iMyanmarHouse.com - Best Property Website for Myanmar
×

အေမရိကန္ႏိုင္ငံ၌ ၄၃ စကၠန္႔အတြင္း လူတစ္ဦးဟာ ႏွလံုး အေမာေဖာက္ ေဝဒနာကို ခံစားေနရေၾကာင္း CDC ( Central For Disease Control and Pervention အဖြဲ႔အစည္းမွ ထုတ္ျပန္ေၾကညာခဲ့ျပီး ႏွလံုး အေမာေဖာက္ျခင္းသည္ ႏွလံုး ၾကြယ္သားတို႔မွ ေသြးကို ေကာင္းစြာ မရရွိျခင္းေၾကာင့္  ျဖစ္ပြား ရျခင္းျဖစ္ကာအကယ္၍ သင့္၏ မိသားစု၊ ေဆြမ်ိဳး၊ မိတ္ေဆြ တစ္ဦးဦးတို႔မွ ႏွလံုး အေမာေဖာက္ခဲ့ပါက ခ်က္ျခင္း လုပ္ေဆာင္သင့္သည္ အခ်က္ ၄ ခ်က္ကို ေရးသားေဖာ္ျပေပးလိုက္ပါသည္။
၁။ အေရးေပၚ လူနာတင္ယာဥ္ ေခၚပါ။
တစ္စံုတစ္ေယာက္မွ ရုတ္တရက္ ႏွလံုး အေမာေဖာက္လာပါက အျမန္ဆံုး အေရးေပၚ လူနာတင္ ယာဥ္ကို ေခၚသင့္ပါသည္။ သို႔မွ သိတတ္ နားလည္ သူမွာ ျပဳစုကုသေပးလိုက္မည္ ဆိုပါက ေဝဒနာရွင္၏ အသက္ကို ကယ္တင္ရန္ ရာခိုင္ႏွဳန္း မ်ားပါလိမ့္မည္။

၂။ သက္ေသာင့္သက္သာ ေနထုိင္ပါ။
လူနာတင္ယာဥ္ မေရာက္လာသည့္ အခ်ိန္ျဖစ္ျဖစ္၊ အကူအညီ မရရိွေသးသည့္ အခ်ိန္၌ ႏွလံုး အေမာေဖာက္ေနသည့္ လူနာကို ေခါင္းႏွင့္ ေနာက္ေက်ာတို႔ကို ေကာင္းစြာ မီထားသည့္ အေနထားျဖင့္ ထိုင္ေစ၍ လူနာကို အေနခက္ေစသည့္ လည္ပင္း ၾကယ္သီးမ်ား၊ ရင္ဘတ္ႏွင့္ လက္တို႔ရွိ ၾကယ္သီးမ်ား ကို ျဖဳတ္ေပးျခင္းျဖင့္ လူနာကို သက္သာေစႏိုင္ပါသည္။

၃။ အကိုက္အခဲ ေပ်ာက္ေဆးကို ဝါးစားခုိင္းပါ။
ႏွလံုး အေမာေဖာက္သူကို အကိုက္အခဲ ေပ်ာက္ေဆးကို ျဖည္းညင္းစြာ ဝါးစားေစျခင္းျဖင့္လည္း လူနာကို အနည္းငယ္ သက္သာေစႏိုင္ျပီး အကုိက္အခဲ ေပ်ာက္ေဆးသည္ ေသြးခဲမ်ားကို လ်င္ျမန္စြာ ေျခ ဖ်က္ေပးႏိုင္သည့္အျပင္ ႏွလံုး ၾကြက္သား နာက်င္မွဳကိုလည္း သက္သာေစႏိုင္ပါသည္။

၄။ ႏွလံုး အထူးကု ဆရာဝန္ျဖင့္ မၾကာခဏ စစ္ေဆးမွု ခံယူပါ။
ႏွလံုး ေရာဂါ အခံရိွသူမ်ားမွ ႏွလံုး အထူးကု ဆရာဝန္ထံသို႔ မၾကာခဏဆိုသလို သြားေရာက္ျပသ စစ္ေဆးျခင္းျဖင့္လည္း ႏွလံုး အေမာေဖာက္ျခင္းကို ကာကြယ္ႏိုင္ပါသည္။ဤအခ်က္မ်ားျဖင့္ ႏွလံုး အေမာေဖာက္သည့္ လူနာမ်ားကို အသက္ ဆံုးရူံးျခင္းမွ ကာကြယ္ႏိုင္ကာ ႏွလံုး အေမာေဖာက္ျခင္းေၾကာင့္ မေသဆံုးသင့္သည့္ အေျခအေန၌ ၁၀ ဦးလွ်င္ ၈ ဦးတို႔မွ ေသဆံုးေနရေၾကာင္း CDC ( Centers for Disease Control and Prevention) အဖြဲ႔အစည္း၏ ထုတ္ျပန္ခ်က္အရ သိရိွရသည္။

