iMyanmarHouse.com - Best Property Website for Myanmar
×
Unicode Version
များသောအားဖြင့် ကျွနု်ပ်တို့အားလုံးတို့က ငှက်ပျောသီးတစ်လုံး စားပြီးရင် ငှက်ပျောသီးခွံတွေကို လွှင့်ပစ်တတ်ကြပါတယ်။ အတွင်း ထဲက ငှက်ပျောသီးအသားကိုပဲ စားတတ်ကြပါတယ်။ အတွင်းသား ငှက်ပျောသီးကပဲ ဗိုက်တာမင်နဲ့ အာဟာရအကျိုးကျေးဇူးတွေပဲ ရှိ တာမဟုတ်ပါဘူး။ အပြင်ကငှက်ပျောခွံအသားကလည်း ဒီ့ထက်မ ကတဲ့ အာဟာရဓာတ်နဲ့ အကျိုးကျေးဇူး အာနိသင်တွေများစွာရှိနေ ပါတယ်။ ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်….
၁။ ငှက်ပျောသီးအခွ့တွေက သင့်ရဲ့ သားရေနဲ့ အရောင်တင်ပေးရတဲ့ အသုံးအဆောင်ပစ္စည်းတွေအတွက် အကောင်းဆုံး တွဲဖက်အကူ ပ စ္စည်းဖြစ်ပါတယ်။ သားရေဖိနပ်၊ လည်သာရှုးဖိနပ်တို့ကို အရောင် တင် ဆေးတွေမလိုပဲ ငှက်ပျောသီးခွံနဲ့ပွတ်တိုက်ပေးလိုက်ရုံနဲ့တင် အရောင်တင်ပြောင်လက်လာတာကို တွေ့ရပါလိမ့်မယ်။
၂။ သင့်ရဲ့ဝါကျင့်ကျင့်ဖြစ်နေတဲ့ သွားတွေကို ဖြူဖွေးတောက်ပြောင်ဖို့ ငှက်ပျောခွံက အကောင်းဆုံးဖြစ်စေပါလိမ့်မယ်။ သွားတွေအပေါ်မှာ ငှက်ပျောခွံနဲ့ပွတ်ပေးလိုက်ရုံနဲ့တင် ဖြူဖွေးသွားနိုင်ပါတယ်။
၃။ မျက်နှာပေါ်က ဝက်ခြံနဲ့ အဖုအပိန့်တွေကိုလည်း ငှက်ပျောခွံက ရှင်းလင်းပေးနိုင်ပါတယ်။ ငှက်ပျောခွံနဲ့ ဝက်ခြံပေါက်တဲ့နေရာကို ပွတ်ပေးကာ ရေနဲ့ဆေးကြောခြင်းတွေကို မကြာခဏပြုလုပ်ပေးပါက ဝက်ခြံပေါက်ခြင်းကို သက်သာစေနိုင်ပါတယ်။
၄။ ပိုးမွှားအကိုက်ခံရတာအတွက်လည်း အကောင်းဆုံး ဆေးနည်း တစ်ခုဖြစ်ပါတယ်။ အကိုက်ခံရတဲ့နေရာမှာ ငှက်ပျောခွံကိုခေတ္တကပ် ပေးထားရုံနဲ့ အဆိပ်နဲ့ ဒဏ်ရာဖြစ်ပေါ်ခြင်းကို သက်သာစေနိုင်ပါ တယ်။
၅။ စိတ်ပိုင်းဆိုင်ရာ ခံစားမှုများ၊ စိတ်ဓာတ်ကျခြင်း၊ စိတ်မကြည်ခြင်း တို့အတွက် ငှက်ပျောခွံကုသခြင်းနည်းလမ်းက အကောင်းဆုံးကုထုံး ဖြစ်ပါသတဲ့။ ငှက်ပျောခွံကို ရေနွေးထည့်ပြုတ်ပြီး ကျိုသောက်ပါက သက်သာစေနိုင်ပါတယ်။ နောက်ပြီး နှလုံးကျန်းမာရေးအတွက် လည်း ကုသပေးနိုင်ပါတယ်။
Credit: ဖိုးသူတော် (www.phothutaw.com)
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top