iMyanmarHouse.com - Best Property Website for Myanmar
×

သင့်ကိုဘာကြောင့် ဆော်တွေ မကြိုက်တာလဲ စဉ်းစားရခက်နေလား။ သင့်စီမှာ ဆော်တွေကြွေနိုင်တဲ့ အလုပ်၊ ဝင်ငွေ၊ ခန္ဒာကိုယ် တွေပိုင်ဆိုင်နေပါလျှက်နဲ့ ကြောင်သမျှဆော် မှန်သမျှ ရှောင်ရှောင်သွားတာကြုံနေရပါသလား။ ဘာကြောင့်ရှောင်ရှောင်သွားတာလဲသိချင်ရင် ဘယ်လိုရှောင်ရမလဲ သိချင်ရင် အဆုံးထိဖတ်လို်က်ပါ။

လေကြောရှည်ခြင်း

ကိုယ်ကြိုက်နေတဲ့ ကောင်မလေးတွေတဲ့အခါ သူကြိုက်လာအောင် သင့်ရဲ့ ဘဝအကြောင်းတွေ၊ သင်မိဘ အကြောင်းတွေ၊ သင်ဘယ်လောက်အလုပ်ကြိုးစားတာတွေ ၊ ညီအကိုမောင်နှမအကြောင်းတွေ၊ သင်ဘယ်လောက်စိတ်ထားကောင်းတာတွေ အစရှိတဲ့ သင့်ရဲ့ ကောင်းတဲ့ အချက်အလက်တွေပဲ သူအထင်ကြီးအောင် ဖောက်သည်ချမိပါလိမ့်မယ်။ ဘယ်လောက်ပဲ သူအထင်ကြီးအောင်လုပ်လုပ် သင့်အကြောင်းတွေချည်းပိတ်ပြောနေမယ့် တစ်ကိုယ်ကောင်းဆန် တစ်ဘို့တည်း ကြည့်တဲ့ သင့်ကို သူနောက်တစ်ခါတွေ့ချင်မှားမဟုတ်ပါ။

အမှန်ကသင့်အကြောင်းပြောမယ့် အစား သူ့အကြောင်းကို မေးပြီး သူပြောတာကိုနားထောင်ပါ။ သူမေးလာရင်တောင်မှ လိုရင်းတိုရှင်း လုပ်ပြီး သူ့ဘက်ပြန်လှည့်ပြီး သူစိတ်ဝင်စားတာတွေ၊ အားကစားတွေ၊ ဘဝရည်မှန်းချက်တွေ၊ သွားတက်တဲ့နေရာတွေ၊ ရောက်ဖူးတဲ့နေရာတွေ၊ မောင်နှမအကြောင်းတွေ၊ သူ့အိမ်မွေးတိရိတ္ဆန်တွေ မေးပါ။ ဒီလိုနဲ့ သူ့အကြောင်းတွေကို သင်ပိုသိလာပြီး သူ့ကိုပိုဂရုစိုက်ကာ သူ့အသည်းကိုဆွတ်ခူးနိုင်မှာပါ။


အရင်ရည်းစားနဲ့ ဘာကြောင့်ပြတ်သွားတာလဲဆိုတာ ကို စကားမစပ်လို့ပဲဖြစ်ဖြစ် ဒါမှမဟုတ် သူမေးလို့ဖြစ်ဖြစ် ပြောမိပါလိမ့်မယ်။ စကားမစပ်လို့ ပြောမိပြီ ဆိုကတည်းက သင်သူ့ကို သတိရနေသေးလို့ပဲလို့ ယူဆပါလိမ့်မယ်။ သူမေးလို့ ပြောတယ်ဆိုရင် ဝေဝေစာစာ ပြောမိလို့ကတော့ မပြတ်နိုင်သေးဘူးလို့ထင်သွားပါလိမ့်မယ်။ ဘယ်ကောင်မလေးကမှ သူ့ရည်းစား အရင်ဆော်အကြောင်းကို အသေးစိတ်မသိချင်ပါဘူး။ ဘယ်လိုပဲ ပြောပြော မကောင်းတဲ့ဘက်ကို ဦးတည်နေမှာပါ။