Credit : thithtoolwin
 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အမေရိကန်နိုင်ငံ၌ ၄၃ စက္ကန့်အတွင်း လူတစ်ဦးဟာ နှလုံး အမောဖောက် ဝေဒနာကို ခံစားနေရကြောင်း CDC ( Central For Disease Control and Pervention အဖွဲ့အစည်းမှ ထုတ်ပြန်ကြေညာခဲ့ပြီး နှလုံး အမောဖောက်ခြင်းသည် နှလုံး ကြွယ်သားတို့မှ သွေးကို ကောင်းစွာ မရရှိခြင်းကြောင့်  ဖြစ်ပွား ရခြင်းဖြစ်ကာအကယ်၍ သင့်၏ မိသားစု၊ ဆွေမျိုး၊ မိတ်ဆွေ တစ်ဦးဦးတို့မှ နှလုံး အမောဖောက်ခဲ့ပါက ချက်ခြင်း လုပ်ဆောင်သင့်သည် အချက် ၄ ချက်ကို ရေးသားဖော်ပြပေးလိုက်ပါသည်။
၁။ အရေးပေါ် လူနာတင်ယာဉ် ခေါ်ပါ။
တစ်စုံတစ်ယောက်မှ ရုတ်တရက် နှလုံး အမောဖောက်လာပါက အမြန်ဆုံး အရေးပေါ် လူနာတင် ယာဉ်ကို ခေါ်သင့်ပါသည်။ သို့မှ သိတတ် နားလည် သူမှာ ပြုစုကုသပေးလိုက်မည် ဆိုပါက ဝေဒနာရှင်၏ အသက်ကို ကယ်တင်ရန် ရာခိုင်နှုန်း များပါလိမ့်မည်။

၂။ သက်သောင့်သက်သာ နေထိုင်ပါ။
လူနာတင်ယာဉ် မရောက်လာသည့် အချိန်ဖြစ်ဖြစ်၊ အကူအညီ မရရှိသေးသည့် အချိန်၌ နှလုံး အမောဖောက်နေသည့် လူနာကို ခေါင်းနှင့် နောက်ကျောတို့ကို ကောင်းစွာ မီထားသည့် အနေထားဖြင့် ထိုင်စေ၍ လူနာကို အနေခက်စေသည့် လည်ပင်း ကြယ်သီးများ၊ ရင်ဘတ်နှင့် လက်တို့ရှိ ကြယ်သီးများ ကို ဖြုတ်ပေးခြင်းဖြင့် လူနာကို သက်သာစေနိုင်ပါသည်။

၃။ အကိုက်အခဲ ပျောက်ဆေးကို ဝါးစားခိုင်းပါ။
နှလုံး အမောဖောက်သူကို အကိုက်အခဲ ပျောက်ဆေးကို ဖြည်းညင်းစွာ ဝါးစားစေခြင်းဖြင့်လည်း လူနာကို အနည်းငယ် သက်သာစေနိုင်ပြီး အကိုက်အခဲ ပျောက်ဆေးသည် သွေးခဲများကို လျင်မြန်စွာ ခြေ ဖျက်ပေးနိုင်သည့်အပြင် နှလုံး ကြွက်သား နာကျင်မှုကိုလည်း သက်သာစေနိုင်ပါသည်။

၄။ နှလုံး အထူးကု ဆရာဝန်ဖြင့် မကြာခဏ စစ်ဆေးမှု ခံယူပါ။
နှလုံး ရောဂါ အခံရှိသူများမှ နှလုံး အထူးကု ဆရာဝန်ထံသို့ မကြာခဏဆိုသလို သွားရောက်ပြသ စစ်ဆေးခြင်းဖြင့်လည်း နှလုံး အမောဖောက်ခြင်းကို ကာကွယ်နိုင်ပါသည်။ဤအချက်များဖြင့် နှလုံး အမောဖောက်သည့် လူနာများကို အသက် ဆုံးရူံးခြင်းမှ ကာကွယ်နိုင်ကာ နှလုံး အမောဖောက်ခြင်းကြောင့် မသေဆုံးသင့်သည့် အခြေအနေ၌ ၁၀ ဦးလျှင် ၈ ဦးတို့မှ သေဆုံးနေရကြောင်း CDC ( Centers for Disease Control and Prevention) အဖွဲ့အစည်း၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

Credit : thithtoolwin

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top