iMyanmarHouse.com - Best Property Website for Myanmar
×

ညအိပ္ရာဝင္ခ်ိန္ ေျခေထာက္ေဆးျခင္းျဖင့္ မ်က္စိၾကည္ျခင္း၊ အတြင္းတိမ္ျဖစ္ျခင္းမွ ကာကြယ္ႏုိင္ သည္ဟု ေရွးလူႀကီးမ်ားေျပာၾကသည္။

တစ္ေနကုန္သြားလာလႈပ္ရွားရင္း ခႏၶာကိုယ္တြင္းေရာက္ရွိလာ
ေသာ အပူအခုိးအေငြ႕မ်ားသည္ ညအိပ္ခ်ိန္တြင္ အထက္သုိ႔တက္ၾကသည္။ အိပ္ေပ်ာ္ေနရင္း ေခါင္းေခၽြးမ်ားထြက္ျခင္း၊ သြားရည္က်ျခင္း၊ အစာမစားဘဲ ပါးစပ္မွဝါးျခင္း၊ သြားက်ိတ္ျခင္း၊ ကေယာက္ကတမ္းေျပာျခင္းမ်ားသည္ ေလပူအထက္သုိ႔ တက္ျခင္းေၾကာင့္ ျဖစ္ရသည္။
မိတ္ေဆြတစ္ဦး၏ သားငယ္သည္ ညအိပ္လွ်င္ကေယာက္ကတမ္း စကားမ်ားေျပာေလ့ရွိသျဖင့္ ကေလးကုိ ညအိပ္ရာမဝင္မီ ဒူးေအာက္ပိုင္းေရေလာင္းေျခေဆးၿပီး အိပ္ရာဝင္ေစေသာအခါ ကေယာင္ ကတမ္းေၿပာျခင္းမွ သက္သာလာသည္ကုိေတြ႕ရသည္။

ကေလးမ်ားသည္ ေနပူထဲတြင္ တစ္ေနကုန္ ေဆာ့ျခင္း၊
ေရခဲေရ၊ ေရခဲမုန္႔မ်ား စားေသာက္ျခင္းေၾကာင့္ ကုိယ္တြင္းအပူအလြန္မ်ားသည္။ ထုိ႔ေၾကာင့္ ပင္ ကေလးမ်ားဖ်ားနာလွ်င္ လူႀကီးမ်ားထက္ကုိယ္အပူခ်ိန္မ်ားသည္ကုိ ေတြ႕ရသည္။

ကုိယ္တြင္းေအာင္းေသာ အပူမ်ားသည္ေန႔တြင္ ေျခဖဝါးမွထြက္ေလ့ရွိသည္။ ေျခသလုံးတြင္ ေခၽြးစုိ႔ေန ၿပီး ေျခဖဝါးမွထုိက္သင့္ေသာ ေျခဆီထြက္လွ်င္ က်န္းမာေသာသူျဖစ္သည္။ ေျခသလုံးမွ ေခၽြးမထြက္၊
ေျခဖဝါးတြင္ ေျခဆီမထြက္၊ ဖေနာင့္ဖဝါးမ်ားတြင္ အက္ကဲြျခင္းမ်ားေတြ႕ရလွ်င္ ေအာက္ပုိင္းအခုိးမညီ သူျဖစ္သည္။
အထက္သုိ႔အပူကန္ျခင္းမ်ားေသာေၾကာင့္ မ်က္စိမႈန္ျခင္း၊ မ်က္မွန္ဒီဂရီတုိးျခင္း၊ ဆံပင္ ကၽြတ္ျခင္း၊ ထိပ္ေျပာင္ျခင္းမ်ား အသက္ငယ္ငယ္ႏွင့္ပင္ျဖစ္ႏုိင္ေခ်ရွိသည္။ ဝမ္းခ်ဳပ္ဓာတ္ခ်ဳပ္လွ်င္ ပုိ၍ ပင္ဆုိးႏုိင္ေပသည္။