ပြတ်သွားတယ်ဆိုတာ အကြောင်း တစ်ခုခုရှိလို့ အဆင်မပြေလို့ပါ။ အတိတ်ကိုအတိတ်မှာထားခဲ့ပါ။ အမှန်က သူမေးရင်တောင် ဒီလို လိုရင်း တိုရှင်းဖြေပါ ”စိတ်သဘောထားမတိုက်ဆိုင်လို့ လမ်းခွဲလိုက်တယ်“ ဆက်ပြီး အတင်းမေးလာရင် ”ပြီးခဲ့တာတွေ က ထားလိုက်ပါတော့။ အခုက သူတစ်ယောက်ထဲ အကြောင်းကိုပဲ စိတ်ဝင်စားတယ်“ ပေါ့။

သူယုံကြည်တာ၊ ကိုးကွယ်တာ၊ ကြိုက်တာတွေ ဟာသလုပ်ခြင်း

လူဆိုတာကိုယ့်အကြိုက် ကိုယ် လုပ်နေကြတဲ့သူတွေပါ။ သူဟာသူ ကိုးရီးယား ရောဂါထနေတာ၊ ဘာသာခြားနေတာ၊ ငွေအသုံးကြမ်းတာ၊ စိုင်းစိုင်းကို ကြွေတာ၊ ဖြစ်ချင်တာဖြစ်နေပါစေ ကိုယ်ကသွားလောင်မိရင်၊ ဟာသလုပ်မိရင် မဆက်သေးတဲ့ သံရောဇင်ကြိုးလေး ဖြတ်ခနဲ ပြတ်သွားပါလိမ့်မယ်။ ကိုယ်ဟာကိုယ် ဘောပွဲကြည့်တာ သူလာ ပြသာနာရှာလို့မရသလို သူကြိုက်ချင်တာကြိုက်တာ ကို ကိုယ်ကသွားပြောလို့မရပါဘူး။ မကြိုက်တက်ရင်နဂိုထဲက မတွဲနဲ့ပေါ့။

အမှန်က ကိုယ်စိတ်မဝင်စားတဲ့ အကြောင်းတွေ ပြောလာရင် ဥပမာ ကိုးရီးယားကားတွေ အကြောင်းပြောလာရင် “ကိုးရီးယား ကားသိပ်စိတ်မ၀င်စားလို့ မကြည့်ဖြစ်ဘူး“ လို့ပဲငြင်းလိုက်. သူဘာမှဆက်ပြောမှာမဟုတ်ဘူး။

ကိုယ့်အတွင်းရေး များကို ပြောခြင်း

လူတိုင်းကတော့ ကိုယ့် အဆင်မပြေတာနဲ့ ကိုယ် ရှိပါတယ်။ အိမ်မှာအဆင်မပြေတာ၊ မိဘတွေ က အဆင်မပြေတာ၊ မောင်နှမတွေ အနိုင်ကျင့်ခံရတာ၊ စတာတွေကို သနားအောင်သွားပြောတက်ကြပါတယ်။ စတွဲတွဲချင်း ဘယ်ဆော်ကမှ ကိုယ့်ပြသာနာတွေ ကိုမသိချင်ပါဘူး။ ချိန်းတွေ့တယ်ဆိုတာ ပျော်ဖို့ ရွှင်ဖို့ လေ။ အပူတွေကိုဖောက်သည်ချ ပြီး စိတ်ညစ်စရာတွေ တွေးရမှာမဟုတ်ဘူး။

အမှန်က သူနဲ့ ကြိုက်သွားပြီ အဖြေရပြီ ဆိုတော့မှ ဒါတွေကိုစပြောရမှာ။ အစိမ်းသက်သက်ကြီး တွဲခါနီး သွားပြောလို့ကတော့ ဂွမ်းသွားမှာပေါ့။

