iMyanmarHouse.com - Best Property Website for Myanmar
×

အေမရိကန္ျပည္ေထာင္စုတြင္ ၁၉၉၉ ေနာက္ပိုင္း အသက္ ၃၅ မွ ၅၄ အရြယ္ အမ်ိဳးသမီးမ်ားအၾကား အရက္ ေသာက္သံုးမႈေၾကာင့္ျဖစ္ပြားေသာေရာဂါမ်ားေၾကာင့္ ေသဆံုးမႈႏႈန္း ျမင့္မားလာခဲ့ေၾကာင္း ၀ါရွင္တန္ပို ့စ္သတင္းစာ က ခြဲျခမ္းစိပ္ျဖာေလ့လာေဖာ္ျပထားသည္ ။
အဓိကကေတာ့ ေၾကာ္ညာတဲ့ပံုစံေတြေျပာင္းသြားလို ့ျဖစ္ပါမယ္ ။ လြန္ခဲ့တဲ့ ၁၀ နွစ္ေက်ာ္ကစျပီး အရက္ေၾကာ္ညာ ေတြမွာ အရက္နဲ ့အခ်စ္ ၊ အခ်စ္ျပီးရင္လိင္ဆက္ဆံမႈ ဒြန္တြဲေနတာေတြကို မေဖာ္ျပေတာ့ဘဲ အလုပ္အရမ္းမ်ားျပီး စိတ္ဖိစီးမႈျဖစ္ေနတဲ့အိမ္ရွင္မတစ္ေယာက္ ဘီယာ တစ္ခြက္ေသာက္လိုက္တာ ခ်က္ျခင္းလန္းဆန္းသြားတဲ့ပံုစံမ်ိဳး ေဖာ္ျပရိုုက္ကူးခဲ့ၾကပါတယ္ ။ အဲဒီလိုေၾကာ္ျငာမ်ိဳးေတြထြက္ေပၚခဲ့ျပီးတဲ့ေနာက္ပိုင္း အမ်ိဳးသမီးထုအၾကား အယ္လ္ ကိုေဟာပါ၀င္ တဲ့ေသာက္စရာေတြကို ေသာက္သံုးမႈ မ်ားလာခဲ့ျပီး အမ်ိဳးသားဦးေရကိုေတာင္ ေက်ာ္သြားခဲ့ပါတယ္
ဟု ေလ့လာေစာင့္ၾကည့္သူတစ္ဦးက ေျပာျပသည္ ။

အမ်ိဳးသမီးေတြ အရက္ေသာက္သံုးမႈမ်ားလာရတဲ့အေၾကာင္းရင္းေနာက္ကြယ္မွာ ေၾကာ္ျငာေတြကအဓိက က်သလားဆိုရင္ ေၾကာ္ျငာေတြက အဓိကက်တယ္လို ့ေျဖရပါလိမ့္မယ္ ။ လက္ရွိ အေမရိကန္ အမ်ိဳးသမီးေတြဟာ သူတို ့ရဲ ့အေမ ၊ အဘြား အစရွိသူေတြထက္ အရက္ေသာက္တဲ့ႏႈန္း သိသိသာသာ ပိုမ်ားလာပါတယ္ ။ ဒီေတာ့ အရက္ေၾကာင့္ ေသဆံုးရမႈႏႈန္းကလည္း မ်ားသည္ထက္မ်ားလာပါတယ္ ဟု ၄င္းက ဆက္လက္ေျပာျပသည္ ။

