iMyanmarHouse.com - Best Property Website for Myanmar
×







Credit : 7Day Daily

#Unicode Verison

သရုပ်ဆောင်ရိန်းသည် ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ကျင်း ပမည့် Fashion Awards 2016  ဆုပေးပွဲသို့ တက်ရောက်ရန် ဖိတ် ကြားခံရသော ပထမဆုံးကိုရီး ယားအနုပညာရှင်တစ်ဦး ဖြစ်လာ သည်။

အဆိုပါဖက်ရှင်ဆုပေးပွဲ သည် ဖက်ရှင်လောကတွင် အကြီးကျယ်ဆုံး အခမ်းအနားတစ်ခု ဖြစ်သည်။ ထိုဆုပေးပွဲသည် ဖက် ရှင်လောကကို အထောက်အကူ ပြုသော ဒီဇိုင်နာများ၊ မော်ဒယ် များနှင့် အနုပညာရှင်များအား နှစ်စဉ်ဆုများချီးမြှင့်သည့် အခမ်း အနားဖြစ်သည်။

ပြီးခဲ့သည့်နှစ်က ကားလ် လာဂါဖဲလ်၊ စတီလာမက်ကာနီ နှင့် ဗစ်တိုးရီးယားဘက်ခမ်းတို့ သည် ဖက်ရှင်ဆုများ ချီးမြှင့်ခံခဲ့ရ သည်။သို့သော် ယခုနှစ်တွင် ရိန်း သည် အဆိုပါဆုပေးပွဲသို့ အခြား ဖက်ရှင်နာမည်ကျော်များဖြစ် သော အဲလက်စ်ချောင်၊ ကိတ် မော့စ်၊ ဘာဘရာပယ်လ်ဗင်နှင့် ကာလီကလော့စ်တို့နှင့် ရင်ပေါင် တန်းတက်ရောက်မည်ဖြစ်သည်။

ယင်းဆုပေးပွဲ အခမ်းအနားစတင်ပြုလုပ်ကတည်းက ကိုရီး ယားအနုပညာရှင်တစ်ဦးအား ဖိတ်ကြားခြင်းမှာ ပထမဆုံးအ ကြိမ်ဖြစ်သည်။ ရိန်း၏ စီမံအုပ် ချုပ်ရေးအေဂျင်စီက ၎င်းသည် ဒီဇင်ဘာ ၅ ရက်တွင် လန်ဒန်မြို့ ၌ ကျင်းပမည့် အခမ်းအနားသို့ တက်ရောက်မည်ဖြစ်ကြောင်း အ တည်ပြုပြောကြားခဲ့သည်။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : 7Day Daily
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top