ဆီးခ်ဳိ၊ ေသြးခ်ဳိေရာဂါရွိသူမ်ားသည္ ညအိပ္ေပ်ာ္သြားၿပီးတစ္ေရးႏုိးတြင္ အာေခါင္ေျခာက္ၿပီးေရငတ္ ေလ့ရွိသည္။ အစာအိမ္မွ အပူေငြ႕ပ်ံၿပီး အာေခါင္မွသြားဖုံး၊ အထက္မ်က္စိထိေအာင္ အပူေငြ႕တက္သ ျဖင့္ ဆီးခ်ဳိသမားမ်ား မ်က္စိကြယ္သည္အထိ ျဖစ္ရေလသည္။ ဆီးခ်ဳိေသြးခ်ဳိေရာဂါကုိ ကုသသည္က တစ္ဖက္၊ အျခားတစ္ဖက္ကလည္း တုိင္းရင္းေဆးပညာဥပေဒသ ကုထုံးမ်ားႏွင့္အညီ ျပဳသင့္သည္။

ထုိသုိ႔ျပဳရန္နည္းလမ္းမွာ ညအိပ္ရာမဝင္မီ ေျခဖဝါးတြင္ ဆားပြတ္ျခင္း၊ ဒူးမွေအာက္ပုိင္းသုိ႔၊ ေရေလာင္းေရေဆးျခင္း ၿပဳရမည္။ ေရေလာင္းသည့္အခါတြင္လည္း အေတာ္မသင့္မဟုတ္ဘဲ ခုႏွစ္ခြက္်မွ ၁၀ ခြက္ အထိ အခုိးအကင္းမ်ား ကုန္စင္ေအာင္ေလာင္းေဆးျခင္းသည္ က်န္းမာေရးအတြက္ အက်ဳိးရွိေစသည္။
ေျခေထာက္ေရေဆးျခင္းေၾကာင့္ ညတစ္ေရးႏုိးခ်ိန္ အာေျခာက္ေရငတ္ျခင္းႏွင့္ ဆီးခ်ဳိေၾကာင့္ မ်က္စိ ကြယ္ျခင္းကုိပါ ကာကြယ္ႏုိင္သည္။ ေရရွည္လုပ္ေဆာင္မွလည္း အက်ဳိးရွိမည္ကုိ သတိျပဳရန္လုိပါ သည္။

သိမ္ျဖဴဆရာေတာ္ အရွင္နာရေသနာဘိဝံသ၏ အာယုေဗဒေဆးသိပၸံ၊ အေျခခံက်န္းမာေရး သင္ခန္းစာ စာအုပ္တြင္ေဖာ္ျပထားေသာ က်န္းမာေသာေရခ်ဳိးနည္းမွာ ေရခ်ဳိးေသာအခါ ေအာက္ပုိင္းေျခကုိ စတင္ ေလာင္း၍ ဒူး၊ ေပါင္စသည္ျဖင့္ တေရြ႕ေရြ႕အထက္သုိ႔ေလာင္းၿပီး တစ္ကုိယ္လုံးခ်ဳိးပါ။ ေရခ်ဳိးစဥ္ပထမ တြင္ ကုိယ္စုိ႐ုံမွ်ေရေလာင္း၍ အတြင္းခုိးမ်ားထြက္လာေစရန္၊ ထြက္ခြင့္ရသည့္အခုိးမ်ား ထြက္ခြင့္ရေစ ရန္ အတန္ငယ္ရပ္နားၿပီးေနာက္ လုိသလုိခ်ဳိးရ၏။ အထူးအားျဖင့္ ေခါင္းပုိင္း၌ေရာဂါရွိသူမ်ား ေခါင္းကုိ ေလာင္းၿပီး မခ်ဳိးရ။ ေရမေလာင္းမီ ေရွးဦးစြာေရကုိ ပါးစပ္အတြင္းငုံ၍ ထားပါ။ သုိ႔မွသာ ခႏၶာကုိယ္တြင္း ရွိ အပူအပုပ္ခုိးမ်ားရန္မွ ကာကြယ္ၿပီးျဖစ္ကုန္၏။ ယင္းသုိ႔ျပဳလုပ္ေပးရန္ သြားႏွင့္ဆုိင္ေသာေရာဂါမ်ား ကင္းရွင္းႏုိင္၏။
မ်က္စိဆရာဝန္ႀကီးမ်ားေဆးခန္းတြင္ မ်က္စိတိမ္ခြဲ၍ ခြဲစိတ္ကုသရသူ၊ အတြင္းတိမ္၊ ေရတိမ္စသည့္ မ်က္စိေဝဒနာျဖစ္ရသူမ်ား၏ ေျခေထာက္မ်ားကုိၾကည့္ေသာအခါ ေခၽြးေျခာက္ၿပီး ေျခသလုံးအသားပပ္ ကာ ေျခဖဝါး၊ ေျခဖေနာင့္ ကဲြအက္သူမ်ားျဖစ္ေၾကာင္းသိရသည္။

