘယ်တုန်းကမှ မကခဲ့ဖူး ဘူး။ အိမ်မှာ အကလေ့ကျင့်ပြီး တော့ မှတ်တမ်းတင်ထားတယ်။ ပြီးတော့ ဒါရိုက်တာကို ပြတယ်။ အကရဲ့ အတွေးအခေါ်အယူအ ဆတွေအတွက် ဘီယွန်းစေးကို အတုယူခဲ့ပါတယ်’’ဟု ၎င်းက ပြောသည်။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : 7day daily
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top