ကြွားလုံးထုတ်ခြင်း

ပထမဆုံး ချိန်းတွေ့တဲ့ ၁ခေါက် ၂ခေါက် လောက်မှာ သူအထင်ကြီးအောင် လို့ သင့်အိမ်က ဘယ်လောက်ချမ်းသာတာ၊ သင်က ဘာအကောင်ကြီး၊ သင်အလုပ်က ဝင်ငွေသိပ်ကောင်းတာကို ပြောရင် သူချက်ချင်း ကြွေပြီး သူ့မှာ သင့်ထက်ကောင်းတဲ့ ယောက်ျား မရှိဟုထင်သွားပြီး သင့် နားကခွာတော့မှမဟုတ်တော့ဘူး . . . ဟိတ် ထ ထ ထ . အိပ်မက် မက်မနေနဲ့။ ဒီလို ကြွားလုံးထုတ်ပြီး ကိုယ့်ဘက်ပါလာတဲ့မိန်းမက ငွေမက်တဲ့မိန်းမပဲ ရမယ်။ တကယ်ကောင်း တဲ့ ခေတ်ပညာတက် မိန်းခလေးတွေက တော့ သင့်ကိုစိတ်ထဲက လှောင်နေပါလိမ့်မယ်။ တကယ်ကိုချောတဲ့ လှတဲ့ ကောင်မလေးတွေဆို အဲ့ဒီလို ငကြွားမျိုးတွေ သင့်ထက်ချမ်းသာတဲ့ ငကြွားတွေ က အပျိုမဖြစ်ခင် ခတဲ လာကြောင်နေတာ လက် မပြောနဲ့ ခြေချိုးရည်တာတောင် မလောက်ဘူး။

အမှန်က သင့်ဘဝရဲ့ ရည်မှန်းချက်တွေ အများအကျိုး ကိုဘယ်လိုဆောင်ရွက်မှာတွေ မိဘကျေးဇူးဘယ်လို ဆပ်မှာတွေ ကိုပြောပါ။ ဘဝရဲ့ ပန်းတိုင်တွေ ဘယ်လို ဆွတ်ခူးမလဲဆိုတာ ဘယ်လို ကြိုးစားနေသလဲဆိုတာ ကိုပြောပါ။ ငွေနဲ့ပက်သက်တာမှန်သမျှကို လုံးဝရှောင်ပါ . ကြွားတယ် လေလုံးကြီးတယ် ထင်လောက်သောစကားများကိုလည်းရှောင်ပါ။ ကိုယ့်လေနဲ့ကိုယ် မလွင့်သွားပါစေနဲ့။


ပို့သပေးပါတယ်။


Unicode Version

သင့်ကိုုဘာကြောင့် ဆော်တွေ မကြိုုက်တာလဲ စဉ်းစားရခက်နေလား။ သင့်စီမှာ ဆော်တွေကြွေနိုုင်တဲ့ အလုုပ်၊ ဝင်ငွေ၊ ခန္ဒာကိုုယ် တွေပိုုင်ဆိုုင်နေပါလျှက်နဲ့ ကြောင်သမျှဆော် မှန်သမျှ ရှောင်ရှောင်သွားတာကြုံနေရပါသလား။ ဘာကြောင့်ရှောင်ရှောင်သွားတာလဲသိချင်ရင် ဘယ်လိုုရှောင်ရမလဲ သိချင်ရင် အဆုံုးထိဖတ်လိုု်က်ပါ။

လေကြောရှည်ခြင်း

ကိုုယ်ကြိုက်နေတဲ့ ကောင်မလေးတွေတဲ့အခါ သူကြိုက်လာအောင် သင့်ရဲ့ ဘဝအကြောင်းတွေ၊ သင်မိဘ အကြောင်းတွေ၊ သင်ဘယ်လောက်အလုုပ်ကြိုးစားတာတွေ ၊ ညီအကိုုမောင်နှမအကြောင်းတွေ၊ သင်ဘယ်လောက်စိတ်ထားကောင်းတာတွေ အစရှိတဲ့ သင့်ရဲ့ ကောင်းတဲ့ အချက်အလက်တွေပဲ သူအထင်ကြီးအောင် ဖောက်သည်ချမိပါလိမ့်မယ်။ ဘယ်လောက်ပဲ သူအထင်ကြီးအောင်လုုပ်လုုပ် သင့်အကြောင်းတွေချည်းပိတ်ပြောနေမယ့် တစ်ကိုုယ်ကောင်းဆန် တစ်ဘိုု့တည်း ကြည့်တဲ့ သင့်ကိုု သူနောက်တစ်ခါတွေ့ချင်မှားမဟုုတ်ပါ။

