iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္သူစုံတြဲေတြ၊ ဇနီးေမာင္ႏွံေတြ အၾကားမွာ ေငြေရးေၾကးေရး ျပႆနာေတြ မျဖစ္ေစဖို႔ ေပ်ာ္ရႊင္စြာ လက္တြဲၾကတ့ဲ စုံတြဲေတြရဲ႕ ေငြေၾကးဆိုင္ရာ အေလ့အက်င့္ေတြကို ေ၀မွ်ေပးလိုက္ပါတယ္။

(၁) ေငြေၾကးအေၾကာင္းေျပာဆိုတတ္ၾကပါတယ္။

စုံတြဲေတာ္ေတာ္မ်ားမ်ားဟာ ေငြေရးေၾကးေရးဆိုင္ရာကိစၥေတြထက္ ႏွစ္ကိုယ္တူခ်စ္စကားေတြကိုပဲ ပိုေျပာေလ့ရွိၾကပါတယ္။ ဒီလို ေငြေၾကးအသုံးစရိတ္နဲ႔ပတ္သက္တ့ဲ အစီအစဥ္ေတြမရွိတ့ဲအခါမွာ ေငြအကုန္အက်မ်ားတ့ဲအခါမွာပဲျဖစ္ျဖစ္ ေငြျပတ္တ့ဲအခါမွာပဲျဖစ္ျဖစ္ စကားမ်ားစရာေတြျဖစ္လာတတ္ပါတယ္။ ေပ်ာ္ရႊင္တ့ဲစုံတြဲေတြကေတာ့ တစ္ဦးခ်င္းစီရဲ႕အသုံးစရိတ္နဲ႔ပတ္သက္ၿပီး ေျပာဆိုတိုင္ပင္ထားေလ့ရွိပါတယ္။

(၂) တစ္ေယာက္ရဲ႕ေငြသုံးစြဲပုံကို တစ္ေယာက္ကနားလည္ၾကပါတယ္။

သင့္ခ်စ္သူဟာ ေငြကို ေခၽြတာစုေဆာင္းတတ္သူလား၊ အသုံးအျဖဳန္းႀကီးသူလား၊ ရရစားစားသုံးတတ္သူလား စသျဖင့္ နားလည္ထားဖို႔ လိုပါလိမ့္မယ္။ ေပ်ာ္ရႊင္တ့ဲအတြဲေတြကေတာ့ သူတို႔ကိုယ္တိုင္ရဲ႕ စ႐ုိက္ကို သိသလို ခ်စ္သူရဲ႕ ပုံစံကိုပါ နားလည္ထားၾကပါတယ္။ သူတို႔ဟာ တစ္ဖက္လူရဲ႕ေငြသုံးစြဲပုံကို ေျပာင္းလဲဖို႔ မႀကိဳးစားပဲ ႏွစ္ဦးသေဘာတူ အေျခအေနတစ္ခုရဖို႔ ညွိႏိႈင္းတတ္ၾကပါတယ္။

(၃) ပူးတြဲဘဏ္စာရင္းဖြင့္ထားၾကပါတယ္။

ေပ်ာ္ရႊင္တ့ဲစုံတြဲေတြဟာ အေျခခံလိုအပ္ခ်က္ေတြျဖစ္တ့ဲ အိမ္ငွားခ၊ မီးဖိုေခ်ာင္အသုံးစရိတ္၊ စတာေတြမွာ အသုံးျပဳဖို႔ ပူးတြဲေငြစုစာရင္းတစ္ခု ဖြင့္ထားေလ့ရွိပါတယ္။ အဲ့ဒီဘဏ္စာရင္းထဲမွာ တစ္ဦးစီက လစဥ္ထည့္သြင္းရမယ့္ ေငြပဏာကိုလည္း ၀င္ေငြနဲ႔ခ်င့္ခ်ိန္ၿပီး သတ္မွတ္ထည့္၀င္ၾကသလို တစ္ေယာက္ေယာက္၀င္ေငြမရွိေတာ့ရင္ သုံးဖို႔စရိတ္ကိုပါ စုထားေလ့ရွိပါတယ္။

