iMyanmarHouse.com - Best Property Website for Myanmar
×
အမျိုးသားတိုင်းအတွက် ရွေးချယ်စရာ ကွန်ဒုံးအမျိုးအစားကတော့ Okamoto ကထုတ်လုပ်လိုက်တဲ့ ကွန်ဒုံးအမျိုးအစားအများကြီးထဲမှာမှ ကမ္ဘာ့နံပါတ်တစ်အဆင့်ကို ဆယ်နှစ် ရထားတဲ့ Crown လို့ခေါ်တဲ့အမျိုးအစားကို ညွှန်းပြချင်ပါတယ်. ဘေးကင်းလုံခြုံမှုအတွက် စိတ်ပူစရာမလိုတဲ့အပြင် ပါးလွှာ တဲ့အတွက် ကျေနပ်မှု အပြည့်အ၀ရစေ ရမယ်လို့ Okamoto ကအာမခံထားပါတယ်။
ရွေးရခက်နေရင်တော့ Okamoto skinless Condoms ကိုသာေ၇ွးချယ်ကြည့်ပါ. G&G mini mart တွေမှာအလွယ်တကူဝယ်လို့ရနိုင်ပါတယ်။
ပို့သပေးပါတယ်။
Credit:Lwin Pyin
#Unicode Version
တူနှစ်ကိုယ် ချစ် တင်းနှောရာမှာ အကာအကွာကွန်ဒုံးအသုံးပြုခြင်းနဲ့ ပတ်သက်ပြီးမေးခွန်းတွေ အများကြီးထွက်ပေါ်လာပါတယ်။ ဒီလိုမေးခွန်းတွေထဲက အမေးအများဆုံးတစ်ခုကတော့ ကွန်ဒုံးကို ဘာကြောင့်အသုံးပြုသင့်တာလဲ ဆိုတာပဲဖြစ်ပါတယ်။ ဒီမေးခွန်းအတွက် ကွန်ဒုံးအသုံးပြုသင့်တဲ့ အကြောင်းရင်း (၁၀)ခု ရှိပါတယ်။
၁။ လိင်မှတဆင့်ကူးစက်ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။လိင်ကတဆင့်ကူးစက်ရောဂါတွေဟာ အမျိုးသား အမျိုးသမီးအများစု ကူးစက်ခံရတတ်တဲ့ရောဂါတွေ ဖြစ်ပါတယ်။ ဒီရောဂါတွေဟာ အဓိကအားဖြင့် အကာအကွယ်မဲ့လိင်ဆက်ဆံမှုတွေကြောင့် ကူးစက်ခံရတာဖြစ်ပါတယ်။ လိင်ဆက်ဆံရာမှာ ကွန်ဒုံးအသုံးပြုခြင်းအားဖြင့် ကူးစက်ရောဂါတွေကို ကာကွယ်ထားနိုင်ပါတယ်။ ကွန်ဒုံးအမျိုးအစားတွေထဲမှာ Limbskin(သိုးရေ)နဲ့ ပြုလုပ်ထားတဲ့ ကွန်ဒုံးတွေက အထိအတွေ့အားဖြင့် ပိုကောင်းပေမယ့် ကူးစက်ရောဂါတွေကိုတော့ မကာကွယ်ပေးနိုင်ပါဘူး။ဒါ့ကြောင့် သန္ဓေတားဖို့အတွက်လောက်ပဲ limbskin ကွန်ဒုံးတွေကို အသုံးပြုသင့်ပါတယ်။
၂။ မျှော်လင့်မထားပဲ ကိုယ်ဝန်ဆောင်ရခြင်းမှ ကာကွယ်ပေးနိုင်တယ်။
ချစ်သူဇနီးမောင်နှံတွေအနေနဲ့ သားသမီးရယူဖို့ အဆင်သင့်မဖြစ်သေးဘူးဆိုရင် ချစ်တင်းနှောတဲ့အချိန်မှာ ကွန်ဒုံးအသုံးပြုခြင်းအားဖြင့် ကာကွယ်နိုင်ပါတယ်။
