iMyanmarHouse.com - Best Property Website for Myanmar
×

များသောအားဖြင့် ယောက်ျားလေးအများစုက အိမ်ထာင်ပြုခြင်း အပေါ်မှာ သူတို့တွေရဲ့ အနာဂတ်ဘဝအချိန်တွေကို ပျော်စရာတွေ ဖန်တီးဖို့ထက် စိတ်သက်တောင့်သက်သာနဲ့ စိတ်ချလက်ချ လက် တွဲဖော်တစ်ယောက်အနားမှာ နေနိုင်ဖို့ကို ပိုပြီးတော့ လိုလားအ ကောင်အထည်ဖော်ချင်ကြတာဖြစ်ပါတယ်။ အိမ်ထောင်သည်ဘဝ ဆိုတဲ့ အချိန်ကို စိတ်လုံခြုံပြီးတော့ အေးဆေးတဲ့ဖြတ်သန်းမှုမျိုးကို ဖြတ်သန်းသွားချင်တဲ့ သူတို့တွေရဲ့ခံယူချက်နဲ့ မျှော်မှန်းချက်တွေမှာ ဆိုးဆိုးရွားရွားဖြစ်လာတဲ့ အခြေအနေတွေမှာဆိုရင် အိမ်ထာင် သည်အမျိုးသားတွေအဖို့ အိမ်ထောင်ရေးကို စိတ်ကုန်စပြုလာပါ တယ်။ တချို့ အိမ်ထောင်ရေးတွေမှာ စိတ်ဆင်းရဲခြင်း၊ ဆိုးရွားတဲ့ ဆက်ဆံရေး၊ ပဋိပက္ခတွေကို အချိန်တိုတွင်းမှာပဲ ဖြေရှင်းနိုင်ကြ ပေမယ့် တချို့မှာတော့ကာလတာရှည် သည့်တိုင်အောင်ပဲ ပျက်စီး သွားတဲ့ အိမ်ထောင်ရေးတွေ ဖြစ်လာပါတယ်။ ဒါ့ကြောင့်မို့လို့ အမျိုး သားတွေမိမိ အိမ်ထောင်ရေးအပေါ် စိတ်ပျက်ပြီး နောက်ဆုတ်သွား ရတဲ့အကြောင်းအရင်းတွေကို

၁။ သူတို့ရဲ့အိမ်ထာင်ရေးမှာ နားလည်မှုနဲ့ တန်ဖိုးထားမှုကိုလုံးဝ မခံစားလာရတဲ့အခါ သူတို့ရဲ့အိမ်ထောင်ရေးကို လက်လျော့ချင် လာကြပါတယ်။ အမျိုးသားအများစုက သူတို့အိမ်ထောင်ဖက်နဲ့ ပတ်သက်ပြီးတော့ ချစ်ခြင်းနဲ့ အကြင်နာတွေ ပြတာကို ခံစားချင်ကြ ပါတယ်။ ဒါပေမဲ့ မိသားစုကြားထဲမှာ သူကိုယ်တိုင် အချစ်ခံရတယ်၊ တန်ဖိုးထားခံရတယ်ဆိုတဲ့ ခံစားမှုမျိုးတောင် မခံစားရဘူးဆိုရင် တော့ သူ့အနေနဲ့ ဒီအိမ်ထောင်ရေးအပေါ်ယုံကြည်မှု မရှိတော့ပါဘူး။ ဒီလိုမျိုး ကိုယ့်ကိုတန်ဖိုးထားမခံလာရတဲ့အခါ၊ အချစ်မခံစားလာရတဲ့ အခါတွေမှာဆိုရင်တော့ သူတို့အိမ်ထောင်ရေးကို လက်လျော့ချင် လာကြတတ်ပါတယ်။

၂။ အိမ်ထောင်ဖက် ဇနီးသည်ရဲ့ အကြောင်းမဲ့အသုံးအဖြုန်းတွေများ လာတဲ့အခါမှာလည်း အိမ်ထောင်သည်အမျိုးသားတွေက စိတ်ကုန် လာလေ့ရှိကြပါတယ်။ အိမ်ထာင်ရေးတစ်ခုမှာ ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီးတော့ စည်းမျဉ်းတစ်ခုနဲ့ ညှိနှိုင်းသဘောတူညီမှုတွေက တော့ ရှိနှင့်ပြီးသားဖြစ်မှာပါ။ ဝင်ငွေရှာဖွေရခြင်းအတူတူနဲ့ အသုံးစ ရိတ်ညီတူမျှစွာ နားလည်စွာနဲ့ သုံးစွဲလာတာထက်ကိုကျော်လွန်ပြီး တော့ ဇနီးသည်အမျိုးသမီးက လိုတာထက်ကိုပိုမိုသုံးစွဲလာတဲ့အခါ မျိုးမှာ ဝင်ငွေရှာဖွေတဲ့အမျိုးသားက စိတ်ပျက်မှုတွေ၊ မကျေနပ်မှု တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒီလိုအခြေအနေ ဆိုးဆိုးရွားရွားဖြစ် လာတဲ့ အခါမျိုးမှာဆိုရင်လည်း အိမ်ထောင်ရေးအဆုံးသတ်ဖို့ ရွေး ချယ်လာတတ်ကြပါတယ်။

၃။ အိမ်ထောင်သည်ဘဝမှာ တစ်ယောက်ယောက်က ဖောက်ပြန် လိမ်လည်မှုဖြစ်ပေါ်လာတဲ့အခါမှာလည်း အိမ်ထောင်ရေးအဆုံး သတ်မှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။ အိမ်ထာင်ရှင်အမျိုးသားများ လည်း မိမိအိမ်ထောင်ဖက်က တစ်စုံတစ်ဦးနဲ့ လူမှုရေးရှုပ်ထွေးမှု တွေ၊ သစ္စာမဲ့မှုတွေကို ခံစားလာရတဲ့အခါမှာ ပူလောင်သောကတွေ ကို စိတ်ရှုပ်ခံ၊နာကျင်ခံပြီးတော့ အချိန်ကြာကြီးမဆွဲထားချင်တတ် ကြပါဘူး။

၎။ သူတို့အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီးတော့ မပြီးပြည့်စုံဘူးလို့ ခံစားလာရတဲ့အခါတွေမှာလည်း စိတ်ဓာတ်ကျပြီး အရှုံးပေးလာ တတ်ကြပါတယ်။ ဘယ်လောက်ထိကြိုးစားကြိုးစားခဲ့ အိမ်ထောင် ရေးတစ်ခုက အဆင်ပြေသာယာတဲ့ အခြေအနေမျိုးကိုတောင် မရောက်နိုင်ဘူးဆိုရင်တော့ သူတို့တွေက လက်လျှော့အဆုံးသတ် ကြဖို့ စဉ်းစားလာတတ်ကြပါတယ်။

၅။ အိမ်ထောင်ရေးသုခ မပြည့်စုံခြင်းအချက်မှာဆိုရင်လည်း တချို့ သော အိမ်ထာင်ရှင်အမျိုးသားတွေက အိမ်ထောင်ရေးကို စွန့်ခွာ သွားတတ်ကြပါတယ်။ အိမ်ထောင်ရေးမှာ ဒီ လိင်ပိုင်းဆိုင်ရာ သာယာမှုကို ပိုမိုမက်မောတဲ့ သူမျိုးဆိုရင် ပိုပြီးတော့ အိမ်ထောင် ရေးပြိုကွဲပျက်စီးလွယ်တတ်ပါတယ်။

Credit: ဖိုးသူတော် (www.phothutaw.com)

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top