iMyanmarHouse.com - Best Property Website for Myanmar
×

ေန႔ခင္းဘက္ အလုပ္လုပ္ရတဲ့ လူအမ်ားစုဟာ အလုပ္လုပ္ရတဲ့ေန႔မွာ အေစာႀကီးထၿပီး အလုပ္သြားၾကတဲ့အတြက္ အလုပ္ပိတ္ရက္ေတြမွာ ေနာက္က်မွ အိပ္ယာ၀င္ၿပီး ေနာက္က်မွ အိပ္ယာထတတ္ၾကပါတယ္။အဲဒီလိုပံုမွန္အိပ္ခ်ိန္ေတြကိုစပ္ၾကားစပ္ၾကား ေျပာင္းလဲလိုက္ျခင္းဟာ
 ႏွလံုးေရာဂါနဲ႔ ဆီးခ်ိဳေသြးခ်ိဳ ေရာဂါေတြကို ျဖစ္ေစႏိုင္တယ္လို႔ ေလ့လာမႈ အသစ္တစ္ခုအရ သိရပါတယ္။

ေန႔ဆိုင္း ၊ ညဆိုင္းအလုပ္ လိုမ်ိဳး ပံုမွန္မဟုတ္တဲ့ အလုပ္ခ်ိန္နဲ႔ အလုပ္လုပ္ေနရသူေတြ ၊ ေန႔စဥ္ အလုပ္ခ်ိန္ထက္ပိုၿပီး အလုပ္လုပ္ေနရသူေတြဟာ က်န္းမာေရးမွာ အႏၱရာယ္ရွိတဲ့ သက္ေရာက္မႈ ေတြ ရရွိခဲ့ၾကတယ္လို႔ ၿပီးခဲ့တဲ့ ေလ့လာမႈ ေတြက ေဖာ္ျပထားပါတယ္။ အခုတစ္ႀကိမ္မွာလည္း Pittsburgh တကၠသိုလ္က သုေတသန အသစ္တစ္ခုက အိမ္ယာထ ေနာက္က်ျခင္းဆိုတဲ့ လူမႈေရးအခ်ိန္ကာလ ကြဲျပားျခင္း ဟာ အေျခခံအားျဖင့္ က်န္းမာေရးကို ထိခိုက္ေစႏိုင္တယ္ဆိုတာကို ေလ့လာေဖာ္ထုတ္ ခဲ့ၾကပါတယ္။

လူမႈေရးအခ်ိန္ကာလ ကြဲျပားျခင္းဆိုတာဟာ လူတစ္ေယာက္ရဲ႕ လူမႈေရးဆိုင္ရာ အိပ္ခ်ိန္ေတြနဲ႔ ေန႔စဥ္ သဘာ၀ အခ်ိန္လည္ပတ္မႈေတြနဲ႔ လြဲေခ်ာ္သြားတာကို ဆိုလိုတာပါ။ သုေတသီေတြကေတာ့ လူမႈေရးအခ်ိန္ကာလ ကြဲျပားျခင္း ဟာ အ၀လြန္ျခင္း နဲ႔ အျခား ႏွလံုးေသြးေၾကာဆိုင္ရာ အေျခအေနေတြကို ျဖစ္ေစႏိုင္တယ္လို႔ ဆိုထားပါတယ္။

သုေတသီေတြဟာ အသက္ ၃၀ ကေန ၄၀ ၾကားရွိၿပီး ၅၃ ရာခိုင္ႏႈန္းက အမ်ိဳးသမီးေတြျဖစ္ကာ ၊ ၈၄ ရာခိုင္ႏႈန္းက လူျဖဴေတြျဖစ္တဲ့ လုပ္အားေပး ေဗာ္လန္တီယာ ၄၄၇ ေယာက္ကို ေလ့လာၾကည့္ခဲ့ၾကပါတယ္။ ၄၄၇ ေယာက္လံုးဟာ က်န္းမာေရးေကာင္းၿပီး တစ္ပတ္ကို ၂၅ နာရီ အလုပ္ခ်ိန္ရွိ တဲ့ အလုပ္ကိုယ္စီ လုပ္ကိုင္ေနၾကပါတယ္။