၁၉၉၉ ေနာက္ပိုင္း အမ်ိဳးသမီးမ်ား အရက္ကို အႏၱရာယ္ရွိေအာင္ေသာက္လာၾကေၾကာင္း ၊ ရက္သတၱပတ္ တစ္ပတ္ လ်င္ အရက္ကို ၄ ၾကိမ္ထက္မနည္းေသာက္ၾကျပီး တစ္ၾကိမ္ေသာက္လ်င္ လြန္က်ဴး စြာေသာက္ျခင္းမ်ိဳးကိုလည္း မၾကာခဏက်ဴးလြန္တတ္ၾကေၾကာင္း ၊ ၂၀၁၃ တစ္နွစ္တည္းတြင္ အေမရိကန္ျပည္ေထာင္စု၌ အမ်ိဳးသမီးအေယာက္ ၁ သန္းထက္မနည္း အရက္ေၾကာင့္ အေရးေပၚ ဌာနသို ့တက္ေရာက္ကာ ေဆးကုသခဲ့ ၾကရေၾကာင္း ၊ အမ်ားစုမွာ အရက္အမူး လြန္ျပီးေသြးအဆိပ္ သင့္ၾကျခင္းျဖစ္ေၾကာင္း သိရသည္ ။

အက်ိဳးဆက္အားျဖင့္ ၁၉၉၉ ေနာက္ပိုင္း အရက္ႏွင့္ဆက္ႏြယ္ေသာေ၀ဒနာမ်ားေၾကာင့္ အမ်ိဳးသမီး မ်ားေသဆံုးရမႈ နႈန္းမွာ နွစ္ဆထက္မနည္း တိုးလာခဲ့ေၾကာင္း၊ ေသဆံုးသူအမ်ိဳးသမီးအမ်ားစုမွာ အသက္ ၃၅ မွ ၅၄ အရြယ္မ်ား ျဖစ္ေၾကာင္း၊ ၂၀၁၅ တြင္ တစ္နုိင္ငံလံုး၌ေသဆံုးသူစုစုေပါင္း၏ ၈ ရာခိုင္ႏႈန္း နွင့္ညီမွ်ေၾကာင္း သိရသည္ ။

အမ်ိဳးသမီးထုအေနနဲ ့ သတိထားမိဖို ့လိုအပ္ပါျပီ ။ ေၾကာ္ညာေတြရဲ ့ဆြဲေဆာင္မႈေၾကာင့္ Culutre Shift လို ့ေခၚတဲ့ ယဥ္ေက်းမႈေျပာင္းလဲျခင္းျဖစ္ပြားျပီး မိန္းကေလးေတြက ေယာက္်ားေလးေတြနဲ ့တန္းတူ အရက္ေသာက္လာၾကတဲ့ အတြက္ တစ္ခ်ိန္က အသက္ရွည္ျပီးအနာမဲ့တဲ့အမ်ိဳးသမီးေတြဟာ အခုဆိုရင္ ေသဆံုးမႈမ်ားလာၾကပါတယ္ ဟု သုေတသီတစ္ဦးက သံုးသပ္ျပသည္ ။

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : thithtoolwin

#Unicode Version

အမေရိကန်ပြည်ထောင်စုတွင် ၁၉၉၉ နောက်ပိုင်း အသက် ၃၅ မှ ၅၄ အရွယ် အမျိုးသမီးများအကြား အရက် သောက်သုံးမှုကြောင့်ဖြစ်ပွားသောရောဂါများကြောင့် သေဆုံးမှုနှုန်း မြင့်မားလာခဲ့ကြောင်း ဝါရှင်တန်ပို့စ်သတင်းစာ က ခွဲခြမ်းစိပ်ဖြာလေ့လာဖော်ပြထားသည် ။
အဓိကကတော့ ကြော်ညာတဲ့ပုံစံတွေပြောင်းသွားလို့ဖြစ်ပါမယ် ။ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကစပြီး အရက်ကြော်ညာ တွေမှာ အရက်နဲ့အချစ် ၊ အချစ်ပြီးရင်လိင်ဆက်ဆံမှု ဒွန်တွဲနေတာတွေကို မဖော်ပြတော့ဘဲ အလုပ်အရမ်းများပြီး စိတ်ဖိစီးမှုဖြစ်နေတဲ့အိမ်ရှင်မတစ်ယောက် ဘီယာ တစ်ခွက်သောက်လိုက်တာ ချက်ခြင်းလန်းဆန်းသွားတဲ့ပုံစံမျိုး ဖော်ပြရိုုက်ကူးခဲ့ကြပါတယ် ။ အဲဒီလိုကြော်ငြာမျိုးတွေထွက်ပေါ်ခဲ့ပြီးတဲ့နောက်ပိုင်း အမျိုးသမီးထုအကြား အယ်လ် ကိုဟောပါဝင် တဲ့သောက်စရာတွေကို သောက်သုံးမှု များလာခဲ့ပြီး အမျိုးသားဦးရေကိုတောင် ကျော်သွားခဲ့ပါတယ်
ဟု လေ့လာစောင့်ကြည့်သူတစ်ဦးက ပြောပြသည် ။