(၄) သီးျခား ဘဏ္စာရင္းေတြလည္းရွိၾကပါတယ္။

ေပ်ာ္ရႊင္ခ်မ္းေျမ့တ့ဲ စုံတြဲေတြဟာ လြတ္လပ္မႈ။ အျပန္အလွန္ယုံၾကည္မႈနဲ႔ တစ္ဦးကို တစ္ဦးေလးစားမႈေတြကို တန္ဖိုးထားၾကပါတယ္။ ဒါေၾကာင့္ ပူးတြဲေငြစုစာရင္းသာမက ကိုယ္ပိုင္ေငြစုစာရင္းေတြလည္း ထားရွိၾကပါတယ္။ ဒီလို သီးျခားအသုံးစရိတ္ေတြရွိတ့ဲအတြက္ လြတ္လပ္စြာ ေငြေၾကးသုံးစြဲႏိုင္မွာျဖစ္သလို အ့ံၾသစရာ လက္ေဆာင္ေတြလည္းအျပန္အလွန္ေပးႏိုင္ၾကပါတယ္။

(၅) အခ်စ္ကိုေဖာ္ျပပုံခ်င္း အျပန္အလွန္နားလည္ၾကပါတယ္။

တစ္ဦးနဲ႕တစ္ဦး ခ်စ္ခင္ျမတ္ႏိုးေၾကာင္းေဖာ္ျပရာမွာ အခ်ိန္ေပးတာ၊ ခႏၶာကိုယ္ခ်င္း အထိအေတြ႔၊ ခ်စ္စကားေတြေျပာတာ၊ လက္ေဆာင္ေပးတာ စသျဖင့္ တစ္ဦးနဲ႔တစ္ဦးမတူညီတတ္ၾကပါဘူး။ ဒါ့ေၾကာင့္ စုံတြဲတစ္ခုမွာ တစ္ေယာက္က လက္ေဆာင္ေတြ၀ယ္ေပးတာမ်ိဳးလုပ္တတ္ၿပီး တစ္ေယာက္က အတူလမ္းေလွ်ာက္တာမ်ိဳးကို သေဘာက်တယ္ဆိုရင္ အျပန္အလွန္ နားလည္မႈေတြ လြဲႏိုင္ပါတယ္။ ဒီလိုမျဖစ္ဖို႔အတြက္ တစ္ေယာက္နဲ႕တစ္ေယာက္ အျပန္အလွန္နားလည္ထားဖို႔ လိုအပ္ပါတယ္။

(၆) ေငြေၾကးအပူအပင္ကင္းေအာင္ စီမံတတ္ၾကပါတယ္။

စုံတြဲေတြၾကားမွာ ေငြေၾကးအသုံးစရိတ္နဲ႔ပတ္သက္ၿပီး ပူပင္ေနရတာေလာက္ စိတ္ညစ္စရာေကာင္းတာမရွိပါဘူး။ အသုံးစရိတ္ဖူလုံေနမွ ခ်စ္တာေတြ ေမတၱာေတြကို စဥ္းစားႏိုင္မွာျဖစ္ပါတယ္။ ေပ်ာ္ရႊင္တ့ဲစုံတြဲေတြကေတာ့ ေငြေၾကး ေလာက္ငွမႈရွိဖို႔ အသုံးစရိတ္ေတြခ်မွတ္သုံးစြဲတတ္ၾကတ့ဲအတြက္ အပူအပင္ကင္းၾကပါတယ္။

(၇) ေငြေၾကးဟာ ၾကားခံတစ္ခုသာျဖစ္ေၾကာင္းနားလည္ၾကပါတယ္။

ေပ်ာ္ရႊင္တ့ဲစုံတြဲေတြက ေငြေၾကးဆိုတာ ကုန္ပစၥည္းေတြ ၀န္ေဆာင္မႈေတြနဲ႔ လဲလွယ္ႏိုင္တ့ဲ ၾကားခံတစ္ခုသာ ျဖစ္တယ္လို႔ နားလည္ၾကပါတယ္။ ဒါ့ေၾကာင့္ သူတို႔ဟာ ေငြကို အသုံးျပဳၿပီး အက်ိဳးရွိမယ့္ ပိုင္ဆိုင္မႈေတြ ၀ယ္ယူၾက၊ ခရီးသြားၿပီး အေတြ႕အၾကံဳသစ္ေတြရွာေဖြၾကနဲ႔ အသိပညာ၊ အတတ္ပညာေတြကို ျဖည့္ဆည္းေနေလ့ရွိပါတယ္။