ဝမ္းခ်ဳပ္ျခင္းေၾကာင့္လည္း ေအာက္ပုိင္းေျခႏွစ္ဖက္ကုိက္ၿပီး အထက္သုိ႔ အခုိးျပန္ၿပီး အေၾကာတက္ သည္။ ဝမ္းေၾကာ၏အဆုံးသည္ အူမႀကီးတြင္ဆုံးသည္။ အူမႀကီးအစာေဟာင္းအိမ္တြင္ ဝမ္းပုပ္ႏွင့္ စမ်င္းမ်ား ပိတ္မိေသာအခါ ေျခတစ္ေလွ်ာက္သြားေသာ ေပါင္ၿခံအတြင္းမွ ေသြးေၾကာမႀကီးတြင္ ေလပိတ္ၿပီး ေအာက္ပုိင္းေျခသလုံးႏွင့္ ေျခဖ်ားသုိ႔ေသြးေလွ်ာက္အားနည္းသြားသည္။ ထုိအခါ ေျခႏွစ္ဖက္ လုံး ကုိက္ခဲျခင္း၊ ထုံက်ဥ္ျခင္းမ်ားျဖစ္ႏုိင္သည္။ ထုိသူမ်ားသည္ ညအိပ္ရာဝင္ခ်ိန္မတုိင္မီ ေခါက္တုံ႔
ေခါက္ျပန္ ေျခလွမ္းတစ္ရာခန္႔လမ္းေလွ်ာက္ေပးျခင္း၊ၿပီးလွ်င္ခါးေအာက္ပုိင္းေျခေထာက္ကုိေရေဆး
ျခင္းျပဳလုပ္လွ်င္ သက္သာေစႏုိင္သည္။ “ဒူလာပါဒရက္ေျခကတက္” ဟု ေရွးကလူႀကီးမ်ာေျပာသည့္ အေညာင္းအကုိက္ေရာဂါကုိ ေျခေဆးျခင္းျဖင့္ မွန္မွန္ကန္ကန္ျပဳလုပ္လွ်င္ သက္သာေစႏုိင္ပါသည္။

