iMyanmarHouse.com - Best Property Website for Myanmar
×







Credit : trend myanmar

#Unicode Version

လူတိုင်း လူတိုင်းဟာ တစ်ခါတစ်လေ ညဘက်တွေ မျက်စိကြောင်ပြီး အိပ်မရဖြစ်တာမျိုး ကြုံဖူးကြမယ်ထင်ပါတယ်။ အလုပ်ကြောင့်၊ လူမှုရေးရာတွေကြောင့် စိုးရိမ်သောကတွေ များနေလို့ပဲဖြစ်ဖြစ်၊ ကားမူးနေလို့ပဲ ဖြစ်ဖြစ် ဒါမှမဟုတ် ပင်ပန်းနေလို့ပဲ ဖြစ်ဖြစ် အိပ်စက်အနားယူချင်ပေမယ့် အိပ်မောကျဖို့ အခက်အခဲဖြစ်ပြီး အိပ်ရေးဝဝ မအိပ်ရတာ အဆိုးဆုံးပါပဲ။

ဒါ့ကြောင့် စမတ်ဖုန်း၊ ကွန်ပျူတာ၊ တီဗီ သို့မဟုတ် တက်ဘလက်တို့လို တောက်ပတဲ့ရောင်ခြည်တွေ ဖြာထွက်တဲ့ ဘယ်နည်းပညာပစ္စည်းမဆို အသုံးမပြုဖို့ အရေးကြီးပါတယ်။ ဒီပစ္စည်းကိရိယာတွေက အချိန်ကုန်လွယ်စေနိုင်ပေမယ့် တကယ်တော့ သင့်အိပ်စက်မှုသံသရာကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။ ယင်းအလင်းရောင်က သင့်ခန္ဓာကိုယ်ကို နိုးကြားနေစေပါလိမ့်မယ်။

ညနက်သန်းခေါင် ဖေ့စ်ဘွတ်ခ်ပွတ်၊ အင်စတာဂရမ်တွေ သုံးမယ့်အစား စာအုပ်တစ်ခုခု ယူဖတ်ပါ။ ပိုမိုငြမ်းချမ်းတဲ့ ညတစ်ညဖြစ်စေဖို့ ဦးတည်ပေးသွားပါလိမ့်မယ်။

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : trend myanmar
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top