(၈) အေပ်ာ္သုံးေငြကို သပ္သပ္ထားရွိၾကပါတယ္။

ေပ်ာ္ရႊင္တ့ဲ စုံတြဲေတြဟာ သူတို႔ရတ့ဲ၀င္ေငြထဲကေန သုံးခ်င္ရာကိုသုံးႏိုင္တ့ဲ ေငြပမာဏတစ္ခုကို သီးသန္႔ထားရွိၿပီး သုံးစြဲေလ့႐ွိပါတယ္။ ဒီလို အေပ်ာ္သုံးေငြကို သီးသန္႔ထားရွိတ့ဲအတြက္ မလိုအပ္ပဲ စကားမ်ားစရာမရွိေတာ့သလို ေငြေၾကးမေလာက္ငွမွာနဲ႔ပတ္သက္ၿပီး ပူစရာလည္း မရွိေတာ့ပါဘူး။

(၉) စုေငြနဲ႔ သုံးေငြ ညီမွ်ၾကပါတယ္။

ေပ်ာ္ရႊင္တ့ဲစုံတြဲေတြဟာ အသုံးနဲ႔ အျဖဳန္းကို ေကာင္းေကာင္းနားလည္ၾကသလို စုေဆာင္းဖို႔ေငြ သုံးစြဲရမယ့္ေငြကိုလည္း ညီညီမွ်မွ်ခြဲျခားတတ္ၾကပါတယ္။ ေငြေတြခ်ည္းပဲ ႀကိတ္စုမေနသလို အက်ိဳးမ့ဲလည္း မသုံးတတ္ၾကပါဘူး။

အခုေဖာ္ျပခ့ဲတဲ့ ေငြေၾကးဆိုင္ရာ အေလ့အက်င့္ေတြကို စမ္းသပ္ၾကည့္ၿပီး ဇနီးေမာင္ႏွံေတြၾကားမွာျဖစ္ျဖစ္ ခ်စ္သူစုံတြဲေတြၾကားမွာျဖစ္ျဖစ္ ေငြေရးေၾကးေရးနဲ႔ပတ္သက္ၿပီး စိတ္အေႏွာင့္အယွက္ေတြ ကင္းေ၀းႏိုင္ၾကမွာပါ။


Credit:Gentleman Magazine
 ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Unicode Version

ချစ်သူစုံတွဲတွေ၊ ဇနီးမောင်နှံတွေ အကြားမှာ ငွေရေးကြေးရေး ပြဿနာတွေ မဖြစ်စေဖို့ ပျော်ရွှင်စွာ လက်တွဲကြတဲ့ စုံတွဲတွေရဲ့ ငွေကြေးဆိုင်ရာ အလေ့အကျင့်တွေကို ဝေမျှပေးလိုက်ပါတယ်။

(၁) ငွေကြေးအကြောင်းပြောဆိုတတ်ကြပါတယ်။

စုံတွဲတော်တော်များများဟာ ငွေရေးကြေးရေးဆိုင်ရာကိစ္စတွေထက် နှစ်ကိုယ်တူချစ်စကားတွေကိုပဲ ပိုပြောလေ့ရှိကြပါတယ်။ ဒီလို ငွေကြေးအသုံးစရိတ်နဲ့ပတ်သက်တဲ့ အစီအစဉ်တွေမရှိတဲ့အခါမှာ ငွေအကုန်အကျများတဲ့အခါမှာပဲဖြစ်ဖြစ် ငွေပြတ်တဲ့အခါမှာပဲဖြစ်ဖြစ် စကားများစရာတွေဖြစ်လာတတ်ပါတယ်။ ပျော်ရွှင်တဲ့စုံတွဲတွေကတော့ တစ်ဦးချင်းစီရဲ့အသုံးစရိတ်နဲ့ပတ်သက်ပြီး ပြောဆိုတိုင်ပင်ထားလေ့ရှိပါတယ်။

