iMyanmarHouse.com - Best Property Website for Myanmar
×

ဘယ္ေနရာသြားသြား ယူသြားလုိ႔ ရသလို ေလ့က်င့္ခန္းလုပ္တဲ့ တျခားစက္ပစၥည္းေတြလို ေစ်းလည္းမ ႀကီးတဲ့အျပင္ အက်ဳိးမ်ားတာမို႔ ကိုယ္လက္လႈပ္ရွားတစ္ခုခု စလုပ္ ဖို႔ေတြးေနရင္ေတာ့ ႀကိဳးခုန္ဖုိ႔သာ လုပ္လုိက္ပါ။ ေကာင္းက်ဳိးအေနနဲ႔ ဘာေတြရွိလဲဆုိရင္

ခႏၶာကိုယ္ေအာက္ပိုင္း သန္စြမ္း ေစျခင္း - ဒူးေခါင္း၊ အဆစ္အျမစ္၊ အ႐ိုးႏုနဲ႔ ႂကြက္သားေတြကို သန္ မာေစတဲ့အတြက္ ထိခိုက္ဒဏ္ရာရ မႈေတြ နည္းပါးေစပါတယ္။

အ႐ိုးပြေရာဂါကာကြယ္ေပးျခင္း - ႀကိဳးခုန္တာေၾကာင့္ အ႐ိုးတြင္း သတၱဳဓာတ္သိပ္သည္းဆမ်ားျပား ေစပါတယ္။ ပုံမွန္ႀကိဳးခုန္တဲ့အခါ အ႐ိုးေတြ သန္စြမ္းက်န္းမာေစတဲ့ အတြက္ အ႐ိုးပြေရာဂါျဖစ္ပြားႏုိင္ ေျခနည္းေစပါတယ္။

ကယ္လုိရီျမန္ျမန္ေလာင္ကြၽမ္းေစ ျခင္း - ႀကိဳးနည္းနည္းခုန္လုိက္ တာနဲ႔ ေဟာဟဲလုိက္ၿပီး ေမာလာ တာဟာ     ကယ္လုိရီေတြေလာင္ ကြၽမ္းကုန္လုိ႔ဆုိတာ သိလုိက္ပါ။ ၁၀   မိနစ္ေလာက္    ႀကိဳးခုန္လို႔ ေလာင္ကြၽမ္းသြားတဲ့ ကယ္လိုရီပ မာဏဟာ ရွစ္မိနစ္ေလာက္လမ္း ေလွ်ာက္တာတို႔၊ ခပ္ရြရြေျပးတဲ့အ ခါ ေလာင္ကြၽမ္းႏႈန္းတုိ႔နဲ႔ အတူတူပဲ ျဖစ္ပါတယ္။

ႏွလုံးနဲ႔ အဆုတ္က်န္းမာေစျခင္း - အခ်ိန္အနည္းငယ္ ႀကိဳးခုန္လုိက္ တာနဲ႔ ႏွလုံးခုန္ျမန္လာသလို အ ဆုတ္ကလည္း ျပင္းျပင္းထန္ထန္ အလုပ္လုပ္ေနတာ ခံစားမိမွာပါ။ ေသြးလည္ပတ္မႈနဲ႔ အသက္ရွဴ လမ္းေၾကာင္းစနစ္အတြက္ အ က်ဳိးမ်ားေစပါတယ္။

ဦးေႏွာက္စြမ္းေဆာင္ရည္ ျမင့္ေစ ျခင္း -  ႀကိဳးခုန္တာဟာ ေသြး လည္ပတ္မႈေကာင္းေစတဲ့အတြက္ ဦးေႏွာက္ဆီကို ေအာက္ဆီဂ်င္နဲ႔ အာဟာရဓာတ္ေတြ လုံေလာက္ တဲ့ ပမာဏရရွိေစပါတယ္။

အသားအေရၾကည္လင္ေကာင္း မြန္ေစျခင္း - ေသြးလည္ပတ္မႈ ေကာင္းတဲ့အတြက္ အေရျပား ဆဲလ္ေတြကို ေကာင္းက်ဳိးျပဳသလို ကိုယ္တြင္းအဆိပ္အေတာက္ေတြ နဲ႔ အညစ္အေၾကးေတြကို ဖယ္ရွား ေပးတာေၾကာင့္    အသားေရာင္ ၾကည္ၾကည္လင္လင္   ျဖစ္ေစပါ တယ္။

