iMyanmarHouse.com - Best Property Website for Myanmar
×








Credit : Trend Myanmar




Unicode Version

ဆောင်းရာသီအတွင်း လက်ချောင်းယောင်ရမ်းမှုစတဲ့ ကျန်းမာရေးပြသနာတွေကို သံပုရာယိုသီး၊ ကြက်သွန်နီနဲ့ တရုတ်မုန်လာ စတာတွေ အသုံးပြုခြင်းဖြင့် ကုသနိုင်ပါတယ်။

သံပုယိုသီး - ယောင်နေတဲ့ လက်ချောင်းတွေပေါ် သံပုယိုရည်ပွတ်လိမ်းပြီး ချက်ချင်းလက်ငင်း သက်သာရာရအောင် ပြုလုပ်ပါ။

ကြက်သွန်နီ - ကြက်သွန်နီက ကိုယ်တွင်းသွေးလည်ပတ်မှု ပိုမိုကောင်းမွန်စေတာ လူတိုင်းသိကြပါတယ်။ သူ့မှာ ပဋိဇီဝဆေးနဲ့ ပိုးသတ်ဆေးအစွမ်းသတ္တိတွေ ပါဝင်ပြီး အနာဖြစ်တဲ့နေရာမှာ လိမ်းပေးပါက ယားယံမှုနဲ့ ဖူးရောင်မှု သက်သာစေပါတယ်။

ကြက်သွန်ဖြူ - ကြက်သွန်ဖြူက လက်ချောင်းယောင်ကိုင်းမှုပြသနာကို ခုခံပေးတဲ့ ပိုသတ်ဆေးအရင်းအမြစ်တစ်ခု ဖြစ်ပါတယ်။

တရုတ်မုန်လာ - ကျန်းမာရေးအကျိုးကျေးဇူးမျိုးစုံအပြင် တရုတ်မုန်လာက လက်ချောင်း ယောင်ရမ်းမှု၊ နီမြန်းမှုနဲ့ ယားယံမှုပြသနာ လျှော့နည်းစေတဲ့ ထိရောက်တဲ့ အကိုက်အကဲပျောက်ဆေးတစ်မျိုးလည်း ဖြစ်ပါတယ်။

ဒီအံ့မခန်းဖွယ် ပစ္စည်းတွေအပြင် လက်ချောင်းဖူးယောင်မှုပြသနာ ထိရောက်စွာ ကုသပေးတဲ့ ဆေးနည်းတွေလည်း ရှိပါတယ်။ မုန်ညင်းဆီကို ငရုတ်ကောင်းမုန့်တစ်ဆိတ်လောက်နဲ့ ရောပြီး အပူပေးပါ။ အေးပြီဆိုတာနဲ့ ယောင်ကိုင်းနေတဲ့ လက်ချောင်းတွေမှာ လိမ်းပေးပါ။

အာလူးကို အဝိုင်းလိုက်တစ်ချပ် လှီး၊ ဆားထည့်ပြီး အနာဖြစ်တဲ့နေရာမှာ လိမ်းပါ။ ဒီဆေးဖော်နည်းက ဖူးရောင်မှု၊ နီမြန်းမှုနဲ့ ယားယံမှုသက်သာစေဖို့ အင်မတန်ကောင်းမွန်ပါတယ်။


Credit : Trend Myanmar



ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top