iMyanmarHouse.com - Best Property Website for Myanmar
×

တခါတေလမွာ အရမ္းကို IQ ျမင့္လြန္းတဲ့သူေတြဟာ ကိုယ့္ေဘးမွာ သစၥာရွိျပီး ခ်စ္ခင္ရတဲ့ လက္တြဲ ေဖာ္ရွိေနရင္ေတာင္မွ ဝမ္းနည္းသလို၊ စိတ္မခ်မ္းေျမ့သလိုခံစားခ်က္မ်ဳိးကို မၾကာခဏ ခံစားရေလ့ရွိပါတယ္တဲ့။ ဥာဏ္ရည္ထက္ျမက္တဲ့သူေတြဟာ ေပ်ာ္ရႊင္မႈကို ေတြ႔ရွိဖို႔ ခဲယဥ္းတဲ့ အေၾကာင္းျပခ်က္ေတြရွိပါတယ္။ ဒီအေၾကာင္းျပခ်က္ေတြကေတာ့-


 ၁)သူတို႔က အရာရာကို အလြန္အကၽြံဆန္းစစ္ေဝဖန္လြန္းတယ္။
ဘဝမွာေတြ႔ၾကဳံသမွ်ေတြကို အၾကိမ္ၾကိမ္ အထပ္ထပ္ စဥ္းစားေဝဖန္သုံးသပ္တတ္တာက စိတ္ဖိစီးမႈျဖစ္ေစသလို ပင္ပန္းေစတဲ့အဓိက အေၾကာင္းရင္း ျဖစ္ပါတယ္။ စဥ္းစားေဝဖန္တယ္ဆိုတာ ေကာင္းတဲ့အရာေပမဲ့ ဥာဏ္ရည္ျမင့္တဲ့သူေတြမွာက သူတို႔ အနားယူခ်ိန္မွာေတာင္ ဦးေႏွာက္က အနားမရဘဲ အလုပ္အေပၚမွာပဲ တစ္ခ်ိန္လုံး အာရုံစိုက္ ေနတတ္ပါတယ္။

၂) သူတုိ႔ရဲ႕ ေမွ်ာ္လင့္ခ်က္စံႏႈန္းျမင့္တယ္။
သူတုိ႔က ဘဝအတြက္ကို ျမင့္ျမင့္မားမားမွန္းျပီး ေအာင္ျမင္မႈေတြ ရခ်င္ၾကတယ္။ သူတုိ႔ေမွ်ာ္လင့္ထားသလို မျဖစ္တဲ့အခ်ိန္ေတြမွာသူတုိ႔ မေပ်ာ္ရႊင္ႏုိင္ၾကဘူး။ သူမ်ားထက္ပိုျပီး စိတ္ဓာတ္က်တယ္။ စိတ္ညစ္က်တယ္။ ဒါကို ေက်ာ္လႊားဖို႔အတြက္ မေအာင္ျမင္ဘူးဆုိတာက ေၾကာက္စရာတစ္ခုမဟုတ္ဘူး။ ဘဝကို တိုးတက္ေစႏုိင္မယ့္ လႈံ႔ေဆာ္မႈတစ္ခုပဲလို႔ စဥ္းစားဖို႔ပဲျဖစ္ပါတယ္။

၃)သူတို႔ကို သူတို႔အျပစ္တင္လြန္းတယ္။
အေကာင္းဆုံးအရာေတြကို ရဖို႔အတြက္ သူတို႔က အေကာင္းဆုံးၾကိဳးစားတယ္။ မေအာင္ျမင္တဲ့အခိ်န္က်ရင္ အက်ဳိးအေၾကာင္းကို မစဥ္းစားဘဲ အရင္ဆုံး ကိုယ့္ကိုယ္ကုိ အျပစ္တင္တတ္တယ္။ ဘယ္ေလာက္ၾကာတဲ့အခ်ိန္ကပဲျဖစ္ပါေစ အရင္က မေအာင္ျမင္ခဲ့တဲ့ အျဖစ္အပ်က္တစ္ခုကလည္း သူတို႔ကို ေျခာက္လွန္႔တတ္တယ္။ ဒါေတြက သူတို႔ကို မေပ်ာ္ရႊင္ေအာင္တားဆီးထားတဲ့ အရာေတြပဲျဖစ္ပါတယ္။