Credit : 7day daily

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ဘယ်နေရာသွားသွား ယူသွားလို့ ရသလို လေ့ကျင့်ခန်းလုပ်တဲ့ တခြားစက်ပစ္စည်းတွေလို ဈေးလည်းမ ကြီးတဲ့အပြင် အကျိုးများတာမို့ ကိုယ်လက်လှုပ်ရှားတစ်ခုခု စလုပ် ဖို့တွေးနေရင်တော့ ကြိုးခုန်ဖို့သာ လုပ်လိုက်ပါ။ ကောင်းကျိုးအနေနဲ့ ဘာတွေရှိလဲဆိုရင်

ခန္ဓာကိုယ်အောက်ပိုင်း သန်စွမ်း စေခြင်း - ဒူးခေါင်း၊ အဆစ်အမြစ်၊ အရိုးနုနဲ့ ကြွက်သားတွေကို သန် မာစေတဲ့အတွက် ထိခိုက်ဒဏ်ရာရ မှုတွေ နည်းပါးစေပါတယ်။

အရိုးပွရောဂါကာကွယ်ပေးခြင်း - ကြိုးခုန်တာကြောင့် အရိုးတွင်း သတ္တုဓာတ်သိပ်သည်းဆများပြား စေပါတယ်။ ပုံမှန်ကြိုးခုန်တဲ့အခါ အရိုးတွေ သန်စွမ်းကျန်းမာစေတဲ့ အတွက် အရိုးပွရောဂါဖြစ်ပွားနိုင် ခြေနည်းစေပါတယ်။

ကယ်လိုရီမြန်မြန်လောင်ကျွမ်းစေ ခြင်း - ကြိုးနည်းနည်းခုန်လိုက် တာနဲ့ ဟောဟဲလိုက်ပြီး မောလာ တာဟာ     ကယ်လိုရီတွေလောင် ကျွမ်းကုန်လို့ဆိုတာ သိလိုက်ပါ။ ၁၀   မိနစ်လောက်    ကြိုးခုန်လို့ လောင်ကျွမ်းသွားတဲ့ ကယ်လိုရီပ မာဏဟာ ရှစ်မိနစ်လောက်လမ်း လျှောက်တာတို့၊ ခပ်ရွရွပြေးတဲ့အ ခါ လောင်ကျွမ်းနှုန်းတို့နဲ့ အတူတူပဲ ဖြစ်ပါတယ်။

နှလုံးနဲ့ အဆုတ်ကျန်းမာစေခြင်း - အချိန်အနည်းငယ် ကြိုးခုန်လိုက် တာနဲ့ နှလုံးခုန်မြန်လာသလို အ ဆုတ်ကလည်း ပြင်းပြင်းထန်ထန် အလုပ်လုပ်နေတာ ခံစားမိမှာပါ။ သွေးလည်ပတ်မှုနဲ့ အသက်ရှူ လမ်းကြောင်းစနစ်အတွက် အ ကျိုးများစေပါတယ်။

ဦးနှောက်စွမ်းဆောင်ရည် မြင့်စေ ခြင်း -  ကြိုးခုန်တာဟာ သွေး လည်ပတ်မှုကောင်းစေတဲ့အတွက် ဦးနှောက်ဆီကို အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေ လုံလောက် တဲ့ ပမာဏရရှိစေပါတယ်။

အသားအရေကြည်လင်ကောင်း မွန်စေခြင်း - သွေးလည်ပတ်မှု ကောင်းတဲ့အတွက် အရေပြား ဆဲလ်တွေကို ကောင်းကျိုးပြုသလို ကိုယ်တွင်းအဆိပ်အတောက်တွေ နဲ့ အညစ်အကြေးတွေကို ဖယ်ရှား ပေးတာကြောင့်    အသားရောင် ကြည်ကြည်လင်လင်   ဖြစ်စေပါ တယ်။


Credit : 7day daily


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top