အမှန်ကသင့်အကြောင်းပြောမယ့် အစား သူ့အကြောင်းကိုု မေးပြီး သူပြောတာကိုုနားထောင်ပါ။ သူမေးလာရင်တောင်မှ လိုုရင်းတိုုရှင်း လုုပ်ပြီး သူ့ဘက်ပြန်လှည့်ပြီး သူစိတ်ဝင်စားတာတွေ၊ အားကစားတွေ၊ ဘဝရည်မှန်းချက်တွေ၊ သွားတက်တဲ့နေရာတွေ၊ ရောက်ဖူးတဲ့နေရာတွေ၊ မောင်နှမအကြောင်းတွေ၊ သူ့အိမ်မွေးတိရိတ္ဆန်တွေ မေးပါ။ ဒီလိုုနဲ့ သူ့အကြောင်းတွေကိုု သင်ပိုုသိလာပြီး သူ့ကိုုပိုုဂရုုစိုုက်ကာ သူ့အသည်းကိုုဆွတ်ခူးနိုုင်မှာပါ။

ရည်းစားဟောင်းများအကြောင်းပြောခြင်း

အရင်ရည်းစားနဲ့ ဘာကြောင့်ပြတ်သွားတာလဲဆိုုတာ ကိုု စကားမစပ်လိုု့ပဲဖြစ်ဖြစ် ဒါမှမဟုုတ် သူမေးလိုု့ဖြစ်ဖြစ် ပြောမိပါလိမ့်မယ်။ စကားမစပ်လိုု့ ပြောမိပြီ ဆိုုကတည်းက သင်သူ့ကိုု သတိရနေသေးလိုု့ပဲလိုု့ ယူဆပါလိမ့်မယ်။ သူမေးလိုု့ ပြောတယ်ဆိုုရင် ဝေဝေစာစာ ပြောမိလိုု့ကတော့ မပြတ်နိုုင်သေးဘူးလိုု့ထင်သွားပါလိမ့််မယ်။ ဘယ်ကောင်မလေးကမှ သူ့ရည်းစား အရင်ဆော်အကြောင်းကိုု အသေးစိတ်မသိချင်ပါဘူး။ ဘယ်လိုုပဲ ပြောပြော မကောင်းတဲ့ဘက်ကိုု ဦးတည်နေမှာပါ။

ပြတ်သွားတယ်ဆိုုတာ အကြောင်း တစ်ခုုခုုရှိလိုု့ အဆင်မပြေလိုု့ပါ။ အတိတ်ကိုုအတိတ်မှာထားခဲ့ပါ။ အမှန်က သူမေးရင်တောင် ဒီလိုု လိုုရင်း တိုုရှင်းဖြေပါ ”စိတ်သဘောထားမတိုုက်ဆိုုင်လိုု့ လမ်းခွဲလိုုက်တယ်“ ဆက်ပြီး အတင်းမေးလာရင် ”ပြီးခဲ့တာတွေ က ထားလိုုက်ပါတော့။ အခုုက သူတစ်ယောက်ထဲ အကြောင်းကိုုပဲ စိတ်ဝင်စားတယ်“ ပေါ့။

သူယုံုကြည်တာ၊ ကိုုးကွယ်တာ၊ ကြိုက်တာတွေ ဟာသလုုပ်ခြင်း

လူဆိုုတာကိုုယ့်အကြိုက် ကိုုယ် လုုပ်နေကြတဲ့သူူတွေပါ။ သူဟာသူ ကိုုးရီးယား ရောဂါထနေတာ၊ ဘာသာခြားနေတာ၊ ငွေအသုံုးကြမ်းတာ၊ စိုုင်းစိုုင်းကိုု ကြွေတာ၊ ဖြစ်ချင်တာဖြစ်နေပါစေ ကိုုယ်ကသွားလောင်မိရင်၊ ဟာသလုုပ်မိရင် မဆက်သေးတဲ့ သံရောဇင်ကြိုးလေး ဖြတ်ခနဲ ပြတ်သွားပါလိမ့်မယ်။ ကိုုယ်ဟာကိုုယ် ဘောပွဲကြည့်တာ သူလာ ပြသာနာရှာလိုု့မရသလိုု သူကြိုုက်ချင်တာကြိုုက်တာ ကိုု ကိုုယ်ကသွားပြောလိုု့မရပါဘူး။ မကြိုုက်တက်ရင်နဂိုုထဲက မတွဲနဲ့ပေါ့။

အမှန်က ကိုုယ်စိတ်မဝင်စားတဲ့ အကြောင်းတွေ ပြောလာရင် ဥပမာ ကိုုးရီးယားကားတွေ အကြောင်းပြောလာရင် “ကိုုးရီးယား ကားသိပ်စိတ်မဝင်စားလိုု့ မကြည့်ဖြစ်ဘူး“ လိုု့ပဲငြင်းလိုုက်. သူဘာမှဆက်ပြောမှာမဟုုတ်ဘူး။