ထို လုပ္အားေပးေတြဟာ သူတို႔ရဲ႕ လႈပ္ရွားမႈေတြနဲ႔ ၂၄ နာရီအတြင္း အိပ္ခ်ိန္အေရအတြက္တို႔ကို ေျခရာခံေပးမယ့္ လက္ပတ္ ေတြ ၀တ္ဆင္ေပးထားၿပီး သူတို႔ေန႔စဥ္စားသံုးတဲ့ အစားအစာ ေတြနဲ႔ ေလ့က်င့္ခန္း အေလ့အထ ေတြကို ေမးျမန္းခံခဲ့၇ပါတယ္။ သုေတသီေတြ ရွာေဖြေတြ႕ရွိခဲ့တာကေတာ့ ၈၅ ရာခိုင္ႏႈန္းေသာ လုပ္အားေပး ေတြ ဟာ ေနာက္က်မွ အိပ္ေလ့ရွိၾကၿပီး ထိုသို႔ ေနာက္က်မႈဟာလည္း အလုပ္လုပ္တဲ့ ရက္ေတြမွာထက္ အလုပ္အားတဲ့ ရက္ေတြမွာ ပိုမ်ားတာကိုေတြ႕ရျပန္ပါတယ္။

အဲဒီလိုအားလပ္ရက္မွာအိပ္ခ်ိန္ေျပာင္းလဲသြားသူေတြဟာတစ္ပတ္လံုးအိပ္ခ်ိန္မွန္ကန္သူေတြနဲ႔ ႏိႈင္း
ယွဥ္ၾကည့္တဲ့အခါမွာ ကိုလက္စထေရာ နဲ႔ ပတ္သက္လို႔ ဆိုးရြားတာကိုေတြ႕ရၿပီး ျမန္ဆန္တဲ့ အင္ဆူလင္ပမာဏေတြမ်ားျပားေနကာ BMI လည္း ျမင့္မားေနတာကိုေတြ႕ရျပန္ပါတယ္။

"အိပ္ခ်ိန္စားခ်ိန္မမွန္ကန္မႈအေပၚအာရံုစိုက္တဲ့ ေဆးရံု ေဆးခန္းဆိုင္ရာလုပ္ေဆာင္ခ်က္ေတြအတြက္ေတာ့
 ေကာင္းက်ိဳးေတြျဖစ္လာႏိုင္ပါတယ္။ ၀န္ထမ္းေတြနဲ႔ သူတို႔ရဲ႕ မိသားစုေတြကို အိပ္ခ်ိန္စားခ်ိန္ မွန္ကန္စြာတည္ေဆာက္ဖို႔နဲ႔ ပတ္သက္ၿပီး လုပ္ငန္းခြင္ ပညာေပးမႈ ေတြ ျဖစ္လာႏိုင္ပါတယ္။" လို႔ ဒီသုေတသန ကို ဦးေဆာင္ခဲ့တဲ့ ေဒါက္တာ Wong ကဆိုပါတယ္။

ဒီေလ့လာမႈကို Journal of Clinical Endocrinology and Metabolism ဆိုတဲ့ ဂ်ာနယ္မွာ ပံုႏွိပ္ေဖာ္ျပခဲ့ပါတယ္။

Credit:Thit Htoo Lwin
 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

နေ့ခင်းဘက် အလုပ်လုပ်ရတဲ့ လူအများစုဟာ အလုပ်လုပ်ရတဲ့နေ့မှာ အစောကြီးထပြီး အလုပ်သွားကြတဲ့အတွက် အလုပ်ပိတ်ရက်တွေမှာ နောက်ကျမှ အိပ်ယာဝင်ပြီး နောက်ကျမှ အိပ်ယာထတတ်ကြပါတယ်။အဲဒီလိုပုံမှန်အိပ်ချိန်တွေကိုစပ်ကြားစပ်ကြား ပြောင်းလဲလိုက်ခြင်းဟာ
 နှလုံးရောဂါနဲ့ ဆီးချိုသွေးချို ရောဂါတွေကို ဖြစ်စေနိုင်တယ်လို့ လေ့လာမှု အသစ်တစ်ခုအရ သိရပါတယ်။

နေ့ဆိုင်း ၊ ညဆိုင်းအလုပ် လိုမျိုး ပုံမှန်မဟုတ်တဲ့ အလုပ်ချိန်နဲ့ အလုပ်လုပ်နေရသူတွေ ၊ နေ့စဉ် အလုပ်ချိန်ထက်ပိုပြီး အလုပ်လုပ်နေရသူတွေဟာ ကျန်းမာရေးမှာ အန္တရာယ်ရှိတဲ့ သက်ရောက်မှု တွေ ရရှိခဲ့ကြတယ်လို့ ပြီးခဲ့တဲ့ လေ့လာမှု တွေက ဖော်ပြထားပါတယ်။ အခုတစ်ကြိမ်မှာလည်း Pittsburgh တက္ကသိုလ်က သုတေသန အသစ်တစ်ခုက အိမ်ယာထ နောက်ကျခြင်းဆိုတဲ့ လူမှုရေးအချိန်ကာလ ကွဲပြားခြင်း ဟာ အခြေခံအားဖြင့် ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတာကို လေ့လာဖော်ထုတ် ခဲ့ကြပါတယ်။

