iMyanmarHouse.com - Best Property Website for Myanmar
×

Menorrhagia ဟုေခၚေသာ ဓမၼတာလာခ်ိန္ေသြးအလြန္အ ကြၽံဆင္းျခင္းသည္ အမ်ိဳးသမီးတစ္ဦး၏ သာမန္လုပ္ငန္းမ်ားကို အေႏွာင့္အယွက္ျဖစ္ၿပီး ႏွစ္စဥ္ အေမရိကန္ႏုိင္ငံရိွ အမ်ိဳးသမီးေပါင္း သန္း ၁၀၀ ေက်ာ္အထိ ႀကံဳေတြ႕ေနၾကရသည္။

ယင္းကဲ့သုိ႔ ဓမၼတာလာခ်ိန္တြင္ ေသြးအလြန္အကြၽံဆင္းျခင္း ေၾကာင့္ ေသြးအားနည္းႏုိင္ၿပီး ေမာပန္းႏြမ္းနယ္ျခင္း၊ အားအင္ကုန္ခန္းျခင္းႏွင့္ အသက္႐ွဴရခက္ခဲျခင္းတို႔ ႀကံဳေတြ႕ႏုိင္သည္။ ယင္းအေျခအေန၏ ႐ႈပ္ေထြးမႈမ်ားတြင္ သံဓာတ္ခ်ိဳ႕တဲ့ေသာ ေသြးအားနည္းျခင္းႏွင့္ ျပင္းထန္ေသာနာက်င္မႈေ၀ဒနာ ခံစားရျခင္းတို႔ပါ၀င္သည္။

ယင္းျပႆနာကုိ ေယဘုယ်အားျဖင့္ ခုနစ္ရက္ေက်ာ္အထိ ႀကံဳေတြ႕ရႏုိင္ၿပီး ႏွစ္နာရီခန္႔ၾကာတုိင္း လစဥ္သံုးပစၥည္းမ်ားကို အလဲအလွယ္လုပ္ေပးရန္ လုိအပ္သည္။

ယင္းကဲ့သုိ႔ ျဖစ္ေပၚေစေသာ အေၾကာင္းရင္းမ်ားတြင္ ေဟာ္မုန္းဆုိင္ရာ မူမမွန္မႈမ်ား၊ သားအိမ္လုပ္ေဆာင္ခ်က္မူမမွန္ ျခင္း၊ သားဥႁပြန္တြင္ အက်ိတ္မ်ားရိွျခင္း၊ သားအိမ္အတြင္းပုိင္း နံရံေပါက္ထြက္ ျခင္း၊ IUD ဟုေခၚေသာ ေဟာ္မုန္းမပါသည့္ သားဆက္ျခားပစၥည္း အသံုးျပဳျခင္း၊ သားအိမ္ကင္ဆာကဲ့သို႔ ကင္ဆာေရာဂါရိွျခင္းႏွင့္ ေရာင္ရမ္းမႈေလ်ာ့ပါးေစေသာ ေဆးမ်ားကဲ့သုိ႔ ေဆး၀ါးမ်ား ေသာက္ သံုးေနရျခင္းတို႔ ပါ၀င္သည္။

ေသြးအားနည္းျခင္းကုိ ကုသရန္ သံဓာတ္အားျဖည့္ေဆး၊ ဓမၼတာလာခ်ိန္ ႂကြက္သားမ်ား နာက်င္ျခင္းအတြက္ NSAID ဟုေခၚေသာ ေရာင္ရမ္းမႈ ေလ်ာ့က်ေစေသာ ေဆး၀ါးမ်ား၊ ေသြးဆံုး႐ႈံးမႈ ေလ်ာ့ပါးေစေသာ Lysteda ဟုေခၚသည့္ ေဆး၀ါးမ်ား၊ ဓမၼတာလာခ်ိန္မွန္ကန္ေစေရး သေႏၶတားေဆး ေသာက္ေဆးမ်ားႏွင့္ ေဟာ္မုန္း ဟန္ခ်က္မညီျဖစ္ျခင္းကုိ ကုသရန္ႏွင့္ ေသြးဆင္းျခင္းေလ်ာ့ပါးေစမည့္ ေဆး၀ါးမ်ား ပါ၀င္ႏုိင္သည္။