ညအိပ္ရာဝင္ေျခေဆးျခင္းႏွင့္ ရရွိႏုိင္ေသာ အက်ဳိးေက်းဇူးမ်ား

၁။ တစ္ေနကုန္ေအာင္းေနေသာ အပူမ်ားေအာက္သုိ႔လွည့္ၿပီး ေျခဖဝါးမွထြက္သြားႏုိင္သည္။
၂။ ညအိပ္ေပ်ာ္ေနခ်ိန္ ေဟာက္ျခင္း၊ သြားႀကိတ္ျခင္း၊ လွ်ာဝါးျခင္း၊ သြားရည္က်ျခင္းမ်ား သက္သာ ေစသည္။
၃။ ရင္ညႊန္႔သုိ႔တက္ေသာေလ၊ ဘဝင္သုိ႔တက္ေသာေလ၊ ႏွလုံးသုိ႔တက္ေသာ ေလပူတုိ႔ကုိ သက္သာေစသည္။
၄။ ေျခေထာက္ကုိ သန္႔စင္စြာေဆးၿပီး အိပ္ျခင္းေၾကာင့္ မေကာင္းေသာအိပ္မက္ဆုိးမ်ားမက္ျခင္းမွ သက္သာေစႏုိင္သည္။
၅။ ေျခသလုံးႏွစ္ဖက္ ႂကြက္တက္ျခင္းမွ သက္သာေစသည္။
၆။ နံနက္အိပ္ရာထတြင္ မ်က္ဝတ္မ်ားထြက္ျခင္း၊ မ်က္စိဖြင့္မေကာင္းျခင္းမွ သက္သာေစသည္။
၇။ ခႏၶာကုိယ္အပူအေအးမွ်တၿပီး ဦးေခါင္းသုိ႔ အပူတက္ျခင္းကုိ သက္သာေစသည္။
၈။ အပူေၾကာင့္ သြားဖုံးႂကြျခင္း၊ သြားနာသြားကိုက္ျခင္းမ်ားမွ သက္သာေစသည္။
၉။ ဆံပင္ကၽြတ္ျခင္း၊ ငယ္ထိပ္ေျပာင္ျခင္းမွ သက္သာေစသည္။
၁၀။ ဆံပင္ျဖဴျခင္းကုိ သက္သာေစသည္။
၁၁။ ကၽြတ္ေသာဆံပင္ကုိ ျပန္ေပါက္ေစႏုိင္သည္။
၁၂။ မ်က္တြင္းက်ျခင္း၊ မ်က္ကြင္းညိဳျခင္းမွ သက္သာေစႏိုင္သည္။

ညအိပ္ရာဝင္ခ်ိန္ ေျခေထာက္ေရေဆးျခင္းျဖင့္ ေရာဂါအမ်ဳိးမ်ဳိးကုိ သက္သာေစႏုိင္သည္။ ႂကြက္တက္ ေရာဂါ၊ အဆစ္ေရာင္ အဆစ္ကုိက္ေရာဂါ၊ ေလးဘက္နာေရာဂါ၊ သြားႏွင့္ သြားဖုံးေရာင္၊ သြားဖုံးႂကြေရာ ဂါ၊ မ်က္စိတိမ္ေရာဂါႏွင့္ မ်က္မွန္ဒီဂရီတုိးျခင္း၊ အစာအိမ္ေလပူထျခင္း၊ ေလပူအထက္တက္၍ မူးေမာ ရင္တုန္၊ ႏွလုံးေလ႐ုိက္ေရာဂါမ်ားပင္ သက္သာသည္ဟုဆုိသည္။ ေျခေဆးလွ်င္လုံခ်ည္၊ ထဘီကုိ ေပါက္လယ္ထိေအာင္မတင္ၿပီး ေရေအးျဖင့္ခုႏွစ္ခြက္ခန္႔ ေလာင္းေဆးသင့္သည္။ ေျခေဆးၿပီးေနာက္ ေခတၱအပူထြက္ေအာင္ ေစာင့္ၿပီးမွသာ အဝတ္ေျခာက္ျဖင့္ သုတ္သင့္သည္။ ေန႔စဥ္မွန္မွန္ျပဳလုပ္မွသာ အက်ဳိးရွိမည့္နည္းျဖစ္ပါသည္။

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit: (မုျဒာ)

#Unicode Version

ညအိပ်ရာဝင်ချိန် ခြေထောက်ဆေးခြင်းဖြင့် မျက်စိကြည်ခြင်း၊ အတွင်းတိမ်ဖြစ်ခြင်းမှ ကာကွယ်နိုင် သည်ဟု ရှေးလူကြီးများပြောကြသည်။

တစ်နေကုန်သွားလာလှုပ်ရှားရင်း ခန္ဓာကိုယ်တွင်းရောက်ရှိလာ
သော အပူအခိုးအငွေ့များသည် ညအိပ်ချိန်တွင် အထက်သို့တက်ကြသည်။ အိပ်ပျော်နေရင်း ခေါင်းချွေးများထွက်ခြင်း၊ သွားရည်ကျခြင်း၊ အစာမစားဘဲ ပါးစပ်မှဝါးခြင်း၊ သွားကျိတ်ခြင်း၊ ကယောက်ကတမ်းပြောခြင်းများသည် လေပူအထက်သို့ တက်ခြင်းကြောင့် ဖြစ်ရသည်။
မိတ်ဆွေတစ်ဦး၏ သားငယ်သည် ညအိပ်လျှင်ကယောက်ကတမ်း စကားများပြောလေ့ရှိသဖြင့် ကလေးကို ညအိပ်ရာမဝင်မီ ဒူးအောက်ပိုင်းရေလောင်းခြေဆေးပြီး အိပ်ရာဝင်စေသောအခါ ကယောင် ကတမ်းပြောခြင်းမှ သက်သာလာသည်ကိုတွေ့ရသည်။