(၂) တစ်ယောက်ရဲ့ငွေသုံးစွဲပုံကို တစ်ယောက်ကနားလည်ကြပါတယ်။

သင့်ချစ်သူဟာ ငွေကို ချွေတာစုဆောင်းတတ်သူလား၊ အသုံးအဖြုန်းကြီးသူလား၊ ရရစားစားသုံးတတ်သူလား စသဖြင့် နားလည်ထားဖို့ လိုပါလိမ့်မယ်။ ပျော်ရွှင်တဲ့အတွဲတွေကတော့ သူတို့ကိုယ်တိုင်ရဲ့ စရိုက်ကို သိသလို ချစ်သူရဲ့ ပုံစံကိုပါ နားလည်ထားကြပါတယ်။ သူတို့ဟာ တစ်ဖက်လူရဲ့ငွေသုံးစွဲပုံကို ပြောင်းလဲဖို့ မကြိုးစားပဲ နှစ်ဦးသဘောတူ အခြေအနေတစ်ခုရဖို့ ညှိနှိုင်းတတ်ကြပါတယ်။

(၃) ပူးတွဲဘဏ်စာရင်းဖွင့်ထားကြပါတယ်။

ပျော်ရွှင်တဲ့စုံတွဲတွေဟာ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ အိမ်ငှားခ၊ မီးဖိုချောင်အသုံးစရိတ်၊ စတာတွေမှာ အသုံးပြုဖို့ ပူးတွဲငွေစုစာရင်းတစ်ခု ဖွင့်ထားလေ့ရှိပါတယ်။ အဲ့ဒီဘဏ်စာရင်းထဲမှာ တစ်ဦးစီက လစဉ်ထည့်သွင်းရမယ့် ငွေပဏာကိုလည်း ဝင်ငွေနဲ့ချင့်ချိန်ပြီး သတ်မှတ်ထည့်ဝင်ကြသလို တစ်ယောက်ယောက်ဝင်ငွေမရှိတော့ရင် သုံးဖို့စရိတ်ကိုပါ စုထားလေ့ရှိပါတယ်။

(၄) သီးခြား ဘဏ်စာရင်းတွေလည်းရှိကြပါတယ်။

ပျော်ရွှင်ချမ်းမြေ့တဲ့ စုံတွဲတွေဟာ လွတ်လပ်မှု။ အပြန်အလှန်ယုံကြည်မှုနဲ့ တစ်ဦးကို တစ်ဦးလေးစားမှုတွေကို တန်ဖိုးထားကြပါတယ်။ ဒါကြောင့် ပူးတွဲငွေစုစာရင်းသာမက ကိုယ်ပိုင်ငွေစုစာရင်းတွေလည်း ထားရှိကြပါတယ်။ ဒီလို သီးခြားအသုံးစရိတ်တွေရှိတဲ့အတွက် လွတ်လပ်စွာ ငွေကြေးသုံးစွဲနိုင်မှာဖြစ်သလို အံ့သြစရာ လက်ဆောင်တွေလည်းအပြန်အလှန်ပေးနိုင်ကြပါတယ်။

(၅) အချစ်ကိုဖော်ပြပုံချင်း အပြန်အလှန်နားလည်ကြပါတယ်။

တစ်ဦးနဲ့တစ်ဦး ချစ်ခင်မြတ်နိုးကြောင်းဖော်ပြရာမှာ အချိန်ပေးတာ၊ ခန္ဓာကိုယ်ချင်း အထိအတွေ့၊ ချစ်စကားတွေပြောတာ၊ လက်ဆောင်ပေးတာ စသဖြင့် တစ်ဦးနဲ့တစ်ဦးမတူညီတတ်ကြပါဘူး။ ဒါ့ကြောင့် စုံတွဲတစ်ခုမှာ တစ်ယောက်က လက်ဆောင်တွေဝယ်ပေးတာမျိုးလုပ်တတ်ပြီး တစ်ယောက်က အတူလမ်းလျှောက်တာမျိုးကို သဘောကျတယ်ဆိုရင် အပြန်အလှန် နားလည်မှုတွေ လွဲနိုင်ပါတယ်။ ဒီလိုမဖြစ်ဖို့အတွက် တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်နားလည်ထားဖို့ လိုအပ်ပါတယ်။

