iMyanmarHouse.com - Best Property Website for Myanmar
×

လူသားခႏၶာကိုယ္မွာ သဘာဝအတုိင္းေပါက္တဲ့ အေမြးအအမွင္အမ်ားစုဟာ အမ်ိဳးသမီးေတြအတြက္ေတာ့ စိတ္အေႏွာင့္အယွက္ျဖစ္စရာ ျဖစ္ပါတယ္။ အမ်ိဳးသမီး အမ်ားစုကေတာ့ ဆံပင္၊ မ်က္ခံုး၊ မ်က္ေတာင္ကလြဲလို႔ က်န္အေမြးအမွင္ေတြဟာ မရွိေလေကာင္းေလလို႔ ေတြးဖူးၾကမွာပါ။

ဒါေပမဲ့ ခႏၶာကိုယ္မွာ အေမြးမရိတ္သင့္တဲ့ ေနရာ ၄ ခုရွိေနတယ္။ အထူးသျဖင့္ အမ်ိဳးသမီးေတြအေနနဲ႔ ရိတ္ဖို႔မသင့္ေတာ္တဲ့ ေနရာေတြျဖစ္ပါတယ္။

၁။ ဆံပင္ျဖဴ

ဆံပင္ျဖဴဟာ အမ်ားအားျဖင့္ေတာ့ အသက္အ႐ြယ္မငယ္ေတာ့ဘူးဆိုတာကို ျပသတဲ့ သေကၤတျဖစ္ၿပီး အမ်ိဳးသမီးအမ်ားစု မုန္းတီးၾကပါတယ္။ ဒါေပမဲ့ ဆံပင္ျဖဴေတြကို ႏႈတ္လိုက္ျခင္းဟာ အဲဒီေနရာမွာ ဆံပင္ျပန္ေပါက္လာမယ္လို႔ ထင္မွတ္မွားေနတတ္ၾကပါတယ္။ ဆံပင္ျပန္ေပါက္မလာတဲ့အျပင္ အဲဒီေနရာတစ္ဝိုက္ ဆံပင္ပါးၿပီး ထိပ္ေတာင္ ေျပာင္သြားႏုိင္ပါတယ္။

၂။ မ်က္ခံုးေမြး

မ်က္ခံုးေမြးဟာ ရိတ္ပစ္ဖို႔ လြယ္သေလာက္ျပန္ေပါက္ဖို႔ ခက္တဲ့အေမြးအမွင္ျဖစ္ပါတယ္။ မ်က္ခံုးေမြး ရိတ္လိုက္ၿပီဆိုရင္ မူလမ်က္ခံုးေမြ ပံုစံအတိုင္း ျပန္ေပါက္လာဖို႔မလြယ္ေတာ့ပါဘူး။ ျပန္ေပါက္ဖို႔လည္း ၾကာျမင့္သလို ခဲယဥ္းေလ့ရွိပါတယ္။

မ်က္ခံုးေမြး ရိတ္လိုက္တဲ့ အခ်ိန္မွာ ေမြးညႇင္းေပါက္ေတြကုိ အလြန္ထိခိုက္ေစတာေၾကာင့္ တစ္သက္လံုး နဂိုမ်က္ခံုးေမြးပံုစံ ျပန္မရ ျဖစ္သြားတတ္ပါတယ္။ လွခ်င္လို႔ ရိတ္မယ္ဆိုရင္ေတာင္ မၾကာခဏ မရိတ္သင့္ပါဘူး။

၃။ ခ်ိဳင္းေမြး

ခ်ိဳင္းေမြးရိတ္ျခင္းဟာ သင့္ရဲ႕ အသားအေရကို အလြန္ထိခိုက္ပ်က္စီးေစပါတယ္။ ဒါေပမဲ့လည္း ခ်ိဳင္းေမြးဟာ မရိတ္လို႔ မသင့္ေတာ္ျပန္ပါဘူး။ ခ်ိဳင္းေမြးမရွိခ်င္ရင္ေတာ့ ေလဆာနဲ႔ အေပ်ာက္ေဖ်ာက္လိုက္တဲ့ နည္းလမ္းက ပိုေကာင္းပါတယ္။

၄။ ဆီးခံုေမြး

ဆီးခံုေမြးဟာလည္း ခဏခဏ မရိတ္သင့္တဲ့ အေမြးအမွင္ျဖစ္ပါတယ္။ အထူးသျဖင့္ ဆီးခံုေမြးေတြ ရိတ္လိုက္ျခင္းေၾကာင့္ စပ္ဖ်ဥ္းဖ်ဥ္းျဖစ္ျခင္း၊ ရိတ္လိုက္တဲ့ အေမြးေတြဟာ ေမြးညႇင္းေပါက္က ျပန္ထြက္မလာဘဲ အတြင္းထဲမွာ ေပါက္လာျခင္းတို႔အျပင္ ေရာဂါပိုးဝင္ႏိုင္ေခ်လည္း ျမင့္မားတယ္လို႔ သိရပါတယ္။ အေကာင္းဆံုးကေတာ့ ဖေယာင္းသံုးၿပီး အေမြးခၽြတ္တဲ့ နည္းလမ္း ျဖစ္ပါတယ္။