ကလေးများသည် နေပူထဲတွင် တစ်နေကုန် ဆော့ခြင်း၊
ရေခဲရေ၊ ရေခဲမုန့်များ စားသောက်ခြင်းကြောင့် ကိုယ်တွင်းအပူအလွန်များသည်။ ထို့ကြောင့် ပင် ကလေးများဖျားနာလျှင် လူကြီးများထက်ကိုယ်အပူချိန်များသည်ကို တွေ့ရသည်။

ကိုယ်တွင်းအောင်းသော အပူများသည်နေ့တွင် ခြေဖဝါးမှထွက်လေ့ရှိသည်။ ခြေသလုံးတွင် ချွေးစို့နေ ပြီး ခြေဖဝါးမှထိုက်သင့်သော ခြေဆီထွက်လျှင် ကျန်းမာသောသူဖြစ်သည်။ ခြေသလုံးမှ ချွေးမထွက်၊
ခြေဖဝါးတွင် ခြေဆီမထွက်၊ ဖနောင့်ဖဝါးများတွင် အက်ကွဲခြင်းများတွေ့ရလျှင် အောက်ပိုင်းအခိုးမညီ သူဖြစ်သည်။
အထက်သို့အပူကန်ခြင်းများသောကြောင့် မျက်စိမှုန်ခြင်း၊ မျက်မှန်ဒီဂရီတိုးခြင်း၊ ဆံပင် ကျွတ်ခြင်း၊ ထိပ်ပြောင်ခြင်းများ အသက်ငယ်ငယ်နှင့်ပင်ဖြစ်နိုင်ချေရှိသည်။ ဝမ်းချုပ်ဓာတ်ချုပ်လျှင် ပို၍ ပင်ဆိုးနိုင်ပေသည်။

ဆီးချို၊ သွေးချိုရောဂါရှိသူများသည် ညအိပ်ပျော်သွားပြီးတစ်ရေးနိုးတွင် အာခေါင်ခြောက်ပြီးရေငတ် လေ့ရှိသည်။ အစာအိမ်မှ အပူငွေ့ပျံပြီး အာခေါင်မှသွားဖုံး၊ အထက်မျက်စိထိအောင် အပူငွေ့တက်သ ဖြင့် ဆီးချိုသမားများ မျက်စိကွယ်သည်အထိ ဖြစ်ရလေသည်။ ဆီးချိုသွေးချိုရောဂါကို ကုသသည်က တစ်ဖက်၊ အခြားတစ်ဖက်ကလည်း တိုင်းရင်းဆေးပညာဥပဒေသ ကုထုံးများနှင့်အညီ ပြုသင့်သည်။

ထိုသို့ပြုရန်နည်းလမ်းမှာ ညအိပ်ရာမဝင်မီ ခြေဖဝါးတွင် ဆားပွတ်ခြင်း၊ ဒူးမှအောက်ပိုင်းသို့၊ ရေလောင်းရေဆေးခြင်း ပြုရမည်။ ရေလောင်းသည့်အခါတွင်လည်း အတော်မသင့်မဟုတ်ဘဲ ခုနှစ်ခွက်ျမှ ၁၀ ခွက် အထိ အခိုးအကင်းများ ကုန်စင်အောင်လောင်းဆေးခြင်းသည် ကျန်းမာရေးအတွက် အကျိုးရှိစေသည်။
ခြေထောက်ရေဆေးခြင်းကြောင့် ညတစ်ရေးနိုးချိန် အာခြောက်ရေငတ်ခြင်းနှင့် ဆီးချိုကြောင့် မျက်စိ ကွယ်ခြင်းကိုပါ ကာကွယ်နိုင်သည်။ ရေရှည်လုပ်ဆောင်မှလည်း အကျိုးရှိမည်ကို သတိပြုရန်လိုပါ သည်။