ကိုုယ့်အတွင်းရေး များကိုု ပြောခြင်း

လူတိုုင်းကတော့ ကိုုယ့် အဆင်မပြေတာနဲ့ ကိုုယ် ရှိပါတယ်။ အိမ်မှာအဆင်မပြေတာ၊ မိဘတွေ က အဆင်မပြေတာ၊ မောင်နှမတွေ အနိုုင်ကျင့်ခံရတာ၊ စတာတွေကိုု သနားအောင်သွားပြောတက်ကြပါတယ်။ စတွဲတွဲချင်း ဘယ်ဆော်ကမှ ကိုုယ့်ပြသာနာတွေ ကိုုမသိချင်ပါဘူး။ ချိန်းတွေ့တယ်ဆိုုတာ ပျော်ဖိုု့ ရွှင်ဖိုု့ လေ။ အပူတွေကိုုဖောက်သည်ချ ပြီး စိတ်ညစ်စရာတွေ တွေးရမှာမဟုုတ်ဘူး။

အမှန်က သူနဲ့ ကြိုက်သွားပြီ အဖြေရပြီ ဆိုုတော့မှ ဒါတွေကိုုစပြောရမှာ။ အစိမ်းသက်သက်ကြီး တွဲခါနီး သွားပြောလိုု့ကတော့ ဂွမ်းသွားမှာပေါ့။

ကြွားလုံုးထုုတ်ခြင်း

ပထမဆုံုး ချိန်းတွေ့တဲ့ ၁ခေါက် ၂ခေါက် လောက်မှာ သူအထင်ကြီးအောင် လိုု့ သင့်အိမ်က ဘယ်လောက်ချမ်းသာတာ၊ သင်က ဘာအကောင်ကြီး၊ သင်အလုုပ်က ဝင်ငွေသိပ်ကောင်းတာကိုု ပြောရင် သူချက်ချင်း ကြွေပြီး သူ့မှာ သင့်ထက်ကောင်းတဲ့ ယောကျ်ား မရှိဟုုထင်သွားပြီး သင့် နားကခွာတော့မှမဟုုတ်တော့ဘူး . . . ဟိတ် ထ ထ ထ . အိပ်မက် မက်မနေနဲ့။ ဒီလိုု ကြွားလုံုးထုုတ်ပြီး ကိုုယ့်ဘက်ပါလာတဲ့မိန်းမက ငွေမက်တဲ့မိန်းမပဲ ရမယ်။ တကယ်ကောင်း တဲ့ ခေတ်ပညာတက် မိန်းခလေးတွေက တော့ သင့်ကိုုစိတ်ထဲက လှောင်နေပါလိမ့်မယ်။ တကယ်ကိုုချောတဲ့ လှတဲ့ ကောင်မလေးတွေဆိုု အဲ့ဒီလိုု ငကြွားမျိုးတွေ သင့်ထက်ချမ်းသာတဲ့ ငကြွားတွေ က အပျိုမဖြစ်ခင် ခတဲ လာကြောင်နေတာ လက် မပြောနဲ့ ခြေချိုးရည်တာတောင် မလောက်ဘူး။

အမှန်က သင့်ဘဝရဲ့ ရည်မှန်းချက်တွေ အများအကျိုး ကိုုဘယ်လိုုဆောင်ရွက်မှာတွေ မိဘကျေးဇူးဘယ်လိုု ဆပ်မှာတွေ ကိုုပြောပါ။ ဘဝရဲ့ ပန်းတိုုင်တွေ ဘယ်လိုု ဆွတ်ခူးမလဲဆိုုတာ ဘယ်လိုု ကြိုးစားနေသလဲဆိုုတာ ကိုုပြောပါ။ ငွေနဲ့ပက်သက်တာမှန်သမျှကိုု လုံုးဝရှောင်ပါ . ကြွားတယ် လေလုံုးကြီးတယ် ထင်လောက်သောစကားများကိုုလည်းရှောင်ပါ။ ကိုုယ့်လေနဲ့ကိုုယ် မလွင့်သွားပါစေနဲ့။


Credit:Gentleman Magazine

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...



 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top