(၆) ငွေကြေးအပူအပင်ကင်းအောင် စီမံတတ်ကြပါတယ်။

စုံတွဲတွေကြားမှာ ငွေကြေးအသုံးစရိတ်နဲ့ပတ်သက်ပြီး ပူပင်နေရတာလောက် စိတ်ညစ်စရာကောင်းတာမရှိပါဘူး။ အသုံးစရိတ်ဖူလုံနေမှ ချစ်တာတွေ မေတ္တာတွေကို စဉ်းစားနိုင်မှာဖြစ်ပါတယ်။ ပျော်ရွှင်တဲ့စုံတွဲတွေကတော့ ငွေကြေး လောက်ငှမှုရှိဖို့ အသုံးစရိတ်တွေချမှတ်သုံးစွဲတတ်ကြတဲ့အတွက် အပူအပင်ကင်းကြပါတယ်။

(၇) ငွေကြေးဟာ ကြားခံတစ်ခုသာဖြစ်ကြောင်းနားလည်ကြပါတယ်။

ပျော်ရွှင်တဲ့စုံတွဲတွေက ငွေကြေးဆိုတာ ကုန်ပစ္စည်းတွေ ဝန်ဆောင်မှုတွေနဲ့ လဲလှယ်နိုင်တဲ့ ကြားခံတစ်ခုသာ ဖြစ်တယ်လို့ နားလည်ကြပါတယ်။ ဒါ့ကြောင့် သူတို့ဟာ ငွေကို အသုံးပြုပြီး အကျိုးရှိမယ့် ပိုင်ဆိုင်မှုတွေ ဝယ်ယူကြ၊ ခရီးသွားပြီး အတွေ့အကြုံသစ်တွေရှာဖွေကြနဲ့ အသိပညာ၊ အတတ်ပညာတွေကို ဖြည့်ဆည်းနေလေ့ရှိပါတယ်။

(၈) အပျော်သုံးငွေကို သပ်သပ်ထားရှိကြပါတယ်။

ပျော်ရွှင်တဲ့ စုံတွဲတွေဟာ သူတို့ရတဲ့ဝင်ငွေထဲကနေ သုံးချင်ရာကိုသုံးနိုင်တဲ့ ငွေပမာဏတစ်ခုကို သီးသန့်ထားရှိပြီး သုံးစွဲလေ့ရှိပါတယ်။ ဒီလို အပျော်သုံးငွေကို သီးသန့်ထားရှိတဲ့အတွက် မလိုအပ်ပဲ စကားများစရာမရှိတော့သလို ငွေကြေးမလောက်ငှမှာနဲ့ပတ်သက်ပြီး ပူစရာလည်း မရှိတော့ပါဘူး။

(၉) စုငွေနဲ့ သုံးငွေ ညီမျှကြပါတယ်။

ပျော်ရွှင်တဲ့စုံတွဲတွေဟာ အသုံးနဲ့ အဖြုန်းကို ကောင်းကောင်းနားလည်ကြသလို စုဆောင်းဖို့ငွေ သုံးစွဲရမယ့်ငွေကိုလည်း ညီညီမျှမျှခွဲခြားတတ်ကြပါတယ်။ ငွေတွေချည်းပဲ ကြိတ်စုမနေသလို အကျိုးမဲ့လည်း မသုံးတတ်ကြပါဘူး။

အခုဖော်ပြခဲ့တဲ့ ငွေကြေးဆိုင်ရာ အလေ့အကျင့်တွေကို စမ်းသပ်ကြည့်ပြီး ဇနီးမောင်နှံတွေကြားမှာဖြစ်ဖြစ် ချစ်သူစုံတွဲတွေကြားမှာဖြစ်ဖြစ် ငွေရေးကြေးရေးနဲ့ပတ်သက်ပြီး စိတ်အနှောင့်အယှက်တွေ ကင်းဝေးနိုင်ကြမှာပါ။


Credit:Gentleman Magazine

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top