သိမ်ဖြူဆရာတော် အရှင်နာရသေနာဘိဝံသ၏ အာယုဗေဒဆေးသိပ္ပံ၊ အခြေခံကျန်းမာရေး သင်ခန်းစာ စာအုပ်တွင်ဖော်ပြထားသော ကျန်းမာသောရေချိုးနည်းမှာ ရေချိုးသောအခါ အောက်ပိုင်းခြေကို စတင် လောင်း၍ ဒူး၊ ပေါင်စသည်ဖြင့် တရွေ့ရွေ့အထက်သို့လောင်းပြီး တစ်ကိုယ်လုံးချိုးပါ။ ရေချိုးစဉ်ပထမ တွင် ကိုယ်စိုရုံမျှရေလောင်း၍ အတွင်းခိုးများထွက်လာစေရန်၊ ထွက်ခွင့်ရသည့်အခိုးများ ထွက်ခွင့်ရစေ ရန် အတန်ငယ်ရပ်နားပြီးနောက် လိုသလိုချိုးရ၏။ အထူးအားဖြင့် ခေါင်းပိုင်း၌ရောဂါရှိသူများ ခေါင်းကို လောင်းပြီး မချိုးရ။ ရေမလောင်းမီ ရှေးဦးစွာရေကို ပါးစပ်အတွင်းငုံ၍ ထားပါ။ သို့မှသာ ခန္ဓာကိုယ်တွင်း ရှိ အပူအပုပ်ခိုးများရန်မှ ကာကွယ်ပြီးဖြစ်ကုန်၏။ ယင်းသို့ပြုလုပ်ပေးရန် သွားနှင့်ဆိုင်သောရောဂါများ ကင်းရှင်းနိုင်၏။
မျက်စိဆရာဝန်ကြီးများဆေးခန်းတွင် မျက်စိတိမ်ခွဲ၍ ခွဲစိတ်ကုသရသူ၊ အတွင်းတိမ်၊ ရေတိမ်စသည့် မျက်စိဝေဒနာဖြစ်ရသူများ၏ ခြေထောက်များကိုကြည့်သောအခါ ချွေးခြောက်ပြီး ခြေသလုံးအသားပပ် ကာ ခြေဖဝါး၊ ခြေဖနောင့် ကွဲအက်သူများဖြစ်ကြောင်းသိရသည်။

ဝမ်းချုပ်ခြင်းကြောင့်လည်း အောက်ပိုင်းခြေနှစ်ဖက်ကိုက်ပြီး အထက်သို့ အခိုးပြန်ပြီး အကြောတက် သည်။ ဝမ်းကြော၏အဆုံးသည် အူမကြီးတွင်ဆုံးသည်။ အူမကြီးအစာဟောင်းအိမ်တွင် ဝမ်းပုပ်နှင့် စမျင်းများ ပိတ်မိသောအခါ ခြေတစ်လျှောက်သွားသော ပေါင်ခြံအတွင်းမှ သွေးကြောမကြီးတွင် လေပိတ်ပြီး အောက်ပိုင်းခြေသလုံးနှင့် ခြေဖျားသို့သွေးလျှောက်အားနည်းသွားသည်။ ထိုအခါ ခြေနှစ်ဖက် လုံး ကိုက်ခဲခြင်း၊ ထုံကျဉ်ခြင်းများဖြစ်နိုင်သည်။ ထိုသူများသည် ညအိပ်ရာဝင်ချိန်မတိုင်မီ ခေါက်တုံ့
ခေါက်ပြန် ခြေလှမ်းတစ်ရာခန့်လမ်းလျှောက်ပေးခြင်း၊ပြီးလျှင်ခါးအောက်ပိုင်းခြေထောက်ကိုရေဆေး
ခြင်းပြုလုပ်လျှင် သက်သာစေနိုင်သည်။ “ဒူလာပါဒရက်ခြေကတက်” ဟု ရှေးကလူကြီးမျာပြောသည့် အညောင်းအကိုက်ရောဂါကို ခြေဆေးခြင်းဖြင့် မှန်မှန်ကန်ကန်ပြုလုပ်လျှင် သက်သာစေနိုင်ပါသည်။

