iMyanmarHouse.com - Best Property Website for Myanmar
×


၁ – မလျှော်သင့်


၂ – လှန်းသင့်


၃ – လျှော်မယ်ဆိုရင်


၎ – ရေအေးသုံး

၅ – ဆပ်ပြာမှုန့်


၆ – မီးပူမတိုက်နဲ့




Credit : lwin pyin

#Unicode Version

ဂျင်း ဘောင်းဘီေ လျှာ်မယ်ဆိုရင် ရေအေးသုံးပြီးသာ လျှော်သင့်ပါတယ်။

၁ – မလျှော်သင့်

ဝတ်ပြီးတိုင်းမလျှော်သင့်ပါဘူး။ ဝတ်တဲ့ကြိမ်ရေနဲ့ အစွန်းအထင်းပေါ်မူတည်ပြီး တစ်လခြား နှစ်လခြား လျှော်သင့်ပါတယ်။ ဂျင်းဘောင်းဘီလျှော်ရင် အဓိကဂရုစိုက်သင့်တာက အပေအတေ ကိစ္စမဟုတ်ဘဲ လျှော်လိုက်လို့ အရောင်ကျွတ်သွားမယ့်ကိစ္စပါ။

၂ – လှန်းသင့်

ဝတ်ပြီးတိုင်းမလျှော်ဘူးဆိုပေမဲ့ အပြင်ထုတ်ပြီးနေပူပြတာမျိုး လုပ်သင့်ပါတယ်။ ထားမယ်ဆိုရင်လည်း တခြားအဝတ်တွေကြားထဲ ထိုးသိပ်ထားတာမျိုးမလုပ်သင့်ပါဘူး။

၃ – လျှော်မယ်ဆိုရင်

လျှော်မယ်ဆိုရင်လည်း သက်သက်လျှော်ပါ။ တခြားအဝတ်တွေနဲ့ ရောမလျှော်ပါနဲ့။

၄ – ရေအေးသုံး

လျှော်မယ်ဆိုရေအေးကိုသာ သုံးသင့်ပါတယ်။ ရေအေးက အရောင်ကျွတ်ခြင်းကို ထိန်းပေးနိုင်ပါတယ်။
၅ – ဆပ်ပြာမှုန့်

ဆပ်ပြာမှုန့်ကောင်းကောင်းသုံးပါ။ ဆပ်ပြာမှုန့်ကောင်းမှ အရောင်ကျွတ်သက်သာမှာ ဖြစ်ပါတယ်။

၆ – မီးပူမတိုက်နဲ့

ယခင်တုန်းက ဂျင်းဘောင်းဘီကို မီးပူတိုက်ဝတ်စရာမလိုခဲ့ပါဘူး။ ခုနောက်ပိုင်းလာတဲ့ဂျင်းဘောင်းဘီတွေဟာ ချည်သားရောစပ်မှုတွေရှိလာတာကြောင့် မီးပူတိုက်ပြီး ဝတ်လာတာတွေလည်း ရှိပါတယ်။ မိုးတွင်းမှာ အမြန်လိုလို့ စိုစိုစွတ်စွတ်ဖြစ်နေတာကို မီးပူတိုက်ဝတ်တာမျိုးတော့လုံးဝမလုပ်ပါနဲ့။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : lwin pyin
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top