iMyanmarHouse.com - Best Property Website for Myanmar
×

ထမင္းစားေနခ်ိန္အတြင္း ေရေသာက္တတ္တဲ့အက်င့္ ကြ်ႏု္ပ္တို႔အမ်ားစုမွာ ရိွၾကပါတယ္။ ဒီလိုအေလ့အထက  က်န္းမာေရးနဲ႔မညီသလုိ ခႏၶာကိုယ္ကို  ေကာင္းက်ဳိးထက္ ဆုိးက်ဳိးျဖစ္ေစႏုိင္ေၾကာင္း ေလ့လာမႈသစ္က ေဖာ္ျပထားပါတယ္။

ေလ့လာမႈေတြေပၚ အေျခခံျပီး အစာစားေနစဥ္ ေရေသာက္ျခင္းက အပ်က္သေဘာေဆာင္တဲ့ အက်ဳိးသက္ေရာက္မႈေတြ ျဖစ္ေစတတ္ပါတယ္။ ထမင္းစားေနတုန္း ေရေသာက္မ်ားလြန္းတာက ေလပြျခင္း၊ အစာမေၾကျဖစ္ျခင္းနဲ႔ အာဟာရဓာတ္စုပ္ယူမႈ အားနည္းျခင္းစတဲ့ အူတြင္းအစာေျခဖ်က္မႈျပသနာေတြ ျဖစ္ေပၚေစႏုိင္ပါတယ္။

ထမင္းမစားမီ အနည္းဆုံး နာရီဝက္နဲ႔ ထမင္းစားျပီးေနာက္ ၁ နာရီအတြင္း ေရမေသာက္တာ အေကာင္းဆုံးလုိ႔  အာဟာရေဗဒပညာရွင္ေတြရဲ႕ အဆုိအရ သိရပါတယ္။ မျဖစ္မေနေသာက္ရမယ့္ အေျခအေနမ်ဳိးဆုိရင္ ေရကို အနည္းငယ္သာ ေသာက္ပါ။ ထမင္းစားရင္း ေရအငမ္းမရေသာက္တာက အစားေျခဖ်က္မႈအတြက္ မရိွမျဖစ္လိုအပ္တဲ့ အစာအိမ္တြင္းရိွ hydrochloric acid ကို အားနည္းေစပါတယ္။

အစာေျခဖ်က္မႈျဖစ္စဥ္ ပိုမုိေကာင္းမြန္ေစလုိပါက ထမင္းကို ျဖည္းျဖည္းဝါးစားပါ။ ေနာက္ျပီး သက္ေတာင့္သက္ရိွတဲ့အခ်ိန္မွသာ ထမင္းစားပါ။ ဒီ့အျပင္ အခါးဓာတ္နဲ႔ အက္စစ္ဓာတ္ အတန္အသင့္ပါဝင္တဲ့ အစားအစာေတြ စားရပါမယ္။ ဒီအေလ့အထေတြက သည္းေျခရည္ အင္ဇုိင္းလႈပ္ရွားမႈသို႔ အလုံအေလာက္စီးဆင္းေအာင္ လႈံ႔ေဆာ္ရာမွွာ အေထာက္အကူျဖစ္ေစႏုိင္ျပီး ျပည့္စုံေကာင္းမြန္တဲ့အစာေျခဖ်က္မႈအျပင္ အေကာင္းဆုံး အာဟာရစုပ္ယူမႈ ဖန္တီးျဖစ္ေပၚေစႏုိင္ပါတယ္။

Credit :trend myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ထမင်းစားနေချိန်အတွင်း ရေသောက်တတ်တဲ့အကျင့် ကျွနု်ပ်တို့အများစုမှာ ရှိကြပါတယ်။ ဒီလိုအလေ့အထက  ကျန်းမာရေးနဲ့မညီသလို ခန္ဓာကိုယ်ကို  ကောင်းကျိုးထက် ဆိုးကျိုးဖြစ်စေနိုင်ကြောင်း လေ့လာမှုသစ်က ဖော်ပြထားပါတယ်။

လေ့လာမှုတွေပေါ် အခြေခံပြီး အစာစားနေစဉ် ရေသောက်ခြင်းက အပျက်သဘောဆောင်တဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်စေတတ်ပါတယ်။ ထမင်းစားနေတုန်း ရေသောက်များလွန်းတာက လေပွခြင်း၊ အစာမကြေဖြစ်ခြင်းနဲ့ အာဟာရဓာတ်စုပ်ယူမှု အားနည်းခြင်းစတဲ့ အူတွင်းအစာခြေဖျက်မှုပြသနာတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

ထမင်းမစားမီ အနည်းဆုံး နာရီဝက်နဲ့ ထမင်းစားပြီးနောက် ၁ နာရီအတွင်း ရေမသောက်တာ အကောင်းဆုံးလို့  အာဟာရဗေဒပညာရှင်တွေရဲ့ အဆိုအရ သိရပါတယ်။ မဖြစ်မနေသောက်ရမယ့် အခြေအနေမျိုးဆိုရင် ရေကို အနည်းငယ်သာ သောက်ပါ။ ထမင်းစားရင်း ရေအငမ်းမရသောက်တာက အစားခြေဖျက်မှုအတွက် မရှိမဖြစ်လိုအပ်တဲ့ အစာအိမ်တွင်းရှိ hydrochloric acid ကို အားနည်းစေပါတယ်။

အစာခြေဖျက်မှုဖြစ်စဉ် ပိုမိုကောင်းမွန်စေလိုပါက ထမင်းကို ဖြည်းဖြည်းဝါးစားပါ။ နောက်ပြီး သက်တောင့်သက်ရှိတဲ့အချိန်မှသာ ထမင်းစားပါ။ ဒီ့အပြင် အခါးဓာတ်နဲ့ အက်စစ်ဓာတ် အတန်အသင့်ပါဝင်တဲ့ အစားအစာတွေ စားရပါမယ်။ ဒီအလေ့အထတွေက သည်းခြေရည် အင်ဇိုင်းလှုပ်ရှားမှုသို့ အလုံအလောက်စီးဆင်းအောင် လှုံ့ဆော်ရာမှှာ အထောက်အကူဖြစ်စေနိုင်ပြီး ပြည့်စုံကောင်းမွန်တဲ့အစာခြေဖျက်မှုအပြင် အကောင်းဆုံး အာဟာရစုပ်ယူမှု ဖန်တီးဖြစ်ပေါ်စေနိုင်ပါတယ်။


Credit :trend myanmar


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top