ညအိပ်ရာဝင်ခြေဆေးခြင်းနှင့် ရရှိနိုင်သော အကျိုးကျေးဇူးများ

၁။ တစ်နေကုန်အောင်းနေသော အပူများအောက်သို့လှည့်ပြီး ခြေဖဝါးမှထွက်သွားနိုင်သည်။
၂။ ညအိပ်ပျော်နေချိန် ဟောက်ခြင်း၊ သွားကြိတ်ခြင်း၊ လျှာဝါးခြင်း၊ သွားရည်ကျခြင်းများ သက်သာ စေသည်။
၃။ ရင်ညွှန့်သို့တက်သောလေ၊ ဘဝင်သို့တက်သောလေ၊ နှလုံးသို့တက်သော လေပူတို့ကို သက်သာစေသည်။
၄။ ခြေထောက်ကို သန့်စင်စွာဆေးပြီး အိပ်ခြင်းကြောင့် မကောင်းသောအိပ်မက်ဆိုးများမက်ခြင်းမှ သက်သာစေနိုင်သည်။
၅။ ခြေသလုံးနှစ်ဖက် ကြွက်တက်ခြင်းမှ သက်သာစေသည်။
၆။ နံနက်အိပ်ရာထတွင် မျက်ဝတ်များထွက်ခြင်း၊ မျက်စိဖွင့်မကောင်းခြင်းမှ သက်သာစေသည်။
၇။ ခန္ဓာကိုယ်အပူအအေးမျှတပြီး ဦးခေါင်းသို့ အပူတက်ခြင်းကို သက်သာစေသည်။
၈။ အပူကြောင့် သွားဖုံးကြွခြင်း၊ သွားနာသွားကိုက်ခြင်းများမှ သက်သာစေသည်။
၉။ ဆံပင်ကျွတ်ခြင်း၊ ငယ်ထိပ်ပြောင်ခြင်းမှ သက်သာစေသည်။
၁၀။ ဆံပင်ဖြူခြင်းကို သက်သာစေသည်။
၁၁။ ကျွတ်သောဆံပင်ကို ပြန်ပေါက်စေနိုင်သည်။
၁၂။ မျက်တွင်းကျခြင်း၊ မျက်ကွင်းညိုခြင်းမှ သက်သာစေနိုင်သည်။

ညအိပ်ရာဝင်ချိန် ခြေထောက်ရေဆေးခြင်းဖြင့် ရောဂါအမျိုးမျိုးကို သက်သာစေနိုင်သည်။ ကြွက်တက် ရောဂါ၊ အဆစ်ရောင် အဆစ်ကိုက်ရောဂါ၊ လေးဘက်နာရောဂါ၊ သွားနှင့် သွားဖုံးရောင်၊ သွားဖုံးကြွရော ဂါ၊ မျက်စိတိမ်ရောဂါနှင့် မျက်မှန်ဒီဂရီတိုးခြင်း၊ အစာအိမ်လေပူထခြင်း၊ လေပူအထက်တက်၍ မူးမော ရင်တုန်၊ နှလုံးလေရိုက်ရောဂါများပင် သက်သာသည်ဟုဆိုသည်။ ခြေဆေးလျှင်လုံချည်၊ ထဘီကို ပေါက်လယ်ထိအောင်မတင်ပြီး ရေအေးဖြင့်ခုနှစ်ခွက်ခန့် လောင်းဆေးသင့်သည်။ ခြေဆေးပြီးနောက် ခေတ္တအပူထွက်အောင် စောင့်ပြီးမှသာ အဝတ်ခြောက်ဖြင့် သုတ်သင့်သည်။ နေ့စဉ်မှန်မှန်ပြုလုပ်မှသာ အကျိုးရှိမည့်နည်းဖြစ်ပါသည်။

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit: (မုဒြာ)
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top