၃။ အလွယ်တကူ ဝယ်ယူလို့ရနိုင်တယ်။
ဘေးကင်းစိတ်ချရတဲ့ လိင်မှုဆက်ဆံရေးကို ရရှိနိုင်ဖို့အတွက် ကွန်ဒုံးအသုံးပြုကြဖို့ တိုက်တွန်းထားတာတွေကြောင့် စိတ်တိုင်းကျ ကွန်းဒုံးအမျိုးအစားကို အလွယ်တကူ ရွေးချယ်ဝယ်ယူနိုင်နေပြီ ဖြစ်ပါတယ်။ ဈေးနှုန်းကလည်း အားလုံးတတ်နိုင်တဲ့ နှုန်းထားရှိကြပါတယ်။ တစ်ခုသတိထားရမှာက အရည်အသွေးရှိပြီး ယုံကြည်စိတ်ချရတဲ့ အမှတ်တံဆိပ်ကို ရွေးချယ် အသုံးပြုဖို့ဖြစ်ပါတယ်။
၄။ ဘေးထွက်ဆိုးကျိုး မရှိသလောက်နည်းပါးတယ်။
သန္ဓေတားသောက်ဆေးတွေ၊ ဆေးရည်တွေ၊ ဖျန်းဆေးတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် ကွန်ဒုံးတွေက ဘေးထွက်ဆိုးကျိုး မရှိသလောက်ပါပဲ။ တချို့သော ကိုယ်အရေပြားတွေက Latex အမျိုးအစားကွန်ဒုံးတွေနဲ့ ဓာတ်မတည့်တာမျိုးပဲ ရှိတတ်ပါတယ်။ ဒီလို latex နဲ့ ဓာတ်မတည့်ဘူးဆိုရင်လည်း polyuethane (plastic)ကွန်ဒုံးတွေကို အသုံးပြုလို့ရနိုင်ပါသေးတယ်။
၅။ ဆရာဝန်ညွှန်းကြားချက်တွေ ဆေးညွှန်းတွေ မလိုအပ်ဘူး။
အခြားသော သန္ဓေတားဆေးတွေလိုမျိုး ဆရာဝန်ဆီက ညွှန်ကြားချက်တွေ၊ ဆေးညွှန်းတွေ ယူစရာမလိုပါဘူး။ အတူချစ်တင်းနှောချိန်မှာ ကွန်ဒုံးတစ်ခု အသုံးပြုရုံနဲ့ လုံခြုံစိတ်ချရတဲ့ လိင်မှုဘဝကို ရရှိနိုင်မှာပါ။
၆။ တာဝန်ယူမှုအသိကို တိုးတက်စေတယ်။
ကွန်ဒုံးတွေဟာ လူငယ်စုံတွဲတွေကို ဖြစ်ချင်တိုင်းဖြစ်လို့ရအောင် အသုံးပြုရတာမျိုး မဟုတ်ပါဘူး။ ကွန်ဒုံးနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေများလာတာနဲ့ အမျှ လိင်မှုဆက်ဆံရေးနဲ့ ပတ်သက်ပြီး တာဝန်သိတတ်မှု၊ တာဝန်ယူမှု စိတ်ဓာတ်တွေလည်း ပိုများလာကြပါတယ်။ စုံတွဲတွေအတွက် မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်ရအောင် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နိုင်လာမှာ ဖြစ်ပါတယ်။
၇။ လိင်ပိုင်းဆိုင်ရာ ကျေနပ်မှုကို မြင့်တင်ပေးနိုင်တယ်။