၄)သူတို႔ကို စိတ္ေက်နပ္မႈေပးႏုိင္တဲ့သူကို ေတြ႔ခဲတယ္။
ဥာဏ္ေကာင္းလြန္းတဲ့သူေတြက သူတို႔ကို နားလည္ေပးႏုိင္တဲ့သူတစ္ေယာက္ကို ရွာေတြ႔ဖို႔ ခဲယဥ္းတယ္။ သူတုိ႔ရဲ႕ အေတြးေတြ၊ အမူအက်င့္ေတြကို နားလည္ေပးႏုိင္မယ့္သူရွားသလို သူတုိ႔ဆီက စိတ္ေက်နပ္မႈကို ရႏုိင္မယ့္သူေတြလည္း နည္းတယ္။ မိတ္ေဆြအေပါင္းအသင္းနည္းတဲ့အတြက္ ေပ်ာ္ရႊင္မႈလည္းနည္းတာျဖစ္ပါတယ္။

၅) အလြန္အကၽြံစဥ္းစားေတြးေခၚတာ၊ စိတ္ဖိစီးမႈမ်ားတာေတြက IQ ျမင့္သူေတြကုိ စိတ္က်ေရာဂါ၊ စိတ္ကစဥ္႕ကလ်ားေရာဂါလို စိတ္ေရာဂါအမ်ဳိးမ်ဳိးျဖစ္ေစႏုိင္တယ္လို႔ သိပၸံနည္းက်ေလ့လာမႈအမ်ဳိးမ်ဳိးနဲ႔ သက္ေသျပထားျပီးျဖစ္ပါတယ္။ ဒါေၾကာင့္ ပူပင္တာေတြကိုေလွ်ာ့ျပီး စိတ္သက္သက္သာသာထားတတ္ေစဖို႔က အေကာင္းဆုံး ကာကြယ္နည္းတစ္ခုျဖစ္ပါတယ္။
Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

တခါတလေမှာ အရမ်းကို IQ မြင့်လွန်းတဲ့သူတွေဟာ ကိုယ့်ဘေးမှာ သစ္စာရှိပြီး ချစ်ခင်ရတဲ့ လက်တွဲ ဖော်ရှိနေရင်တောင်မှ ဝမ်းနည်းသလို၊ စိတ်မချမ်းမြေ့သလိုခံစားချက်မျိုးကို မကြာခဏ ခံစားရလေ့ရှိပါတယ်တဲ့။ ဉာဏ်ရည်ထက်မြက်တဲ့သူတွေဟာ ပျော်ရွှင်မှုကို တွေ့ရှိဖို့ ခဲယဉ်းတဲ့ အကြောင်းပြချက်တွေရှိပါတယ်။ ဒီအကြောင်းပြချက်တွေကတော့-


 ၁)သူတို့က အရာရာကို အလွန်အကျွံဆန်းစစ်ဝေဖန်လွန်းတယ်။
ဘဝမှာတွေ့ကြုံသမျှတွေကို အကြိမ်ကြိမ် အထပ်ထပ် စဉ်းစားဝေဖန်သုံးသပ်တတ်တာက စိတ်ဖိစီးမှုဖြစ်စေသလို ပင်ပန်းစေတဲ့အဓိက အကြောင်းရင်း ဖြစ်ပါတယ်။ စဉ်းစားဝေဖန်တယ်ဆိုတာ ကောင်းတဲ့အရာပေမဲ့ ဉာဏ်ရည်မြင့်တဲ့သူတွေမှာက သူတို့ အနားယူချိန်မှာတောင် ဦးနှောက်က အနားမရဘဲ အလုပ်အပေါ်မှာပဲ တစ်ချိန်လုံး အာရုံစိုက် နေတတ်ပါတယ်။