လူမှုရေးအချိန်ကာလ ကွဲပြားခြင်းဆိုတာဟာ လူတစ်ယောက်ရဲ့ လူမှုရေးဆိုင်ရာ အိပ်ချိန်တွေနဲ့ နေ့စဉ် သဘာ၀ အချိန်လည်ပတ်မှုတွေနဲ့ လွဲချော်သွားတာကို ဆိုလိုတာပါ။ သုတေသီတွေကတော့ လူမှုရေးအချိန်ကာလ ကွဲပြားခြင်း ဟာ အဝလွန်ခြင်း နဲ့ အခြား နှလုံးသွေးကြောဆိုင်ရာ အခြေအနေတွေကို ဖြစ်စေနိုင်တယ်လို့ ဆိုထားပါတယ်။

သုတေသီတွေဟာ အသက် ၃၀ ကနေ ၄၀ ကြားရှိပြီး ၅၃ ရာခိုင်နှုန်းက အမျိုးသမီးတွေဖြစ်ကာ ၊ ၈၄ ရာခိုင်နှုန်းက လူဖြူတွေဖြစ်တဲ့ လုပ်အားပေး ဗော်လန်တီယာ ၄၄၇ ယောက်ကို လေ့လာကြည့်ခဲ့ကြပါတယ်။ ၄၄၇ ယောက်လုံးဟာ ကျန်းမာရေးကောင်းပြီး တစ်ပတ်ကို ၂၅ နာရီ အလုပ်ချိန်ရှိ တဲ့ အလုပ်ကိုယ်စီ လုပ်ကိုင်နေကြပါတယ်။

ထို လုပ်အားပေးတွေဟာ သူတို့ရဲ့ လှုပ်ရှားမှုတွေနဲ့ ၂၄ နာရီအတွင်း အိပ်ချိန်အရေအတွက်တို့ကို ခြေရာခံပေးမယ့် လက်ပတ် တွေ ဝတ်ဆင်ပေးထားပြီး သူတို့နေ့စဉ်စားသုံးတဲ့ အစားအစာ တွေနဲ့ လေ့ကျင့်ခန်း အလေ့အထ တွေကို မေးမြန်းခံခဲ့၇ပါတယ်။ သုတေသီတွေ ရှာဖွေတွေ့ရှိခဲ့တာကတော့ ၈၅ ရာခိုင်နှုန်းသော လုပ်အားပေး တွေ ဟာ နောက်ကျမှ အိပ်လေ့ရှိကြပြီး ထိုသို့ နောက်ကျမှုဟာလည်း အလုပ်လုပ်တဲ့ ရက်တွေမှာထက် အလုပ်အားတဲ့ ရက်တွေမှာ ပိုများတာကိုတွေ့ရပြန်ပါတယ်။

အဲဒီလိုအားလပ်ရက်မှာအိပ်ချိန်ပြောင်းလဲသွားသူတွေဟာတစ်ပတ်လုံးအိပ်ချိန်မှန်ကန်သူတွေနဲ့ နှိုင်း
ယှဉ်ကြည့်တဲ့အခါမှာ ကိုလက်စထရော နဲ့ ပတ်သက်လို့ ဆိုးရွားတာကိုတွေ့ရပြီး မြန်ဆန်တဲ့ အင်ဆူလင်ပမာဏတွေများပြားနေကာ BMI လည်း မြင့်မားနေတာကိုတွေ့ရပြန်ပါတယ်။

"အိပ်ချိန်စားချိန်မမှန်ကန်မှုအပေါ်အာရုံစိုက်တဲ့ ဆေးရုံ ဆေးခန်းဆိုင်ရာလုပ်ဆောင်ချက်တွေအတွက်တော့
 ကောင်းကျိုးတွေဖြစ်လာနိုင်ပါတယ်။ ဝန်ထမ်းတွေနဲ့ သူတို့ရဲ့ မိသားစုတွေကို အိပ်ချိန်စားချိန် မှန်ကန်စွာတည်ဆောက်ဖို့နဲ့ ပတ်သက်ပြီး လုပ်ငန်းခွင် ပညာပေးမှု တွေ ဖြစ်လာနိုင်ပါတယ်။" လို့ ဒီသုတေသန ကို ဦးဆောင်ခဲ့တဲ့ ဒေါက်တာ Wong ကဆိုပါတယ်။

ဒီလေ့လာမှုကို Journal of Clinical Endocrinology and Metabolism ဆိုတဲ့ ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။


Credit:Thit Htoo Lwin

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top