မတူညီတဲ့ အမျိုးအစားတွေ၊ မျက်နှာပြင်အနေအထားတွေကြောင့် ချစ်လမ်းခရီးမှာ သာယာကျေနပ်မှုတွေ ပိုမိုရရှိစေနိုင်ပါတယ်။ Polyuethane အမျိုးအစားတွေဟာ ပါးလွှာပြီး ဖောက်ထွင်းမြင်နိုင်တာကြောင့် ဘာမှမဝတ်ထားသလို ခံစားမှုရရှိစေပြီး အပြည့်အဝကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် မျက်နှာပြင်မှာ အဖုလေးတွေပါတာ၊ လှိုင်းတွန့်လေးတွေပါတာ စတဲ့ မျက်နှာပြင်ပုံစံတွေကလည်း ကြင်ဖက်ကို အထူးလှုံ့ဆော်မှုတွေ ဖြစ်စေနိုင်ပါတယ်။
၈။ အသုံးပြုဖို့လွယ်ကူတယ်။
ကွန်ဒုံးအသုံးပြုဖို့အတွက် အများကြီး လေ့လာစရာမလိုပါဘူး။ ပုံမှန်ညွှန်ကြားချက်ကို လိုက်နာရုံနဲ့ အဆင်ပြေပါတယ်။ သတိထားစရာတစ်ခုက ကွန်းဒုံးတစ်ခုကို အသုံးမပြုခင်မှာ အလိပ်ကိုဖြည်မထားဖို့ပဲ ဖြစ်ပါတယ်။ အလိပ်ကိုစောစီးစွာ ဖြည်ချထားမယ်ဆိုရင် လေခိုပြီး ပေါက်ပြဲနိုင်ချေ ပိုများလာတာကြောင့် ဖြစ်ပါတယ်။
၉။ အမျိုးသမီး ဓမ္မတာဖြစ်စဉ်တွေကို ထိခိုက်မှုမရှိဘူး။
ကွန်ဒုံးအသုံးပြုတာဟာ သန္ဒေတားဆေးတွေ၊ ထိုးဆေးတွေလိုမျိုး အမျိုးသမီးတွေရဲ့ ဓမ္မတာဖြစ်စဉ်နဲ့ ကျန်းမာရေအပေါ် သက်ရောက်မှုမရှိပါဘူး။
၁၀။ သားအိမ်ခေါင်းကင်ဆာကို ကာကွယ်ပေးနိုင်တယ်။
ကွန်ဒုံးအသုံးပြုပြီးလိင်ဆက်ဆံခြင်းဟာ သားအိမ်ခေါင်းကင်ဆာရောဂါကို ဖြစ်စေနိုင်တဲ့ HPV ဗိုင်းရပ်စ်ကူးစက်ခံရမှုကိုလညိး ကာကွယ်ပေးနိုင်ပါတယ်။
အမျိုးသားတိုုင်းအတွက် ရွေးချယ်စရာ ကွန်ဒုံုးအမျိုးအစားကတော့ Okamoto ကထုုတ်လုုပ်လိုုက်တဲ့ ကွန်ဒုံုးအမျိုးအစားအများကြီးထဲမှာမှ ကမ္ဘာ့နံပါတ်တစ်အဆင့်ကိုု ဆယ်နှစ် ရထားတဲ့ Crown လိုု့ခေါ်တဲ့အမျိုးအစားကိုု ညွှန်းပြချင်ပါတယ်. ဘေးကင်းလုံုခြုံမှုအတွက် စိတ်ပူစရာမလိုုတဲ့အပြင် ပါးလွှာ တဲ့အတွက် ကျေနပ်မှု အပြည့်အဝရစေ ရမယ်လိုု့ Okamoto ကအာမခံထားပါတယ်။
ရွေးရခက်နေရင်တော့ Okamoto skinless Condoms ကိုုသာရွေးချယ်ကြည့်ပါ. G&G mini mart တွေမှာအလွယ်တကူဝယ်လိုု့ရနိုုင်ပါတယ်။
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္
တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit:Lwin Pyin
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top