၂) သူတို့ရဲ့ မျှော်လင့်ချက်စံနှုန်းမြင့်တယ်။
သူတို့က ဘဝအတွက်ကို မြင့်မြင့်မားမားမှန်းပြီး အောင်မြင်မှုတွေ ရချင်ကြတယ်။ သူတို့မျှော်လင့်ထားသလို မဖြစ်တဲ့အချိန်တွေမှာသူတို့ မပျော်ရွှင်နိုင်ကြဘူး။ သူများထက်ပိုပြီး စိတ်ဓာတ်ကျတယ်။ စိတ်ညစ်ကျတယ်။ ဒါကို ကျော်လွှားဖို့အတွက် မအောင်မြင်ဘူးဆိုတာက ကြောက်စရာတစ်ခုမဟုတ်ဘူး။ ဘဝကို တိုးတက်စေနိုင်မယ့် လှုံ့ဆော်မှုတစ်ခုပဲလို့ စဉ်းစားဖို့ပဲဖြစ်ပါတယ်။

၃)သူတို့ကို သူတို့အပြစ်တင်လွန်းတယ်။
အကောင်းဆုံးအရာတွေကို ရဖို့အတွက် သူတို့က အကောင်းဆုံးကြိုးစားတယ်။ မအောင်မြင်တဲ့အချိန်ကျရင် အကျိုးအကြောင်းကို မစဉ်းစားဘဲ အရင်ဆုံး ကိုယ့်ကိုယ်ကို အပြစ်တင်တတ်တယ်။ ဘယ်လောက်ကြာတဲ့အချိန်ကပဲဖြစ်ပါစေ အရင်က မအောင်မြင်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုကလည်း သူတို့ကို ခြောက်လှန့်တတ်တယ်။ ဒါတွေက သူတို့ကို မပျော်ရွှင်အောင်တားဆီးထားတဲ့ အရာတွေပဲဖြစ်ပါတယ်။

၄)သူတို့ကို စိတ်ကျေနပ်မှုပေးနိုင်တဲ့သူကို တွေ့ခဲတယ်။
ဉာဏ်ကောင်းလွန်းတဲ့သူတွေက သူတို့ကို နားလည်ပေးနိုင်တဲ့သူတစ်ယောက်ကို ရှာတွေ့ဖို့ ခဲယဉ်းတယ်။ သူတို့ရဲ့ အတွေးတွေ၊ အမူအကျင့်တွေကို နားလည်ပေးနိုင်မယ့်သူရှားသလို သူတို့ဆီက စိတ်ကျေနပ်မှုကို ရနိုင်မယ့်သူတွေလည်း နည်းတယ်။ မိတ်ဆွေအပေါင်းအသင်းနည်းတဲ့အတွက် ပျော်ရွှင်မှုလည်းနည်းတာဖြစ်ပါတယ်။

၅) အလွန်အကျွံစဉ်းစားတွေးခေါ်တာ၊ စိတ်ဖိစီးမှုများတာတွေက IQ မြင့်သူတွေကို စိတ်ကျရောဂါ၊ စိတ်ကစဥ့်ကလျားရောဂါလို စိတ်ရောဂါအမျိုးမျိုးဖြစ်စေနိုင်တယ်လို့ သိပ္ပံနည်းကျလေ့လာမှုအမျိုးမျိုးနဲ့ သက်သေပြထားပြီးဖြစ်ပါတယ်။ ဒါကြောင့် ပူပင်တာတွေကိုလျှော့ပြီး စိတ်သက်သက်သာသာထားတတ်စေဖို့က အကောင်းဆုံး ကာကွယ်နည်းတစ်ခုဖြစ်ပါတယ်။

Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...




 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top