Credit : duwun

 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

လူသားခန္ဓာကိုယ်မှာ သဘာဝအတိုင်းပေါက်တဲ့ အမွေးအအမှင်အများစုဟာ အမျိုးသမီးတွေအတွက်တော့ စိတ်အနှောင့်အယှက်ဖြစ်စရာ ဖြစ်ပါတယ်။ အမျိုးသမီး အများစုကတော့ ဆံပင်၊ မျက်ခုံး၊ မျက်တောင်ကလွဲလို့ ကျန်အမွေးအမှင်တွေဟာ မရှိလေကောင်းလေလို့ တွေးဖူးကြမှာပါ။

ဒါပေမဲ့ ခန္ဓာကိုယ်မှာ အမွေးမရိတ်သင့်တဲ့ နေရာ ၄ ခုရှိနေတယ်။ အထူးသဖြင့် အမျိုးသမီးတွေအနေနဲ့ ရိတ်ဖို့မသင့်တော်တဲ့ နေရာတွေဖြစ်ပါတယ်။

၁။ ဆံပင်ဖြူ

ဆံပင်ဖြူဟာ အများအားဖြင့်တော့ အသက်အရွယ်မငယ်တော့ဘူးဆိုတာကို ပြသတဲ့ သင်္ကေတဖြစ်ပြီး အမျိုးသမီးအများစု မုန်းတီးကြပါတယ်။ ဒါပေမဲ့ ဆံပင်ဖြူတွေကို နှုတ်လိုက်ခြင်းဟာ အဲဒီနေရာမှာ ဆံပင်ပြန်ပေါက်လာမယ်လို့ ထင်မှတ်မှားနေတတ်ကြပါတယ်။ ဆံပင်ပြန်ပေါက်မလာတဲ့အပြင် အဲဒီနေရာတစ်ဝိုက် ဆံပင်ပါးပြီး ထိပ်တောင် ပြောင်သွားနိုင်ပါတယ်။

၂။ မျက်ခုံးမွေး

မျက်ခုံးမွေးဟာ ရိတ်ပစ်ဖို့ လွယ်သလောက်ပြန်ပေါက်ဖို့ ခက်တဲ့အမွေးအမှင်ဖြစ်ပါတယ်။ မျက်ခုံးမွေး ရိတ်လိုက်ပြီဆိုရင် မူလမျက်ခုံးမွေ ပုံစံအတိုင်း ပြန်ပေါက်လာဖို့မလွယ်တော့ပါဘူး။ ပြန်ပေါက်ဖို့လည်း ကြာမြင့်သလို ခဲယဉ်းလေ့ရှိပါတယ်။

မျက်ခုံးမွေး ရိတ်လိုက်တဲ့ အချိန်မှာ မွေးညှင်းပေါက်တွေကို အလွန်ထိခိုက်စေတာကြောင့် တစ်သက်လုံး နဂိုမျက်ခုံးမွေးပုံစံ ပြန်မရ ဖြစ်သွားတတ်ပါတယ်။ လှချင်လို့ ရိတ်မယ်ဆိုရင်တောင် မကြာခဏ မရိတ်သင့်ပါဘူး။

၃။ ချိုင်းမွေး

ချိုင်းမွေးရိတ်ခြင်းဟာ သင့်ရဲ့ အသားအရေကို အလွန်ထိခိုက်ပျက်စီးစေပါတယ်။ ဒါပေမဲ့လည်း ချိုင်းမွေးဟာ မရိတ်လို့ မသင့်တော်ပြန်ပါဘူး။ ချိုင်းမွေးမရှိချင်ရင်တော့ လေဆာနဲ့ အပျောက်ဖျောက်လိုက်တဲ့ နည်းလမ်းက ပိုကောင်းပါတယ်။

၄။ ဆီးခုံမွေး

ဆီးခုံမွေးဟာလည်း ခဏခဏ မရိတ်သင့်တဲ့ အမွေးအမှင်ဖြစ်ပါတယ်။ အထူးသဖြင့် ဆီးခုံမွေးတွေ ရိတ်လိုက်ခြင်းကြောင့် စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း၊ ရိတ်လိုက်တဲ့ အမွေးတွေဟာ မွေးညှင်းပေါက်က ပြန်ထွက်မလာဘဲ အတွင်းထဲမှာ ပေါက်လာခြင်းတို့အပြင် ရောဂါပိုးဝင်နိုင်ချေလည်း မြင့်မားတယ်လို့ သိရပါတယ်။ အကောင်းဆုံးကတော့ ဖယောင်းသုံးပြီး အမွေးချွတ်တဲ့ နည်းလမ်း ဖြစ်ပါတယ်။


Credit : duwun



 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top