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : 7day daily


#Unicode Version

Menorrhagia ဟုခေါ်သော ဓမ္မတာလာချိန်သွေးအလွန်အ ကျွံဆင်းခြင်းသည် အမျိုးသမီးတစ်ဦး၏ သာမန်လုပ်ငန်းများကို အနှောင့်အယှက်ဖြစ်ပြီး နှစ်စဉ် အမေရိကန်နိုင်ငံရှိ အမျိုးသမီးပေါင်း သန်း ၁၀၀ ကျော်အထိ ကြုံတွေ့နေကြရသည်။

ယင်းကဲ့သို့ ဓမ္မတာလာချိန်တွင် သွေးအလွန်အကျွံဆင်းခြင်း ကြောင့် သွေးအားနည်းနိုင်ပြီး မောပန်းနွမ်းနယ်ခြင်း၊ အားအင်ကုန်ခန်းခြင်းနှင့် အသက်ရှူရခက်ခဲခြင်းတို့ ကြုံတွေ့နိုင်သည်။ ယင်းအခြေအနေ၏ ရှုပ်ထွေးမှုများတွင် သံဓာတ်ချို့တဲ့သော သွေးအားနည်းခြင်းနှင့် ပြင်းထန်သောနာကျင်မှုဝေဒနာ ခံစားရခြင်းတို့ပါဝင်သည်။

ယင်းပြဿနာကို ယေဘုယျအားဖြင့် ခုနစ်ရက်ကျော်အထိ ကြုံတွေ့ရနိုင်ပြီး နှစ်နာရီခန့်ကြာတိုင်း လစဉ်သုံးပစ္စည်းများကို အလဲအလှယ်လုပ်ပေးရန် လိုအပ်သည်။

ယင်းကဲ့သို့ ဖြစ်ပေါ်စေသော အကြောင်းရင်းများတွင် ဟော်မုန်းဆိုင်ရာ မူမမှန်မှုများ၊ သားအိမ်လုပ်ဆောင်ချက်မူမမှန် ခြင်း၊ သားဥပြွန်တွင် အကျိတ်များရှိခြင်း၊ သားအိမ်အတွင်းပိုင်း နံရံပေါက်ထွက် ခြင်း၊ IUD ဟုခေါ်သော ဟော်မုန်းမပါသည့် သားဆက်ခြားပစ္စည်း အသုံးပြုခြင်း၊ သားအိမ်ကင်ဆာကဲ့သို့ ကင်ဆာရောဂါရှိခြင်းနှင့် ရောင်ရမ်းမှုလျော့ပါးစေသော ဆေးများကဲ့သို့ ဆေးဝါးများ သောက် သုံးနေရခြင်းတို့ ပါဝင်သည်။

သွေးအားနည်းခြင်းကို ကုသရန် သံဓာတ်အားဖြည့်ဆေး၊ ဓမ္မတာလာချိန် ကြွက်သားများ နာကျင်ခြင်းအတွက် NSAID ဟုခေါ်သော ရောင်ရမ်းမှု လျော့ကျစေသော ဆေးဝါးများ၊ သွေးဆုံးရှုံးမှု လျော့ပါးစေသော Lysteda ဟုခေါ်သည့် ဆေးဝါးများ၊ ဓမ္မတာလာချိန်မှန်ကန်စေရေး သန္ဓေတားဆေး သောက်ဆေးများနှင့် ဟော်မုန်း ဟန်ချက်မညီဖြစ်ခြင်းကို ကုသရန်နှင့် သွေးဆင်းခြင်းလျော့ပါးစေမည့် ဆေးဝါးများ ပါဝင်နိုင်သည်။

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : 7day daily
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top