iMyanmarHouse.com - Best Property Website for Myanmar
×

ေဆးလိပ္ေသာက္တတ္တဲ႔ အမ်ိဳးသမီးေတြ ေဆးလိပ္ျဖတ္ဖို႔ အေၾကာင္းရင္းတစ္ခု ရလာပါၿပီ။ ေလ႔လာမႈသစ္တစ္ရပ္အရ ရင္သားကင္ဆာေရာဂါ ျဖစ္ပြားမႈႏႈန္း နဲ႔ ေဆးလိပ္ေသာက္တဲ့ ကိစၥႏွစ္ရပ္ၾကား ဆက္စပ္မႈတစ္ရပ္ ႐ွိေနပါတယ္။

ဒီသုေတသနရပ္ကို ၀ါ႐ွင္တန္ျပည္နယ္၊ Seattle ဆိပ္ကမ္းၿမိဳ႕ Hutchinson ကင္ဆာသုေတသနစင္တာ ကေန ျပဳလုပ္ခဲ႔တာျဖစ္ၿပီး အသက္ ၂၀-၄၄ၾကား ကင္ဆာေရာဂါသည္ အမ်ိဳးသမီးေတြကို ၂၀၀၄ခုႏွစ္ကေန ၂၀၁၅ ခုႏွစ္အတြင္း ေလ႔လာခဲ႔တာျဖစ္ပါတယ္။ estrogen receptor-positive မူကြဲ ရင္သားကင္ဆာျဖစ္ေနသူ ၇၇၈ေယာက္နဲ႔ triple-negative မူကြဲ ရင္သားကင္ဆာျဖစ္ေနသူ ၁၈၂ေယာက္ တို႔ရဲ႕ သုေတသနရလဒ္ေတြကို ကင္ဆာကင္းမဲ႔သူ အမ်ိဳးသမီး ၉၃၈ ေယာက္နဲ႔ ႏႈိင္းယွဥ္ေလ႔လာခဲ႔တာပါ။

သုေတသနရပ္ကို ေဒါက္တာ Christopher Li ကဦးေဆာင္ခဲ႔ပါတယ္။ ေဆးလိပ္တစ္ေန႔ တစ္ဗူးႏႈန္းနဲ႔ ဆယ္ႏွစ္အနည္းဆံုး ေသာက္လာတဲ႔ အမ်ိဳးသမီးေတြဟာ estrogen receptor-positive မူကြဲ ရင္သားကင္ဆာျဖစ္ဖို႔ ၆၀ရာခိုင္ႏႈန္း ျဖစ္ႏိုင္ေျချမင္႔သြားတာကို ႐ွာေဖြေတြ႔႐ွိခဲ႔ပါတယ္။ ေဆးလိပ္ တစ္ေန႔တစ္ဗူးႏႈန္းထက္ ေလ်ာ႔ေသာက္တဲ႔ အမ်ိဳးသမီးေတြဟာေတာ႔ ၁၅ႏွစ္ၾကာတဲ႔အခါ ရင္သားကင္ဆာျဖစ္ပြားမႈႈႏႈန္း ၅၀ရာခိုင္ႏႈန္း ျမင္႔တက္သြားပါတယ္။ တစ္ခါတစ္ေလ အပ်င္းေျပ ေဆးလိပ္ေသာက္တတ္တဲ႔ အမ်ိဳးသမီးေတြဟာေတာ႔ ဘယ္ရင္သားကင္ဆာအမ်ိဳးအစားမဆို ျဖစ္ပြားႏိုင္ႏႈန္း ၃၀ရာခိုင္ႏႈန္း ျမင္႔တက္သြားပါလိမ္႔မယ္။

ဒါေပမဲ႔ ပိုခံရခက္ၿပီး ႐ွားပါး ရင္သားကင္ဆာ မူကြဲျဖစ္တဲ႔ triple-negative ရင္သားကင္ဆာမ်ိဳးကိုေတာ႔ ေဆးလိပ္ေသာက္သူေတြမွာ ျဖစ္ပြားတာ မေတြ႔ရပါဘူး။

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : trend myanmar

#Unicode Version

ဆေးလိပ်သောက်တတ်တဲ့ အမျိုးသမီးတွေ ဆေးလိပ်ဖြတ်ဖို့ အကြောင်းရင်းတစ်ခု ရလာပါပြီ။ လေ့လာမှုသစ်တစ်ရပ်အရ ရင်သားကင်ဆာရောဂါ ဖြစ်ပွားမှုနှုန်း နဲ့ ဆေးလိပ်သောက်တဲ့ ကိစ္စနှစ်ရပ်ကြား ဆက်စပ်မှုတစ်ရပ် ရှိနေပါတယ်။

ဒီသုတေသနရပ်ကို ဝါရှင်တန်ပြည်နယ်၊ Seattle ဆိပ်ကမ်းမြို့ Hutchinson ကင်ဆာသုတေသနစင်တာ ကနေ ပြုလုပ်ခဲ့တာဖြစ်ပြီး အသက် ၂၀-၄၄ကြား ကင်ဆာရောဂါသည် အမျိုးသမီးတွေကို ၂၀၀၄ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အတွင်း လေ့လာခဲ့တာဖြစ်ပါတယ်။ estrogen receptor-positive မူကွဲ ရင်သားကင်ဆာဖြစ်နေသူ ၇၇၈ယောက်နဲ့ triple-negative မူကွဲ ရင်သားကင်ဆာဖြစ်နေသူ ၁၈၂ယောက် တို့ရဲ့ သုတေသနရလဒ်တွေကို ကင်ဆာကင်းမဲ့သူ အမျိုးသမီး ၉၃၈ ယောက်နဲ့ နှိုင်းယှဉ်လေ့လာခဲ့တာပါ။

သုတေသနရပ်ကို ဒေါက်တာ Christopher Li ကဦးဆောင်ခဲ့ပါတယ်။ ဆေးလိပ်တစ်နေ့ တစ်ဗူးနှုန်းနဲ့ ဆယ်နှစ်အနည်းဆုံး သောက်လာတဲ့ အမျိုးသမီးတွေဟာ estrogen receptor-positive မူကွဲ ရင်သားကင်ဆာဖြစ်ဖို့ ၆၀ရာခိုင်နှုန်း ဖြစ်နိုင်ခြေမြင့်သွားတာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဆေးလိပ် တစ်နေ့တစ်ဗူးနှုန်းထက် လျော့သောက်တဲ့ အမျိုးသမီးတွေဟာတော့ ၁၅နှစ်ကြာတဲ့အခါ ရင်သားကင်ဆာဖြစ်ပွားမှုှုနှုန်း ၅၀ရာခိုင်နှုန်း မြင့်တက်သွားပါတယ်။ တစ်ခါတစ်လေ အပျင်းပြေ ဆေးလိပ်သောက်တတ်တဲ့ အမျိုးသမီးတွေဟာတော့ ဘယ်ရင်သားကင်ဆာအမျိုးအစားမဆို ဖြစ်ပွားနိုင်နှုန်း ၃၀ရာခိုင်နှုန်း မြင့်တက်သွားပါလိမ့်မယ်။

ဒါပေမဲ့ ပိုခံရခက်ပြီး ရှားပါး ရင်သားကင်ဆာ မူကွဲဖြစ်တဲ့ triple-negative ရင်သားကင်ဆာမျိုးကိုတော့ ဆေးလိပ်သောက်သူတွေမှာ ဖြစ်ပွားတာ မတွေ့ရပါဘူး။

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : trend myanmar
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top