အမျိုးသမီးတွေ အရက်သောက်သုံးမှုများလာရတဲ့အကြောင်းရင်းနောက်ကွယ်မှာ ကြော်ငြာတွေကအဓိက ကျသလားဆိုရင် ကြော်ငြာတွေက အဓိကကျတယ်လို့ဖြေရပါလိမ့်မယ် ။ လက်ရှိ အမေရိကန် အမျိုးသမီးတွေဟာ သူတို့ရဲ့အမေ ၊ အဘွား အစရှိသူတွေထက် အရက်သောက်တဲ့နှုန်း သိသိသာသာ ပိုများလာပါတယ် ။ ဒီတော့ အရက်ကြောင့် သေဆုံးရမှုနှုန်းကလည်း များသည်ထက်များလာပါတယ် ဟု ၎င်းက ဆက်လက်ပြောပြသည် ။

၁၉၉၉ နောက်ပိုင်း အမျိုးသမီးများ အရက်ကို အန္တရာယ်ရှိအောင်သောက်လာကြကြောင်း ၊ ရက်သတ္တပတ် တစ်ပတ် လျင် အရက်ကို ၄ ကြိမ်ထက်မနည်းသောက်ကြပြီး တစ်ကြိမ်သောက်လျင် လွန်ကျူး စွာသောက်ခြင်းမျိုးကိုလည်း မကြာခဏကျူးလွန်တတ်ကြကြောင်း ၊ ၂၀၁၃ တစ်နှစ်တည်းတွင် အမေရိကန်ပြည်ထောင်စု၌ အမျိုးသမီးအယောက် ၁ သန်းထက်မနည်း အရက်ကြောင့် အရေးပေါ် ဌာနသို့တက်ရောက်ကာ ဆေးကုသခဲ့ ကြရကြောင်း ၊ အများစုမှာ အရက်အမူး လွန်ပြီးသွေးအဆိပ် သင့်ကြခြင်းဖြစ်ကြောင်း သိရသည် ။

အကျိုးဆက်အားဖြင့် ၁၉၉၉ နောက်ပိုင်း အရက်နှင့်ဆက်နွယ်သောဝေဒနာများကြောင့် အမျိုးသမီး များသေဆုံးရမှု နှုန်းမှာ နှစ်ဆထက်မနည်း တိုးလာခဲ့ကြောင်း၊ သေဆုံးသူအမျိုးသမီးအများစုမှာ အသက် ၃၅ မှ ၅၄ အရွယ်များ ဖြစ်ကြောင်း၊ ၂၀၁၅ တွင် တစ်နိုင်ငံလုံး၌သေဆုံးသူစုစုပေါင်း၏ ၈ ရာခိုင်နှုန်း နှင့်ညီမျှကြောင်း သိရသည် ။

အမျိုးသမီးထုအနေနဲ့ သတိထားမိဖို့လိုအပ်ပါပြီ ။ ကြော်ညာတွေရဲ့ဆွဲဆောင်မှုကြောင့် Culutre Shift လို့ခေါ်တဲ့ ယဉ်ကျေးမှုပြောင်းလဲခြင်းဖြစ်ပွားပြီး မိန်းကလေးတွေက ယောက်ျားလေးတွေနဲ့တန်းတူ အရက်သောက်လာကြတဲ့ အတွက် တစ်ချိန်က အသက်ရှည်ပြီးအနာမဲ့တဲ့အမျိုးသမီးတွေဟာ အခုဆိုရင် သေဆုံးမှုများလာကြပါတယ် ဟု သုတေသီတစ်ဦးက သုံးသပ်ပြသည် ။

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : thithtoolwin
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top