iMyanmarHouse.com - Best Property Website for Myanmar
×

အသက်မွေးဝမ်းကျောင်းအလုပ်နဲ့ ဘဝနေထိုင်မှုပုံစံနဲ့ ပတ်သက်လာရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ အမျိုးသမီးတွေဟာ သူတို့ အလုပ်ချင်ဆုံး၊ တန်ဖိုးထားဆုံးအရာကို ကောင်းစွာသဘောပေါက်ကြပါတယ်။ သူတို့စိတ်ကူးထားတဲ့ အိပ်မက်ကို ဖန်တီးပုံဖော်ဖို့ စွမ်းရည်ရှိကြောင်း သူတို့ကိုယ်သူတို့ ယုံကြည်ထားကြပြီး အောင်မြင်မှုမရမချင်း အခက်အခဲ ဒုက္ခတွေ ရင်ဆိုင်ပြီး ဆက်လက် လုပ်ဆောင်ကြပါတယ်။

မိမိကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ အမျိုးသမီးတွေ ဘုံပိုင်ဆိုင်ထားကြတဲ့ လက္ခဏာ (၄) ခုကတော့…

၁။ မိမိတန်ဖိုးကို သိရှိခြင်း

မိမိကိုယ်မိမိယုံကြည်ဖို့နဲ့ မိမိကိုယ်မိမိ အကောင်းမြင်ဖို့အတွက် မိမိဘဝအခြေအနေအရပ်ရပ်ကို ဖုံးကွယ်မထားရပါဘူး။ မိမိကိုယ်မိမိ စူးစမ်းဖို့၊ လူသစ်တွေနဲ့ ရင်ဆိုင်တွေ့ဆုံဖို့ အသင့်ရှိပါစေ။ သူတို့တွေဟာ ကိုယ့်ပင်ကိုယ်စွမ်းရည်နဲ့ ခွန်အားတွေကို အလေးထားကြပါတယ်။ မိမိပျော့ကွက်တွေကို လက်ခံထားခြင်းက မိမိကို တိုးတက်ပြောင်းလဲစေပါလိမ့်မယ်။

၂။ သိချင်၊ စူးစမ်းချင်စိတ်ပြင်းပြခြင်း

မိမိကိုယ်ကိုယ်ယုံကြည်မှုရှိတဲ့ အမျိုးသမီးတွေဟာ ဆုံးဖြတ်ချက်ခိုင်မာ၊ ဥာဏ်ရည်ထက်မြတ်ပြီး စူးစမ်းလိုစိတ်ပြင်းပြသူတွေ ဖြစ်ကြောင်း သိရပါတယ်။ ပိုမိုကောင်းမွန်အောင် ပြုလုပ်မယ့်နည်းလမ်းသစ်တွေ အမြဲတမ်း ရှာဖွေတတ်ကြပါတယ်။

၃။ ဗဟုသုတတွေ ထပ်ဆင့်ဝေမျှခြင်း

အခြားသူတွေနဲ့ ဆက်ဆံပြောဆိုတဲ့အခါ အပြုသဘောဆောင်တဲ့ အချက်အလက်တွေ အမြဲတမ်း ပြောဆိုကြပါတယ်။ မိမိကိုယ်ပိုင် အတွေ့အကြုံတွေနဲ့ အဖိုးတန် အတွေးအမြင်တွေ မျှဝေခြင်းဖြင့် မိမိအတွက် စွမ်းရည်ရရှိစေရုံမက အခြားသူတွေ ကြီးပွားအောင်မြင်ဖို့ အားပေးအားမြှောက်ပြုပေးပါတယ်။

၎။ တာဝန်သိခြင်း

သူတို့တွေဟာ အသင်းအဖွဲ့နဲ့ အလုပ်လုပ်ဖို့ သိပ်အရေးကြီးပုံကို သဘောပေါက်ကြပါတယ်။ ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေ ချက်ချင်းလက်ငင်း ဘယ်ဆုံးဖြတ်ရမယ်၊ ဘယ်လို ဦးဆောင်လမ်းပြ ပြုလုပ်ရမယ်ဆိုတာလည်း နားလည်ထားကြပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top